Myeiktharlay

Showing posts with label general. Show all posts
Showing posts with label general. Show all posts

Thursday, January 8, 2009

ဘူကနဲ


.. လက်ဖက်သုတ် ကြိုက်တဲ့  သူတွေထဲ မှာ ကျနော်ပါ ပါတယ်.. အလုပ်မှာ ထမင်းစားချိန်ဆိုလည်း .. ဆိုင်က လက်ဖက် ထမင်းပဲ ၀ယ်စားဖြစ်တာ များတယ် ..လက်ဖက်သုတ်စားတိုင်း မစားမဖြစ်က ကြက်သွန်ဖြူ. သူများတွေက ကြက်သွန်ဖြူ ကိုပါးစပ်နံလို့  မကြိုက်ကြပါဘူး.. ကျနော်ကတော့ ကြိုက်တယ် ..

ဘာလို့ ကြိုက်လဲ ဆိုတော့ မသိဘူးဗျ.. ကြက်သွန်ဖြူ စားရင် . (ကန့်တော့ ).. လေကောင်းတယ်ဗျ.. လေတော်တော် လည်တာ သိသာတယ် .. လေလည်တော့ ဘာဖြစ်လဲ .. လေလည်တော့ ကျန်းမာရေး ကောင်းတယ်ဗျ.. လေမလည်ဘဲ ကြာရင် ဗိုက်အောင့် ပြီး .. စူးကနဲစူးကနဲ့ ခံရတတ်တယ်ဗျ.. ကိုယ့်တွေ့  ပဲ..

 ကြက် သွန်ဖြူ စားလိုက်လို့ကတော့.. ဘူကနဲပဲဗျ.. အဟဲ.. မနောက်ဘူးဗျ... မယုံရင် စားကြည့်.. တစ်နေ့ ထမင်းစားတိုင်း လေးငါး ဥလောက်တော့ စားသင့်တယ်ဗျ.. ကျန်းမာရေး အတွက်ပေါ့ ... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်.. တစ်နေ့လောက် ကြက်သွန်ဖြူစား ခြင်းဖြင့် ရနိုင်သေား အကျိုးများ ဆိုပြီး ရေး မလို့ စဉ်းစားထားတယ် ..

မနေ့  က .. ရပ်ကွက်ထဲက စာအုပ်ဆိုင် ကနေ .. wellness ကျန်းမာရေး မက်ဂဇင်း ငှား ဖတ်တယ် .. ပိတ်ရက်ဆိုတော့ အေးအေး ဆေးဆေး ဖတ် မလို့ ပေါ့  ဒီ လို ကျန်းမာရေး စာတွေ ဖတ်ရတာ အကျိုးရှိတယ်လို့ ထင်ပါတယ် .. ရှိလည်း ရှိပါတယ် ..

ဒါပေမယ့် အဲလိုစာတွေ ဖတ်တော့ .. ဘယ်ရောဂါက ဘယ်လိုရှိတယ် .. ဘာက မစားသင့်ဘူး.. ဘာက စားသင့်တယ် ဆိုတာ သိလာတော့ အစားအသောက် နဲ့ ပတ်သက်ရင် ရွေးရခက်လာတယ်ဗျ.. အရင်ကလည်း စားနေတာပဲ.. ဒီစာဖတ်လိုက်မှ ဟိုဟာမကောင်းဘူး.. ဒီဟာ မကောင်းဘူးဆိုပြီး သိသွားတော့ စားရမှာ တွန့်လာတယ် ..

ဒီစာ အုပ်က ဆောင်းပါးတစ်ခု ကိုဖတ်လိုက်ရတယ် .. အီကြာကွေး ကို ရှောင်သင့်တယ် တဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ အီကြာကွေးဟာ ဂျုံ နဲ့လုပ် တာမို့လို့ ပြသနာ မရှိပေမယ့်  .. သူ့ ကို ကြော်တဲ့ ဆီက ရှော့ ရှိနေတယ် တဲ့ .. ဟုတ်တယ်ဗျ.. သူတို့  က ဆီ အများကြီးကို  .. ထပ်တလဲလဲ သုံးတာပဲဗျ... နောက်ဆုံး.. အရမ်းမဲလာပြီး.. သုံးမရတော့ မှ.. အသစ်လဲတာလေ..

ခဏ ခဏ ကြော်လို့ တူးခြစ်နေတဲ့ ဆီနဲ့ကြော်တဲ့ အီကြာကွေးကို စားရင် ရောဂါတွေကို လာပါလာပါ လုပ်သလို ဖြစ်နေတတ်တယ်တဲ့ .. ဟုတ်တော့ ဟုတ်သား ဗျ.. လူမှန်းသိကတည်း က . စားလာတဲ့ အီကြာကွေး. ဒီစာဖတ်မိမှ .. စားရမှာ တွန့်ချင်လာတယ် ဗျာ..

ဆောင်းပါး လိုလို ၀တ်ထုလိုလို တစ်ပုဒ်ကလဲ ..ဖတ်လို့ကောင်းတယ် ဗျာ.. စာရေးဆရာတော့ မမှတ်မိတော့ဘူး..  သူက ရေးထားတာက သူ့ သူငယ်ချင်းဆရာ ၀န်တွေ အကြောင်းဗျ.. ဆရာဝန်ဖြစ်ပြီး.. ဆေးလိပ် အရက် အစား ကြူး ကြတဲ့ အကြောင်း ရယ် သူကိုယ်တိုင်က စာပေထဲမှာ မျောနေတဲ့ အကြောင်း ရေးထားတာ ... ကောင်းတယ်ဗျာ..ဒါ အကြိုက်ဆုံးပဲ.. စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ် ...ဇန်န၀ါရီလထုတ် 2009 wellness ပါ ...

ဒီတစ်ပတ်သောကြာ ကတော့ .. အင်တာနက် သုံးဖြစ်ပါတယ် ..၇တော့ ရလိုက်တယ် .. ဖိုတိုရှော့ ဆိုက်လေးတွေ .. ဟိုရှာဒီရှာပေါ့ဗျာ... ဘာမှတော့ ထူးထူး  ခြား ခြား မရပါဘူး.. ဖိုတိုရှော့ ကျူတိုရီရယ် ဆိုက်အချို့တော့ ရလိုက်တယ် ..  ဆိုက်တွေက များတယ်ဗျ... ကျနော်က ဂူးဂဲ .. ၀က်ပ် ကနေ မရှာပဲ
အက်မေ့ခ်ျ ကနေ ရှာတယ် .. အသစ်လေးတွေ ရတာပေါ့..

ဒီလောက်ပဲဗျာ... တော်ပြီ.. ဗိုက်ဆာတယ် ဗျ..  သားကောင်တော့ မဖမ်းတော့ဘူး .. အာရုံနောက်တယ် ဗျာ...

 

Wednesday, November 26, 2008

share

ဘယ်သူရေးတာလဲ. ဘယ်က ရလဲဆိုတာတော့ မသိဘူးဗျ.. ဖတ်ကြည့် လိုက်ပါ ..အထက် ကနေအောက် .. .. ပြီးရင်..အောက်ကနေ အထက် ..ထူးခြားပါ လိမ့်မယ်..

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

ပျော်ရွင်ကြပါစေ

Saturday, November 22, 2008

( လူ ) . စကားပုံ

လူနေချုံကြား စိတ်နေဘုံဖျား

လူတစ်ကိုယ် ထင်တစ်လုံး

လူဆိုးလူကောင်း ပေါင်းကြည့်မှသိ
ဆန်ဖြူဆန်ကောင်း ပေါင်းကြည့်မှသိ

လူပျင်းလုံ့ လ တစ်ခဏ

လူပုစိတ်တို ခွေးပုရန်လို

လူ့အလို နတ်မလိုက်နိုင်

လူပါးပုလင်းထိ

လူပြောမသန် လူသန်မပြော

လူမှာအကွပ် တောင်းမှာ အ၀တ်

ရွေအကြောင်း ဖယောင်း သက်သေ
လူအကြောင်း ပေါင်းကြည့်မှ အဖြေ



ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ပြီး ပါးစပ်ကန့်လန့် နှစ်ခေါင်းဇောက်ထိုးရှိတဲ့ .လူသားတွေနဲ့ ပတ်သက်တဲ့ စကားပုံးတွေကို သိသမျှ ရေးသားလိုက်တာပါ .. စာပဲရေးရေး .စကားပဲပြောပြော .. သုံးလို့ရပါတယ်..

Thursday, November 6, 2008

i love you killer

တစ်နေ့ သင်တန်းက စက်ထဲကို flash drive ထိုးပြီးတော့ .. ခဏကြာ mycomputer က love ဆိုပြီးတော့ ပြောင်းသွားပြီး

system 32 ထဲက dll ဖိုင်တွေ အကုန်လုံး ... မင်းကိုချစ်တယ် ဆိုတဲ့ icon တွေ ပြောင်းသွားရောဗျာ .. မင်းကိုချစ်တယ် ဆိုပြီး မြန်မာလိုလေးတွေ
ရေးထားတဲ့ icon တွေပြောင်းသွားတာကလား .. လန့်စရာကြီး ..ရင်ခုန်ရမလိုလို .. အဲ ဘာမှတော့ ..မထိခိုက်ဘူးဗျ ..ဓါတ်ပုံတွေဆို .. .. သော့ပုံ အိုင်ကွန် ပြောင်းသွားတယ် ..

တစ်နေ့ ထိုင်နေကျ အင်တာနက်ဆိုင်က ဒီဗိုင်း၇ပ်ကို သတ်တဲ့ ဆော့ဝဲ ရပြီတဲ့ .. .. ဒါနဲ့ ယူပြီး ..သင်တန်းက စက်မှာ run လိုက်တော့ ..

ဟုတ်တယ်ဗျို့ .. အကုန်ပြန်ကောင်းသွားတယ် .. ဒါနဲ့ ... မသိသူများ ..သိသွားစေလိုတဲ့ စေတနာနဲ့ ..ဝေငှလိုက်ရပါတယ် ..

ဆိုက်ကသေးသေးလေးဗျ .. ဟိုဗိုင်းရပ်က ..မိန်းကလေးပုံ .. ဒီ ဆော့ဝဲက ယောက် ကျားလေးပုံ ဗျ ..တစ်ခါတစ်လေ ..အသဲပုံလေး ပြောင်းလို့ ..

ကိုယ့်စက်မှာ ... အချစ် ကိုက်နေပြီ .. ဆိုရင်တော့ ..ဒီဆော့ဝဲကို ဒေါင်းလိုက်ပါ ..ပြီးတော့ run လိုက်ပါ .. စက် restart ကျသွားပြီး ပြန်တက် လာ တာနဲ့ အားလုံး အိုကေ ..

ဒီမှာ ယူလိုက်ပါ ..

ကွန်နရှင် မကောင်း တော့ .. ကိုယ့်ဘလော့ကို လာလည်တဲ့ သူတွေကိုတောင် .. သူတို့အိမ် လိုက်မလည်ဖြစ်ဘူး.. ဆောရီးပါ ..လာဖတ်သူတွေကိုလည်း ကျေးဇူးတင် ကြောင်းပြောပါရေစေ ..

Saturday, November 1, 2008

Even and Odd Number

Even and Odd Number

1 2 3 4 5 6 7 8 9 စတဲ့ ဂဏန်းတွေ နဲ့ ပတ်သက်လို့ ပေါ့ .. စုံဂဏန်း မ ဂဏန်း စသဖြင့် ရှိကြတာ သိကြမှာပါ .. အစကတော့ .. စုံဆိုတာ ကောင်းတဲ့ ဂဏန်း မဆိုတာ မကောင်းတဲ့ ဂဏန်းလို့ မြင်ခဲ့ ပါတယ် ကိုယ်ဟာကိုယ် မြင်ချင် သိလို မြင် ထင်ချင်သလို ထင်ခဲ့တာပါ ။ အခုတော့ ထင်တာနဲ့ တစ်လွဲဖြစ်နေမှန်း သိလိုက်ရပါတယ်

ပထမဆုံး စုံ ဂဏန်းအကြောင်း စပြောရအောင်

စုံဂဏန်း ( Even Number)

စုံဂဏန်းဆိုတာ ချောမွေ့ညီညာပြီး ညှိနှိုင်းနိုင်စွမ်းရှိပါတယ် ။ စုံဂဏန်းများကို အတိုင်းအတာ နယ်နိမိတ်မရှိသာ ဂဏန်း အကန့်အသတ်မရှိပဲ အရာရာကိုယူဆောင်နိုင်သော ဂဏန်းလို့ သတ်မှတ်ပါတယ်။ အမဓါတ်စိုးမိုးပြီး လက်ဝဲဖက် ခြမ်းကို ပိုင်စိုးတယ် လို့ဆိုပါတယ်။

မတည်ငြိမ်သော ။ မာယာကြီးစိုးပြီး အမှောင်ဓါတ်ကြီးစိုးသောဂဏန်းလို့ဆို ပါတယ် ။ လုံးဝန်းသော သင်္ကေတ ဖြစ်ဖော်ကြူးသည်။

ပလေတို သည်လည်း စုံဂဏန်းမှာ မကောင်းခြင်းကို ဖော်ဆောင်ပြီး မဂဏန်းမှာ အံ့ဖွယ် တံခိုးရှင်နံပါတ် ဖြစ်တယ်လို့ဆိုပါတယ် ။

မဂဏန်း ( Odd Number )

မဂဏန်း ဆိုတာ စုံညီမှုမရှိသော တစ်စုံတစ်ရာ လစ်လပ်နေသော အရာ ညီညွတ်မှုမရှိသော ဂဏန်းလို့သတ်မှတ် ပါတယ်။

ဒါပေမယ့် 1.3.5.7.9 အစရှိတဲ့ ဂဏန်းများကို အဖိုသဘာဝဆောင်သော ဂဏန်းများလို့ သင်္ချာပညာရှင် ပိုင်သာဂိုရပ်က ဆိုပါတယ်။

လက်ယာဖက်ခြမ်းကို ပိုင်စိုးသောဂဏန်းများလို့ သတ်မှတ်ပြီး မဂဏန်းကို လေးထောင့်ကွက် သင်္ကေတနဲ့ ဖော်ကြူးပါတယ် ။

ပိုင်းခြားကန့်သတ်သော အမြဲထာဝရ ရပ်တည် ရပ်တည်နိုင်သော ဖျောက်ဖျက်ဖျက်ဆီးရန် မစွမ်းဆောင်နိုင်သော အလွန်အင်းအားကြီးမားတဲ့ ဂဏန်းလို့သတ်မှတ်ပါတယ်။

အလင်း ဓါတ်ကိုဆောင်သည် ကောင်ခြင်း အဖြာဖြာကို ပေးစွမ်းသည်ဟု သတ်မှတ်သည်။

စံဇာဏီဘို . ( မှတ်စု ) မှ ကောက်နိုတ် ဖော်ပြသည်။

Sunday, October 26, 2008

My Heros

My Heros

လူငယ်များရဲ့ ဘ၀မှာ ငယ်စဉ်ကတည်းက အားကျခဲ့ ရတဲ့ သူရဲကောင်းတွေ ရှိခဲ့ဖူးမှာပါ။ ငယ်ကတည်းက အားကျခဲ့ ရတဲ့ ဟီးရိုးတွေဟာ လူငယ်ဘ၀ကို အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ စိတ်နေစိတ်ထား အကျင့်စရိုက် တွေဟာ အဲဒီ အားကျခဲ့ရတဲ့ ဟီးရိုးတွေ အပေါ်မှာ မှုတည်နေပါတယ် ။ လူငယ်ဆိုတော့ နီးစပ်ရာ အားကျတတ်ပြီးတော့ အတု ယူတတ်ကြတာပါ။

ကျွန်တော့မှာလည်း လေးစားအားကျခဲ့ရတဲ့ ဟီးရိုးတွေ ရှိပါတယ်။ အဲဒီ ဟီးရိုးတွေကလည်း ကျွန်တော့ပေါ်မှာ သက် ရောက်မှု တွေ ရှိပါတယ် ။ ကျွန်တော့ရဲ့ ဟီးရိုးတွေကတော့ တစ်ခြားမဟုတ်ပါဘူး။ ၀ထ္တုတွေ ထဲက ဇတ်ကောင်တွေ ပါ။ ကျွန်တော့ရဲ့ စူပါဟီးရိုးတွေထဲက တစ်ယောက်ကတော့ ဆရာမင်းသိင်္ခရဲ့ စုံထောက်ဇတ်ကောင် ဆားပုလင်း နှင်းမောင် ပါ။ ကိုးတန်း ဆယ်တန်းဝန်း ကျင်မှာ ဖတ်မိတဲ့ ၀ထ္တုတွေကတော့ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေပါ ။ ဖတ်ရင်းနဲ့ ပိုကြိုက်ကြိုက်မိလာလို့ အကြိမ်ကြိမ်ဖတ်မိပါတယ် ။ ဆားပုလင်းနှင်းမောင်ဆိုတဲ့ စုံထောက်ဇတ်ကောင် ရဲ့ ပိုင်ဆိုင်တဲ့ အစွမ်းသတ္တိ ။ စိတ်နေစိတ်ထား ။ စတဲ့ အကျင့်စရိုက်တွေကို အားကျခဲ့ပါတယ် ။

နောက်တစ်ယောက်က တော့ ဆရာမင်းသိင်္ခရေးတဲ့ စနေမောင်မောင်ဆိုတဲ့ ဇတ်ကောင်ပါ။ သူ့ကိုလည်း အရမ်းအားကျပါ တယ် ။ ဆရာမင်းသိင်္ခရေး တဲ့ သူရဲ့ ဇတ်ကောင်တွေဟာ စွမ်းရည်တွေ ပြည့်နေပြီးတော့ လူငယ်တွေ လေးစားအား ကျစရာ ကောင်းနေတတ်ပါတယ် ။ ဆရာရဲ့ ဇတ်ကောင်တွေဟာ ကျွန်တော့ရဲ့ ဟီးရိုးတွေ ဖြစ်ပါတယ်။

လူငယ်တွေ ကျောင်းသားတွေကို ၀တ္တုဖတ်ရမယ်လို့ မဆိုလိုပါဘူး ။ ပြောချင်တာက မှန်ကန်တဲ့ သူရဲကောင်းတွေ ရရှိ စေချင်တာပါ ။ ကျွန်တော်ကရော မှန်ကန် ကောင်းမွန်တဲ့ ဟီးရိုးရှိခဲ့လို။ လူလိမ်မာ ဖြစ်နေပြီလို့ မဆိုလိုပါဘူး ။ ဒါပေမယ့် အကျိုးသက်ရောက်မှုအနည်းအများတော့ ရှိပါတယ်။ ဒီ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေက ကျွန်တော့ကို အမှား အမှန် တွေးအခေါ်တွေကို သင်ပြပေးခဲ့ပါတယ် ။ ဒါကြောင့် စာများများဖတ်သင့်ပါတယ်။

ကလေးတွေကို ကျောင်းစာကြီးပဲ လုပ်ခိုင်းနေတာ မကောင်းဘူးလို့တော့ မြင်တာပဲ။ ဒါပေမယ့် စာဖတ်ဝါသနာပါဖို့ ကလည်း လိုအပ်ပါသေးတယ်။

ဆယ်တန်းအောင်ပြီး နောက် ကြိုက်နှစ်သက်ပြိး ဖတ်ခဲ့တာကတော့ ဆရာတာရာမင်းဝေ ရဲ့ ၀ထ္တုတွေပါ ။ ဆရာ တာရာမင်းဝေ ရဲ့ အတွေးအခေါ် အယူအဆ ။ ကဗျာများ ။ ဇတ်ကောင်စရိုက်တွေ အားလုံး ကျွန်တော် ကြိုက်ပါတယ် ဆရာ ရဲ့ ဇတ်ကောင်တွေဟာ လည်း ကျွန်တော့်ရဲ့ ဟီးရိုး တွေပါ။ ဆရာတာရာမင်းဝေ ရဲ့ဇတ်ကောင်တွေက လူငယ်ဆန်ပြီး ထူးခြားတဲ့ အမူအကျင့် တစ်ခုစီ ရှိနေတတ်ပါတယ်။ လူငယ်တွေ ဖတ်သင့်ပါတယ် ။ ကျွန်တော်ကတော့ ဆရာရဲ့ ရေးအသား တွေကို ကြိုက်ပါတယ် ။ ကဗျာတွေကိုလည်း ကြိုက်ပါတယ်။

ကျွန်တော် ကြိုက်နှစ်သက်တဲ့ ဟီးရိုးတွေကို မွေးဖွားပေးခဲ့တဲ့ စာရေးဆရာ နှစ်ယောက်စလုံးဟာ လူ့လောကမှာ မရှိတော့ ပါဘူး ။ စိတ်မကောင်းဖြစ်မိပါတယ်


Sunday, October 19, 2008

စကြာတံဆိပ်



စကြာတံဆိပ်


စကြာတံဆိပ်နဲ့ ပတ်သက်လို့ အစကတော့ ဘာမှ မသိပါဘူး အခု နည်းနည်း သိလာပါတယ် ။ ဂန်ဘီရ လက်ဖွဲလိုလို နာဇီရဲ့ အမှတ်တံဆိပ်လိုလို နဲ့ ပေါ့ ။ ဒီတံဆိပ်နဲ့ ပတ်သက်ပြီး သိရသမျှေ၇းသားလိုက်ပါတယ် ။ စကြာတံဆိပ် နှစ်မျိုး ရှိပါတယ် ။

ရှင်သန်ခြင်း စကြာ တံဆိပ် ဖန်တီးခြင်း တည်ဆောက်ခြင်း အတွက် သုံးသော စကြာတံဆိပ်

သေဆုံးခြင်း ဖျက်ဆီးခြင်း ပျက်ရွင်းခြင်း အတွက်သံးသော စကြာတံဆိပ်

ဆိုပြီး နှစ်မျိုးရှိပါတယ် ။

မင်္ဂလာ ရှိစေသော တိုးတက်အဆင်ပြေစေသော အကြောင်းအရာများ စသဖြင့်ကောင်း ခြင်းအဖြာဖြာ ကျရောက် စေရန် ရှင်သန်ခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။

တိုက်ပွဲဝင်ခြင်း ရန်သူအာိးတိုက်ခိုက် ခြေမှုန်းခြင်း အမဲလိုက်ခြင်း အင်အားကြီသော ရန်သူအား ဖယ်ရှားတိုက် ခိုက်ရန် အတွက် သေဆုံးပျက်စီးခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။

ရှင်သန်ခြင်း စကြာတံဆိပ်က ဘယ်ဖက်အပေါ်ခြမ်းနဲ့ ညာဖက်အောက်ခြမ်းပွင့် သင်္ကေတဖြစ်ပါတယ် ရှင်သန်ခြင်း စကြာတံဆိပ်ကို စာရွက်ဖြူ ပေါ်မှာ မင်အနက်နဲ့ ဆွဲပြီး အဆောင်အဖြစ်သုံးရင် ကံကောင်းခြင်းတွေ ရရှိလာမယ် လို့ဆိုပါတယ် ။ ညဏ်ရှိသလို အသုံးပြုနိုင်ပါတယ် ။

သေဆုံးခြင်း စကြာတံဆိပ်ကတော့ ရှင်သန်ခြင်းနဲ့ပြောင်းပြန် ဘယ်ဖက် အပေါ်ခြမ်းပိတ် ညာ ဖက်အောက်ခြမ်း ပိတ် သင်္ကေတဖြစ်ပါတယ် ။ ဟစ်တလာက နာဇီ နိုင်ငံ ထူထောင်ရာမှာ သေဆုံးခြင်းစကြာတံဆိပ် ကိုအသုံးပြု ခဲ့  ပါတယ် ။

တစ်ကယ်တော့ စကြာတံဆိပ်ဟာ ဂန်ဘီရ သင်္ကေတ စစ် စစ်ပါ။

Tuesday, October 7, 2008

Times

ကျွန်တော်တို့ ၀တ်ထုတွေ မက်ဂဇင်းတွေ ဖတ်တဲ့ အခါမှာ စာရေးဆရာတွေက မြန်မာအချိန်တွေကို တိတိကျကျမေ၇းဘဲ နေထန်း တစ်ဖျား နေ၀င်ရီတရော စသဖြင့် သုံးကြပါတယ်။ ဒါပေမယ့် တစ်ချို့ ကတော့ ဘယ်အချိန်လောက်လဲ တိတိကျကျ မသိကြပါဘူး ။ အသုံးများတဲ့ မြန်မာရိုးရာ အချိန်တစ်ချို့ကို ဖတ်ရှုမှတ်သားရလို့ ဖော်ပြလိုက်ပါတယ် ။ ဖတ်ရှုသူများသိကြပါစေ

မြန်မာ့ ရိုးရာ အချိန်သတ်မှတ်ပုံ

သန်းခေါင်ကြက်တွန်ချိန် = အခုကာလ ည 12 နာရီခန့်

ကြက်တစ်တွန် = သန်းခေါင်ကျော် 1 နာရီခန့်

ကြက်နှစ်တွန် ( ကြက်ဦးတွန် ) = နံနက် 3 နာရီခန့်

အုန်းမောင်းခေါက်ချိန် = နံနက် 4 နာရီခန့်

အရုဏ်တက်ချိန် ။ ကျီးမနိုးတနိုး = နံနက် 4 နာရီခွဲမှ 6 နာ၇ီခွဲအတွင်း

ယာထွက်ချိန် = နနံနက် 6 နာရီ ခွဲခန့်

နေထန်းတစ်ဖျား = နံနက် 7 နာရီခွဲခန့်

ဆွမ်းခံဝင်ချိန် = နံနက် 9 နာရီခန့်

ဆွမ်းခံပြန်ချိန် = နံနက် 9 နာရီခွဲခန့်

နေမွန်းတဲ့ချိန် = နေ့လည် 12 နာရီ

နေ၀င်ဆည်းဆာ = ညနေ 5 နာရီခွဲခန့်

နွားရိုင်းသွင်းချိန် = ညနေ 6 နာရီထိုးခါနီး

မသိသူများသိကြစေကြောင်း ... မှတ်သားရသမျှဝေ ငှလိုက်ရပါတယ် ။

Wednesday, October 1, 2008

အရောင်များ ( ခရမ်း )

ခရမ်းရောင်

တည်ငြိမ်မှုပေးတဲ့ အေ၇ာင်တွေထဲမှာ ခရမ်းရောင်လည်း ပါဝင်ပါတယ် စိတ်မတည်ငြိမ်သူတွေဟာ ခရမ်းရောင်ကြောင့် စိတ်နဲ့ ခန်ဒါကိုယ် ညီမျှအောင်ထိန်းထားပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။ ကြောက်စိတ် မဖြစ်စေဘူး ။ ခွဲစိတ်ခံရမယ့် လူနာနဲ့ သင့်တော်တယ် ။ အတွေးအခေါ်ကောင်း တွေပေးနိုင်တဲ့ အပြင် ခရမ်းရောင်က လူကို လှပါစေပါတယ် ။ ထိုင်းလူမျိုးတွေ အတွက်ကတော့ ၀မ်းနည်းပူ ဆွေးခြင်းရဲ့ အရောင်လို့ ယူဆကြတယ် ။ ကဘာပေါ်က လူအများ စုကတော့ အိမ်မက်ဆန်တဲ့ အရောင် စိတ်ရဲ့ မျက်လုံး စိတ်ခြင်းဆက် နွယ်မှုရှိတဲ့ အရောင် ။ လေးနက်တဲ့ အမှန်တရားတို့ရဲ့ အေ၇ာင် ဂုဏ်သရေရှိတဲ့ အရောင် ။ ချမ်းသာ ကျော်ဇော ခြင်းရဲ့ နိမိတ်အရောင်လို့ ဆိုပါတယ် ။

Saturday, September 27, 2008

javascript

အခု javascript လေးတွေ ကို ဖော်ပြပေးချင်ပါတယ် သိတဲ့လူလည်း ၇ှိချင်ရှိမှာပေါ့ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလွယ်တကူ ကိုယ့်ဘ လော့မှာ ကိုယ် ကြည့်လို့ရအောင် ရေးရင်း ဖော်ပြလိုက်ပါတယ် ထူးထူးဆန်းဆန်းလေးတွေပါ ။ အခု ဖော်ပြတဲ့ ဟာကတော့ မြန်မာမိသားစုဖိုရမ် က ကမ်းသာယာရဲ့ ပို့စ်မှ ကူးယူဖော်ပြတာပါ ။

ပထမဆုံး Google ကို ခေါ်လိုက်ပါ ။ images ကိုနှိပ်ပါ ။ ဒါကိုနှိပ် ပြီး သွားလို့လည်း ရပါတယ် ။ ပြီးတော့ တစ်ခုခု ကို keyword ထည့်ပြီး ရှာလိုက်ပါ။ ဥပမာ flower ပေါ့ ။ အဲဒီနောက် result ရလာတဲ့ အခါမှာ ။ adress bar မှာ အောက်က javascript ကုတ်ကို copy လုပ်ပြီး ထည့်ပါ အရင်ရှိတဲ့ ဟာ မှာ ထပ်ပေါင်းထည့်ရတာ မဟုတ်ဘူး နော် ။ ရှိတာဖျက်ပြီး ထည့်ရမှာ ။ အဲဒီအခါ ထူးဆန်းတာတွေ့ရမှာပါ ။

javascript:R=0; x1=.1; y1=.05; x2=.25; y2=.24;x3=1.6; y3=.24; x4=300; y4=200; x5=300;y5=200; DI=document.images; DIL=DI.length;function A(){for(i=0; i<DIL; i++){DIS=DI[i].style;DIS.position='absolute'; DIS.left=Math.sin(R*x1+i*x2+x3)*x4+x5;DIS.top=Math.cos(R*y1+i*y2+y3)*y4+y5}R++}setInterval('A()',5); void(0)

အဲဒီမှာ y1 x4 တို့လို တန်ဖိုးလေးတွေကို လိုက်ပြောင်းပြီး Enter ခေါက်ပြီး စမ်းကြည့်ပေါ့ ။ ကျွန်တော်ဆို တန်ဖိုးတွေ အကုန်လိုက်ပြောင်း တာရှုပ်သွားတာပဲဗျ ။ ပျော်ဖို့တော့ကောင်းသား ။



နောက်တစ်ခုက itmen blog ကပါ ။ ဒါလည်း မိုက်တယ်ဗျ ။ ဒါကိုတော့ copy ကူးပြီး ဖော်ပြပေးလိုက်ပါတယ် ။

ကျွန်တော်တို့တွေ Website တွေ၊ Blog တွေကြည့်ရင် ဒီအတိုင်းလိုက်ကြည့်နေရတာ ပျင်းစရာကောင်းတယ်ဗျာ။ အဲဒီ Website ဒါမှမဟုတ် Blog ကိုယ်ဖျက်ချင်တဲ့စာတွေ၊ ပုံတွေ လိုက်ဖျက်ကြည့်ရအောင်။ Google နဲ့ ကျွန်တော် နမူနာလုပ်ပြမယ်။

၁။ Browser ကို ဖွင့်ပြီး Address Bar မှာ www.google.com လို့ ရိုက်ပြီး Enter ခေါက်ပါ။
၂။ Done သွားရင် အဲဒီ Address Bar မှာပဲ အောက်မှာ ပြထားတဲ့ javascript code လေးကို copy ကူး၊ paste လုပ်ပြီး Enter ခေါက်လိုက်ပါ။

javascript: document.body.contentEditable= 'true'; document.designMode='on'; void 0

၃။ ဒါဆိုရင် Google စာမျက်နှာမှာ ရှိနေတဲ့ ပုံတွေ၊ စာတွေကို select လိုက်လုပ်ပြီး Delete key နှိပ် ဖျက်နိုင်ပါပြီ။

ဟုတ်ပါတယ် ကျွန်တော်လုပ်ကြည့်ပြိးပြီ မိုက်တယ် ဗျ ။ ယူနီကုတ်နဲ့ မြန်မာလိုတောင် ရေးလိုက်သေးတယ် ။ အဟဲ ။ ပျော်ရွင်ပါစေ ဗျာ ။

Thursday, September 25, 2008

sorry


အားလုံး ပါ လာလည်ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ၀မ်းလည်းသာပါတယ် အရောင်အကြောင်းတွေ ဆက်လက်ေ၇းသားမှာပါ ကျန်ပါသေးတယ် အခု အလုပ်များနေတာကြောင့်ရော ကွန်နရှင်ကြောင့်ရော ဘာညာကွိကွ အကြောင်းတွေကြောင့်ေ၇ာ ပို့စ် အတင်နောက်ကျရင် ဆောရီးပါဗျာ အီးမေးနဲ့ ပို့စ်တင်ရတော့ မလှမပနဲ့ ပေါ့ ခွင့်လွတ်ပေးကြပါ ။ နောက်ထပ်လည်း အကြောင်းအရာတွေလေ့လာပြီး ဆက်လက် ရေးသားမှာပါ ။ အရောင်နဲ့ ပတ်သက်ပြီး ဒီထက်မက ပိုသိကြရင်လည်း မေးပို့ပေးကြပါဗျာ ။

အပြာ

အပြာရောက်ကတော့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတ ဖြစ်ပါတယ် အိပ်လို့ မပျော်ဘူး အိပ်မက်ဆိုးတွေ မက်နေရင် ကိုယ့်အခန်းကို အပြာရောင် လေးသုတ်လိုက်ပါ ။ ဒါမှမဟုတ် အပြာရောင်ခန်းဆီး အပြာရောင်အိပ်ရာခင်း နဲ့ဆိုရင် ပိုအိပ်ပျော်စေနိုင်ပါတယ် ။ အပြာရောင်ပန်းကန်နဲ့ ထမင်းစားရင် ပိုစားဝင်တယ်ဆိုပဲ ။ ရှေးခောတ် အီဂျစ်တွေ ကတော့ မကောင်းဆိုးဝါးတွေရဲ့ မလာနိုင်တဲ့အရောင်လို့ ယုံကြည်ကြပါတယ် ။ အရမ်းရင့်တဲ့ အပြာရောင်က သိပ်မကောင်းဘူးတဲ့ ။

အခုရေးတာတွေမှာ လိုအပ်ချက်တွေ အများကြိး ရှိပါသေးတယ် ပြန်လေ့လာပြီးရင် ပြန်ဖြည့်ပေးအုံးမှာပါ ။


Tuesday, September 23, 2008

Yellow


အ၀ါရောင်ကတော့ လူ့စိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ ပျော်ရွင်မြူးတူးစေတဲ့အေ၇ာင်ပေါ့ ။ ကလေးတွေရဲ့ အခန်းဆို အ၀ါရောင် အလင်းနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် အ၀ါရောင်သန်းတဲ့အခန်းက ကလေးကို ပိုငိုစေပါတယ် အငိုသန်တဲ့ကလေးတွေနဲ့ အ၀ါရောင်အခန်းက မလိုက်ဖက်ပါဘူး ။ အ၀ါရောင်ဟာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချနိုင်တယ်လို့ ထင်ပါတယ် ။ စိတ်ကူးကောင်းတွေရရှိနိုင်တယ် ။ အရှေ့ တောင်အာရှက လူတော်တော်များများဟာ ကြီးမြင့်မှုတော်ဝင်မှုတို့ ရဲ့ အရောင်အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒေါသထွက် နေတဲ့သူရှေ့မှာ အ၀ါရောင်ရင့်လွန်းတာ ရှောင်ရပါမယ် ။ အ၀ါက ကလေးဆန်တဲ့အရောင်လည်းဖြစ် ပါတယ် ။ အ၀ါရောင်ကို နောက်ခံအဖြစ်သုံးရင် အရာဝတ်ထုနဲ့ပုံအရည်အသွေးကို ထိခိုက်စေပါတယ် ။ အ၀တ်အစားအတွက် အသုံးများပြိးမှော်စွမ်းအင်တွေ ပါဝင်နေတယ်လို့လည်း ယုံကြည်ကြပါတယ် ။

Thursday, September 18, 2008

အရောင် ( အမည်း )

အမည်းရောင် ( အနက်ရောင် )

အမည်းရောင် ( အနက်ရောင်) ဟာ အခြားအရောင်တွေရဲ့ လွမ်းမိုးမှုမရှိလို့ အပြောင်းအလဲမများတဲ့ နားလည်ရ ခက်တဲ့ အရောင်ပါ ။ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကို လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ် ။ သက်တောင့် သက်သာဖြစ်စေတယ် ။ ဆွဲဆောင်မှုလည်းရှိတယ် ဒါပေမယ့် တိတ်ဆိတ်မှု အမှောင်ပါဝင်နေလို့ အချို့ လူမျိုးတွေက အနက်ကို ရှောင်ကြတယ် ။ အနက်ရောင်မြင်ကွင်းမြင်ရင် စိတ်ဓါတ်ကျကြတယ် ။ အနက်ရောင်က တစ်ခြားအရောင် တွေကို ပိုမိုတောက်ပစေပါတယ် ။ တရုတ်နိုင်ငံမှာတော့ အနက်ရောင်ဟာ လူငယ်တွေရဲ့ အရောင် ဖြစ်တယ် လို့ဆိုပါတယ် ။ အနက်ရောင်က မကောင်းမှုရဲ့ အေ၇ာင်လည်း ဖြစ်ပါတယ် ။ ကိုးရီးယားကား တွေမှာ လူဆိုးတွေက အနက်ရောင်ဝတ်ပြီး အနက်ရောင်ကားစီးကြတာ တွေဖူးကြမှာပါ ။ အနက်ရောင်ဖျော့ ဖျော့ ဖြစ်တဲ့ မီးခိုးရောင်ကတော့ အားငယ်နေသူ နေမကောင်းဖြစ်နေသူ တွေအတွက်ကတော့ ပျင်းစရာကောင်း တဲ့ အရောင်ဖြစ်ပြီး တိတ်ဆိတ် ၀မ်းနည်းမှု ဖြစ်စေပါတယ် ။ black

Good black

  • Black tie - formal (as in formal party attire)
  • Black belt - expert (especially in martial arts)
  • Blackwash - bring things out in the open In the black - having money, doing well in business
  • Men in black - government agents
  • Black box - equipment or apparatus
  • Pitch black - dark as night, very black
Bad black
  • Black out - Loss of consciouness or the act of erasing something
  • Blackout - loss of electricity or turning out the lights
  • Black eye - damage such as damage to one's reputation, slander, unpopular
  • Black-hearted - evil
  • Blackguard - a scoundrel
  • Black sheep - an outcast from a family or from society
  • Black market - illegal trade (goods or money)
  • Blackmail - obtaining something by threat
  • Blacklist - list of people or organizations to boycott, avoid, or punish



Wednesday, September 17, 2008

အရောင် ( အနီ )

်အနီရောင်

အနီဆိုရင် ရဲရင့်မှုရဲ့ သင်္ကေတအဖြစ် သိကြပါတယ် ။ အနီရောင်ဟာ ဝေးက စာလုံးတွေကို နီးစေတဲ့ အတွက် ဆိုင်းဘုတ်တွေမှာ သုံးကြသလို ။ သတိပေးတဲ့ အရောင် တားမြစ်တဲ့ အရောင်လည်းဖြစ်ပါတယ် ။ ဒါကြောင့် သတိပေးတဲ့ နေရာ တားမြစ်ဆိုင်းဘုတ်တွေမှာ အနီရောင်သုံးတာ တွေ့ဖူးကြမှာပါ ။ အနီရောင်ကို အသုံးပြုခြင်း အားဖြင့် ရဲရင့်စေပြီး စိတ်ကို အပြောင်းအလဲဖြစ်အောင် အများကြီးလုပ်ပေးနိုင်ပါတယ် ။ ဒေါသလည်း ဖြစ်စေတတ် တဲ့အရောင်ပါ ။ အနီရောင်အလင်းက သွေးတိုးစေပါတယ် ။ တရုတ်တွေက ကံကောင်းစေတဲ့ အရောင်လို့ ယုံကြည်ကြပါတယ် ဒါကြောင့် လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးပြုလေ့ရှိပါတယ် တရုတ်ကားတွေ ကြည့်ရင်တွေ့ ကြမှာပါ ။ အစားများများ ၀င်အောင်လှုံ့ ဆော်ပေးနိုင်လို့ စားသောက်ဆိုင်းတော်တော်များ များမှာ နံရံကို အနီရောင်သုတ်ကြပါတယ် ။

Sunday, September 14, 2008

အရောင်များ ( အစိမ်း )

အရောင်များရဲ့ အကြောင်းကို အနည်းငယ် တီးခေါက်ကြည့်ခြင်း

လောကကြီးတစ်ခုလုံးက အရောင်တွေနဲ့ ပြည့်နှက်နေ ပါတယ် ဘယ်နေရာကြည့်ကြည့်ပေါ့ ကျွန်တော်တို့နေ့စဉ် တွေ့နေရတဲ့ အရောင်တိုင်းမှာ စွမ်းအင်တွေ ကိုယ်စီရှိကြပါတယ် အရောင်တွေကို အခု နည်းနည်းလောက်စိတ် ၀င်စားမိနေတယ်
အရောင်တွေ အများကြီး ရှိပေမယ့်လို့ အခြေခံအရောင်ကတော့ သုံးရောင်ပဲ ရှိပါတယ် အနီ ရယ် အစိမ်းရယ် အမည်း ရယ်ပဲ ဖြစ်ပါတယ်

အစိမ်းရောင်

အစိမ်းရောင်ကတော့ အားလုံးသိကြတဲ့ အတိုင်း မျက်စိကို အေးစေတဲ့ အရောင်ပေါ့ စိမ်းလန်းတဲ့ တောတောင်ရှုခင်းတွေကို ကြည့်လိုက်ရတဲ့ အခါမှာ ဘယ်လောက် မျက်စိအေးလည်းဆိုတာ တော်တော်များများ သိကြပါတယ် ။ ဒါကြောင့် ဆေးရုံ ကျောင်းနဲ့ ရုံးတွေမှာ အစိမ်းရောင်သုတ်ကြတာပါ။ အစိမ်း ရောင်က သွေးလည်ပတ်မှု အားကောင်းစေတယ် ။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းလို့ ရင်ဘတ်အောင့်တဲ့ သူတွေနဲ့ နှလုံးရောဂါ သည်တွေအတွက် အကောင်းဆုံးပေါ့ ။ ကံကောင်းစေတဲ့ အရောင် ဖြစ်ပေမယ့် အချစ်နဲ့ ပတ်သက်လာရင် စိမ်းကားရက်စက်ခြင်းကို ကိုယ်စားပြုလို့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးလေ့ မရှိပါဘူး ။ သွေးတိုးလည်း ကျစေတယ် တီထွင်ဖန်တီး နိုင်တဲ့ စိတ်ကူး စိတ်သန်းဖြစ်ပေါ်စေနိုင်တယ် အမြဲ တွေးတောနေတဲ့ သူတွေ အတွက်တော့ အစိမ်းရောင်သစ်ပင်လေးတွေ အခန်းထဲမှာ စိုက်ထားသင့် ပါတယ် ။ မြန်မာ နိုင်ငံမှာ ဆိုရင် ကျောင်းဝတ်စုံကို အဖြူနဲ့ အစိမ်းတွဲ ၀တ်တာတွေ့ရမှာပါ ဖြူစင်ခြင်းနဲ့ စိတ်ကူးညဏ် ပွင့်လန်း ခြင်း သင်္ကေတပေါ့ ။ green