Myeiktharlay

Showing posts with label me. Show all posts
Showing posts with label me. Show all posts

Tuesday, December 2, 2008

General


လူတွေမှာ .. ကောင်းတဲ့ စိတ်နဲ့ မကောင်းတဲ့ စိတ် နှစ်မျိုးရှိတယ် ဆိုတာ သိကြမှာပါ.. ကျွန်တော့ မှာလည်း ရှိတယ်လေ .. ဘာလို့ ဒီလိုရေးလဲ.. ရေးရတာ အကြောင်းရှိပါတယ်.. အခုတလော.. မကောင်းတဲ့ စိတ်ဘက်ခြမ်း က

အသာစီးရနေတာ ... ကိုယ့်ဟာကိုယ်တောင်လန့်မိတယ်ဗျ .. မကောင်းမှန်းသိရက်နဲ့.. လုပ်နေမိတာပိုဆိုး တယ်ဗျာ.. စိတ်အလိုလိုက် ပြီး မလုပ်သင့်တာလုပ်မိရင် . လုပ်ပြီးမှ နောင်တရသလိုလို .. ဖြစ်နေတတ်တာ လည်းဆိုးတယ် ဗျ..

လုပ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ ဗျာ .. နောက်မလုပ်မိအောင်ကြိုးစားရမှာပေါ့.. ဘာလုပ်မိလဲလို့ သိချင်ကြမယ် ထင်ပါတယ် .. အရမ်းဆိုးဝါးတာ မဟုတ်ပါဘူး. မဟုတ်တရုတ်တွေ တွေးမိနေပါအုံးမယ် .. နည်းနည်းပါးပါးပါ..

ဘလော့ ရေးတာ .. အခုတလော ဘာရေးရမှန်းကို မသိဘူးဗျာ. နည်းပညာပိုင်း ကျွမ်းလားဆိုတော့ မကျွမ်း.. ဘာမှလည်း ကောင်းကောင်းမရေးတတ် တော့ ခွကျတယ် .. ကိုယ့် အပူတွေပဲ ထုတ်ရေးနေ မိတာပဲ .. ညည်းချင်းပေါ့..

အလုပ်မအားတာနဲ့ ဘလော့တွေ လည်း ကောင်းကောင်းလိုက် မလည်ဖြစ်ဘူး.. ကွန်နရှင်ကလည်းစုတ်ပါ့ .. သိတဲ့အ တိုင်းပဲလေ..

ဘလော့တစ်ခု တွေ့ထားတယ် ဗျ.. မိုက်တယ် .. ကျွန်တော်တော့ အခုမှတွေတာ.. သိတဲ့လူ များမယ်ထင်တယ် ..

သံလုံငယ် တဲ့ .. ဒီဘလော့ကို အခုမှတွေ့မိတယ်.. ကြိုက်တယ် ဗျာ.. ဘလော့တစ်ခုလုံး.. ကိုဖတ်စရာ မကုန်နိုင်ဘူး.. တစ်ရက်ကို နည်းနည်း နည်းနည်း ပဲ ဖတ်နေရတယ် … ကိုယ်ကြိုက်တာလေး ရွေးဖတ်တာပေါ့.. လေ့လာစရာတွေ များတဲ့ ဘလော့လေးပါ.. ကျော်ခွစရာတောင်မလိုပါဘူး.. ဒီအတိုင်း သွားလို့ရတယ် ..နည်းပညာလေ့လာသူတိုင်း ဖတ်ရှုသင့်တဲ့ ဘလော့လေးပါ.. http://www.thanlonengal.co.cc/ ဖြစ်ပါတယ်..

နောက်ဘဘော့ တစ်ခုကတော့ ဂျစ်ပဆီလေးရဲ့ အိမ် ဖြစ်ပါတယ် .. အဲဒီဘလော့ ကလည်းပဲ .. ဗဟုသုတ ရစရာတွေ အမြောက်အများ ရှိသလို ထူးထူးဆန်းဆန်းတွေလည်း တွေ့ရနိုင်ပါတယ် .. ကျွန်တော် ကြိုက်တဲ့ ဘလော့လေးပါ..

မသိသေးသူများ သွားလည်ပတ်ကြကုန်..

Wednesday, November 26, 2008

ညဉ်းချင်း

ကံတရားများ...

မပြောလိုက်ချင်ဘူး.. ဆိုးချင်တော့လည်း.. စီးလာတဲ့ကားက ဘီးပေါက်.. နောက်တစ်ကားပြောင်းစီးတော့ စက်ပျက်လို့တဲ့.. မီးပွိင့် က အသားကုန်မိတယ်..
ကောင်းချေင်တော့လည်း.. စပါယ်ယာက . ကားခကို .. နှစ်ခါ ပြန်အမ်းတယ် .. မငြင်းလိုက်မိဘူး.. အဲလိုအဲလို..

ဘ၀မှာ. ထမင်းငတ်မလို ဖြစ်တဲ့နေတွေ ကြုံတွေ့နေရပြီ ... လေးဖြူသီချင်းထဲကလို ... သားရဲတွေပေါတဲ့ . .. မြို့ ပြ တောနက်ထဲ.. အမဲလိုက် ကကွက်တွေ ကို ကျွမ်းကျင်အောင် အက ကျင့်နေရတယ် ..

Monday, October 13, 2008

ကျွန်တော့် အကြောင်း နည်းနည်း


ဘလော့ရေးလာတာ နှစ်လ ကျော်လို့ သုံးလရောက်လာပြီ အခု လာရောက်ကြည့်ရှုတဲ့ သူတွေလည်း ရှိလာတာတွေ့တဲ့ အတွက် ၀မ်းသာပါတယ်ဗျာ . အခုတလော ကျွန်တော်လည်း ဘွဲ့ယူဖို့ကိတ်စ ဘာကိတ်စ ညာကိတ်စနဲ့ ဘလော့ဖက်ကို စိတ်ရောက်ပေမယ့် လူတော့ မရောက်ဘူး အရင်ကတော့ အားအား ယားယား အလုပ်မရှိ အကိုင်မရှိဆိုတော့ အားအားနေ အင်တာနက်ဆိုင်မှာပဲလေ ။ အခု အလုပ်လေးရတော့ မအားတော့ဘူး ။

မနေ့က ကျွန်တော့ရဲ့ ဘ၀သမိုင်းမှာ သိပ်တော့ မထူးဆန်းတဲ့ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ပါတယ် ။ အစကတော့ ဘွဲ့ ယူဖို့ စိတ်ကူးမရှိပါဘူး အဖေအမေက ယူချင်လှတယ် ဆိုတာနဲ့ တက်ယူဖြစ်တာပါ ။ ပျော်စရာတော့ ကောင်းသားဗျ ။ ရန်ကုန်တက်ကသိုလ် ဘွဲ့ နှင်းသဘင်ရှေ့ ဓါတ်ပုံရိုက်တဲ့ သူတွေနဲ့ စည်ကားလို့ပေါ့ ။ ကျွန်တော့ မိဘတွေကလည်း ပျော်လို့ပေါ့ ။ သူ့သားအကြီးဆုံး ဘွဲ့ယူတာကိုး ။ ကျွန်တော်လည်း ပျော်မိပါတယ် ။

ဒီအရွယ်အထိ ပညာတတ်အောင် သင်ကြားပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်မိပါတယ် ။ အခုခေတ်မှာ ဘွဲ့ရရုံနဲ့ အလုပ်တစ်ခုရဖို့ မလွယ်ပါဘူး ။ ဒါပေမယ့် ပညာတတ်တစ်ယောက်ရဲ့ သင်္ကေတတစ်ခု အနေနဲ့ တော့ တန်ဖိုးရှိပါတယ် ။ မွေးရပ်မြေ မြိတ်မြို့ ကိုစွန့်ခွာပြီး မဟာရန်ကုန်မြို့ ကြီးကို အရဲ့စွန့် ရောက်လာခဲ့တာလည်း လေးနှစ်ကျော်ခဲ့ပါပြီ ။

အခုသတင်းကျွတ်လို့ ဆောင်းရောက်တော့မယ့် အနေအထားလေးမှာဆိုရင် မြိတ်ကို အရမ်းသတိရပါတယ် ။ စည်ကားလှတဲ့ ဓနိရည်ချို ဆိုင်တန်းကြီး ။ ဘုရားဖူးရင်း ပလယ်ကို ရှုမြင်နိုင်တဲ့ သိမ်တော်ကြီးဘုရား ။ စတာတွေဟာ လွမ်းစရာတွေပါ ။

မြိတ်သားဘလော့ဂါ တွေကိုလည်းလေးစားပါတယ် ။ ငါတို့ မြိတ်သားရေးတဲ့ ဘလော့တွေ သူများတကာရေးတဲ့ ဘလော့တွေနဲ့ ။ ယှဉ်ကြည့်ရင် ။ လိုအပ်နေသေးသလို အရေအတွက်လည်း နည်းပါသေးတယ် ။ ကျွန်တော်ကတော့ လုပ်နိုင်သမျှ အကောင်းဆုံးလုပ် ရေးမှာပါ ။ ၀င်ရောက်ကြည့် ရှုသူတွေနဲ့လည်း စိတ်အခန့်မသင့်တာ သဘောထားချင်း မတိုက်ဆိုင်တာ ရှိကောင်းရှိမှာပါ ။

ဘလော့မှာ ပို့ ရေးစရာမရှိတာနဲ့ စိတ်ထဲ ခံစားရသမျှ အနည်းအကျဉ်း ရေးသားမိတာပါ ။ personal ရော ဘာညာ ကွိကွ အကုန်ရေးပါမယ် ။ လာရောက်လည် ပတ်သူအပေါင်း ကျန်းမာချမ်းသာပါစေ ဗျာ ။

သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို ကန်တော့ရင်း ကုသိုလ်ယူနိုင်ပါစေ ။

Sunday, September 7, 2008

ပြောင်းလဲခြင်း

ဒီနေ့ သိပ်ပျော်တယ် ဗျာ ဘာလို့လဲဆိုတော့ ဘလော့ရဲ့ အကျယ်ကို ချဲ့လိုက်နိုင်ပြီလေ အရမ်းလုပ်ချင်နေခဲ့တာပါ အခုမှဘဲ လုပ်လို့ရတော့တယ် ရှယ်ဘဲဗျို့ ဒါပေမယ့်လို နေတာတွေများပါတယ် ထပ်ကလိရအုံးမယ်ဗျ အစကတော့ သူများဘလော့တွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ ကိုယ့်မှာကျတော့ ကျဉ်းကျဉ်းလေး စိတ်အားငယ်တာပေါ့နော် အခုတော့ နည်းနည်း အဆင်ပြေသွားပြီလေ ကျနော့ဘလော့ကို လာလည်တဲ့သူ မရှိသလောက်ဘဲဗျာ ဒါကြောင့် မကြာမကြာလာ ကြပါလို့ ဖိတ်ခေါ်ပါတယ် အလာများတဲ့သူကို လမ်းထိပ်က ဒေါ်ဘုမဆိုင်မှာ ၀က်သားတုတ်ထိုး ငါးရာဖိုး ကျွေးဖို့ အာမခံပါတယ် အဟဲ ကွန်ပျူတာရှေ့ ထိုင်ရလွန်းလို့ ဇက်ကြောတောင် တက်နေပြီဗျာ အင်တာနက် ကလည်း ရစရာ ယူစရာတွေ မကုန်နိုင်ဘာဘူး အဖိုးတန် ရတနာသိုက်ကြီးပါ ဆိုက်ဘာထဲေ၇ာက်သွားရင် လောဘ တက်ပြီး မထွက်ချင်တော့ဘူး ကဲ...အားလုံးဘဲ ချမ်းသာကိုယ်စိတ်မြဲပါစေ..

Tuesday, August 19, 2008

me

ဘလော့အကြောင်း

ကျွန်တော့် ဘလော့ကို လာလည်သူတွေ အားလုံးကို အရမ်းကျေး ဇူးတင်သလို လာလည်တဲ့ အတွက်လည်း ၀မ်းသာပါတယ် ကျွန်တော့်ရဲ့ ဘလော့မှာ ဟာသရယ် ကျွန်တော့ရဲ့ အတွေ့ အကြုံလေးတွေရယ် တင်သွားမှာပါ လိုင်းတစ်လိုင်းတည်း သီးသန့် ရေးတာမျိုးတော့ မဟုတ်ပါဘူး အမြဲ အပ်ဒိတ် ဖြစ်နေအောင် ကြိုးစားမှာပါ အထူးသဖြင့် ဟာသ လေးတွေ ပုံမှန် တင်ပေးသွားမှာပါ ဟာသများ ပေးပို့ချင်ပါကလည်း chitloonthu.pk@gmail.com ကို ပေးပို့နိုင်ပါတယ် ကြိုဆိုလျက်ပါ ပေးပို့သူရဲ့ အမည်နဲ့တကွ ဖော်ပြပေးသွား မှာပါ အရမ်းရီရတာ မျိုးလေးတွေပေါ့ html နဲ့ css မတတ်တဲ့ ကျွန်တာ် ဘလော့ ကို တတ်နိုင်သလောက် လှပအောင် လုပ်သွားမှာပါ ဝေဖန် အကြံပေး ကူညီနိုင်ကြပါ တယ်

Monday, August 4, 2008

nothing

ဘလော့ တစ်ခု လုပ်ပြီးကတည်းက ဘာမှကို သေသေ ချာချာ မရေးဖြစ်သေးဘူး ဟိုပြင်ဒီပြင် ဟိုလုပ်ဒီလုပ်နဲ့ အ တော်လေးတော့ ဟုတ်လာပါပြီ လာကြည့်တဲ့သူ ရှိမရှိတော့ မသိဘူး ဒါခေါက်လာပြီး ရင်လည်း မကြာမကြာ လာပါလို့ တစ်ခါတည်း ဖိတ်ခေါ်ပါတယ် အပ်ဒိတ် အမြဲမလုပ် နိုင်ဘူးဖြစ်နေတယ် အခု ပြင်ချင်တာ ပြင်ပြီးသွားပြီ ဆိုတော့ ပို့စ်တွေတင်နိုင်အောင် ကြိုးစားမှရမယ် ဒီခေါင်းကလည်း ဘာရေးလို့ ရေးရမှန်းမသိအောင် တုံးလွန်းနေ
ပါတယ် တစ်ကယ်ကို စိတ်ပျက်စရာပါ ဒီကြားထဲ မအားတာလည်း ပါတယ်

Thursday, July 31, 2008

သမန်းလိပ်


တစ်ခါတစ်လေကျရင်ပေါ ငါဟာလိပ်တစ်ကောင် ဖြစ်သွားတတ်ပါတယ် ငါမှမဟုတ်ပါဘူး လူတော်တော် များများ လည်း လိပ်ဖြစ်ကြတာပါဘဲ ပေါင်းသင်ဆက်ဆံ ရေးနယ် ပယ်မှာ အတ်တများလွန်းတဲ့ ငါဟာ
လိပ်တစ်ကောင်လို တစ်ခါတစ်လေ ကိုယ့်ဖက်ကိုယ် ခြေရော လက်ရော ရှိရှိသမျှ အကုန်ယက်တတ်လာပြိ လူတွေ လူတွေ ဘယ်သူကများ ငါ့လို ကိုယ်ဖက် ကိုယ်မ ယက်တဲ့ ကောင် ရှိ လို့လဲ ဘယ်သူ ကများလိပ် မဖြစ်ဖူးဘူး လို့ ငြင်းရဲ့ သလဲ တစ်ချို့ တွေများဆို ကိုယ့်ဖက်ကိုယ် ယက်လွန်းလို့ လူနဲ့တောင်သိပ်မတူချင် တော့ လိပ်ကနေ လူဖြစ်နေတဲ့ သမန်း လိပ်တွေ ကြာတော့ဒီလူတွေကို ဖမ်းပြီးရေထဲ လွတ်ချင်လာသည် အေးလေ သ ဘောတရားအရဘဲဖြစ်ဖြစ် လိပ်ဆိုတာမျိုးက ကိုယ်ဖက်ကိုယက်မှဘဲ ရှေ့ရောက်တာ ဆိုတော့ သိပ်လည်းမပြောသာဘူး အဲ အနေအထားမမှန်ရင် တော့ ယက်ကန်ယက်ကန် ဖြစ်တတ်ပါတယ် လူတွေလည်း
ကိုယ်ကျိုးအတွက်ဘဲ ကိုယ့်ဖက်ကိုယ်ယက်ရင်း အနေအထားမ မှန်ရင် ယက်ကန်ယက်ကန် နဲ့ဖြစ်တတ်ပါတယ် တစ်ကယ်တော့ ကျွန်တော့ဟာ သမန်းလိပ်တစ်ကောင်ပါ ကဲ ခင်ဗျားရော