Myeiktharlay

Showing posts with label joke. Show all posts
Showing posts with label joke. Show all posts

Thursday, December 3, 2009

ကျကျမ်း

ဖတ်ရတာ တစ်ကယ်ကို ရယ်ရပြီး ..သိပ်သဘောကျမိပါတယ်.. မိုက်တယ်ဗျ..
 
ဆရာ အော်ပီကျယ် ရဲ့ ကျကျမ်း

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။ လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည် အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။ ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက် ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည် အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။ ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။ ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့် အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို ခက်ခဲခြင်းမှ ကာကွယ်ပါ။

Monday, November 9, 2009

jokes


နားမလည်နိုင်ဘူး

လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။ တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။ ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး တစ်ယောက်ကတွင်းဖို့။

လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။ သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။

ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။

တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။ သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။ တိန်။


ကိုယ့်ကြောင့်

ဘရာဇီး နိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ခရီးသည် တင်လေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပျက်ကျသည် လေယာဉ်ပေါ်တွင်ပါလာသော သက်ရှိအားလုံး အနက် မျောက်တစ်ကောင်သာ အသက်ရှင်ကျန်ရစ်သည်ကို သက်ဆိုင်ရာ လူများကတွေ့ရှိကြ၏။ မျောက်ကို ဆေးရုံပို့၍ ကုသပေးပြီးနောက် ကျန်းမာရေးကောင်းမွန်လာချိန်တွင် မဂဓ ဘာသာစကား နားလည်သူတစ်ဦးက လေယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပါတ်သက် ၍ စစ်ဆေးမေးမြန်း၏။

စစ်ဆေးသူ။ ။ လေယာဉ်ပျံစထွက်တော့ခရီးသည်တွေဘာလုပ်နေတုန်း
မျောက်။ ။ ထိုင်ခုံခါးပတ် တွေပတ်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ခရီးသည်တွေကို တစ်ယောက်ချင်းဆီလိုက်နှုတ်ဆက်တယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးကရော
မျောက်။ ။ ပျံသန်းရေးစနစ်တွေစစ်ဆေးရင်း လေယာဉ်မောင်းတာပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ အိပ်ငိုက်နေတယ်
စစ်ဆေးသူ။ ။ စထွက်ပြီး ၁၀ မိနစ်ကြာတော့ခရီးသည်တွေဘာလုပ်နေကြတုန်း
မျောက်။ ။ လေယာဉ်မယ်တွေကျွေးသမျှစားကြသောက်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကရော
မျောက်။ ။ သူတို့တွေကတော့စားသောက်ရေးဝန်ဆောင်မှုပေးနေတာပေါ့
စစ်ဆေးသူ။ ။ လေယာဉ်မှူးတွေကရော
မျောက်။ ။ မောင်းနေကြတာပဲလေ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ခွါစားလိုက် လွှင့်ပစ်လိုက်
စစ်ဆေးသူ။ ။ နောက်နာရီဝက်ကြာတော့ကော
မျောက်။ ။ အိပ်တဲ့လူကအိပ် စာဖတ်တဲ့လူကဖတ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ မိတ်ကပ်ဘူးတွေလိမ်းတယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မောင်းနေကြတာပဲပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟိုကြည့်ဒီကြည့်ပေါ့နော်
စစ်ဆေးသူ။ ။ လေယာဉ်ပျက်မကျခင်လေးမှာခရီးသည်တွေဘာလုပ်ကြတုန်း
မျောက်။ ။ အကုန်အိပ်နေပီ
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ဘယ်ပျောက်သွားလဲမသိဝူး
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မယ်တွေရဲ့ရင်ခွင်ထဲမှာ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟဲဟဲ ပထမဆုံးအကြိမ် လေယာဉ်မောင်းခြင်းစပြီလေ ... ကွိကွိ
--
copy from www.natthabin.ning.com

ဖိုးကျော်

Saturday, October 17, 2009

funny EEEE

ပိုစ်မတင်ဖြစ်တာကြာပါပြီ.. ဒါနဲ့ မေးထဲရောက်လာတဲ့ဒီစာလေး အတော်ရယ်ရတယ်ဗျ.. ပျော်စေချင်လို့ပါ ဖတ်ကြည့်နော်.

အီးဋီကာ


-လူတစ်ယောက်ဟာအီးကို ကုန်အောင်မပေါက်နေ့ဖို့ညစာစုထား
တတ်ရင်အဲဒီလူကိုကပ်စေးနှဲသူလို့ခေါ်တယ်။

-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ

-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ

-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ

-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ

-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ

-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ

-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ

-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ

-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး

-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ

-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ

-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ

-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ

-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ

-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ

-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ

- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ

-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ

-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ

-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ

-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ

-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ

-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား

ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။

     

 ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။

 မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။  ။

Friday, June 19, 2009

Funny


ဘီယာသောက်ချင်တယ်

 

ဘီယာဆိုင်ရှေ့ တွင် တန်းအရှည်ကြီး ဖြစ်နေသည်။

အားလုံးကို ဖြတ်ပြီး ဘီယာဝယ်ရန် ယုန်က ကြိုးစားရာ ရှေ့ဆုံးတွင်ရပ်နေသော မြေခွေးက ယုန်၏

နားရွက်ကို ဆွဲပြီးပြောသည်။

...ဟေ့ကောင် .. ဒီလို လူလည်ကျလို့ ရမလားကွ..

... ဟေ့ မြေခွေး.. မင်းမကျေနပ်ရင် ..ထွက်ခဲ့လေ .. လမ်းထောင့်သွားပြီး ရှင်း ရအောင်..

နှစ်ယောက်သား ထွက်သွားကြသည်။

ခဏကြာသော် ယုန်ပြန်ရောက်လာပြီး စောစောကအတိုင်း အားလုံးကို ကျော်ပြီး ဘီယာဝယ်ရန် လုပ်သည်။

တန်းစီနေသော ၀က်ဝံကြီး သည်းမခံနိုင်သည်နှင့် ယုန်၏ နားရွက်ကို ဆွဲမြောက်ပြီး ကြိမ်းသည်။

...ဟေ့ ယုန်စုတ် .. ဒါ..ဘာလုပ်တာလဲ...

...ဟေ့ ၀က်ဝံ ပါးစပ်ပိတ်ထားစမ်း ..မကျေနပ်ဘူးလား .ထွက်ခဲ့ ..လမ်းထောင့်သွားပြီး မင်းနဲ့ငါ ..ရှင်း.. ကြရအောင်

ထွက်သွားကြသည် မိနစ်ပိုင်းအတွင်း ယုန်ပြန်ရောက်လာပြီး တန်းမစီပဲ ဘီယာဝယ်ရန် ကြိုးစားပြန်သည်။ ကျားကယုန်ကို တားပြီးပြောသည်။

... ဟေ့ကောင် မင်းဘာ စည်းကမ်းမဲ့တာလဲ.သူများတွေလိုပဲ ..တန်းစီစမ်း..

.. ဟေ့ကျား..စကားမများနဲ့.. မကျေနပ်ရင် .ထွက်ခဲ့ .. လမ်းထောင့်ကို သွားကြမယ်.

ကျားနဲ့ယုန် လမ်းထောင့်ကို ထွက်သွားကြသည်။ လမ်းထောင့်တွင် ခြင်္သေ့ကြီးကိုတွေ့ ရသည်။

ခြင်္သေ့ ကယုန်ကို ဟိန်းဟောက်သည်။

... ဟေ့ ယုန်..ဘယ်လိုလဲကွ ..တစ်ခါလာလည်းအသား .နှစ်ခါလာလည်းအသား ..ဘယ်မှာလဲ.. မင်းကို

ငါဝယ်ခိုင်းတဲ့ ဘီယာ..

 

မပြောတတ်လျှင်ဆဲသလိုပဲ

 

စကားပြောလျှင် မဆင်မခြင် ပြောတတ်သော အန်တီမြ မင်္ဂလာ ဧည့်ခံပွဲတစ်ခုသို့ ရောက်လာသည်။

ဧည့်ခံခန်းမကြီး တစ်ခုလုံး ပရိတ်သတ်များဖြင့် ပြည့်ကျပ်နေသည်။ မိမိခုံ ဘေးတွင် ထိုင်နေသော လူကြီးကို

အန်တီမြက မေးသည်။

... ဟို လှေကားအနားက စားပွဲမှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုး လူကြီးက ဘယ်သူလဲဟင်..

... ကျွန်တော့် အစ်ကိုပါ ...

အားနာဟန်ဖြင့် အန်တီမြ ရုတ်တရက် အမ်းတမ်းတမ်း ဖြစ်သွားသည်။ ထိုနောက် တောင်းပန်စကား ပြောသည်။

... တောင်းပန်ပါတယ် ရှင်.. ကျွန်မကိုယ်က ညံ့ပါတယ် ..ရှင်တို့နှစ်ယောက် ရုပ်ချင်းအင်မတန် ဆင်ပါတယ်ဆိုတာ ကျွန်မ သတိထားမိဖို့ကောင်းပါတယ်.. ဟင်းဟင်း..

 

မသဘာဝ

 

ထောင်ကျ အမျိုးသမီး နှစ်ယောက်သည် ထောင်ထဲတွင် ၁၀ နှစ်တိတိ တစ်ခန်းတည်း အတူတူ နေခဲ့ကြသည်။ သူတို့နှစ်ဦး တစ်ရက်တည်း အတူလွတ်လာကြသည်။

ထောင်အ၀င်ဝတွင် ၄ှင်းတို့ နှစ်ဦး နောက်ထပ် ၂-နာရီကြာဆက်ပြီး စကားပြောနေကြသေးသည်။

 

 

ခွင့်လွှတ်ပါတယ်

 

ပုရွက်ဆိတ်အသင်း နှင့် ဆင်အသင်းတို့ ဘောလုံးကစားကြသည်။ ဘောလုံးပွဲပြီးသောအခါ ဆင်များက တောင်းပန်စကား ပြောသည်။

... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ . ခင်ဗျားတို့ကို ကျွန်တော်တို့ ခြေထောက်တွေနဲ့ တက်နင်းမိခဲ့ကြတယ်ဗျာ ..

... ကိစ္စ မရှိပါဘူး.. ကျွန်တော်တို့ ဘက်ကလည်း ခပ်ကြမ်းကြမ်း ကစားခဲ့ ကြတာကလား...

 

ထောက်ခံစာ

 

ဒေါ်ချစ်စုသည် ၁၉၃၇ ခုနှစ်ကစ ၍ ဆီးကို  မထိန်းနိုင်သော ရောဂါစွဲကပ်ခဲ့သည်။

ထိုအချက် မှန်ကန်ကြောင်း အောက်ထပ်တွင်နေသော လူများက ထောက်ခံကြပါသည်။

 

ကျေးဇူးရှင်

 

အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေ၏ သမီးဖြစ်သူ ၀င်လာပြီးပြောသည်။

... ဖေဖေ ..ပုလင်းလွတ်တွေ ယူသွားမယ်နော်..ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့ ..

... ယူသွား..ယူသွား ..ဟင်း.. ငါသာ မရှိရင် မင်းတို့ ဘာနဲ့.. စားကြမလဲ .မသိဘူး..

လွန်လွန်းပြီ

 

တည်းခိုခန်းသို့ လူတစ်ယောက် ရောက်လာသည်။ တစ်ညမျှ တည်းခိုရန်ဖြစ်သည်။

တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စရင်းစာအုပ်ကို ဖွင့်လိုက်သည်။

ကြမ်းပိုးတစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည်။

... ဒါ ဘာလဲ ...

... ကြမ်းပိုး ...

နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လူငယ်ကပြောသည်။

... တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျွန်တော် ဘာမှ မပြောလိုဘူး ။ ဒါပေမယ့် ခင်ဗျား ..

ကျွန်တော့်ကို ဘယ်အခန်း ပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာတော့ လွန်လွန်းပြီ ထင်တယ်..

 

 

 

 

Sunday, August 31, 2008

jokes 6

ရောဂါသည်

သေဒဏ် ကျခံရသော အကျဉ်းသားအား ကြိုဆွဲချ သတ်မည့်နေ့တွင် အပျံစားနံနက်စား ကျွေးသည်။ ကော်ဖီခွက်ကို ကမ်းမပေးခင် ထောင်ဝန်ထမ်းက မေးသည်။
သကြား ဘယ်နှစွန်းထည့်ရမှာလဲ
ဟေ့ လူ ခင်ဗျားရူးနေလား ကျွန်တော့်မှာ ဆီးချိုရောဂါရှိတယ် ဆိုတာ ခင်ဗျားသိရဲ့ သားနဲ့

အကြံပေးပါရစေ

ဆေးရုံကြီး၏ လူနာမှတ်ပုံတင် ဌာန မနီးမဝေးတွင် ရပ်လျက် ယောက်ကျားကြီးတစ်ယောက် အသံထွက် ညီးတွားနေသည်။
" အင်း ရူဘယ်တန်ဖိုးကလည်း အမြဲတမ်းဘဲ အောက်ကျနေပါလား ရူးတောင်ရူးချင်လာပြီ "
မှတ်ပုံတင် ဌာနတွင် ထိုင်နေသော သူနာပြဆရာမက လှမ်းပြော သည်။
"ရူးချင်တယ်ဆိုရင် စိတ်ရောဂါကုဆရာဝန်ဆီသွား အမြဲတမ်းအောက်ကျနေတယ် ဆိုရင်တော့ လိင်ရောဂါကု ဆရာဝန်ဆီသွား"

Thursday, August 28, 2008

jokes 5

ညံ့တဲ့ မုဆိုး

ကိုချူချာ တက်စီ စီးလာသည် ရုတ်တရက် တက်စီရှေ့တွင် အဖွားကြီးတစ်ယောက် ဘွားကနဲ့ ပေါ်လာသည် ။ ဒရိုင်ဘာက တစ်ဖက်ကို ကွေ့သည် ကွေ့သည့်ဖက် အဖွားကြီးက ပြေးသည် နောက်တစ်ဘက်ကို ကွေ့ရှောင်ရန် ဒရိုင်ဘာ ကြိုးစားသည် ဒီတစ်ခါတွင်လည်း ကွေ့သည်ဖက် အဖွားကြီး ပြေးပြန်သည် ။ အတန်ကြာ ကွေ့လိုက် ပြေးလိုက်ဖြစ်နေပြီး နောက်ဆုံးတွင် အဖွားကြီးကို ကျော်တက်လိုက်နိုင်သည်။ ဒရိုင်ဘာက ကားမှန်မှတစ်ဆင့် ကြည့်သည်။ လမ်းပေါ်တွင် အဖွားကြီး မလှုပ်မယှက် လဲနေသည်ကို ဒရိုင်ဘာ အံ့သြတကြီး တွေ့လိုက်ရသည်။ သို့နှင့် ကိုချူချာကို နားမလည်နိုင်ဟန်ဖြင့် ကြည့်သည်
" အဟင်းဟင်း ခင်ဗျားလိုလူမျိုး ဘယ်တော့မှ မုဆိုးကောင်း မဖြစ်နိုင်ဘူး ကျုပ်သာတံခါးကို မဖွင့်လိုက်ရင် ဒီအဖွားကြီး လွတ်ပြေးသွားမှာ သေချာတယ်"
biggrinlolmrgreen

အတူတူပါဘဲ

ကပ်စီးနဲ ကော်တရာဟု အများက သတ်မှတ်သည့် ကိုမောင်တွင် သားငယ်လေး တစ်ယောက်ရှိသည် ပြတိုက်ရှိ စပါးကြီးမွေကိုသွားကြည့်ဖို့ ပိုက်ဆံ တောင်းကာ မကြာခဏ ပူဆာသည်။ တစ်နေ့ ကိုဘမောင်က စိတ်တိုတိုနှင့်ပြောသည်
" ရော မှန်ဘီလူးယူသွား ခြံထဲဆင်းပြီး တီကောင်သွားကြည့် "
lollolmrgreenrolleyesrazz

Monday, August 25, 2008

jokes 4

အားကစားစိတ်ဓါတ် မရှိဘူး

မသန်စွမ်းသူများ၏ ရေကူးပြိုင်ပွဲ ကျင်းပသည် ။ တစ်ချို့ လက်ပြတ်နေသူ တစ်ချို့က ခြေပြတ်နေသူများ ဖြစ်ကြသည် ။ ပြိုင်ပွဲဝင်သူများထဲတွင် ခေါင်းတစ်လုံးထဲ ရှိသောသူကို ထူးထူးခြားခြား မြင်ရသည် ။ ပြိုင်ပွဲစကြောင်း အချက်ပေးလိုက် သည် နှင့် ဒုတ်ခိတများ ကြိုးစား ကူးကြသည် ။ အလယ်လမ်းကြောင်းအတိုင်း ကူးလာသော ခေါင်းရုတ်တရက် မြုပ်သွားသည် ကယ်ဆယ်ရေး သမားများက သူ့ကို အချိန်မှီဆွဲတင် လိုက်သည် ။ ခေါင်း၏မျက်လုံးများ ပွင့်လာပြီး မကျေမနပ်ပြောသည်
" နားရွက် နှစ်ဖက်နဲ့ခတ်ပြီး ရေကူးနိုင်အောင် ကျွန်တော် ငါးနှစ်လုံးလုံး လေ့ကျင့်ခဲ့တယ် ရေထဲမှာ ဘယ်ကောင်လဲ မသိဘူး ကျွန်တော့်ခေါင်းကို ရာဘာဦးထုပ် အတင်းစွပ်ပေးသွားတယ် တောက် ! "

လျှော့မပြောနဲ့

လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
" အင်း ... ခေါင်းက နောက်နေတယ် အစာအိမ်လည်း သိပ် မကောင်ဘူး ဒီကြားထဲ ခင်ဗျားရဲ့ သွေးတိုးနှုန်း အတော်လေး မြင့်နေပြန်တယ် ဒါနဲ့ ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ "
" ၂၈ နှစ်ပါ "
" သြော် နားလည်း မကောင်းဘဲကိုး "

lollol mrgreenmrgreen

Saturday, August 16, 2008

jokes 3

ပီပြင်လိုက်ပုံက

ကြံ့ခိုင်ရေး သင်တန်း တစ်ခုတွင် ဖြစ်သည်။ သင်တန်း ဆရာက သင်တန်းသား အားလုံးကို ကျောခင်းပြီး ခြေထောက် နှစ်ချေင်းကို မိုးပေါ်ထောင်ပြီး စက်ဘီးနင်းသလို လှုပ်ရှားခိုင်း ထားသည်။ မိနစ် အတန်ကြာတွင် သင်တန်းသား တစ်ယောက် လှုပ်ရှားမှု ရပ်နေသည်ကို တွေ့ ရသောကြေင့် သင်တန်း ဆရာက လှမ်းအော်သည်။
.. ဟေ့ ဘီးနင်းနေတာ ဘာလို့ ရပ်ထားတာလ.. ထိုလူက ချွဲကပ်သံဖြင့် ပြန်ဖြေသည်။
.. ကျွန်တော် မရပ်ပါဘူး ဆရာ ကုန်းလျှောကို အရှိန်နဲ့ ဆင်းနေတာပါ ..

ခင်ဗျားတို့ အကြောင်း

လမ်းပေါ်မှ ရွံ့ချိုင့်ထဲ ကျသွားသော ကား၏ ဒရိုင်ဘာကို လယ်သမား တစ်ယောက်က ဒေါ်လာနှစ်ဆယ် ပေးရင် တွန်းထုတ် ပေးမည်ဟု ကမ်းလှမ်းလာ သည်။ ဒရိုင်ဘာလည်း လက်ခံလိုက်၏ ကားကို တွန်းပေးရင်း ယာသမားက ပြောသည် ။
.. ဒီကနေ့ ကျွန်တော်ကယ်လိုက်တဲ့ ကားတွေထဲမှာ ခင်ဗျားကားက ဆယ်စင်း မြောက်ပဲ ..
.. ၀ိုး .... တယ် ဟုတ်ပါလား ခင်ဗျားရဲ့ ယာခင်းကို ဘယ်အချိန်လုပ်တာလဲ ညဘက်မှာလား ..
.. ညမှာ လည်း အလုပ် မအားပါဘူးဗျာ ဒီကျင်းကို ရေဆွဲလောင်းနေရတာနဲ့ အချိန်ကုန်တာပါဘဲ ..

Sunday, August 10, 2008

jokes 2

မအိပ်တတ်ဘူး
စိတ်ရောဂါကု ဆေးခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာဝန်သည် လူနာတစ်ဦး ချင်းနှင့်ဆွေးနွေးကာ တိုးတက်မှု အခြေအနေတို့ကို လေ့လာနေသည်။
လူနာ။ ။ ဆရာရယ် ကျွန်တော် ဟိုကောင်တွေနဲ့နေရတာ အရမ်းစိတ်ညစ်တယ် ဒီနေ့ပါနဲ့ဆို အိပ်ရေးပျက်တာ သုံးရက်ရှိပြီ
ဆရာဝန်။ ။ ဘာလို့လဲ သူတို့က ခင်ဗျားကို ဘယ်လို နှောက်ယှက်လို့လဲ
လူနာ။ ။ နှောက်ယှက်ပြီလားဗျာ အသစ်ရောက်လာတဲ့ ကောင်ပေါ့ ညညဆို အခန်းထဲက သောက်ရေအိုးကြီးစွပ်ပြီး သူ့ကိုသူ ဗို့အား 200 ရှိတဲ့ မိးသီးဆို ပြီး ထထအော်နေတယ်
ဆရာဝန်သည် လူနာရဲ့ အခြေအနေတိုးတက် လာမှုကို ၀မ်းသာအားရဖြင့်
ဆရာဝန်။ ။ အေးအေး ဆရာသူ့ကို အခန်းပြောင်းပေး လိုက်မယ်
လူနာ။ ။ ဒါဆိုကျေးဇူးဘဲဆရာ နို့မို့ဆို ကျွန်တော်က မီးလင်းရင် မအိပ်တတ်ဘူးဗျ

Wednesday, August 6, 2008

jokes 1

သတ်သတ်လွတ်

တရစ္ဆာန်ရုံ လုံခြုံရေး အရာရှိများထံသို့ ၀န်ထမ်းတစ်ဦး ပြေးလာသည်

ဆရာတို့ လုပ်ကြပါအုံး လူတစ်ယောက် သူ့မိန်းမကို ကုလားအုပ်ခြံထဲ အတင်းတွန်းလွှတ်
နေတယ် သူ့မိန်းမလည်း အော်ဟစ်အကူ အညီတောင်းနေတယ်
ခင်ဗျားတို့က မတားကြဘူးလား
မရဘူးဆရာ သူက ဗလတောင့်တယ်
ဒါဆိုရင်တော့ သစ်ကုလားအုပ်က အသားမစားဘူး လို့သာ အော်ပြောလိုက်

ညစာ

စိတ်မနှံ့သူနှစ်ယေက် စကားပြောနေသည်
ပထမလူ . . ခင်ဗျား အရင်အိမ်က ဘာလို့ပြောင်းသွား ရတာလဲ
ဒုတိယလူ . . မပြောချင်ပါဘူးဗျာ ကျုပ်မိန်းမ မနေတတ် မထိုင်တတ်လို့ပေါ့
ပထမလူ . . ဗျာ ဘယ်လိုဖြစ်လို့
ဒုတိယလူ . . ဒီလိုဗျ ကျုပ်တို့ အိမ်ဘေးမှာ လူတစ်ယောက် ရှိတယ်လေ တစ်နေ့ ဒီလူရဲ့ ညစာကို ကြက်တစ်ကောင်က စားပြစ်လိုက်တော့ အဲဒီကြက်ကို သတ်ပြီး ညစာလုပ်လိုက်တယ် နောက်တစ်နေ့ ဒီလူရဲ့ ညစာကို ခွေးတစ်ကောင်က စားပြစ်လိုက်တော့ အဲဒီခွေးကို သတ်ပြီး ညစာ လုပ်လိုက်ပြန်တယ် အဲ နောက်တစ်နေ့ ကျတော့ ကျုပ်မိန်းမ ၀င်တိုက်လိုက်တာ သူညစာ မှောက်သွားပါလေရော အဲဒါနဲ့ပဲ ကျုပ်တို့ အိမ်ပြောင်းခဲ့ ရတာပေါ့