အ၀ါရောင်ကတော့ လူ့စိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ ပျော်ရွင်မြူးတူးစေတဲ့အေ၇ာင်ပေါ့ ။ ကလေးတွေရဲ့ အခန်းဆို အ၀ါရောင် အလင်းနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် အ၀ါရောင်သန်းတဲ့အခန်းက ကလေးကို ပိုငိုစေပါတယ် အငိုသန်တဲ့ကလေးတွေနဲ့ အ၀ါရောင်အခန်းက မလိုက်ဖက်ပါဘူး ။ အ၀ါရောင်ဟာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချနိုင်တယ်လို့ ထင်ပါတယ် ။ စိတ်ကူးကောင်းတွေရရှိနိုင်တယ် ။ အရှေ့ တောင်အာရှက လူတော်တော်များများဟာ ကြီးမြင့်မှုတော်ဝင်မှုတို့ ရဲ့ အရောင်အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒေါသထွက် နေတဲ့သူရှေ့မှာ အ၀ါရောင်ရင့်လွန်းတာ ရှောင်ရပါမယ် ။ အ၀ါက ကလေးဆန်တဲ့အရောင်လည်းဖြစ် ပါတယ် ။ အ၀ါရောင်ကို နောက်ခံအဖြစ်သုံးရင် အရာဝတ်ထုနဲ့ပုံအရည်အသွေးကို ထိခိုက်စေပါတယ် ။ အ၀တ်အစားအတွက် အသုံးများပြိးမှော်စွမ်းအင်တွေ ပါဝင်နေတယ်လို့လည်း ယုံကြည်ကြပါတယ် ။
Tuesday, September 23, 2008
Yellow

Friday, September 19, 2008
apologize
အရောင်များပို့စ်မှာ ရေးထားတာ မှားနေပါတယ် အမှန်က အခြေခံအရောင် သုံးရောင်မှာ အနီရယ် အစိမ်းရယ် အပြာရယ် ဖြစ်ပါတယ် ကျွန်တော်က အနီရယ် အစိမ်းရယ် အမည်းရယ်လို့ မှားရေးမိတာကြောင့် ခွင့်လွတ်ပေးကြပါ ။
Thursday, September 18, 2008
အရောင် ( အမည်း )
အမည်းရောင် ( အနက်ရောင် )
အမည်းရောင် ( အနက်ရောင်) ဟာ အခြားအရောင်တွေရဲ့ လွမ်းမိုးမှုမရှိလို့ အပြောင်းအလဲမများတဲ့ နားလည်ရ ခက်တဲ့ အရောင်ပါ ။ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကို လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ် ။ သက်တောင့် သက်သာဖြစ်စေတယ် ။ ဆွဲဆောင်မှုလည်းရှိတယ် ဒါပေမယ့် တိတ်ဆိတ်မှု အမှောင်ပါဝင်နေလို့ အချို့ လူမျိုးတွေက အနက်ကို ရှောင်ကြတယ် ။ အနက်ရောင်မြင်ကွင်းမြင်ရင် စိတ်ဓါတ်ကျကြတယ် ။ အနက်ရောင်က တစ်ခြားအရောင် တွေကို ပိုမိုတောက်ပစေပါတယ် ။ တရုတ်နိုင်ငံမှာတော့ အနက်ရောင်ဟာ လူငယ်တွေရဲ့ အရောင် ဖြစ်တယ် လို့ဆိုပါတယ် ။ အနက်ရောင်က မကောင်းမှုရဲ့ အေ၇ာင်လည်း ဖြစ်ပါတယ် ။ ကိုးရီးယားကား တွေမှာ လူဆိုးတွေက အနက်ရောင်ဝတ်ပြီး အနက်ရောင်ကားစီးကြတာ တွေဖူးကြမှာပါ ။ အနက်ရောင်ဖျော့ ဖျော့ ဖြစ်တဲ့ မီးခိုးရောင်ကတော့ အားငယ်နေသူ နေမကောင်းဖြစ်နေသူ တွေအတွက်ကတော့ ပျင်းစရာကောင်း တဲ့ အရောင်ဖြစ်ပြီး တိတ်ဆိတ် ၀မ်းနည်းမှု ဖြစ်စေပါတယ် ။ black

Good black
- Black tie - formal (as in formal party attire)
- Black belt - expert (especially in martial arts)
- Blackwash - bring things out in the open In the black - having money, doing well in business
- Men in black - government agents
- Black box - equipment or apparatus
- Pitch black - dark as night, very black
- Black out - Loss of consciouness or the act of erasing something
- Blackout - loss of electricity or turning out the lights
- Black eye - damage such as damage to one's reputation, slander, unpopular
- Black-hearted - evil
- Blackguard - a scoundrel
- Black sheep - an outcast from a family or from society
- Black market - illegal trade (goods or money)
- Blackmail - obtaining something by threat
- Blacklist - list of people or organizations to boycott, avoid, or punish
Wednesday, September 17, 2008
အရောင် ( အနီ )
်အနီရောင်
အနီဆိုရင် ရဲရင့်မှုရဲ့ သင်္ကေတအဖြစ် သိကြပါတယ် ။ အနီရောင်ဟာ ဝေးက စာလုံးတွေကို နီးစေတဲ့ အတွက် ဆိုင်းဘုတ်တွေမှာ သုံးကြသလို ။ သတိပေးတဲ့ အရောင် တားမြစ်တဲ့ အရောင်လည်းဖြစ်ပါတယ် ။ ဒါကြောင့် သတိပေးတဲ့ နေရာ တားမြစ်ဆိုင်းဘုတ်တွေမှာ အနီရောင်သုံးတာ တွေ့ဖူးကြမှာပါ ။ အနီရောင်ကို အသုံးပြုခြင်း အားဖြင့် ရဲရင့်စေပြီး စိတ်ကို အပြောင်းအလဲဖြစ်အောင် အများကြီးလုပ်ပေးနိုင်ပါတယ် ။ ဒေါသလည်း ဖြစ်စေတတ် တဲ့အရောင်ပါ ။ အနီရောင်အလင်းက သွေးတိုးစေပါတယ် ။ တရုတ်တွေက ကံကောင်းစေတဲ့ အရောင်လို့ ယုံကြည်ကြပါတယ် ဒါကြောင့် လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးပြုလေ့ရှိပါတယ် တရုတ်ကားတွေ ကြည့်ရင်တွေ့ ကြမှာပါ ။ အစားများများ ၀င်အောင်လှုံ့ ဆော်ပေးနိုင်လို့ စားသောက်ဆိုင်းတော်တော်များ များမှာ နံရံကို အနီရောင်သုတ်ကြပါတယ် ။

Sunday, September 14, 2008
အရောင်များ ( အစိမ်း )
အရောင်များရဲ့ အကြောင်းကို အနည်းငယ် တီးခေါက်ကြည့်ခြင်း
လောကကြီးတစ်ခုလုံးက အရောင်တွေနဲ့ ပြည့်နှက်နေ ပါတယ် ဘယ်နေရာကြည့်ကြည့်ပေါ့ ကျွန်တော်တို့နေ့စဉ် တွေ့နေရတဲ့ အရောင်တိုင်းမှာ စွမ်းအင်တွေ ကိုယ်စီရှိကြပါတယ် အရောင်တွေကို အခု နည်းနည်းလောက်စိတ် ၀င်စားမိနေတယ်
အရောင်တွေ အများကြီး ရှိပေမယ့်လို့ အခြေခံအရောင်ကတော့ သုံးရောင်ပဲ ရှိပါတယ် အနီ ရယ် အစိမ်းရယ် အမည်း ရယ်ပဲ ဖြစ်ပါတယ်
အစိမ်းရောင်
အစိမ်းရောင်ကတော့ အားလုံးသိကြတဲ့ အတိုင်း မျက်စိကို အေးစေတဲ့ အရောင်ပေါ့ စိမ်းလန်းတဲ့ တောတောင်ရှုခင်းတွေကို ကြည့်လိုက်ရတဲ့ အခါမှာ ဘယ်လောက် မျက်စိအေးလည်းဆိုတာ တော်တော်များများ သိကြပါတယ် ။ ဒါကြောင့် ဆေးရုံ ကျောင်းနဲ့ ရုံးတွေမှာ အစိမ်းရောင်သုတ်ကြတာပါ။ အစိမ်း ရောင်က သွေးလည်ပတ်မှု အားကောင်းစေတယ် ။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းလို့ ရင်ဘတ်အောင့်တဲ့ သူတွေနဲ့ နှလုံးရောဂါ သည်တွေအတွက် အကောင်းဆုံးပေါ့ ။ ကံကောင်းစေတဲ့ အရောင် ဖြစ်ပေမယ့် အချစ်နဲ့ ပတ်သက်လာရင် စိမ်းကားရက်စက်ခြင်းကို ကိုယ်စားပြုလို့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးလေ့ မရှိပါဘူး ။ သွေးတိုးလည်း ကျစေတယ် တီထွင်ဖန်တီး နိုင်တဲ့ စိတ်ကူး စိတ်သန်းဖြစ်ပေါ်စေနိုင်တယ် အမြဲ တွေးတောနေတဲ့ သူတွေ အတွက်တော့ အစိမ်းရောင်သစ်ပင်လေးတွေ အခန်းထဲမှာ စိုက်ထားသင့် ပါတယ် ။ မြန်မာ နိုင်ငံမှာ ဆိုရင် ကျောင်းဝတ်စုံကို အဖြူနဲ့ အစိမ်းတွဲ ၀တ်တာတွေ့ရမှာပါ ဖြူစင်ခြင်းနဲ့ စိတ်ကူးညဏ် ပွင့်လန်း ခြင်း သင်္ကေတပေါ့ ။ green

Tuesday, September 9, 2008
ချစ်နေမှာပါ ချစ်သူ
သို့
နွေဦးနဲ့ နွေနှောင်း
နွေလ လယ်လည်း
မပြောင်းပဲနဲ့ သတိရမှုကနွေဦးနဲ့ နွေနှောင်း
နွေလ လယ်လည်း
တည်မြဲနေတယ်လေ ...
မိုးရာသီမှာ ရွာတဲ့ မိုးတွေက
မင်းကို သတိရလို့ ငိုတဲ့
မျက်ရည်တွေပဲပေါ့ .....
မိုးသည်းလေ ၀မ်းနည်းလေနဲ့
ဆိုင်သူမသိတဲ့ အလွမ်းတွေသာ
ဒီရင်မှာ ထွေးပွေ့ ရင်း
တိတ်တဆိတ် နေခဲ့ရတာကြာပါပြီ
မြူနှင်းတို့လာ
ဆောင်းရောက်တဲ့ အခါမှာတော့
ချမ်းအေးမှုက သတိရမှုကို ပြောတယ်
မင်းကိုငါ မနိုင်တော့ဘူးတဲ့
သွေးတွေခဲသွားပါစေ
အလွမ်းဒီဂရီက
ထာဝရ မြင့်တက်နေဆဲပါ ချစ်သူ ..
............................................ချစ်လွန်းသူ.

Labels:
poem
Sunday, September 7, 2008
ပြောင်းလဲခြင်း
ဒီနေ့ သိပ်ပျော်တယ် ဗျာ ဘာလို့လဲဆိုတော့ ဘလော့ရဲ့ အကျယ်ကို ချဲ့လိုက်နိုင်ပြီလေ အရမ်းလုပ်ချင်နေခဲ့တာပါ အခုမှဘဲ လုပ်လို့ရတော့တယ် ရှယ်ဘဲဗျို့ ဒါပေမယ့်လို နေတာတွေများပါတယ် ထပ်ကလိရအုံးမယ်ဗျ အစကတော့ သူများဘလော့တွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ ကိုယ့်မှာကျတော့ ကျဉ်းကျဉ်းလေး စိတ်အားငယ်တာပေါ့နော် အခုတော့ နည်းနည်း အဆင်ပြေသွားပြီလေ ကျနော့ဘလော့ကို လာလည်တဲ့သူ မရှိသလောက်ဘဲဗျာ ဒါကြောင့် မကြာမကြာလာ ကြပါလို့ ဖိတ်ခေါ်ပါတယ် အလာများတဲ့သူကို လမ်းထိပ်က ဒေါ်ဘုမဆိုင်မှာ ၀က်သားတုတ်ထိုး ငါးရာဖိုး ကျွေးဖို့ အာမခံပါတယ် အဟဲ ကွန်ပျူတာရှေ့ ထိုင်ရလွန်းလို့ ဇက်ကြောတောင် တက်နေပြီဗျာ အင်တာနက် ကလည်း ရစရာ ယူစရာတွေ မကုန်နိုင်ဘာဘူး အဖိုးတန် ရတနာသိုက်ကြီးပါ ဆိုက်ဘာထဲေ၇ာက်သွားရင် လောဘ တက်ပြီး မထွက်ချင်တော့ဘူး ကဲ...အားလုံးဘဲ ချမ်းသာကိုယ်စိတ်မြဲပါစေ..
Labels:
me
modern poem
ကဗျာမရေးဖြစ်တဲ့ ည
ကဗျာမရေးဖြစ်တဲ့ ညမှာ
စုန်းမတွေ ငါ့နားလာအူကြတယ်
သူတို့ တံမြက်စီးတွေလွှတ်ချ
ဒီဂျေနဲ့ မြူးကြွနေတုန်း
ငါ တံမြက်စီးတစ်ချောင်းပေါ်တက်ခွ
ဥုံန်ဖွ ဆိုတာနဲ့ မင်းဆီရောက်ခဲ့ပေါ့ ချစ်သူ
သေခြင်းတရားက စကတ်အတိုနဲ့
ဘေးကဖြတ်လျှောက်သွားချိန်န်မှာ
မင်း နှုတ်ခမ်းမှာ
ငါ့ အနမ်းတွေ remix လုပ်တယ်
ဒီကဗျာကို ရေးလို့အပြီး
စုန်းမတွေ နောင်ဂျိန်တီးကြချိန်မှာတောင်
ငါ အပြုံးမပျက်ဘူး ချစ်သူ ...
................................................ချစ်လွန်းသူ
Labels:
poem
Tuesday, September 2, 2008
ချစ်သူအတွက် ဆော့ဝဲလေး
သြော် ဘာလိုလိုနဲ့ ဘလော့ရေးလာတာ နှစ်လပြည့်ပြီ ခုထိတော့ ကိုယ့်ဘလော့ကို ကိုယ်အားမရသေးပါဘူး အထူးသဖြင့် ဒီဇိုင်းအပိုင်း မှာပေါ့ html နဲ့ css မတတ်တော့ သိပ်အဆင်မပြေဘူး ဒီနေ့အထိ လာရောက်လည်ပတ်သွား ကြတဲ့ ကိုကို မမ များအားလုံ အရမ်းကျေးဇူးတင်လျက်ပါ ဘ၀အမောတွေကြားမှာ ကျွန်တော်တင်ပေးထားတဲ့ ဟာသလေးတွေ ဖတ်ရင် ခဏ ဖြစ်ဖြစ် အမောပြေနိုင်ပါစေလို့ ဆုတောင်းပါတယ် နောက်လည်း ကြိုးစားရေးသွားမှာပါ
အခု ဆော့ဝဲလေးတစ်ခု ကိုမျှပါရစေ ချစ်သူကို လက်ဆောင်ပေးလို့ ကောင်းတဲ့ ဆော့ဝဲလေးပါ ဒီတစ်ခုကို RAR နဲ့ ချုံ့ထားပါတယ် ဒေါင်းလုပ်ဆွဲပြီးရင် ပေါ်လာတဲ့ ပေါ့အပ် မီနူးမှာ extract here ကို နှိပ်လိုက်ရင် အသဲပုံ ဆော့ဝဲလေး ပေါ်လာပါလိမ့်မယ် ဒါလေးကို run ကြည့်ပါ ထူးခြားပါလိမ့်မယ် လိုချင်ရင် download

software
Subscribe to:
Posts (Atom)