Sunday, November 16, 2008
me
ကံကြမာက ဆုံစည်းခွင့် ပေးတယ်
ဝေးကွာတဲ့ ..ဖြူစင်တဲ့  ငါ တို ရဲ့ 
စိတ်တွေ ခနာကိုယ်တွေကို..
ဘ၀ ရေစက်ကြောင့် တွေ့ တွေ့ ချင်း
ချစ်ခင် အပြစ် မမြင် ပဲ
သူငယ်ချင်း အဖြစ် လက်တွဲခဲ့ 
အတူစား အတူပျော်
ဘ၀အမော တွေကို
စနောက် ပျော်ပါး ရယ်သံများ
ခုထိ နှားထဲ (တစ်ဟဲဟဲ) ကြားရောင်နေဆဲပါ..
မိုးဖွဲကြား ပြေးလွား
အသည်းကလေးများ ဖျားခဲ့ ပေမယ့် 
အကြင်နာထား ဂရုဏာ
ကုစားပေးတဲ့  အားပေးမူတွေဟာ
ဒီတစ်သက် မမေ့နိုင်စရာတွေပါ..
................................................မင်းသူဆွေ ..
ကျွန်တော့်ရဲ့ . တစ်ယောက်တည်း သော . သူငယ်ချင်းလေး ရေးထားတာပါ .. သူ့ဘလော့ ကနေ ကူယူဖော်ပြလိုက်ပါတယ်..
Tuesday, November 11, 2008
poem
လူတိုင်းမှာ
ကိုယ့် အတ္တနဲ့ကိုယ်
ကိုယ့် ဒဿန နဲ့ ကိုယ်..
ကိုယ့်ပေတံ ကိုယ့်စံနဲ့ မ၀င်လို့
သူ့ကို အပြစ်တင်ဖို့ မလို
သူ့ ပေတံ သူ့စံနဲ့ဝေးလို့
ကိုယ့်ကို အထင်သေးဖို့ မလို့ ...
တစ်ပါးသူ
တစ်ခြားသူကို မထိပါးသမျှ
ကောင်းပါရဲ့
ကိုယ့်ပေတံနဲ့ ကိုယ် ...
......................................................အေးအေးသင်း ( B.V.SC )
ဖတ်မိတဲ့ . .. ဒီကဗျာလေးကို သဘောကျလို့ ရေးတင်လိုက်ပါတာပါ .
Thursday, November 6, 2008
i love you killer
system 32 ထဲက dll ဖိုင်တွေ အကုန်လုံး ... မင်းကိုချစ်တယ် ဆိုတဲ့ icon တွေ ပြောင်းသွားရောဗျာ .. မင်းကိုချစ်တယ် ဆိုပြီး မြန်မာလိုလေးတွေ
ရေးထားတဲ့ icon တွေပြောင်းသွားတာကလား .. လန့်စရာကြီး ..ရင်ခုန်ရမလိုလို .. အဲ ဘာမှတော့ ..မထိခိုက်ဘူးဗျ ..ဓါတ်ပုံတွေဆို .. .. သော့ပုံ အိုင်ကွန် ပြောင်းသွားတယ် ..
တစ်နေ့ ထိုင်နေကျ အင်တာနက်ဆိုင်က ဒီဗိုင်း၇ပ်ကို သတ်တဲ့ ဆော့ဝဲ ရပြီတဲ့ .. .. ဒါနဲ့ ယူပြီး ..သင်တန်းက စက်မှာ run လိုက်တော့ ..
ဟုတ်တယ်ဗျို့ .. အကုန်ပြန်ကောင်းသွားတယ် .. ဒါနဲ့ ... မသိသူများ ..သိသွားစေလိုတဲ့ စေတနာနဲ့ ..ဝေငှလိုက်ရပါတယ် ..
ဆိုက်ကသေးသေးလေးဗျ .. ဟိုဗိုင်းရပ်က ..မိန်းကလေးပုံ .. ဒီ ဆော့ဝဲက ယောက် ကျားလေးပုံ ဗျ ..တစ်ခါတစ်လေ ..အသဲပုံလေး ပြောင်းလို့ ..
ကိုယ့်စက်မှာ ... အချစ် ကိုက်နေပြီ .. ဆိုရင်တော့ ..ဒီဆော့ဝဲကို ဒေါင်းလိုက်ပါ ..ပြီးတော့ run လိုက်ပါ .. စက် restart ကျသွားပြီး ပြန်တက် လာ တာနဲ့ အားလုံး အိုကေ ..
ဒီမှာ ယူလိုက်ပါ ..
ကွန်နရှင် မကောင်း တော့ .. ကိုယ့်ဘလော့ကို လာလည်တဲ့ သူတွေကိုတောင် .. သူတို့အိမ် လိုက်မလည်ဖြစ်ဘူး.. ဆောရီးပါ ..လာဖတ်သူတွေကိုလည်း ကျေးဇူးတင် ကြောင်းပြောပါရေစေ ..
Saturday, November 1, 2008
Even and Odd Number
Even and Odd Number
1 2 3 4 5 6 7 8 9 စတဲ့ ဂဏန်းတွေ နဲ့ ပတ်သက်လို့ ပေါ့ .. စုံဂဏန်း မ ဂဏန်း စသဖြင့် ရှိကြတာ သိကြမှာပါ .. အစကတော့ .. စုံဆိုတာ ကောင်းတဲ့ ဂဏန်း မဆိုတာ မကောင်းတဲ့ ဂဏန်းလို့ မြင်ခဲ့ ပါတယ် ကိုယ်ဟာကိုယ် မြင်ချင် သိလို မြင် ထင်ချင်သလို ထင်ခဲ့တာပါ ။ အခုတော့ ထင်တာနဲ့ တစ်လွဲဖြစ်နေမှန်း သိလိုက်ရပါတယ်
ပထမဆုံး စုံ ဂဏန်းအကြောင်း စပြောရအောင်
စုံဂဏန်း ( Even Number)
စုံဂဏန်းဆိုတာ ချောမွေ့ညီညာပြီး ညှိနှိုင်းနိုင်စွမ်းရှိပါတယ် ။ စုံဂဏန်းများကို အတိုင်းအတာ နယ်နိမိတ်မရှိသာ ဂဏန်း အကန့်အသတ်မရှိပဲ အရာရာကိုယူဆောင်နိုင်သော ဂဏန်းလို့ သတ်မှတ်ပါတယ်။ အမဓါတ်စိုးမိုးပြီး လက်ဝဲဖက် ခြမ်းကို ပိုင်စိုးတယ် လို့ဆိုပါတယ်။
မတည်ငြိမ်သော ။ မာယာကြီးစိုးပြီး အမှောင်ဓါတ်ကြီးစိုးသောဂဏန်းလို့ဆို ပါတယ် ။ လုံးဝန်းသော သင်္ကေတ ဖြစ်ဖော်ကြူးသည်။
ပလေတို သည်လည်း စုံဂဏန်းမှာ မကောင်းခြင်းကို ဖော်ဆောင်ပြီး မဂဏန်းမှာ အံ့ဖွယ် တံခိုးရှင်နံပါတ် ဖြစ်တယ်လို့ဆိုပါတယ် ။
မဂဏန်း ( Odd Number )
မဂဏန်း ဆိုတာ စုံညီမှုမရှိသော တစ်စုံတစ်ရာ လစ်လပ်နေသော အရာ ညီညွတ်မှုမရှိသော ဂဏန်းလို့သတ်မှတ် ပါတယ်။
ဒါပေမယ့် 1.3.5.7.9 အစရှိတဲ့ ဂဏန်းများကို အဖိုသဘာဝဆောင်သော ဂဏန်းများလို့ သင်္ချာပညာရှင် ပိုင်သာဂိုရပ်က ဆိုပါတယ်။
လက်ယာဖက်ခြမ်းကို ပိုင်စိုးသောဂဏန်းများလို့ သတ်မှတ်ပြီး မဂဏန်းကို လေးထောင့်ကွက် သင်္ကေတနဲ့ ဖော်ကြူးပါတယ် ။
ပိုင်းခြားကန့်သတ်သော အမြဲထာဝရ ရပ်တည် ရပ်တည်နိုင်သော ဖျောက်ဖျက်ဖျက်ဆီးရန် မစွမ်းဆောင်နိုင်သော အလွန်အင်းအားကြီးမားတဲ့ ဂဏန်းလို့သတ်မှတ်ပါတယ်။
အလင်း ဓါတ်ကိုဆောင်သည် ကောင်ခြင်း အဖြာဖြာကို ပေးစွမ်းသည်ဟု သတ်မှတ်သည်။
စံဇာဏီဘို . ( မှတ်စု ) မှ ကောက်နိုတ် ဖော်ပြသည်။
Sunday, October 26, 2008
My Heros
My Heros
လူငယ်များရဲ့ ဘ၀မှာ ငယ်စဉ်ကတည်းက အားကျခဲ့ ရတဲ့ သူရဲကောင်းတွေ ရှိခဲ့ဖူးမှာပါ။ ငယ်ကတည်းက အားကျခဲ့ ရတဲ့ ဟီးရိုးတွေဟာ လူငယ်ဘ၀ကို အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ စိတ်နေစိတ်ထား အကျင့်စရိုက် တွေဟာ အဲဒီ အားကျခဲ့ရတဲ့ ဟီးရိုးတွေ အပေါ်မှာ မှုတည်နေပါတယ် ။ လူငယ်ဆိုတော့ နီးစပ်ရာ အားကျတတ်ပြီးတော့ အတု ယူတတ်ကြတာပါ။
ကျွန်တော့မှာလည်း လေးစားအားကျခဲ့ရတဲ့ ဟီးရိုးတွေ ရှိပါတယ်။ အဲဒီ ဟီးရိုးတွေကလည်း ကျွန်တော့ပေါ်မှာ သက် ရောက်မှု တွေ ရှိပါတယ် ။ ကျွန်တော့ရဲ့ ဟီးရိုးတွေကတော့ တစ်ခြားမဟုတ်ပါဘူး။ ၀ထ္တုတွေ ထဲက ဇတ်ကောင်တွေ ပါ။ ကျွန်တော့ရဲ့ စူပါဟီးရိုးတွေထဲက တစ်ယောက်ကတော့ ဆရာမင်းသိင်္ခရဲ့ စုံထောက်ဇတ်ကောင် ဆားပုလင်း နှင်းမောင် ပါ။ ကိုးတန်း ဆယ်တန်းဝန်း ကျင်မှာ ဖတ်မိတဲ့ ၀ထ္တုတွေကတော့ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေပါ ။ ဖတ်ရင်းနဲ့ ပိုကြိုက်ကြိုက်မိလာလို့ အကြိမ်ကြိမ်ဖတ်မိပါတယ် ။ ဆားပုလင်းနှင်းမောင်ဆိုတဲ့ စုံထောက်ဇတ်ကောင် ရဲ့ ပိုင်ဆိုင်တဲ့ အစွမ်းသတ္တိ ။ စိတ်နေစိတ်ထား ။ စတဲ့ အကျင့်စရိုက်တွေကို အားကျခဲ့ပါတယ် ။
နောက်တစ်ယောက်က တော့ ဆရာမင်းသိင်္ခရေးတဲ့ စနေမောင်မောင်ဆိုတဲ့ ဇတ်ကောင်ပါ။ သူ့ကိုလည်း အရမ်းအားကျပါ တယ် ။ ဆရာမင်းသိင်္ခရေး တဲ့ သူရဲ့ ဇတ်ကောင်တွေဟာ စွမ်းရည်တွေ ပြည့်နေပြီးတော့ လူငယ်တွေ လေးစားအား ကျစရာ ကောင်းနေတတ်ပါတယ် ။ ဆရာရဲ့ ဇတ်ကောင်တွေဟာ ကျွန်တော့ရဲ့ ဟီးရိုးတွေ ဖြစ်ပါတယ်။
လူငယ်တွေ ကျောင်းသားတွေကို ၀တ္တုဖတ်ရမယ်လို့ မဆိုလိုပါဘူး ။ ပြောချင်တာက မှန်ကန်တဲ့ သူရဲကောင်းတွေ ရရှိ စေချင်တာပါ ။ ကျွန်တော်ကရော မှန်ကန် ကောင်းမွန်တဲ့ ဟီးရိုးရှိခဲ့လို။ လူလိမ်မာ ဖြစ်နေပြီလို့ မဆိုလိုပါဘူး ။ ဒါပေမယ့် အကျိုးသက်ရောက်မှုအနည်းအများတော့ ရှိပါတယ်။ ဒီ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေက ကျွန်တော့ကို အမှား အမှန် တွေးအခေါ်တွေကို သင်ပြပေးခဲ့ပါတယ် ။ ဒါကြောင့် စာများများဖတ်သင့်ပါတယ်။
ကလေးတွေကို ကျောင်းစာကြီးပဲ လုပ်ခိုင်းနေတာ မကောင်းဘူးလို့တော့ မြင်တာပဲ။ ဒါပေမယ့် စာဖတ်ဝါသနာပါဖို့ ကလည်း လိုအပ်ပါသေးတယ်။
ဆယ်တန်းအောင်ပြီး နောက် ကြိုက်နှစ်သက်ပြိး ဖတ်ခဲ့တာကတော့ ဆရာတာရာမင်းဝေ ရဲ့ ၀ထ္တုတွေပါ ။ ဆရာ တာရာမင်းဝေ ရဲ့ အတွေးအခေါ် အယူအဆ ။ ကဗျာများ ။ ဇတ်ကောင်စရိုက်တွေ အားလုံး ကျွန်တော် ကြိုက်ပါတယ် ဆရာ ရဲ့ ဇတ်ကောင်တွေဟာ လည်း ကျွန်တော့်ရဲ့ ဟီးရိုး တွေပါ။ ဆရာတာရာမင်းဝေ ရဲ့ဇတ်ကောင်တွေက လူငယ်ဆန်ပြီး ထူးခြားတဲ့ အမူအကျင့် တစ်ခုစီ ရှိနေတတ်ပါတယ်။ လူငယ်တွေ ဖတ်သင့်ပါတယ် ။ ကျွန်တော်ကတော့ ဆရာရဲ့ ရေးအသား တွေကို ကြိုက်ပါတယ် ။ ကဗျာတွေကိုလည်း ကြိုက်ပါတယ်။
ကျွန်တော် ကြိုက်နှစ်သက်တဲ့ ဟီးရိုးတွေကို မွေးဖွားပေးခဲ့တဲ့ စာရေးဆရာ နှစ်ယောက်စလုံးဟာ လူ့လောကမှာ မရှိတော့ ပါဘူး ။ စိတ်မကောင်းဖြစ်မိပါတယ်
Sunday, October 19, 2008
စကြာတံဆိပ်

စကြာတံဆိပ်နဲ့ ပတ်သက်လို့ အစကတော့ ဘာမှ မသိပါဘူး အခု နည်းနည်း သိလာပါတယ် ။ ဂန်ဘီရ လက်ဖွဲလိုလို နာဇီရဲ့ အမှတ်တံဆိပ်လိုလို နဲ့ ပေါ့ ။ ဒီတံဆိပ်နဲ့ ပတ်သက်ပြီး သိရသမျှေ၇းသားလိုက်ပါတယ် ။ စကြာတံဆိပ် နှစ်မျိုး ရှိပါတယ် ။
ရှင်သန်ခြင်း စကြာ တံဆိပ် ဖန်တီးခြင်း တည်ဆောက်ခြင်း အတွက် သုံးသော စကြာတံဆိပ်
သေဆုံးခြင်း ဖျက်ဆီးခြင်း ပျက်ရွင်းခြင်း အတွက်သံးသော စကြာတံဆိပ်
ဆိုပြီး နှစ်မျိုးရှိပါတယ် ။
မင်္ဂလာ ရှိစေသော တိုးတက်အဆင်ပြေစေသော အကြောင်းအရာများ စသဖြင့်ကောင်း ခြင်းအဖြာဖြာ ကျရောက် စေရန် ရှင်သန်ခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။
တိုက်ပွဲဝင်ခြင်း ရန်သူအာိးတိုက်ခိုက် ခြေမှုန်းခြင်း အမဲလိုက်ခြင်း အင်အားကြီသော ရန်သူအား ဖယ်ရှားတိုက် ခိုက်ရန် အတွက် သေဆုံးပျက်စီးခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။
ရှင်သန်ခြင်း စကြာတံဆိပ်က ဘယ်ဖက်အပေါ်ခြမ်းနဲ့ ညာဖက်အောက်ခြမ်းပွင့် သင်္ကေတဖြစ်ပါတယ် ရှင်သန်ခြင်း စကြာတံဆိပ်ကို စာရွက်ဖြူ ပေါ်မှာ မင်အနက်နဲ့ ဆွဲပြီး အဆောင်အဖြစ်သုံးရင် ကံကောင်းခြင်းတွေ ရရှိလာမယ် လို့ဆိုပါတယ် ။ ညဏ်ရှိသလို အသုံးပြုနိုင်ပါတယ် ။
သေဆုံးခြင်း စကြာတံဆိပ်ကတော့ ရှင်သန်ခြင်းနဲ့ပြောင်းပြန် ဘယ်ဖက် အပေါ်ခြမ်းပိတ် ညာ ဖက်အောက်ခြမ်း ပိတ် သင်္ကေတဖြစ်ပါတယ် ။ ဟစ်တလာက နာဇီ နိုင်ငံ ထူထောင်ရာမှာ သေဆုံးခြင်းစကြာတံဆိပ် ကိုအသုံးပြု ခဲ့  ပါတယ် ။
တစ်ကယ်တော့ စကြာတံဆိပ်ဟာ ဂန်ဘီရ သင်္ကေတ စစ် စစ်ပါ။
Monday, October 13, 2008
ကျွန်တော့် အကြောင်း နည်းနည်း
ဘလော့ရေးလာတာ နှစ်လ ကျော်လို့ သုံးလရောက်လာပြီ အခု လာရောက်ကြည့်ရှုတဲ့ သူတွေလည်း ရှိလာတာတွေ့တဲ့ အတွက် ၀မ်းသာပါတယ်ဗျာ . အခုတလော ကျွန်တော်လည်း ဘွဲ့ယူဖို့ကိတ်စ ဘာကိတ်စ ညာကိတ်စနဲ့ ဘလော့ဖက်ကို စိတ်ရောက်ပေမယ့် လူတော့ မရောက်ဘူး အရင်ကတော့ အားအား ယားယား အလုပ်မရှိ အကိုင်မရှိဆိုတော့ အားအားနေ အင်တာနက်ဆိုင်မှာပဲလေ ။ အခု အလုပ်လေးရတော့ မအားတော့ဘူး ။
မနေ့က ကျွန်တော့ရဲ့ ဘ၀သမိုင်းမှာ သိပ်တော့ မထူးဆန်းတဲ့ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ပါတယ် ။ အစကတော့ ဘွဲ့ ယူဖို့ စိတ်ကူးမရှိပါဘူး အဖေအမေက ယူချင်လှတယ် ဆိုတာနဲ့ တက်ယူဖြစ်တာပါ ။ ပျော်စရာတော့ ကောင်းသားဗျ ။ ရန်ကုန်တက်ကသိုလ် ဘွဲ့ နှင်းသဘင်ရှေ့ ဓါတ်ပုံရိုက်တဲ့ သူတွေနဲ့ စည်ကားလို့ပေါ့ ။ ကျွန်တော့ မိဘတွေကလည်း ပျော်လို့ပေါ့ ။ သူ့သားအကြီးဆုံး ဘွဲ့ယူတာကိုး ။ ကျွန်တော်လည်း ပျော်မိပါတယ် ။
ဒီအရွယ်အထိ ပညာတတ်အောင် သင်ကြားပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်မိပါတယ် ။ အခုခေတ်မှာ ဘွဲ့ရရုံနဲ့ အလုပ်တစ်ခုရဖို့ မလွယ်ပါဘူး ။ ဒါပေမယ့် ပညာတတ်တစ်ယောက်ရဲ့ သင်္ကေတတစ်ခု အနေနဲ့ တော့ တန်ဖိုးရှိပါတယ် ။ မွေးရပ်မြေ မြိတ်မြို့ ကိုစွန့်ခွာပြီး မဟာရန်ကုန်မြို့ ကြီးကို အရဲ့စွန့် ရောက်လာခဲ့တာလည်း လေးနှစ်ကျော်ခဲ့ပါပြီ ။
အခုသတင်းကျွတ်လို့ ဆောင်းရောက်တော့မယ့် အနေအထားလေးမှာဆိုရင် မြိတ်ကို အရမ်းသတိရပါတယ် ။ စည်ကားလှတဲ့ ဓနိရည်ချို ဆိုင်တန်းကြီး ။ ဘုရားဖူးရင်း ပလယ်ကို ရှုမြင်နိုင်တဲ့ သိမ်တော်ကြီးဘုရား ။ စတာတွေဟာ လွမ်းစရာတွေပါ ။
မြိတ်သားဘလော့ဂါ တွေကိုလည်းလေးစားပါတယ် ။ ငါတို့ မြိတ်သားရေးတဲ့ ဘလော့တွေ သူများတကာရေးတဲ့ ဘလော့တွေနဲ့ ။ ယှဉ်ကြည့်ရင် ။ လိုအပ်နေသေးသလို အရေအတွက်လည်း နည်းပါသေးတယ် ။ ကျွန်တော်ကတော့ လုပ်နိုင်သမျှ အကောင်းဆုံးလုပ် ရေးမှာပါ ။ ၀င်ရောက်ကြည့် ရှုသူတွေနဲ့လည်း စိတ်အခန့်မသင့်တာ သဘောထားချင်း မတိုက်ဆိုင်တာ ရှိကောင်းရှိမှာပါ ။
ဘလော့မှာ ပို့ ရေးစရာမရှိတာနဲ့ စိတ်ထဲ ခံစားရသမျှ အနည်းအကျဉ်း ရေးသားမိတာပါ ။ personal ရော ဘာညာ ကွိကွ အကုန်ရေးပါမယ် ။ လာရောက်လည် ပတ်သူအပေါင်း ကျန်းမာချမ်းသာပါစေ ဗျာ ။
သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို ကန်တော့ရင်း ကုသိုလ်ယူနိုင်ပါစေ ။
Tuesday, October 7, 2008
Times
မြန်မာ့ ရိုးရာ အချိန်သတ်မှတ်ပုံ
သန်းခေါင်ကြက်တွန်ချိန် = အခုကာလ ည 12 နာရီခန့်
ကြက်တစ်တွန် = သန်းခေါင်ကျော် 1 နာရီခန့်
ကြက်နှစ်တွန် ( ကြက်ဦးတွန် ) = နံနက် 3 နာရီခန့်
အုန်းမောင်းခေါက်ချိန် = နံနက် 4 နာရီခန့်
အရုဏ်တက်ချိန် ။ ကျီးမနိုးတနိုး = နံနက် 4 နာရီခွဲမှ 6 နာ၇ီခွဲအတွင်း
ယာထွက်ချိန် = နနံနက် 6 နာရီ ခွဲခန့်
နေထန်းတစ်ဖျား = နံနက် 7 နာရီခွဲခန့်
ဆွမ်းခံဝင်ချိန် = နံနက် 9 နာရီခန့်
ဆွမ်းခံပြန်ချိန် = နံနက် 9 နာရီခွဲခန့်
နေမွန်းတဲ့ချိန် = နေ့လည် 12 နာရီ
နေ၀င်ဆည်းဆာ = ညနေ 5 နာရီခွဲခန့်
နွားရိုင်းသွင်းချိန် = ညနေ 6 နာရီထိုးခါနီး
မသိသူများသိကြစေကြောင်း ... မှတ်သားရသမျှဝေ ငှလိုက်ရပါတယ် ။
Saturday, October 4, 2008
လွမ်းရတဲ့ အကြောင်း
ရင်ခေတ်
နတ်သမီးကြောင့်
အလွမ်းသင့်
နှုတ်ခမ်းမှာ
အနမ်းတို့ ဝေခဲ့ချိန်ဆို
ရင်ထဲ တစ်လှပ်လှပ်နဲ့
ဆောင်းရောက်လို့
နှင်းပြောက်တို့ဝေရင်
သတိရတယ် ချစ်သူ
ရင်ဘတ်ဟောင်းလောင်းနဲ့
လွမ်းခဲ့တဲ့အကြောင်းတွေ
ချစ်သူကိုတွေ့ရင်ပြောဖို့
အလွမ်းဟောင်းတွေ
ငါ ..................စုထားတယ်
.......................................................ချစ်လွန်းသူ