Myeiktharlay

Thursday, December 11, 2008

color


လိမ္မော်ရောင်

လိမ္မော်ရောင် ဟာ စိတ်ကို လွတ်လပ်စေလို့ အသစ်အသစ်သော .ခံစားမှုတွေ ပေးနိုင်ပါတယ် . စိတ်ကို တက်ကြွစေတယ် ဆွဲဆောင်အားရှိတယ် . ခွင့်မလွှတ်တတ်တဲ့ သင်္ကေတကြီးစိုးတဲ အရောင်လည်း ဖြစ်ပါတယ်

ဦးနှောက် ကို အောက်ဆီဂျင် ပိုမိုရရှိအောင် စွမ်းဆောင်ပေးတဲ့ အရေင်လို့လည်းဆိုပါတယ် .အ၀ါရောင် နောက်ခံ ထားရင် အဝေးက အရာတွေကို ပိုနီးစေနိုင်ပါသတဲ့။

အ၀ါေ၇ာင်နုနုက ..တက်ကြွတဲ့ သဘောကိုဆောင်ပါတယ်.. ရင့်လွန်းရင် မကောင်းဘူး ..စိတ်အနှောက်အယှက် ဖြစ်စေတယ် ..

..

ရေးထားတဲ့… ၀တ်ထုတိုလေး တင်မလို့ဟာ. စာလုံးထပ်တွေ မသိတာနဲ့.. အရောင်လက်ကျန်လေးပဲ တင်လိုက်ရတယ် ..



Monday, December 8, 2008

story

အရွယ် ရောက်ပြီးသော ကောင်လေးအများစု မှာ ယျေဘုယျ အားဖြင့် ရည်းစားရှိတတ်ကြပါတယ်। ဒီကောင်လေး အများစုထဲမှာ ကျွန်တော်လည်းတစ်ယောက် အပါအ၀င်ဖြစ်၏ ॥ ကျွန်တော်သိပ်ချစ်ရ ကောင်မလေးသည် ॥ ရုပ်မချောသော်လည်း॥ လှပမှု မရှိပါ .. သူမအားချစ်မိခဲ့ ခြင်းသည် ..ကံဆိုးမှုများအား နှလုံးသားကို အလိုက်ပေးလဲလှယ် မိပြီဖြစ်ကြောင်း နောင်အခါမှ သိခဲ့ရ၏ ।သို့သော်လည်း သူမကို ကျွန်တော် ချစ်ပါသည်..

မိန်းကလေးတန်မဲ့ နှုတ်ခမ်းမွှေးများ ပေါက်နေခြင်းကို ချစ်သည် ..စူးရှပြီး.နားဝင်ဆိုးလှသော သူမ၏ အသံသည် ကျွန်တော့ အတွက် ဂီတသံ ဖြစ် သည် ။ သူမ၏ ရှေ့ သို့ခေါထွက်နေသော သွားများကြောင့် သူမထံမှ အကြင်နာ အနမ်းများကို မကြာခဏ ရှောင်တိမ်းနေရ သည် ။ သူမ စကတ်အတို ၀တ်သောနေ့က သူမ၏ ခြေသလုံးတွင် ကောက်ကွေးသော အမွှေးများ ထူထပ်စွာပေါက်ရောက်နေ ကြောင်း ကြက်သိးထဖွယ်ရာ သိခဲ့ရပြန်သည် ။


New adress

 
လာရောက်ကြသူ အပေါင်းတို့ .. ကျနော် ရဲ့  ဘလော့ အား . လိပ်စာ အသစ်ဖြစ် .. လာရောက် နိုင်ကြောင်း အသိပေး အပ်ပါတယ် .. ဒါပေသိ.. ဒီလိပ်စာက လည်း ကျော်ခွ မှ ..လာရောက်ရတဲ့..လိပ်စာ သာ ဖြစ်ပေတယ်.. ဘာမှတော့ သိပ်မထူး.. ဒီအတိုင်း  ..ကလိလိုက်ခြင်းသာ .. ဖြစ်ပေတယ် ..

လိပ်စာအသစ်ကား.. www.chitloonthu.f1.cc ဖြစ်၏ ..

လိပ်စာ အသစ်ဖြစ် လာလိုက ..လာကြကုန်.. ။

Thursday, December 4, 2008

ဘာညာကွိကွ

ဒီနေ့ မနက် ခင်း အိပ်ရာထထချင်းတော့ .. ဘာနှင်းမှမရှိ ...ခဏ ကြာတော့ .. ဒီဇင်ဘာရဲ့ နှင်းမှုန်တွေ ကျလာလိုက်တာ .... လှပတဲ့ မနက်ခင်းတစ်ခု ဖြစ်သွားပါတယ် ... အိမ်က ထွက်တော့ အရှေ့ ၀ါးနှစ်ပြန် စာလောက် ကောင်းကောင်း မမြင်ရလောက် အောင် နှင်းက ထူထပ်လို့ ... ကိုယ်ခံအားနည်းတော့ .. အအေးဒဏ်ကို ပိုခံရတာပေါ့.. ဒါကြောင့် အနွေးထည် နှစ်ထပ် ၀တ်လိုက်တယ် ..

 

အလုပ်လေးရလာတော့ လည်း ကျောင်းသာဘ၀ကလို အပျင်းထူပြီး အိပ်လို့မရတော့ .. အလုပ်ချိန်မှန်မှန်ရောက်ဖို့ စောစော အိပ် ..စောစောထရ .. လက်ဖက်ရည်ဆိုင် ပြေးရ .ကားမထွက်ခင် ပြေးရ .. မောင်မောင် ဇော်လတ် သီချင်း ကတော့ ... တစ်နေကုန်ရပ်စောင့် ရတယ် .. လို့ပြောပေမယ့် .. သူ့ အတွက်တော့ တစ်နေကုန် ပြေးနေရတယ် .. လောလော လောလောနဲ့ပဲ..

 

အရင်က အချိန်ရဲ့ တန်ဖိုးနားလည်ရမှန်း မသိတဲ့သူ.. အခုတော့ အချိန်ဆိုတာ ရှားပါးနေလိုက်တာ .. အချိန်ရဲ့ တန်ဖိုး ကို တိတိကျကျ သိလာပါတယ် .. အရင် က . ၀တ္တု စာအုပ်ဖတ်ခဲ့ ပြီး .ကုလားထိုင်တစ်လုံးနဲ့ .. ဇိမ်ကျနေခဲ့တဲ့ အချိန်တွေ .. ကို..အရမ်းနှမျှောပါတယ် ...

 

နောင်တဆိုတာ နောင်မှ ၇တယ် ဆိုတာ အမှန်ပါပဲ ဗျာ.. စာအုပ်တွေ ဖတ် ပြီး ..အချိန်ရဲ့ တန်ဖိုးနားလည်း လာတယ် . အဲဒီစာအုပ် ဖတ်နေတုန်း ပေါ့.. စာအုပ်လဲ.. လက်ကလွှတ်.. ဒါတွေ မသိတော့.. အရင်အတိုင်းပဲ..ခွေးမြီးကောက် ..ကျည်တောက်စွပ်ပဲ…အဲလို.အဲလို ..

 

ဒီခောတ်ကြီးမှာလည်း .. နည်းပညာဆိုတာတွေက လည်းလိုက်လို့ မကုန်ဘူး.. လိုက်လေ ဝေးလေပဲ.. ဦးနှောက်မှာ ..ရင် နှီးမြုပ်နှံဖို့ .. ငွေ ကလည်းလိုအပ်လာပြန်ရော .. ငွေရှိမှ.. ပညာရ.. ပညာရမှ ..ငွေရ.. သြော်လောက လောက..

 

သေရင်လည်း. ဒါတွေက .ပြီးတာပါပဲ .. မသေခင်တော့လည်း..  လုံးလည်လိုက်နေမှာ ..သေချာတယ် ..တစ်ခါတစ်လေတော့လည်း ..အသက်ရှင်နေရတာ.. ပျင်းဖို့ ကောင်းသား.. ဗျ .. သေတော့ မသေချင်သေးပါဘူး..

 

ငယ်ငယ်လေးရှိသေးတာ ဟုတ်ဘူးလား..အဟဲ.. ဖတ်မိရင်..ဘာတွေ လျှောက်ရေးနေပါလိမ့်လို့ ..ထင်ချင်တင်မိပါ လိမ့်မယ်. ကျွန်တော်လည်း မသိဘူးဗျ.. စိတ်ထဲရှိတာရေးမိတာ..

 

 

Tuesday, December 2, 2008

General


လူတွေမှာ .. ကောင်းတဲ့ စိတ်နဲ့ မကောင်းတဲ့ စိတ် နှစ်မျိုးရှိတယ် ဆိုတာ သိကြမှာပါ.. ကျွန်တော့ မှာလည်း ရှိတယ်လေ .. ဘာလို့ ဒီလိုရေးလဲ.. ရေးရတာ အကြောင်းရှိပါတယ်.. အခုတလော.. မကောင်းတဲ့ စိတ်ဘက်ခြမ်း က

အသာစီးရနေတာ ... ကိုယ့်ဟာကိုယ်တောင်လန့်မိတယ်ဗျ .. မကောင်းမှန်းသိရက်နဲ့.. လုပ်နေမိတာပိုဆိုး တယ်ဗျာ.. စိတ်အလိုလိုက် ပြီး မလုပ်သင့်တာလုပ်မိရင် . လုပ်ပြီးမှ နောင်တရသလိုလို .. ဖြစ်နေတတ်တာ လည်းဆိုးတယ် ဗျ..

လုပ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ ဗျာ .. နောက်မလုပ်မိအောင်ကြိုးစားရမှာပေါ့.. ဘာလုပ်မိလဲလို့ သိချင်ကြမယ် ထင်ပါတယ် .. အရမ်းဆိုးဝါးတာ မဟုတ်ပါဘူး. မဟုတ်တရုတ်တွေ တွေးမိနေပါအုံးမယ် .. နည်းနည်းပါးပါးပါ..

ဘလော့ ရေးတာ .. အခုတလော ဘာရေးရမှန်းကို မသိဘူးဗျာ. နည်းပညာပိုင်း ကျွမ်းလားဆိုတော့ မကျွမ်း.. ဘာမှလည်း ကောင်းကောင်းမရေးတတ် တော့ ခွကျတယ် .. ကိုယ့် အပူတွေပဲ ထုတ်ရေးနေ မိတာပဲ .. ညည်းချင်းပေါ့..

အလုပ်မအားတာနဲ့ ဘလော့တွေ လည်း ကောင်းကောင်းလိုက် မလည်ဖြစ်ဘူး.. ကွန်နရှင်ကလည်းစုတ်ပါ့ .. သိတဲ့အ တိုင်းပဲလေ..

ဘလော့တစ်ခု တွေ့ထားတယ် ဗျ.. မိုက်တယ် .. ကျွန်တော်တော့ အခုမှတွေတာ.. သိတဲ့လူ များမယ်ထင်တယ် ..

သံလုံငယ် တဲ့ .. ဒီဘလော့ကို အခုမှတွေ့မိတယ်.. ကြိုက်တယ် ဗျာ.. ဘလော့တစ်ခုလုံး.. ကိုဖတ်စရာ မကုန်နိုင်ဘူး.. တစ်ရက်ကို နည်းနည်း နည်းနည်း ပဲ ဖတ်နေရတယ် … ကိုယ်ကြိုက်တာလေး ရွေးဖတ်တာပေါ့.. လေ့လာစရာတွေ များတဲ့ ဘလော့လေးပါ.. ကျော်ခွစရာတောင်မလိုပါဘူး.. ဒီအတိုင်း သွားလို့ရတယ် ..နည်းပညာလေ့လာသူတိုင်း ဖတ်ရှုသင့်တဲ့ ဘလော့လေးပါ.. http://www.thanlonengal.co.cc/ ဖြစ်ပါတယ်..

နောက်ဘဘော့ တစ်ခုကတော့ ဂျစ်ပဆီလေးရဲ့ အိမ် ဖြစ်ပါတယ် .. အဲဒီဘလော့ ကလည်းပဲ .. ဗဟုသုတ ရစရာတွေ အမြောက်အများ ရှိသလို ထူးထူးဆန်းဆန်းတွေလည်း တွေ့ရနိုင်ပါတယ် .. ကျွန်တော် ကြိုက်တဲ့ ဘလော့လေးပါ..

မသိသေးသူများ သွားလည်ပတ်ကြကုန်..

Thursday, November 27, 2008

poem

အခုတလော .. ကဗျာပဲေ၇း ဖြစ်နေတယ် .. .. အစ်ခြားဟာ ဖတ်ချင်တဲ့ သူရှိရင် ..ဆောရီးနော်..

ငါ့ မနက်ခင်း

ဒီမနက်ခင်း
နှင်းမကျပဲ
ချစ်ခြင်းတွေကျလို့..
မြက်ခင်းမှာ တွယ်ညှိ တယ် ..

ခြင်ထောင်အပြင်ကို
လုက်ထုတ်တော့
အေးစိမ့်မှု ကလာရိုက်ခတ်တယ်
သေချာတယ်
ဒါ........ ဆောင်းပဲ..

Wednesday, November 26, 2008

ညဉ်းချင်း

ကံတရားများ...

မပြောလိုက်ချင်ဘူး.. ဆိုးချင်တော့လည်း.. စီးလာတဲ့ကားက ဘီးပေါက်.. နောက်တစ်ကားပြောင်းစီးတော့ စက်ပျက်လို့တဲ့.. မီးပွိင့် က အသားကုန်မိတယ်..
ကောင်းချေင်တော့လည်း.. စပါယ်ယာက . ကားခကို .. နှစ်ခါ ပြန်အမ်းတယ် .. မငြင်းလိုက်မိဘူး.. အဲလိုအဲလို..

ဘ၀မှာ. ထမင်းငတ်မလို ဖြစ်တဲ့နေတွေ ကြုံတွေ့နေရပြီ ... လေးဖြူသီချင်းထဲကလို ... သားရဲတွေပေါတဲ့ . .. မြို့ ပြ တောနက်ထဲ.. အမဲလိုက် ကကွက်တွေ ကို ကျွမ်းကျင်အောင် အက ကျင့်နေရတယ် ..

share

ဘယ်သူရေးတာလဲ. ဘယ်က ရလဲဆိုတာတော့ မသိဘူးဗျ.. ဖတ်ကြည့် လိုက်ပါ ..အထက် ကနေအောက် .. .. ပြီးရင်..အောက်ကနေ အထက် ..ထူးခြားပါ လိမ့်မယ်..

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

ပျော်ရွင်ကြပါစေ

Saturday, November 22, 2008

( လူ ) . စကားပုံ

လူနေချုံကြား စိတ်နေဘုံဖျား

လူတစ်ကိုယ် ထင်တစ်လုံး

လူဆိုးလူကောင်း ပေါင်းကြည့်မှသိ
ဆန်ဖြူဆန်ကောင်း ပေါင်းကြည့်မှသိ

လူပျင်းလုံ့ လ တစ်ခဏ

လူပုစိတ်တို ခွေးပုရန်လို

လူ့အလို နတ်မလိုက်နိုင်

လူပါးပုလင်းထိ

လူပြောမသန် လူသန်မပြော

လူမှာအကွပ် တောင်းမှာ အ၀တ်

ရွေအကြောင်း ဖယောင်း သက်သေ
လူအကြောင်း ပေါင်းကြည့်မှ အဖြေ



ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ပြီး ပါးစပ်ကန့်လန့် နှစ်ခေါင်းဇောက်ထိုးရှိတဲ့ .လူသားတွေနဲ့ ပတ်သက်တဲ့ စကားပုံးတွေကို သိသမျှ ရေးသားလိုက်တာပါ .. စာပဲရေးရေး .စကားပဲပြောပြော .. သုံးလို့ရပါတယ်..

Thursday, November 20, 2008

poem


ဘ၀ ..
လမ်းကြမ်းလိုက်ပုံများ ..
လေးကြိုး မတတ် ...

တောနက်တဲ ..
အမဲလိုက် ကကြိုး ကို က
မြို့ ပြမှာ ရုန်းကန်လို့ ပေါ့...

ငါ့ ဘ၀က ရိုးရိုး ပဲ .
တစ်ချို့ ကြတော့
မွေးရာပါ ဇွန်းတပ်ပြီးသား ..

စိတ်မပျက်ပါဘူး ..
တွေးပေါက်လို့ ..
ကဗျာအဖြစ် ခဏ
ပြေးကောကိုက်မိတာ ..