Myeiktharlay

Saturday, October 17, 2009

funny EEEE

ပိုစ်မတင်ဖြစ်တာကြာပါပြီ.. ဒါနဲ့ မေးထဲရောက်လာတဲ့ဒီစာလေး အတော်ရယ်ရတယ်ဗျ.. ပျော်စေချင်လို့ပါ ဖတ်ကြည့်နော်.

အီးဋီကာ


-လူတစ်ယောက်ဟာအီးကို ကုန်အောင်မပေါက်နေ့ဖို့ညစာစုထား
တတ်ရင်အဲဒီလူကိုကပ်စေးနှဲသူလို့ခေါ်တယ်။

-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ

-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ

-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ

-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ

-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ

-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ

-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ

-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ

-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး

-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ

-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ

-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ

-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ

-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ

-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ

-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ

- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ

-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ

-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ

-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ

-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ

-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ

-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား

ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။

     

 ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။

 မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။  ။

Thursday, October 8, 2009

ဘာတွေမှန်းလဲမသိဘူး


ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို မွန်းကြပ်လွန်းနေတာ..

ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို ၀မ်းနည်းလွန်းနေတာ..

ငါ... ဘယ်လိုတွေဖြစ်နေတာပါလိမ့်..
ရင်ဘတ်ထဲမှာတောင်..

ငါ့ရင်ဘတ်က.. ငိုလို့..
ဘာလို့  ၀မ်းနည်းနေရတာလဲ..

ဘာပဲဖြစ်ဖြစ်..
ထွက်ပေါက်က စာသားတွေ..ပါ

ဖတ်မိတဲ့သူတွေကိုလည်း..
အပူမကူးစေချင်ဘူး..

တစ်ကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး..

ငါကိုက ရူးနေတာပါ..


Tuesday, September 29, 2009

အချစ်.. စာမျက်နှာ


 .. မနက်ခင်း မိုးလင်းတော့.. ထုံးစံအတိုင်း.. အသိညဏ်မှာ. သူ့မအကြောင်းက.နေပဲ နေ့တစ်နေ့ကို စတင်ပါသည်။.. သူမနဲ့တွေ့  ရှိပြီးနောက်ပိုင်း . နေ့တိုင်း  သူမအကြောင်းကို မနက်ခင်းတိုင်း.. သူအကြောင်းနှင့်ပင်..စတင်.. ဖွင့်လေ့ရှိသည်။.. အစဦးပိုင်းက ..သူမ့ကို.. သေလောက်အောင်..ချစ်နေမှန်း မသိသေးပါ.
သူမအကြောင်းနှင့်စတင်ဖွင့်လှစ်ရသော.. ယနေ့ထိတစ်နေ့မှ.. ပျက်ကွက်ခြင်းမရှိသေးသော. လွမ်းမောဖွယ်ကောင်းသည့်မနက်ခင်းများကို. သူကျေနပ်နေ မိပါသည်။
.. သူမနှင့် နှင့်ခွဲခွာပြီးမှ..  သူမကို အသည်းနင့်အအောင်ချစ်နေမိမှန်း..  သိလိုက်ရ၏ .. သူမနှင့်စတင်တွေ့သော နေ့မှာပင်.. ပူစူး၏ ကြိုက်နှစ်သက်နေမိသော ပူစူး၏ သီချင်းကို.. သူမနှင့်အတူ လမ်းလျှောက်သွားရင်း.. ဆိုညည်းနေမိသည်. ထိုသီချင်းစာသားသည်.. နောက်နောင်.. အမှန်တစ်ကယ်ဖြစ်လာမယ်မှန်း မသိရသေးသောကြောင့်.. ဆိုနေမိခြင်းဖြစ်သည်။ အခုတော့.. ထိုသီချင်းညည်းမိခြင်း ကိုပင် နောင်တရသည်။
..ိ သူဘ၀တွင်.. သူမလောက် ဘယ်သူမှမချစ်မိခဲ့ဖူးပါ.. သူ၏အသည်းနှလုံးသည် .. သူမထံသို့ သူမသိလိုက်မိတဲ့အချိန်မှာပဲ.. ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်.. အခုတော့လည်း.. ပူစူးသီချင်းထဲကလို.. တစ်ယောက်တည်း ကြေကွဲခံစားနေရ၏ သူ့ အသဲနှလုံး.. သူဘ၀ .. သူ့ အသက်ရှုချိန်တိုင်းမှာ.. သူမကို သတိရနေသည် ..သူမရဲ့  ဂရုမစိုက်မှု တစ်ချက်နဲ့တင်.. သေအောင်ခံစားရသည်။
တစ်နေ့လုံး. ဘယ်ဘက်ရင်အုံမှာ.. တစ်စိမ့်စိမ့်ခံစားရသည်. . သူမသိလိုက်မီအချိန်မှာပဲ..သူ့  မျက်ဝန်းမှာ.. မျက်ရည်တွေဘယ် အချိန်ကရောက်နေလဲမသိပါ.. ဘယ်တုန်းကများ.. မိန်းမတစ်ယောက်ကို လွမ်းလို့  ငိုတတ်သွားပါလိမ့်.. ငါဟာ. သိပ်မုန်းစရာကောင်းတဲ့ကောင်..ပါပဲ.. ပဲ..

Sunday, September 20, 2009

ငါ့အချစ်..


ငါ့ရင်ဘတ်မှာ.

အနာနဲ့..

အလွမ်းနာပေါ့...

သူ့ကိုငါ..သိပ်ချစ်တယ်..

သူက ဝေဒနာတွေပေးတယ်


ဒါပေမယ့်..ငါ နာမကျည်းနိုင်ဘူး..

ငါချစ်တာထက်..

တစ်ဝက်လောက်ပဲပြန်ချစ်ပေးပါကောင်မလေးရယ်..

ခံစားရလွန်းလို့ မျက်ရည်လည်းကျလုပြီး..

ရင်ဘတ်ကတော့.. မျက်ရည်ရွဲလို့...

ငါ့နှလုံးသားကို.. ငါမုန်းတယ်..

လွမ်းရလွန်းလို့ နကျင်..

နာကျင်စွာနဲ့လွမ်း..

ညည.. လွမ်းတမ်းတစွာမျက်ရည်ကျ..

သူမုန်းမှာ.. လည်းစိုးရိမ်နေရ..

သ၀န်တိုစိတ်က.. မိုးထိရောက်တယ်..

ငါ့ကိုငါသာ..သတ်သေလိုက်ချစ်တယ်..


Friday, August 28, 2009

ဘာညာဘာညာ

ကွန်မန့်တွေ ပေးလာကြတော့လည်း အားတက်စရာပါပဲ.. ဘာပဲပြောပြော. အားလုံးကို ကျေးဇူးတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အလုပ်က ခုထိမရသေးတော့. မွေးရပ်ဌာနီ အမေရှိရာ အရပ်သို့ပဲ သွားဖို့ အကြောင်းဖန်လာပါတယ်.. အပြန်ကျရင် မြစ်ကြီးနားသွားဖို့လည်း များနေပါတယ်. လကုန်ရင်တော့.. မြန်မာနိုင်ငံ အောက်ဆုံးမြို့ကို သွားပြီး. ပြန်လာရင်တော့ မြန်မာနိုင်ငံ အထက်ဆုံးကို သွားရမှာပါ..

အရောင်အကြောင်းတောင် ဆက်မရေးဖြစ်သေးဘူး. ဘာသာပြန်ထားတာတော့ရှိ ပါတယ် နောက်မှပဲ တင်တော့မယ်လို့ စိတ်ကူးထား တယ် အရင်မြစ်ကြီးနား သွားတုန်းက လမ်းခရီးတစ်လျှောက် ဖြစ်ပျက်တာကို ရေးထားတာတွေလည်း အများကြီးရှိသေးတယ် မတင်ရ သေးဘူး ၀ထ္တုတို လည်းရှိသေးတယ်. တစ်ခါတစ်လေ စာရိုက်ရမှာ ပျင်းလို့ မတင်ဖြစ်တာပါ..


ဒီဇိုင်းဆွဲတဲ့ ဖက်မှာ အလုပ်လုပ်ဖြစ်မှ အဲတာတွေ ဆက်လေ့လာ ဆက်ရေးဖြစ်မှာပါ. ဘာမှမလုပ်ရင် ဘာမှမရေးဖြစ်ဘူး. မလေ့လာဖြစ် ဘူး. ဂိမ်းနဲ့ သိုင်းဝထ္တုတွေ အကြောင်းပဲ ခေါင်းထဲရောက်နေတယ်..

ဒီနေ့ ဘလော့ကို လာကြည့်တာ ကွန်မန့်ပေးထားတတွေ တွေ့လို့ ပျော်သွားတယ်. လာလည်ကြသူတွေထဲက.. www.mrdba.info ကိုသွားလည်ဖြစ်ပါတယ်. သိပ်ကောင်းပါတယ် ဘလော့.. ခရီးသွားဆောင်းပါးတွေ ဖတ်ဖြစ်လိုက်တယ်. ကိုယ်မသွား နိုင်ပေမယ့် သူများတွေ ရေးထားတာ.. ကိုဖတ်ရတာ သိပ်သဘောကျတယ်.. ရောက်လည်းရောက်ဖူး ချင်တယ်..

Thursday, August 20, 2009

အလုပ်ထွက်ပြီးနောက်

ဇာတာပဲမကောင်းတာလား ကိုယ်ကိုယ်တိုင်ကပဲ အသုံးမကျတာလားတော့. မသိဘူး.. အလုပ်မှာ ပြဿနာဖြစ်. အလုပ်က ထွက်လိုက်ရပြီး အခုဆို.. အလုပ်ထွက်တာ ဆယ့်ခြောက်ရက်ရှိပြီ ဖြစ်သည်.. အိပ်လိုက် စားလိုက် ဂိမ်းနှိပ်လိုက်ဖြစ် . အပီအပြင် .. ဇိမ်တွေ့နေပြီး၏

ထိုအတောအတွင်း ရောင်ချာချာဖြစ်ကာ.. ရောင်ခြောက်ဆယ် ဇတ်ခင်းနေသည်.. ဂိမ်းဆိုင်သာ သူအတွက် အားထားရာ. တစ်ခုဖြစ်နေသည်.. အိမ်ဘေးက ဂိမ်းဆိုင်အတွက် ..ဗီနိုင်းတစ်ခု ဆွဲပေးလိုက်ရသည်.. သူ့လက် ရာထဲတွင်..အဲလောက်ကြီးကြီးမထုတ်ဘူး..သဖြင့်.. အတော်ပျော်မိသေးသည်...

ဒီနေ့တော့.. အလုပ် .Fashion image မဂ္ဂဇင်းတွင်.. ဒီဇိုင်နာ. ပိုစ်အတွက် .. ဖောင်သွားတင်ခဲ့သည်.. ပြီးတော့.. သစ္စာဟူသော အလုပ်ရှာဖွေရေး အေဂျင်စီတွင် လည်း CV တင်ခဲ့သည်.. အလုပ်တစ်ခုတော့ ရနိုင်ကောင်းပါရဲ့.

ဒီရက်ပိုင်း နုယ်ပဲပြန်ရမလား.. အလုပ်ပဲဆက်လုပ်ရမလား. ဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ ကိစ္စကြောင့်အတော် လေး ခေါင်းစား နေခဲ့သည်.. လိုချင်သောအလုပ် အဆင်ပြေသော အလုပ် ဒါမှမဟုတ် အလုပ်မရပါက.. လစာနည်းပါက.. နယ်ပြန်ရန်ဆုံးဖြတ်ချက်ချပြီး.. အလုပ်အဆင်ပြေပါက .သင်္ကြန်ကျမှ ပြန်ရန် လောလော ဆယ်ဆုံးဖြတ်ချက်ချထားသည်...

အားနေတော့..လည်း အွန်လိုင်းပေါ်သာ မကြာခဏရောက်ဖြစ်နေသည်.. ကိုယ့်ဆရာတို့ဆိုင်မှာဆိုတော့ သုံးရတာအဆင်ပြေသည်.. အေးရာအေးကြောင်းပဲ...

အလုပ်မရှိဘဲ. အားအားယားယားနေရတော့. စိတ်ကလေချင်သလိုလို ..အလုပ်ကိုပဲဆာလောင်သလိုလို ဖြစ်နေသည်.. အလုပ်မရှိပဲနေရတာ.. ခဏပဲကောင်းသည်. အကြာကြီးတော့မကောင်းပါ..

မိဘတွေဆီကိုလည်းပြန် ချင်သည်.. ရန်ကုန်မှာလည်း. အလုပ်ဆက်လုပ်ချင်သည်..

လူ့ဘ၀ရဲ့ ရှင်သန်နေထိုင်ရမည့် ကိုယ့်ဘ၀ကိုတောင် လန့်လာမိသည်.. ပိုက်ဆံရှာရတာ မလွယ်ကြောင်း ပိုမိုသိလာသည်.. တစ်ကယ်တစ်ကယ် မလွယ်တာပါ..


Monday, August 3, 2009

kinds of colors

အရောင်နဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အသွင်အပြင်တွေကို ရည်ညွန်းပြီး ပြည့်စုံတဲ့ အမည်နဲ့ ခေါင်းစဉ်တွေ ရှိနေပါတယ် .. ဆိုလိုတာကတော့ဗျာ အရောင်နဲ့ ပတ်သက်ပြီး အမျိုး အစားခွဲခြားထားတာလေးတွေ ကိုပြောပြချင်တာပါ ..

အရောင်နဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်..

1. Warm colors

2. Cool colors

3. Neutral colors

4. Value

5. Brightness

6. Saturation

7. RGB color

8. CMYK color

9. Pantone (PMS) colors

10. Primary colors

11. Tertiary colors

12. Complementary colors

13. Analogous colors တို့ပဲဖြစ်ပါတယ် ....

Tuesday, July 28, 2009

color


E-Book.. တစ်အုပ်ကို. တရကြမ်းဘာသာပြန် လက်စပါ

Translating by chitloonthu..

 

အလင်းရောင်မရှိဘဲ. ကျွန်တော်တို့ဟာ ဘာမှ မြင်နိုင်မှာ မဟုတ်ပါဘူး.. ဒါဟာ ရိုးရှင်းလှတဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ် .. ဒီရိုးရှင်းလှတဲ့ အမှန်တရားဟာ စေ့စပ်သေချာစွာ သီးသန့်စစ်ဆေးမှု  အပေါ်မှာ ပိုမို ရှုပ်ထွေးလာပါ တယ် ဘာလို့လဲဆိုတော့ အလင်းဟာ အလင်းမဟုတ်လို့ပဲ ဖြစ်ပါတယ် .. အရပ်သား အသုံးအနှုန်းအတိုင်း ၊ ပြောရိုးပြောစဉ် ၊ ပြောနေကျ အရ ဆိုရင် အေးမြတဲ့ အလင်းနဲ့ နွေးထွေးတဲ့ အလင်းဆိုပြီးတော့ ကွဲပြားပါတယ် ..

 

အလင်းဟာ အရောင်ကို သိမြင်နားလည်ခြင်း ရဲ့ အခြေခံပဲဖြစ်ပါတယ် ..အလင်းဟာ လျှပ်စစ် သံလိုက်လှိုင်းဖြစ်ပါတယ် ဦးနှောက် နဲ့ မျက်လုံး က အလင်းရဲ့ ရောင်ခြည်ကို အရောင်ပုံရိပ်များအဖြစ် ပြောင်းလဲပေးလိုက် ပါတယ်.လျှပ်စစ် သံလိုက်လှိုင်းများ ဟာ သူတို့ရဲ့ လှိုင်းအလျားကို ဖော်ပြနိုင်ကြပါတယ်..

 

လှိုင်းအလျား 380 မှ 780 nanometer မှာ လူတွေ ဟာ အရောင်အဖြစ်နဲ့ လက်ခံရရှိပါတယ် ..သက်တံ ရဲ့ အရောင်ဟာ အဖြူရောင်အလင်းကနေ ဖြစ်ပေါ်လာတာပါ..သူ့ရဲ့ အလင်းအလှိုင်းတစ်ခုစီဟာ ကွဲပြားခြားနားတဲ့ အရောင်တစ်ခုစီ ရှိပါတယ် ..380 nm က ခရမ်းရောင်ကနေ စပြီး အပြာ ၊ ပြာနု ၊ အစိမ်း နှင့် အ၀ါ ကနေ 780 nm အနီအထိရှိပါတယ် ..

 

အရောင်အားလုံးရဲ့ ရောင်စဉ်လှိုင်းတွေဟာ အလင်းကို ကိုယ်စားပြုပါတယ်. အပူ အလင်း အအေး အလင်း ဆိုတာ လည်း အလင်းရဲ့ လှိုင်းအလျား  တောင့်တင်းမှုပေါ်မှာ မူတည်ပါတယ်..

 

Color Model အတွက်တော့ အခြေခံအားဖြင့် နှစ်မျိုးရှိပါတယ် additive နဲ့ Subtractive ဆိုပြီးတော့ပေါ့။ ဥပမာ အနေနဲ့ ကတော့ additive color က ကွန်ပျုတာ ကာလာနဲ့ television ကာလာလိုမျိုးပေါ့။

 

Subtractive color ကတော့ transparent ဖြစ်ပါတယ်. ၄င်းမှာ အလွာသုံးလွှာပါ ၀င်ပြီး cyan, Magenta and Yellow ဆိုတဲ့ အရောင်သုံးရောင် ပါဝင်ပြီး ၄င်းတို့ အားပေါင်းစပ် ခြင်းဖြင့် မည်သည့် အရောင်ကို မဆို ထုတ်လုပ်နိုင်ပါတယ်

 

Offset Printing အတွက် ကာလာ ပုံစံ

 

Offset Printing ကတော့ Subtractive Principle နဲ့လုပ်ပါတယ်။

 

 


Tuesday, July 21, 2009

ဘ၀ဘဝ


  အမေကဆူ နေကပူ ဆိုသလို . ပဲ. အခုတလော. စိတ်ညစ်စရာတွေကများ . အလုပ်မှာလည်း အဆင်မပြေတာတွေ များနေသည် . စိတ်အနှောက်အယှက် ဖြစ်တာ တွေများလာ တော့. အလုပ်ကနေ ထွက်ချင်စိတ်လည်း ပေါက်နေ၏ ဘလော့ တွင်လည်း ပိုစ်အသစ် မတင်ဖြစ်တာ ကြာသလို..  လာရောက် ကြည့်ရှသူလည်း မရှိသလော် ရှားပါနေပါတယ်..

အိမ်မှာလည်း အဆင်မပြေတာတွေ ဖြစ်လာသည်.. ကိုယ့်ဘ၀ကိုယ်စိတ်ပျက်လောက်အောင်တော့ မဖြစ်သေးပါ.. ဘိတ်ပြန်ချင်လာသည် ရန်ကုန်ကို ခွာပြီး နယ်မှာပဲ အလုပ်ပြန်လုပ်ရင် ကောင်းမလားဟုတွေးနေမိသည်.. ဘာတွေဖြစ်လာအုံးမလဲ .. မသိ.. ကျန်းမာရေးလည်း သိပ်မကောင်းချင်.. သြော်.. ဘ၀ဘ၀..


Sunday, July 12, 2009

ကဗျာ


သက်တံ တံတား

သိပ်ချစ်တာပဲ ညီမလေးရယ်လို့
အနမ်းတွေနဲ့ ပြောပြဖို့
မင်းရဲ့ ဆံပင်ရှည်တွေ ကြားထဲမှာ
ငါ့ မျက်နှာကို ၀ှက်ထားဖို့
ဂီတနဲ့
ငါတို့နှစ်ယောက်တွဲကဖို့
လရောင်ရွှန်းမြ
ညလေးတစ်ညဆိုတာ
တစ်ကယ်ကို ရောက်လာမှာလား

ကမ္ဘာမြေအတွက် အချစ်သီချင်း
လမင်းကို မြင်ရမလား
ကြယ်စင်ကို တွေ့ရမလား
ချစ်သူနှစ်ယောက်ရဲ့ ပေါင်းသင်းနေထိုင်မှုမှာ
ငါတို့ အစွမ်းကုန် ပွင့်လင်းနိုင်ကြမလား
မအိုခင်
မနာခင်
မသေခင်
ငါတို့ အဆုံးထိ မပျော်ရွှင်ရတော့ဘူးလား

အချစ်ရဲ့ ဧရိယာထဲမှာ
ငါတော့ တစ်လက်မ မှ နောက်မဆုတ်ပေးနိုင်ဘူး
မင်းကို
အပွင့်လေးလိုလည်းချစ်ခဲ့ရ
အသီးလေးလိုလည်းချစ်ခဲ့ရ
အဖူးလေးလိုလည်းချစ်ခဲ့ရ
မိုးအဆုံးမြေအဆုံး
မင်းတစ်ကိုယ်လုံးကို
ငါ့အနမ်းတွေနဲ့ သီကုံးထားချင်ရဲ့

ဟောဒီ 2009 မှာ မင်းကိုငါ ချစ်မိပေါ့

မိုဃ်းဇော်