Myeiktharlay

Thursday, November 5, 2009

FireWire,Firewall,Fireware

ဗဟုသုတအဖြစ်ပေါ့..ကျွန်တော်လည်း ဘလော့မှာမှတ်ထားချင်တာနဲ့ မြန်မာမိသားစု က နုမောင် ရဲ့ ပိုစ်ကို တိုက်ရိုက် ကူယူဖေါ်ပြပေးခြင်းဖြစ်ပါတယ် .
 
FireWire,Firewall,Fireware ဒီစကားလုံးသုံးလုံးမကြာခဏ မှားတတ်ကြသလို နားလည်မှုလဲ လွဲတတ်ကြတယ်။ တူသလိုလိုနဲ့ ကွဲပါတယ်။

FireWire -

IEEE 1394 သို့မဟုတ် iLink ဆိုတဲ့ စကားလုံးများနဲ့လည်း သုံးကြပါတယ်။ ကွန်ပျူတာသို့ အချက်အလက်များ ပေးပို့ ရာမှာ အလွန်မြန်တဲ့ နှုန်းနဲ့ ပို့ နိုင်တဲ့ တန်းဆက်ကြားခံ ( serial I/O interface ) လို့ ဆိုနိုင်ပါတယ်။ ထုတ်လုပ်တဲ့ ဗားရှင်းပေါ်မူတည်ပြီး 400 MBps, 800 MBps, 3.2 GBps စသည်ပေးပို့ နိုင်ပါသည်။ တစက္ကန့်မှာ စီးဆင်းနိုင်တဲ့ bit အရေအတွက်ဆိုပါတော့ ။ လက်ရှိ အသုံးအများဆုံးသည် 400 MBps IEEE 1394a version ဖြစ်ပါတယ်။ ကွန်ပျူတာများမှာ firewire အတွက် port အပေါက်များ ပါဝင်ပြီး သူ့ရဲ့ တပ်ဆင်တဲ့ ကြိုးဟာ USB ပေါက်နဲ့ အနည်းငယ် တူသယောင်ရှိပါတယ်။

IEEE ဆိုတာကတော့ Institute of Electrical and Electronics Engineers ခေါ် အဖွဲ့ အစည်း ရဲ့ အရှည်ကောက် စာလုံးပါ။ သိပ္ပံပညာရှင်များ ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ကွန်ပျူတာ ထုတ်လုပ်ခြင်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း အတွက် ပစ္စည်းများကို စံတစ်ရပ်အဖြစ် သတ်မှတ်ပေး ခြင်း စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပါတယ်။


Firewall -

အင်တာနက်သုံးတဲ့ အခါ ကွန်ပျူတာနဲ့ အင်တာနက် တို့အကြားမှာ ကြားခံပေးထားတယ်လို့ လည်းဆိုရမှာမှာပါ။ သူ့ပုံစံကတော့ အုတ်တံတိုင်း၊ ( သို့) မဟုတ် မီးတောက် ပုံသဏ္ဍာန် များနဲ့ ဖော်ညွှန်းပါတယ်။ အားလုံးတော်တော်များများသိကြပါတယ်။ Zone Alam အပါအ၀င်တခြား ဖိုင်းယား ဝေါ များကို။

Fireware
 Read-Only - Memory (ROM) device မှာပါတဲ့ ဆော့ဖ်ဝဲ သို့မဟုတ် အချက်အလက်များ ဖြစ်ပါတယ်။ Fireware သည် ဟာ့ဒ်ဝဲ နဲ့ ဆော့ဝဲ အကြား ကူးပြောင်း အလုပ်လုပ်ဆောင်ရာမှာ လွယ်ကူစွာ ချိန်ညှိပေးနိုင်တဲ့လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။


ကိုးကား ချက်-ကွန်ပျူတာဂျာနယ်များ (၂၀၀၅-၂၀၀၇)

Tuesday, November 3, 2009

Personal


blogging ပိုင်းကို မလုပ်ဖြစ်တာ နည်းနည်းတောင်ကြာသွားပြီ ရေးမယ်ရေးမယ်နဲ့ တစ်လမှာတောင် ပိုစ်သုံးခုလောက်ပဲ တင်ဖြစ်တယ် ဒီကြားထဲလာကြည့်တဲ့ သူတွေကို လည်းအားနာပါတယ် တက်ဂ်ထားတာလည်းမရေးပေးနိုင်သေးဘူး ..

ရန်ကုန်ရောက်ကတည်းက ဘာမှလည်း မယ်မယ်ရရမလုပ်ဖြစ်သေး ဆရာတို့ရဲ့ အင်တာနက်ဆိုင်မှာပဲ လုပ်ကူလိုက် အိပ်လိုက်စားလိုက် အွန်လိုင်း ပေါ်တက်လိုက်နဲ့ နေဖြစ်သည်။

KMD မှာသင်တန်းကို သူငယ်ချင်းနဲ့ network(serverbase) ကို အပ်လိုက်၏ အပ်ပြီးမှ www.kopyaesone.co.cc က ကိုပြည့်စုံဖွင့်တဲ့ သင်တန်း အကြောင်းကို သိလိုက်ရသည် KMD မှာကအပ်ပြီးသွားတော့ ဂွကျသည်. ကိုပြည့်စုံဖွင့်တဲ့သင်တန်းက ပညာဒါန သင်တန်းကြေးက နှစ်သောင်း တည်းနဲ့ ဖွင့်ပေးသည်။ ရသမျှအကုန်တက်ရမှာပဲ..

ဒါနဲ့ အွန်လိုင်းမှာ ကျောင်းအပ်ဖြစ်သွားတည် 7 ရက်နေ့ ဖောင်ဖြန့်မယ်လို့ပြောသည် ပိုက်ဆံမရှိလည်းတက်လို့ရကြောင်းပြောသဖြင့် တစ်ကယ်ကို ပျော်ရသည်။

အခုတလောလေနေတာများပြီး ဘ၀မှာ Goal တစ်ခုပျောက်ဆုံးနေသလိုဖြစ်နေသည် ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့လုပ်ရမည်ဖြစ်သည်။

MCSE ဘာညာစသော သင်တန်းများ ဖြေချင်စိတ်ဖြစ်ပေါ်မိသော်လည်း ကိုယ့်အခြေအနေနဲ့ ကိုယ်မို့ စိတ်လျော့ထားသည်။ အိမ်ကလည်း အချိန် အကန့်အသန့်နဲ့ ရန်ကုန်လွှတ်လိုက်တာဆိုတော့ စိတ်ညစ်စရာကောင်းသည်။ တတ်နိုင်သမျှတော့ အချိန်ဆွဲပြီးနေရမည်။

ပြန်သွားပြီးရင်လည်း မဟာရန်ကုန်မြို့တော်နဲ့ အတော်ကြာအောင်ခွဲရမှာ ပြန်လာဖို့ဆိုတာ တစ်ကယ်မလွယ်တော့ ၊ သံယောဇဉ်ကြိုးတွေကိုလည်း လွန်ဆန်နိုင်အောင်ကြိုးစာ ရမည်။

Monday, October 19, 2009

ရန်ကုန်သို့အပြန်


.. တောင်မှမြောက်သို့ .. မြန်မာနိုင်ငံ ခြေထောက်မှ.. ချက်နားသို့..ကျွန်တော်ပြန်လည်လွင့်မျောလာပါတယ်... အလွမ်းရဲ့ .. ရိုက်ခတ်မှုအား အများဆုံးနဲ့ပေါ့..  .. လူငယ်ဘ၀ရဲ့ မိုက်မဲမှုတွေမျိုးလားတော့မသိဘူး.. ရူးသွပ်စွာ အလိုတူအလိုပါကျုးလွန်ခဲ့ မိပါတယ်..

ဘာပဲဖြစ်ဖြစ်.. နောင်တတော့မရပါ.. ပျော်ရွင်မှုရယ်.. ၀မ်းနည်းမှုရယ်.. ကြေကွဲမှု တွေရယ်နဲ့ ဘိတ်မှ.. ရန်ကုန်..သို့.. ကားနှင့်လာခဲ့ပါတယ်.. ကံတရားကပဲ ဆိုးတာလားတော့မသိဘူး.. ကားက မြိတ်ကအထွက်..သမုတ်ရွာအကျော်လေးမှာပဲ.. ရွံ့နက်ပါလေရော..

ဒီလိုနဲ့ ပုလောမှာထမင်းစားပြီ.. ထားဝယ်ကို ညနေခင်းပိုင်းလေးရောက်ခဲ့တာပေါ့.. ပုလောမြို့မှာ.. လှပတဲ့ ထန်းပင်တစ်ချို့ကို တွေ့လိုက်ရပါတယ်.. စိမ်းလန်းတဲ့ လယ်ကွင်းတစ်ချို့နဲ့ ပခုံးချင်းယှဉ်လျက်ပေါ့..

ဘယ်လိုပဲ ဖြစ်ဖြစ်.. ထားဝယ်မြို့ရဲ့ လှပတဲ့.. ထန်းပင်တန်းတွေကိုတော့.. မမှီပါဘူး.. တစ်ကယ့်ကို လှပတဲ့ ပန်းချီကားတစ်ချပ်ပါပဲ.. ထားဝယ်ရောက် ရင်. ကျွန်တော်အမြဲငှေးရတဲ့ မြင်ကွင်းလေးပါ.. အညာဒေသမရောက်ဖူးတော့..  ဒီကထန်းပင်တန်းက သိပ်လှနေတယ်.. လေ.. အညာမှာလည်း လှတယ် ကြားဖူးတယ်..  အခါအခွင့်သင့်ရင်.. သွားရောက်လည်ပတ်သင့်တဲ့ထားဝယ်မြို့လေးပါ..

ထားဝယ်မှာ ကားရပ်.. တည်းခိုခန်းမှာ.. တစ်ညအိပ်ပြီးတော့.. မနက်ဝေလီဝေလင်းမှာ. ပြန်လည်ထွက်ခွာခဲ့ပြန်တာပေါ့.. မနက်ဝေလီဝေလင်းမှာ. ကျွန်တော့ အာရုံတွေကလည်း ဝေလီဝေလင်းပါပဲ..

ဒီလိုနဲ့ မလွဲတောင်လည်း ချန်ခဲ့.. ရေးမြို့လဲချန်ခဲ့လို့.. မော်လမြိုင်ကို.. ညနေငါးနာရီရောက်ပါတယ်.. .. မော်လမြိုင်မြို့ ရဲ့ ကားလမ်းမကြီးက အတော် ကျယ်တာ.. မော်လမြိုင်ကနေ..ညနေခုနှစ်နာရီခွဲမှ.. ကားထွက်တော့.. ရန်ကုန်ကို. မနက်ခုနှစ်နာရီရောက်ပါတယ်. လမ်းမှာ.ကားပျက်သေးလို့ပါ..




Saturday, October 17, 2009

funny EEEE

ပိုစ်မတင်ဖြစ်တာကြာပါပြီ.. ဒါနဲ့ မေးထဲရောက်လာတဲ့ဒီစာလေး အတော်ရယ်ရတယ်ဗျ.. ပျော်စေချင်လို့ပါ ဖတ်ကြည့်နော်.

အီးဋီကာ


-လူတစ်ယောက်ဟာအီးကို ကုန်အောင်မပေါက်နေ့ဖို့ညစာစုထား
တတ်ရင်အဲဒီလူကိုကပ်စေးနှဲသူလို့ခေါ်တယ်။

-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ

-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ

-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ

-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ

-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ

-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ

-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ

-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ

-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး

-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ

-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ

-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ

-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ

-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ

-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ

-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ

- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ

-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ

-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ

-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ

-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ

-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ

-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား

ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။

     

 ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။

 မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။  ။

Thursday, October 8, 2009

ဘာတွေမှန်းလဲမသိဘူး


ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို မွန်းကြပ်လွန်းနေတာ..

ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို ၀မ်းနည်းလွန်းနေတာ..

ငါ... ဘယ်လိုတွေဖြစ်နေတာပါလိမ့်..
ရင်ဘတ်ထဲမှာတောင်..

ငါ့ရင်ဘတ်က.. ငိုလို့..
ဘာလို့  ၀မ်းနည်းနေရတာလဲ..

ဘာပဲဖြစ်ဖြစ်..
ထွက်ပေါက်က စာသားတွေ..ပါ

ဖတ်မိတဲ့သူတွေကိုလည်း..
အပူမကူးစေချင်ဘူး..

တစ်ကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး..

ငါကိုက ရူးနေတာပါ..


Tuesday, September 29, 2009

အချစ်.. စာမျက်နှာ


 .. မနက်ခင်း မိုးလင်းတော့.. ထုံးစံအတိုင်း.. အသိညဏ်မှာ. သူ့မအကြောင်းက.နေပဲ နေ့တစ်နေ့ကို စတင်ပါသည်။.. သူမနဲ့တွေ့  ရှိပြီးနောက်ပိုင်း . နေ့တိုင်း  သူမအကြောင်းကို မနက်ခင်းတိုင်း.. သူအကြောင်းနှင့်ပင်..စတင်.. ဖွင့်လေ့ရှိသည်။.. အစဦးပိုင်းက ..သူမ့ကို.. သေလောက်အောင်..ချစ်နေမှန်း မသိသေးပါ.
သူမအကြောင်းနှင့်စတင်ဖွင့်လှစ်ရသော.. ယနေ့ထိတစ်နေ့မှ.. ပျက်ကွက်ခြင်းမရှိသေးသော. လွမ်းမောဖွယ်ကောင်းသည့်မနက်ခင်းများကို. သူကျေနပ်နေ မိပါသည်။
.. သူမနှင့် နှင့်ခွဲခွာပြီးမှ..  သူမကို အသည်းနင့်အအောင်ချစ်နေမိမှန်း..  သိလိုက်ရ၏ .. သူမနှင့်စတင်တွေ့သော နေ့မှာပင်.. ပူစူး၏ ကြိုက်နှစ်သက်နေမိသော ပူစူး၏ သီချင်းကို.. သူမနှင့်အတူ လမ်းလျှောက်သွားရင်း.. ဆိုညည်းနေမိသည်. ထိုသီချင်းစာသားသည်.. နောက်နောင်.. အမှန်တစ်ကယ်ဖြစ်လာမယ်မှန်း မသိရသေးသောကြောင့်.. ဆိုနေမိခြင်းဖြစ်သည်။ အခုတော့.. ထိုသီချင်းညည်းမိခြင်း ကိုပင် နောင်တရသည်။
..ိ သူဘ၀တွင်.. သူမလောက် ဘယ်သူမှမချစ်မိခဲ့ဖူးပါ.. သူ၏အသည်းနှလုံးသည် .. သူမထံသို့ သူမသိလိုက်မိတဲ့အချိန်မှာပဲ.. ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်.. အခုတော့လည်း.. ပူစူးသီချင်းထဲကလို.. တစ်ယောက်တည်း ကြေကွဲခံစားနေရ၏ သူ့ အသဲနှလုံး.. သူဘ၀ .. သူ့ အသက်ရှုချိန်တိုင်းမှာ.. သူမကို သတိရနေသည် ..သူမရဲ့  ဂရုမစိုက်မှု တစ်ချက်နဲ့တင်.. သေအောင်ခံစားရသည်။
တစ်နေ့လုံး. ဘယ်ဘက်ရင်အုံမှာ.. တစ်စိမ့်စိမ့်ခံစားရသည်. . သူမသိလိုက်မီအချိန်မှာပဲ..သူ့  မျက်ဝန်းမှာ.. မျက်ရည်တွေဘယ် အချိန်ကရောက်နေလဲမသိပါ.. ဘယ်တုန်းကများ.. မိန်းမတစ်ယောက်ကို လွမ်းလို့  ငိုတတ်သွားပါလိမ့်.. ငါဟာ. သိပ်မုန်းစရာကောင်းတဲ့ကောင်..ပါပဲ.. ပဲ..

Sunday, September 20, 2009

ငါ့အချစ်..


ငါ့ရင်ဘတ်မှာ.

အနာနဲ့..

အလွမ်းနာပေါ့...

သူ့ကိုငါ..သိပ်ချစ်တယ်..

သူက ဝေဒနာတွေပေးတယ်


ဒါပေမယ့်..ငါ နာမကျည်းနိုင်ဘူး..

ငါချစ်တာထက်..

တစ်ဝက်လောက်ပဲပြန်ချစ်ပေးပါကောင်မလေးရယ်..

ခံစားရလွန်းလို့ မျက်ရည်လည်းကျလုပြီး..

ရင်ဘတ်ကတော့.. မျက်ရည်ရွဲလို့...

ငါ့နှလုံးသားကို.. ငါမုန်းတယ်..

လွမ်းရလွန်းလို့ နကျင်..

နာကျင်စွာနဲ့လွမ်း..

ညည.. လွမ်းတမ်းတစွာမျက်ရည်ကျ..

သူမုန်းမှာ.. လည်းစိုးရိမ်နေရ..

သ၀န်တိုစိတ်က.. မိုးထိရောက်တယ်..

ငါ့ကိုငါသာ..သတ်သေလိုက်ချစ်တယ်..


Friday, August 28, 2009

ဘာညာဘာညာ

ကွန်မန့်တွေ ပေးလာကြတော့လည်း အားတက်စရာပါပဲ.. ဘာပဲပြောပြော. အားလုံးကို ကျေးဇူးတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အလုပ်က ခုထိမရသေးတော့. မွေးရပ်ဌာနီ အမေရှိရာ အရပ်သို့ပဲ သွားဖို့ အကြောင်းဖန်လာပါတယ်.. အပြန်ကျရင် မြစ်ကြီးနားသွားဖို့လည်း များနေပါတယ်. လကုန်ရင်တော့.. မြန်မာနိုင်ငံ အောက်ဆုံးမြို့ကို သွားပြီး. ပြန်လာရင်တော့ မြန်မာနိုင်ငံ အထက်ဆုံးကို သွားရမှာပါ..

အရောင်အကြောင်းတောင် ဆက်မရေးဖြစ်သေးဘူး. ဘာသာပြန်ထားတာတော့ရှိ ပါတယ် နောက်မှပဲ တင်တော့မယ်လို့ စိတ်ကူးထား တယ် အရင်မြစ်ကြီးနား သွားတုန်းက လမ်းခရီးတစ်လျှောက် ဖြစ်ပျက်တာကို ရေးထားတာတွေလည်း အများကြီးရှိသေးတယ် မတင်ရ သေးဘူး ၀ထ္တုတို လည်းရှိသေးတယ်. တစ်ခါတစ်လေ စာရိုက်ရမှာ ပျင်းလို့ မတင်ဖြစ်တာပါ..


ဒီဇိုင်းဆွဲတဲ့ ဖက်မှာ အလုပ်လုပ်ဖြစ်မှ အဲတာတွေ ဆက်လေ့လာ ဆက်ရေးဖြစ်မှာပါ. ဘာမှမလုပ်ရင် ဘာမှမရေးဖြစ်ဘူး. မလေ့လာဖြစ် ဘူး. ဂိမ်းနဲ့ သိုင်းဝထ္တုတွေ အကြောင်းပဲ ခေါင်းထဲရောက်နေတယ်..

ဒီနေ့ ဘလော့ကို လာကြည့်တာ ကွန်မန့်ပေးထားတတွေ တွေ့လို့ ပျော်သွားတယ်. လာလည်ကြသူတွေထဲက.. www.mrdba.info ကိုသွားလည်ဖြစ်ပါတယ်. သိပ်ကောင်းပါတယ် ဘလော့.. ခရီးသွားဆောင်းပါးတွေ ဖတ်ဖြစ်လိုက်တယ်. ကိုယ်မသွား နိုင်ပေမယ့် သူများတွေ ရေးထားတာ.. ကိုဖတ်ရတာ သိပ်သဘောကျတယ်.. ရောက်လည်းရောက်ဖူး ချင်တယ်..

Thursday, August 20, 2009

အလုပ်ထွက်ပြီးနောက်

ဇာတာပဲမကောင်းတာလား ကိုယ်ကိုယ်တိုင်ကပဲ အသုံးမကျတာလားတော့. မသိဘူး.. အလုပ်မှာ ပြဿနာဖြစ်. အလုပ်က ထွက်လိုက်ရပြီး အခုဆို.. အလုပ်ထွက်တာ ဆယ့်ခြောက်ရက်ရှိပြီ ဖြစ်သည်.. အိပ်လိုက် စားလိုက် ဂိမ်းနှိပ်လိုက်ဖြစ် . အပီအပြင် .. ဇိမ်တွေ့နေပြီး၏

ထိုအတောအတွင်း ရောင်ချာချာဖြစ်ကာ.. ရောင်ခြောက်ဆယ် ဇတ်ခင်းနေသည်.. ဂိမ်းဆိုင်သာ သူအတွက် အားထားရာ. တစ်ခုဖြစ်နေသည်.. အိမ်ဘေးက ဂိမ်းဆိုင်အတွက် ..ဗီနိုင်းတစ်ခု ဆွဲပေးလိုက်ရသည်.. သူ့လက် ရာထဲတွင်..အဲလောက်ကြီးကြီးမထုတ်ဘူး..သဖြင့်.. အတော်ပျော်မိသေးသည်...

ဒီနေ့တော့.. အလုပ် .Fashion image မဂ္ဂဇင်းတွင်.. ဒီဇိုင်နာ. ပိုစ်အတွက် .. ဖောင်သွားတင်ခဲ့သည်.. ပြီးတော့.. သစ္စာဟူသော အလုပ်ရှာဖွေရေး အေဂျင်စီတွင် လည်း CV တင်ခဲ့သည်.. အလုပ်တစ်ခုတော့ ရနိုင်ကောင်းပါရဲ့.

ဒီရက်ပိုင်း နုယ်ပဲပြန်ရမလား.. အလုပ်ပဲဆက်လုပ်ရမလား. ဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ ကိစ္စကြောင့်အတော် လေး ခေါင်းစား နေခဲ့သည်.. လိုချင်သောအလုပ် အဆင်ပြေသော အလုပ် ဒါမှမဟုတ် အလုပ်မရပါက.. လစာနည်းပါက.. နယ်ပြန်ရန်ဆုံးဖြတ်ချက်ချပြီး.. အလုပ်အဆင်ပြေပါက .သင်္ကြန်ကျမှ ပြန်ရန် လောလော ဆယ်ဆုံးဖြတ်ချက်ချထားသည်...

အားနေတော့..လည်း အွန်လိုင်းပေါ်သာ မကြာခဏရောက်ဖြစ်နေသည်.. ကိုယ့်ဆရာတို့ဆိုင်မှာဆိုတော့ သုံးရတာအဆင်ပြေသည်.. အေးရာအေးကြောင်းပဲ...

အလုပ်မရှိဘဲ. အားအားယားယားနေရတော့. စိတ်ကလေချင်သလိုလို ..အလုပ်ကိုပဲဆာလောင်သလိုလို ဖြစ်နေသည်.. အလုပ်မရှိပဲနေရတာ.. ခဏပဲကောင်းသည်. အကြာကြီးတော့မကောင်းပါ..

မိဘတွေဆီကိုလည်းပြန် ချင်သည်.. ရန်ကုန်မှာလည်း. အလုပ်ဆက်လုပ်ချင်သည်..

လူ့ဘ၀ရဲ့ ရှင်သန်နေထိုင်ရမည့် ကိုယ့်ဘ၀ကိုတောင် လန့်လာမိသည်.. ပိုက်ဆံရှာရတာ မလွယ်ကြောင်း ပိုမိုသိလာသည်.. တစ်ကယ်တစ်ကယ် မလွယ်တာပါ..


Monday, August 3, 2009

kinds of colors

အရောင်နဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အသွင်အပြင်တွေကို ရည်ညွန်းပြီး ပြည့်စုံတဲ့ အမည်နဲ့ ခေါင်းစဉ်တွေ ရှိနေပါတယ် .. ဆိုလိုတာကတော့ဗျာ အရောင်နဲ့ ပတ်သက်ပြီး အမျိုး အစားခွဲခြားထားတာလေးတွေ ကိုပြောပြချင်တာပါ ..

အရောင်နဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်..

1. Warm colors

2. Cool colors

3. Neutral colors

4. Value

5. Brightness

6. Saturation

7. RGB color

8. CMYK color

9. Pantone (PMS) colors

10. Primary colors

11. Tertiary colors

12. Complementary colors

13. Analogous colors တို့ပဲဖြစ်ပါတယ် ....