ဘလော့နဲ့ ကင်းကွာနေတာ ကြာပါပြီ. ပို့စ်မတင်ဖြစ်တာလည်း ကြာပြီ .. ကျန်းမာရေးကြောင့် ရော အကြောင်းကြောင်းကြောင့်ရောပေါ့.. ချောင်းအရမ်းဆိုးနေတာ.. စိတ်သိပ်ညစ်နေတယ် .. ကိုယ်ခံအားနည်းတော့ အခုတလောအဖြစ်များနေတဲ့ ချောင်းဆိုးရောငါက ၀င်လာတောပေါ့ . ပြီးတော့ ကိုယ့်ကို သိပ်ချစ်လားမသိဘူး လာပြီးကတည်းကနေ ပြန်မသွားတာ ခုထိ သုံးပတ်ကျော်လာပြီ မပျောက်နိုင်သေးဘူး ..
ဆေးခန်းတစ်ခါသွား သုံးထောင် .. သုံးခါသွားတော့ တစ်သောင်းနားကပ်သွားတယ် ..ဒါတောင် ရပ်ကွက်ထဲက ဆေးခန်းပဲသွားရသေးတယ် .. ဆေးခန်းအကြီးစားသာ သွားလိုက်လို့ကတော့မလွယ် ထမင်းပါငတ်မယ့်ကိန်း အိမ်က ပို့တဲ့ပိုက်ဆံက နည်းနည်းလေးရယ် နဲ့ .
အွန်လိုင်းပေါ်တက်ပြီး.. ချက်တာကများနေတယ် .. စာဖတ်တာတို့ ဘလော့ရေးတာတို့ .. မလုပ်ဖြစ်ဘူး လေနေတာ.. မဖြစ်ဘူး စာပြန်ရေးမှဖြစ်တော့မှာ .. ဒီရက်ပိုင်း ပိုအေးလာတယ်.. အေးတော့ချောင်းကပိုဆိုးလာတယ်.. နေရောင်လာရင်တော့ အေးဆေးပဲ အအေးလေး ၀င်လာရင် အဟွတ်အဟွတ်နဲ့ တဂွတ်ဂွတ်ဆိုးနေရတာ.. မလွယ်ပါ..
ချစ်သူနဲ့ အဆင်မပြေသော ကာလအား ခက်ခဲစွာကျော်ဖြတ်ခဲ့ပြီးသကာလ.. အခုတော့.. ပြေလည်သော ကာလမရောက်တရောက်မှာပင် ခွဲခွာရတော့မည်ဖြစ်သည်.. ချစ်သူကြောင့် ရန်ကုန်လာတာ အခုတော့ အိမ်ပြန်ပြီး အလုပ်လုပ်ရတော့မှာ .. ကံဆိုးတာတွေများနေတဲ့ကာလကို ကျော်ဖြတ် ပြီးသကာလ..
မျှော်နေတာကြာပြီဖြစ်သော LAPTOP တစ်လုံးအား ဦးလေးထံမှ မမျှော်လင့်ပဲ ရသည်.. ကွန်ပျုတာကို လက်ထဲရောက်နေတာတောင် မယုံနိုင်သေးဘူး ဖြစ်နေ၏ .. စက်ကင်းဟင်းဆိုပေမယ့် အတော်လတ်သေးသည်.. Dual core 1 GB 160 GB နဲ့ ဆိုတော့ မဆိုးပါ Sony VAIO တံဆိပ်ဖြစ်သည်..
တစ်ကယ်တမ်းကွန်ပျုတာရတော့လည်း ဘာမှမလုပ်ဖြစ်သေး မီးကလည်း မြန်မာနိုင်ငံမှာသိတဲ့အတိုင်း သိပ်မှန်တာဆိုတော့လေ.. အဟီး.. ဆရာတို့ရဲ့ နက်ဆိုင်မှာပဲနေဖြစ်နေသည်.. ဆရာပြည့်စုံရဲ့ သင်တန်းလဲ မတက်ဖြစ်တော့ပါ.. အလုပ်များနေတာရော ကျန်းမာရေး ကြောင့်ရော . ပျက်ရက်များတော့ မသွားရဲတော့ပါ.. အခွင့်အရေးကြီး တစ်ခုအား လက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်.. ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ ခံရတာပဲလေ..
နောက်ရက်တွေ ပို့စ်အသစ်တွေ ထပ်တင်ဖြစ်အောင် လုပ်မှာပါ.. နယ်ပြန်သွားရင်လည်း.. တစ်ပတ်တစ်ခါ တင်ဖြစ်အောင် လုပ်မှာပါ.. အခုတော့ ချောင်းလည်းဆိုးတုန်း အိပ်လည်း ငိုက်တုန်း..
Tuesday, December 29, 2009
Thursday, December 3, 2009
ကျကျမ်း
ဖတ်ရတာ တစ်ကယ်ကို ရယ်ရပြီး ..သိပ်သဘောကျမိပါတယ်.. မိုက်တယ်ဗျ..
ဆရာ အော်ပီကျယ် ရဲ့ ကျကျမ်း
၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။
၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။
၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။ လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး ကုန်ကျစရိတ် မရှိ။
၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။
၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။
၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။
၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။
၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။
၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည် အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။
၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။
၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။
၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။ ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက် ပြင်နိုင်၏။
၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။
၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။
၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။
၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။
၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။
၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။
၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။
၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။
၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။
၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။
၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို ပိုမို မြင်တွေ့နေရလိမ့်မည်။
၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။
၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည် အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း ဖြစ်သည်။
၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို မသိသူများ ဖြစ်သည်။
၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။
၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။
၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။ ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ ထူထောင်ပါ။
၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။
၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။
၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။ ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့် အချိန်မီ ပူးပေါင်းပါ။
၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။
၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို ခက်ခဲခြင်းမှ ကာကွယ်ပါ။
Labels:
joke
Tuesday, November 10, 2009
folderhighlight and wireless key viwer
အရင်တစ်ခါ တင်ဖူးတဲ့ foldermaker လိုပဲ folder တွေကို အရောင်းပြောင်းလို့ရတဲ့ software လေးပါ
download
ပြီတော့ wireless ရတဲ့နေရာမှာ key တွေကို ဒီ software လေး run လိုက်ရုံနဲ့သိနိုင်တဲ့ ဆော့ဝဲလေးပါ
download
download
ပြီတော့ wireless ရတဲ့နေရာမှာ key တွေကို ဒီ software လေး run လိုက်ရုံနဲ့သိနိုင်တဲ့ ဆော့ဝဲလေးပါ
download
Labels:
download
Monday, November 9, 2009
jokes
နားမလည်နိုင်ဘူး
လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။ တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။ ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး တစ်ယောက်ကတွင်းဖို့။
လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။ သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။
ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။
တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။ သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။ တိန်။
ကိုယ့်ကြောင့်
ဘရာဇီး နိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ခရီးသည် တင်လေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပျက်ကျသည် လေယာဉ်ပေါ်တွင်ပါလာသော သက်ရှိအားလုံး အနက် မျောက်တစ်ကောင်သာ အသက်ရှင်ကျန်ရစ်သည်ကို သက်ဆိုင်ရာ လူများကတွေ့ရှိကြ၏။ မျောက်ကို ဆေးရုံပို့၍ ကုသပေးပြီးနောက် ကျန်းမာရေးကောင်းမွန်လာချိန်တွင် မဂဓ ဘာသာစကား နားလည်သူတစ်ဦးက လေယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပါတ်သက် ၍ စစ်ဆေးမေးမြန်း၏။
စစ်ဆေးသူ။ ။ လေယာဉ်ပျံစထွက်တော့ခရီးသည်တွေဘာလုပ်နေတုန်း
မျောက်။ ။ ထိုင်ခုံခါးပတ် တွေပတ်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ခရီးသည်တွေကို တစ်ယောက်ချင်းဆီလိုက်နှုတ်ဆက်တယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးကရော
မျောက်။ ။ ပျံသန်းရေးစနစ်တွေစစ်ဆေးရင်း လေယာဉ်မောင်းတာပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ အိပ်ငိုက်နေတယ်
စစ်ဆေးသူ။ ။ စထွက်ပြီး ၁၀ မိနစ်ကြာတော့ခရီးသည်တွေဘာလုပ်နေကြတုန်း
မျောက်။ ။ လေယာဉ်မယ်တွေကျွေးသမျှစားကြသောက်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကရော
မျောက်။ ။ သူတို့တွေကတော့စားသောက်ရေးဝန်ဆောင်မှုပေးနေတာပေါ့
စစ်ဆေးသူ။ ။ လေယာဉ်မှူးတွေကရော
မျောက်။ ။ မောင်းနေကြတာပဲလေ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ခွါစားလိုက် လွှင့်ပစ်လိုက်
စစ်ဆေးသူ။ ။ နောက်နာရီဝက်ကြာတော့ကော
မျောက်။ ။ အိပ်တဲ့လူကအိပ် စာဖတ်တဲ့လူကဖတ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ မိတ်ကပ်ဘူးတွေလိမ်းတယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မောင်းနေကြတာပဲပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟိုကြည့်ဒီကြည့်ပေါ့နော်
စစ်ဆေးသူ။ ။ လေယာဉ်ပျက်မကျခင်လေးမှာခရီးသည်တွေဘာလုပ်ကြတုန်း
မျောက်။ ။ အကုန်အိပ်နေပီ
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ဘယ်ပျောက်သွားလဲမသိဝူး
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မယ်တွေရဲ့ရင်ခွင်ထဲမှာ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟဲဟဲ ပထမဆုံးအကြိမ် လေယာဉ်မောင်းခြင်းစပြီလေ ... ကွိကွိ
--
copy from www.natthabin.ning.com
ဖိုးကျော်
Labels:
joke
Sunday, November 8, 2009
personal
ဒီရက်ပိုင်းအတွင်း သတိရစိတ်များအား ချိုးနှိမ်လို့.. မဖြစ်သင့်တာတွေကို တတ်နိုင်သလောက် မေ့ပစ်ကာ အသစ်သော ခင်မင်မှုဆီက ကုစားမှုများကို ခံယူ၍ တစ်ချိုးသော စွဲလန်းမှုများကို အစပျိုးနိုင်ခဲ့သည်။
ဒါပေမယ့်လည်း မုန်းစရာ စက်ဆုပ်စရာကောင်းသောကိစ္စများသည် မကြာခဏ ခေါင်းထဲရောက်ရောက်လာသဖြင့် ဆွဲထုတ်ပစ်ရသေးသည် နောင်လည်း ထိုသို့ လုပ်နိုင်လိမ့်မည် သို့မဟုတ် လုံးဝရောက်မလာအောင် တားဆီးထားမည် ဖျောက်ဖျက်ပစ်ရမည်။
နားကျည်းစွာ မေ့ပစ်ဖို့ မာနအား အစွမ်းကုန်အသုံးချရန် တတ်နိုင်သမျှ နေစဉ်လုပ်ဆောင်နေသည်။ မတည်မြဲခြင်းနိယာမကို လက်ခံနိုင်ဖို့လည်း သင်ယူနေရဆဲပင်ဖြစ်သည်။
online bookmark
အင်တာနက်သုံးနေတာ ကြာပြီဆိုပေမယ့် bookmark ကို မသုံးဖြစ်ဘူး ဘယ်လိုသုံးရလဲ နားမလည်ခဲ့ဘူး စမ်းလည်းမစမ်းကြည့်ခဲ့ဖူးပါ..
အခုတော့ Digg ကိုစမ်းသပ်နေတယ် social networking ဆိုက်ဖြစ်တဲ့ facebook ကိုလည်း အကောက်လုပ်ထားတယ်..
facebook ကတော့မဆိုးဘူး bookmark လုပ်ရတာအဆင်ပြေတယ် digg ကိုတော့ သိပ်မသုံးတတ်သေးပါ.. ဖိုတိုရှော့ ကျုတိုရီရယ် ဆိုက်ကောင်းတွေကို တွေ့ထားသော်လည်း ကောင်းကောင်း bookmark မလုပ်ရသေးပါ စာဖတ်သူတွေ ကြိုက်တတ်ရင် ပြန်ရှဲချင်ပါသေးသည်.
ဒါပေမယ့်လည်း မုန်းစရာ စက်ဆုပ်စရာကောင်းသောကိစ္စများသည် မကြာခဏ ခေါင်းထဲရောက်ရောက်လာသဖြင့် ဆွဲထုတ်ပစ်ရသေးသည် နောင်လည်း ထိုသို့ လုပ်နိုင်လိမ့်မည် သို့မဟုတ် လုံးဝရောက်မလာအောင် တားဆီးထားမည် ဖျောက်ဖျက်ပစ်ရမည်။
နားကျည်းစွာ မေ့ပစ်ဖို့ မာနအား အစွမ်းကုန်အသုံးချရန် တတ်နိုင်သမျှ နေစဉ်လုပ်ဆောင်နေသည်။ မတည်မြဲခြင်းနိယာမကို လက်ခံနိုင်ဖို့လည်း သင်ယူနေရဆဲပင်ဖြစ်သည်။
online bookmark
အင်တာနက်သုံးနေတာ ကြာပြီဆိုပေမယ့် bookmark ကို မသုံးဖြစ်ဘူး ဘယ်လိုသုံးရလဲ နားမလည်ခဲ့ဘူး စမ်းလည်းမစမ်းကြည့်ခဲ့ဖူးပါ..
အခုတော့ Digg ကိုစမ်းသပ်နေတယ် social networking ဆိုက်ဖြစ်တဲ့ facebook ကိုလည်း အကောက်လုပ်ထားတယ်..
facebook ကတော့မဆိုးဘူး bookmark လုပ်ရတာအဆင်ပြေတယ် digg ကိုတော့ သိပ်မသုံးတတ်သေးပါ.. ဖိုတိုရှော့ ကျုတိုရီရယ် ဆိုက်ကောင်းတွေကို တွေ့ထားသော်လည်း ကောင်းကောင်း bookmark မလုပ်ရသေးပါ စာဖတ်သူတွေ ကြိုက်တတ်ရင် ပြန်ရှဲချင်ပါသေးသည်.
Thursday, November 5, 2009
FireWire,Firewall,Fireware
ဗဟုသုတအဖြစ်ပေါ့..ကျွန်တော်လည်း ဘလော့မှာမှတ်ထားချင်တာနဲ့ မြန်မာမိသားစု က နုမောင် ရဲ့ ပိုစ်ကို တိုက်ရိုက် ကူယူဖေါ်ပြပေးခြင်းဖြစ်ပါတယ် .
FireWire,Firewall,Fireware ဒီစကားလုံးသုံးလုံးမကြာခဏ မှားတတ်ကြသလို နားလည်မှုလဲ လွဲတတ်ကြတယ်။ တူသလိုလိုနဲ့ ကွဲပါတယ်။
FireWire -
FireWire -
IEEE 1394 သို့မဟုတ် iLink ဆိုတဲ့ စကားလုံးများနဲ့လည်း သုံးကြပါတယ်။ ကွန်ပျူတာသို့ အချက်အလက်များ ပေးပို့ ရာမှာ အလွန်မြန်တဲ့ နှုန်းနဲ့ ပို့ နိုင်တဲ့ တန်းဆက်ကြားခံ ( serial I/O interface ) လို့ ဆိုနိုင်ပါတယ်။ ထုတ်လုပ်တဲ့ ဗားရှင်းပေါ်မူတည်ပြီး 400 MBps, 800 MBps, 3.2 GBps စသည်ပေးပို့ နိုင်ပါသည်။ တစက္ကန့်မှာ စီးဆင်းနိုင်တဲ့ bit အရေအတွက်ဆိုပါတော့ ။ လက်ရှိ အသုံးအများဆုံးသည် 400 MBps IEEE 1394a version ဖြစ်ပါတယ်။ ကွန်ပျူတာများမှာ firewire အတွက် port အပေါက်များ ပါဝင်ပြီး သူ့ရဲ့ တပ်ဆင်တဲ့ ကြိုးဟာ USB ပေါက်နဲ့ အနည်းငယ် တူသယောင်ရှိပါတယ်။
IEEE ဆိုတာကတော့ Institute of Electrical and Electronics Engineers ခေါ် အဖွဲ့ အစည်း ရဲ့ အရှည်ကောက် စာလုံးပါ။ သိပ္ပံပညာရှင်များ ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ကွန်ပျူတာ ထုတ်လုပ်ခြင်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း အတွက် ပစ္စည်းများကို စံတစ်ရပ်အဖြစ် သတ်မှတ်ပေး ခြင်း စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပါတယ်။
Firewall -
အင်တာနက်သုံးတဲ့ အခါ ကွန်ပျူတာနဲ့ အင်တာနက် တို့အကြားမှာ ကြားခံပေးထားတယ်လို့ လည်းဆိုရမှာမှာပါ။ သူ့ပုံစံကတော့ အုတ်တံတိုင်း၊ ( သို့) မဟုတ် မီးတောက် ပုံသဏ္ဍာန် များနဲ့ ဖော်ညွှန်းပါတယ်။ အားလုံးတော်တော်များများသိကြပါတယ်။ Zone Alam အပါအ၀င်တခြား ဖိုင်းယား ဝေါ များကို။
Fireware
Read-Only - Memory (ROM) device မှာပါတဲ့ ဆော့ဖ်ဝဲ သို့မဟုတ် အချက်အလက်များ ဖြစ်ပါတယ်။ Fireware သည် ဟာ့ဒ်ဝဲ နဲ့ ဆော့ဝဲ အကြား ကူးပြောင်း အလုပ်လုပ်ဆောင်ရာမှာ လွယ်ကူစွာ ချိန်ညှိပေးနိုင်တဲ့လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။
ကိုးကား ချက်-ကွန်ပျူတာဂျာနယ်များ (၂၀၀၅-၂၀၀၇)
ကိုးကား ချက်-ကွန်ပျူတာဂျာနယ်များ (၂၀၀၅-၂၀၀၇)
Tuesday, November 3, 2009
Personal
blogging ပိုင်းကို မလုပ်ဖြစ်တာ နည်းနည်းတောင်ကြာသွားပြီ ရေးမယ်ရေးမယ်နဲ့ တစ်လမှာတောင် ပိုစ်သုံးခုလောက်ပဲ တင်ဖြစ်တယ် ဒီကြားထဲလာကြည့်တဲ့ သူတွေကို လည်းအားနာပါတယ် တက်ဂ်ထားတာလည်းမရေးပေးနိုင်သေးဘူး ..
ရန်ကုန်ရောက်ကတည်းက ဘာမှလည်း မယ်မယ်ရရမလုပ်ဖြစ်သေး ဆရာတို့ရဲ့ အင်တာနက်ဆိုင်မှာပဲ လုပ်ကူလိုက် အိပ်လိုက်စားလိုက် အွန်လိုင်း ပေါ်တက်လိုက်နဲ့ နေဖြစ်သည်။
KMD မှာသင်တန်းကို သူငယ်ချင်းနဲ့ network(serverbase) ကို အပ်လိုက်၏ အပ်ပြီးမှ www.kopyaesone.co.cc က ကိုပြည့်စုံဖွင့်တဲ့ သင်တန်း အကြောင်းကို သိလိုက်ရသည် KMD မှာကအပ်ပြီးသွားတော့ ဂွကျသည်. ကိုပြည့်စုံဖွင့်တဲ့သင်တန်းက ပညာဒါန သင်တန်းကြေးက နှစ်သောင်း တည်းနဲ့ ဖွင့်ပေးသည်။ ရသမျှအကုန်တက်ရမှာပဲ..
ဒါနဲ့ အွန်လိုင်းမှာ ကျောင်းအပ်ဖြစ်သွားတည် 7 ရက်နေ့ ဖောင်ဖြန့်မယ်လို့ပြောသည် ပိုက်ဆံမရှိလည်းတက်လို့ရကြောင်းပြောသဖြင့် တစ်ကယ်ကို ပျော်ရသည်။
အခုတလောလေနေတာများပြီး ဘ၀မှာ Goal တစ်ခုပျောက်ဆုံးနေသလိုဖြစ်နေသည် ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့လုပ်ရမည်ဖြစ်သည်။
MCSE ဘာညာစသော သင်တန်းများ ဖြေချင်စိတ်ဖြစ်ပေါ်မိသော်လည်း ကိုယ့်အခြေအနေနဲ့ ကိုယ်မို့ စိတ်လျော့ထားသည်။ အိမ်ကလည်း အချိန် အကန့်အသန့်နဲ့ ရန်ကုန်လွှတ်လိုက်တာဆိုတော့ စိတ်ညစ်စရာကောင်းသည်။ တတ်နိုင်သမျှတော့ အချိန်ဆွဲပြီးနေရမည်။
ပြန်သွားပြီးရင်လည်း မဟာရန်ကုန်မြို့တော်နဲ့ အတော်ကြာအောင်ခွဲရမှာ ပြန်လာဖို့ဆိုတာ တစ်ကယ်မလွယ်တော့ ၊ သံယောဇဉ်ကြိုးတွေကိုလည်း လွန်ဆန်နိုင်အောင်ကြိုးစာ ရမည်။
Monday, October 19, 2009
ရန်ကုန်သို့အပြန်
.. တောင်မှမြောက်သို့ .. မြန်မာနိုင်ငံ ခြေထောက်မှ.. ချက်နားသို့..ကျွန်တော်ပြန်လည်လွင့်မျောလာပါတယ်... အလွမ်းရဲ့ .. ရိုက်ခတ်မှုအား အများဆုံးနဲ့ပေါ့.. .. လူငယ်ဘ၀ရဲ့ မိုက်မဲမှုတွေမျိုးလားတော့မသိဘူး.. ရူးသွပ်စွာ အလိုတူအလိုပါကျုးလွန်ခဲ့ မိပါတယ်..
ဘာပဲဖြစ်ဖြစ်.. နောင်တတော့မရပါ.. ပျော်ရွင်မှုရယ်.. ၀မ်းနည်းမှုရယ်.. ကြေကွဲမှု တွေရယ်နဲ့ ဘိတ်မှ.. ရန်ကုန်..သို့.. ကားနှင့်လာခဲ့ပါတယ်.. ကံတရားကပဲ ဆိုးတာလားတော့မသိဘူး.. ကားက မြိတ်ကအထွက်..သမုတ်ရွာအကျော်လေးမှာပဲ.. ရွံ့နက်ပါလေရော..
ဒီလိုနဲ့ ပုလောမှာထမင်းစားပြီ.. ထားဝယ်ကို ညနေခင်းပိုင်းလေးရောက်ခဲ့တာပေါ့.. ပုလောမြို့မှာ.. လှပတဲ့ ထန်းပင်တစ်ချို့ကို တွေ့လိုက်ရပါတယ်.. စိမ်းလန်းတဲ့ လယ်ကွင်းတစ်ချို့နဲ့ ပခုံးချင်းယှဉ်လျက်ပေါ့..
ဘယ်လိုပဲ ဖြစ်ဖြစ်.. ထားဝယ်မြို့ရဲ့ လှပတဲ့.. ထန်းပင်တန်းတွေကိုတော့.. မမှီပါဘူး.. တစ်ကယ့်ကို လှပတဲ့ ပန်းချီကားတစ်ချပ်ပါပဲ.. ထားဝယ်ရောက် ရင်. ကျွန်တော်အမြဲငှေးရတဲ့ မြင်ကွင်းလေးပါ.. အညာဒေသမရောက်ဖူးတော့.. ဒီကထန်းပင်တန်းက သိပ်လှနေတယ်.. လေ.. အညာမှာလည်း လှတယ် ကြားဖူးတယ်.. အခါအခွင့်သင့်ရင်.. သွားရောက်လည်ပတ်သင့်တဲ့ထားဝယ်မြို့လေးပါ..
ထားဝယ်မှာ ကားရပ်.. တည်းခိုခန်းမှာ.. တစ်ညအိပ်ပြီးတော့.. မနက်ဝေလီဝေလင်းမှာ. ပြန်လည်ထွက်ခွာခဲ့ပြန်တာပေါ့.. မနက်ဝေလီဝေလင်းမှာ. ကျွန်တော့ အာရုံတွေကလည်း ဝေလီဝေလင်းပါပဲ..
ဒီလိုနဲ့ မလွဲတောင်လည်း ချန်ခဲ့.. ရေးမြို့လဲချန်ခဲ့လို့.. မော်လမြိုင်ကို.. ညနေငါးနာရီရောက်ပါတယ်.. .. မော်လမြိုင်မြို့ ရဲ့ ကားလမ်းမကြီးက အတော် ကျယ်တာ.. မော်လမြိုင်ကနေ..ညနေခုနှစ်နာရီခွဲမှ.. ကားထွက်တော့.. ရန်ကုန်ကို. မနက်ခုနှစ်နာရီရောက်ပါတယ်. လမ်းမှာ.ကားပျက်သေးလို့ပါ..
Saturday, October 17, 2009
funny EEEE
ပိုစ်မတင်ဖြစ်တာကြာပါပြီ.. ဒါနဲ့ မေးထဲရောက်လာတဲ့ဒီစာလေး အတော်ရယ်ရတယ်ဗျ.. ပျော်စေချင်လို့ပါ ဖတ်ကြည့်နော်.
အီးဋီကာ
-လူတစ်ယောက်ဟာအီးကို ကုန်အောင်မပေါက်နေ့ဖို့ညစာစုထား
တတ်ရင်အဲဒီလူကိုကပ်စေးနှဲသူလို့ခေါ်တယ်။
-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ
-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ
-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ
-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ
-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ
-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ
-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ
-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ
-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ
-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ
-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး
-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ
-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ
-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ
-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ
-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ
-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ
-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ
- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ
-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ
-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ
-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ
-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ
-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ
-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား
ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။
ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။
မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။ ။
-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ
-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ
-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ
-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ
-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ
-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ
-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ
-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ
-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ
-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ
-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး
-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ
-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ
-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ
-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ
-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ
-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ
-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ
- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ
-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ
-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ
-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ
-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ
-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ
-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား
ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။
ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။
မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။ ။
Labels:
joke
Thursday, October 8, 2009
ဘာတွေမှန်းလဲမသိဘူး
ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို မွန်းကြပ်လွန်းနေတာ..
ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို ၀မ်းနည်းလွန်းနေတာ..
ငါ... ဘယ်လိုတွေဖြစ်နေတာပါလိမ့်..
ရင်ဘတ်ထဲမှာတောင်..
ငါ့ရင်ဘတ်က.. ငိုလို့..
ဘာလို့ ၀မ်းနည်းနေရတာလဲ..
ဘာပဲဖြစ်ဖြစ်..
ထွက်ပေါက်က စာသားတွေ..ပါ
ဖတ်မိတဲ့သူတွေကိုလည်း..
အပူမကူးစေချင်ဘူး..
တစ်ကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး..
ငါကိုက ရူးနေတာပါ..
Subscribe to:
Posts (Atom)