Myeiktharlay

Tuesday, January 27, 2009

mouse

ကွန်ပျူတာမှာ သုံးနေတဲ့ ကြွက်ကောင် mouse က နှစ်လေးဆယ်ပြည့်ပြီတဲ့ဗျ.. သတ္တမနည်းပညာရပ်ဝန်း ကဆောင်းပါကို ဖတ်မှ သိလိုက်ရတယ်ဗျာ


ကျွန်ုပ်
တို့ လုပ်ငန်းခွင် ဆိုင်ရာ အသုံးပြု နေသည့် Mouse ကလေးများ ၏ သမိုင်း အဖြစ် အပျက် အား သိကြ ပါသလား။ ကွန်ပျူတာ လောက တွင် အလွန် အသုံးဝင် သည့် Mouse ဆိုသော Hardware လေး ပေါ်ပေါက် လာသည်မှာ နှစ်ပေါင်း (၄၀) မျှ ကြာမြင့် ခဲ့ပြီ ဖြစ်ပါ သည်။ (၁၉၆၃) ခုနှစ်တွင် ကွန်ပျူတာ နှင့် ထိတွေ့ နိုင်ရေး လွယ်ကူ ချောမွေ့ စေမည့် ရည်ရွယ် ချက်ဖြင့် ကိရိယာ တစ်ခု ကို စတင် စဉ်းစား လာကြ သည်။

အပြည့်အစုံဖတ်ရှုရန်


 

အချစ်


ဘာလဲဗျာ.. အချစ် ..မသိဘူး.. အချစ်ဆိုတာ.. သွားကြားညှပ်နေတဲ့ အသားဖတ်လို ခံစားရတယ်ဗျာ.. လာတဲ့ အချစ် လည်းမကောင်းသလို ရှာတွေ့ တဲ့ အချစ်က လည်း ကောင်းမယ် မထင်ဘူး.. အတော် စိတ်ရှုပ်စရာ ကောင်းတာဗျ.. ကောင်းတာရော .ဆိုးတာရော ရှုပ်ရှက်ခပ်နေတဲ့ ..ဒီအချစ်ဆိုတာ ကြီးကို ကြွပ်ကြွပ်အိတ် နဲ့ ထုတ်ပြီး ရေနဲ့ မျှောလိုက် ချင်တယ် ..

မရှိမကောင်း ရှိမကောင်း ..တဲ့.. မရှိတာကမှ .ကောင်းအုံးမယ် .. ရည်းစားလေး တစ်ယောက်ထားမိပါတယ် ..စိတ်ရှုပ်တယ်ဗျာ... အချိန်တန်ရင် လစ်မယ်ဆို တာသိရက်နဲ့ ပေါ့ပေါ့တန်တန်သဘော မထားပဲ.. ဘာမဆို.. စွဲလန်းတတ်တဲ့ .ကိုယ့်ကိုကိုယ်အပြစ်တင် ရမယ် ..

တော်ပြီ.. လာတာရော ရှာတာရော နားမှကောင်းမယ် ... လာတာရော ရှာတာရော အလုပ်ရှုပ်ပါတယ် .. စိတ်အနှောက်အယှက်များတယ်ဗျ.. အေးအေးနေတာက မှ ဟုတ်တုတ်တုတ် ..

flash ကို အခုတလောစမ်းနေတယ် မလွယ်ဘူးဗျ.. ခက်တယ် .. လေ့လာတုန်း ..

photo errror


ပိုစ့်တွေ တင်တာ နှစ်ခုလုံးဗျာ.. ဓါပုံ တွေပါမလာဘူး.. ကြောင်တောင်တောင်ဖြစ်နေပြီဗျ .ဆောရီးနော်

ကျိုက်ထီူးယိုး 1

1

Monday, January 26, 2009

ကျိုက်ထီးရိုး အမှတ်တရ

ရောက်ရောက်ချင်း.. ရင်ပြင်ပေါ်မှာ အမှတ်တရ အစ်ကိုနှင့်.. သူက ၀ဲဘက်က

Sunday, January 25, 2009

new adress


ကျွန်တော့ ဘလော့ လိပ်စာပြောင်း ပြန်ပြီဗျ.. ဒီတစ်ခါတော့.. အရင် တစ်ခါ chitloonthu.f1.cc လို ကျော်ခွစရာ မလိုပဲ.. CO.CC ဆိုတဲ့ ဒိုမိန်းရသွားလို့.. တစ်ခါတည်း သာ တန်းလာရုံပဲ ..အေးဆေး.. လိပ်စာ အသစ်က ..  www.chitloonthu.co.cc  ပါ ..

သုံးနေကျ အင်တာနက်ဆိုင် က စုတ်လို့လား မသိဘူး.  ဘလောက်ဂါမှာ လုပ်တာ မရဘူး. ၀င်လို့တောင်မရ ဘူးဗျာ .. အဲ.. ပိုက်ဆံ ပိုပေးရတဲ့ ဆိုင်သွားလိုက် တော့လည်း အိုကေသွားတာပဲ..freedom နဲ့ ကျော်ခွပြီးလုပ်လိုက်တာ အိုကေ သွားတယ် ..

အဲတာပဲပေါ့.. ဘယ်အရာ ပဲဖြစ်ဖြစ် ငွေလေး နည်းနည်း ကုန်လိုက်မှ အဆင်ပြေတယ် .. ပေါချောင်ကောင်းလိုက်နေရင် ..သိပ်အဆင်မပြေဘူးဗျ.. ဘလော့ ဘန်နာ တောင်ပြောင်းမလို့ဟာ.. မအားသေးတာနဲ့.. လေ.. ပို့စ် အသစ်တောင် မတင်နိုင်သေး.. ရတဲ့ အချိန်လေး ပြေးရေးရတာ ..

2009 မှာ.. အလုပ်ပြောင်းမလို့ စဉ်းစားထားတယ် ..လခ နည်းပြီး ပညာရရင်လုပ်နိုင်ပါတယ် ဗျာ.. လခလည်းနည်း ..ပညာလည်းမရဘူး ဆိုရင် .. ဒီအလုပ် က စွန့်ခွာသင့်ပြီ ထင်တာပဲ.. စားဖို့သောက်ဖို့ မလွယ်ဘူးဗျ.. တစ်နေ့  တစ်နေ့ လျှာထွက်အောင် ရှာရတယ် ဗျ.. စာသင်ရတာလဲ .တစ်ကယ်လျှာထွက်ချင် တယ် ..

ဆရာလုပ်ရတာ ပျင်းလာပြီဗျာ.. တစ်ခါတစ်လေ စိတ်မရှည်ဘူး.. ဖိုတိုရှော့ လည်းသင်ချင် .. ဘေ့ဇစ်လည်း သင်ချင်.. မလွယ်ဘူး ဆရာ.. ဒီတော့ .. အလုပ် အသစ်ရှာရမည် ..

Wednesday, January 21, 2009

flash animation video


ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ကတော့ မထင်မှတ်ပဲ သူ့ ကိုပါလာရောက် ရိုက်ခတ်လာတာကြောင့် အကျပ်အတည်းနဲ့ စတင် ရင်ဆိုင်နေရပါပြီ . ဘလော့ ရေးခြင်းကိုတောင် ခတ္တ ရပ်နားထားရမလို တောင်ဖြစ်လို့နေပါတယ် … အခြေအနေတွေ မကောင်းပါ .. အခုတလော အတော်စိတ်ရှုပ်စရာကောင်း သည်။

 

Software နဲ့ ပတ်သက်ပြီးတော့  ဆော့ဝဲ ဆိုတာပဲသိသည် portable software ဆိုတာ ဘာမှန်းမသိ.. ဘလော့တွေမှာတော့ တွေ့နေရသည် .. ကြာတော့ မနေနိုင် သူငယ်ချင်းတစ်ယောက် ကိုမေးကြည့်တော့ မှ .. Portable software ဆိုတာ install လုပ်စရာ မလိုပဲ .. double click ခေါက်ပြီး run ရုံနဲ့ သုံးလို့ရတယ် ဆိုတာ သိရတော့ အရမ်းရမ်းကို ခိုက်သွားတယ် ဗျာ..

 

သင်တန်းက စက်တွေက service ဆရာတွေ  deep freeze တင်ထားတော့ ကိုယ်သုံးချင်တာ ဘာမှ ထပ်ထည့်လို့ မရဘူးဖြစ်နေတယ် ..အခုတော့ ..အေးဆေးပဲ.. flash drive ထဲမှာ.. ကိုသုံးချင်တဲ့ ဆော့ဝဲကို portable ဖြစ်တဲ့ ဟာ ရှာပြီး ထည့်ထားလိုက် ..အေးဆေးပဲ .. သူများတွေသိတာကြာပြီထင်ပါရဲ့ သူကတော့ အခုမှ သိတာကြောင့် တုံးတယ်လို့ ပြောရင် ခံရမှာပဲ..

 

အခု excel ဖိုင်တစ်ဖိုင် ရထားတယ် animation video ဖိုင်လေးပါ .. မိုက်တယ် ဗျ.. သိတဲ့လူလည်းရှိမှာပါ … မသိသေးရင် ဒေါင်းပြီး ကြည့်လိုက် ကြပေါ့ ..အပျင်း ပြေလေးပါ .. flash ကနေ virus ဖြစ်သွားပြီး.. ကွန်ပျူတာထဲ ၀င်သောင်းကျန်းတဲ့ flash catroon လေးပါ ..လိုချင်ရင် အောက်ကလင့်မှာဒေါင်းပါ ..


flash animation download

 


 

Sunday, January 18, 2009

sorry


ဘလော့ မှာ စာမရေး ဖြစ်တာ ကြာပြီ .. တစ်ပတ်တောင် ပြည့် တော့မယ်ဗျာ.. လာရောက်ဖတ်ရှုသူတွေ ကိုလည်း အားနာပါတယ် .. ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား နဲ့ မအားဘူး.. ကျိုက်ထီးယိုး ဆံတော်ရှင် ကိုလည်း သွားလိုက်သေးတယ် .. ဒီခရိးအကြောင်းလည်း နည်းနည်း ရေးပါ အုံးမယ် အခုတော့ မရေး သေးဘူး..

ဒီနေ့ မြောက်ဒဂုံ အိမ်ကနေ .. လှည်းတန်း အဆောင် ကို အစ်ကိုနဲ့ တစ်လလောက် လာနေဖို့ ပြောင်းလာတယ် .. သင်တန်းတောင်မသွားဘူး.. လစ်လိုက်တယ်

ဒီရက်ပိုင်း ဘလော့ကို ဘာမှ မရေး ဖြစ်တော့ဘူး. ဂူး၈ဲ အန်နာလိုက်စစ် ကြည့်တော့ တစ်နေ့ကို တစ်ယောက်လောက်ပဲ လာတော့တယ် .. အားငယ်စရာပဲ.. ဆက်လက်ရေးသားနိုင်အောင် ကြိုး စားပါ့မယ်.. အခု ဘာရယ်မဟုတ် ၀င်ရေးလိုက်တာ.. အခုတလောအေးလိုက်တာ ဗျာ..

ပြီးတော့.. co.cc မှာ ဒိုမိန်းလုပ်ပြီး.. ဂူးဂဲ မှာ ပတ်နီရှီး လုပ်တာမ ရသေးဘူး.. ရလို့ကတော့.. ကျော်ခွစရာ မလိုတဲ့ .. ဘလော့ လေး ရပြီပေါ့ဗျာ .. ပျော်ဖို့ကောင်း သွားပြီဗျ..

Ultrasuft နဲ့ ကျော်တာတောင် labal တပ်လို့ မရဘူး ဗျာ.. ဘာမှလဲ လုပ်မရ အယ်ရာတက်နေတယ် ... လယ်ဘယ်လည်း မတပ်ဖြစ်တာ ကြာပြီ .. ပို့စ်တွေပဲရေး ဖြစ်နေတယ် ..

ဒီလောက်ပဲဗျာ.. နောက်ရက်တွေမှာ ဆက်လက်ရေးသားနိုင်အောင် ကြိုးစားပါ့မယ်.. တစ်ချို့ ဘလော့ဂါတွေ စာတွေအများကြီးရေး နိုင်ကြတယ်ဗျာ လေးစားတယ် ..တော်ကြပါတယ်..




Thursday, January 8, 2009

ဘူကနဲ


.. လက်ဖက်သုတ် ကြိုက်တဲ့  သူတွေထဲ မှာ ကျနော်ပါ ပါတယ်.. အလုပ်မှာ ထမင်းစားချိန်ဆိုလည်း .. ဆိုင်က လက်ဖက် ထမင်းပဲ ၀ယ်စားဖြစ်တာ များတယ် ..လက်ဖက်သုတ်စားတိုင်း မစားမဖြစ်က ကြက်သွန်ဖြူ. သူများတွေက ကြက်သွန်ဖြူ ကိုပါးစပ်နံလို့  မကြိုက်ကြပါဘူး.. ကျနော်ကတော့ ကြိုက်တယ် ..

ဘာလို့ ကြိုက်လဲ ဆိုတော့ မသိဘူးဗျ.. ကြက်သွန်ဖြူ စားရင် . (ကန့်တော့ ).. လေကောင်းတယ်ဗျ.. လေတော်တော် လည်တာ သိသာတယ် .. လေလည်တော့ ဘာဖြစ်လဲ .. လေလည်တော့ ကျန်းမာရေး ကောင်းတယ်ဗျ.. လေမလည်ဘဲ ကြာရင် ဗိုက်အောင့် ပြီး .. စူးကနဲစူးကနဲ့ ခံရတတ်တယ်ဗျ.. ကိုယ့်တွေ့  ပဲ..

 ကြက် သွန်ဖြူ စားလိုက်လို့ကတော့.. ဘူကနဲပဲဗျ.. အဟဲ.. မနောက်ဘူးဗျ... မယုံရင် စားကြည့်.. တစ်နေ့ ထမင်းစားတိုင်း လေးငါး ဥလောက်တော့ စားသင့်တယ်ဗျ.. ကျန်းမာရေး အတွက်ပေါ့ ... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်.. တစ်နေ့လောက် ကြက်သွန်ဖြူစား ခြင်းဖြင့် ရနိုင်သေား အကျိုးများ ဆိုပြီး ရေး မလို့ စဉ်းစားထားတယ် ..

မနေ့  က .. ရပ်ကွက်ထဲက စာအုပ်ဆိုင် ကနေ .. wellness ကျန်းမာရေး မက်ဂဇင်း ငှား ဖတ်တယ် .. ပိတ်ရက်ဆိုတော့ အေးအေး ဆေးဆေး ဖတ် မလို့ ပေါ့  ဒီ လို ကျန်းမာရေး စာတွေ ဖတ်ရတာ အကျိုးရှိတယ်လို့ ထင်ပါတယ် .. ရှိလည်း ရှိပါတယ် ..

ဒါပေမယ့် အဲလိုစာတွေ ဖတ်တော့ .. ဘယ်ရောဂါက ဘယ်လိုရှိတယ် .. ဘာက မစားသင့်ဘူး.. ဘာက စားသင့်တယ် ဆိုတာ သိလာတော့ အစားအသောက် နဲ့ ပတ်သက်ရင် ရွေးရခက်လာတယ်ဗျ.. အရင်ကလည်း စားနေတာပဲ.. ဒီစာဖတ်လိုက်မှ ဟိုဟာမကောင်းဘူး.. ဒီဟာ မကောင်းဘူးဆိုပြီး သိသွားတော့ စားရမှာ တွန့်လာတယ် ..

ဒီစာ အုပ်က ဆောင်းပါးတစ်ခု ကိုဖတ်လိုက်ရတယ် .. အီကြာကွေး ကို ရှောင်သင့်တယ် တဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ အီကြာကွေးဟာ ဂျုံ နဲ့လုပ် တာမို့လို့ ပြသနာ မရှိပေမယ့်  .. သူ့ ကို ကြော်တဲ့ ဆီက ရှော့ ရှိနေတယ် တဲ့ .. ဟုတ်တယ်ဗျ.. သူတို့  က ဆီ အများကြီးကို  .. ထပ်တလဲလဲ သုံးတာပဲဗျ... နောက်ဆုံး.. အရမ်းမဲလာပြီး.. သုံးမရတော့ မှ.. အသစ်လဲတာလေ..

ခဏ ခဏ ကြော်လို့ တူးခြစ်နေတဲ့ ဆီနဲ့ကြော်တဲ့ အီကြာကွေးကို စားရင် ရောဂါတွေကို လာပါလာပါ လုပ်သလို ဖြစ်နေတတ်တယ်တဲ့ .. ဟုတ်တော့ ဟုတ်သား ဗျ.. လူမှန်းသိကတည်း က . စားလာတဲ့ အီကြာကွေး. ဒီစာဖတ်မိမှ .. စားရမှာ တွန့်ချင်လာတယ် ဗျာ..

ဆောင်းပါး လိုလို ၀တ်ထုလိုလို တစ်ပုဒ်ကလဲ ..ဖတ်လို့ကောင်းတယ် ဗျာ.. စာရေးဆရာတော့ မမှတ်မိတော့ဘူး..  သူက ရေးထားတာက သူ့ သူငယ်ချင်းဆရာ ၀န်တွေ အကြောင်းဗျ.. ဆရာဝန်ဖြစ်ပြီး.. ဆေးလိပ် အရက် အစား ကြူး ကြတဲ့ အကြောင်း ရယ် သူကိုယ်တိုင်က စာပေထဲမှာ မျောနေတဲ့ အကြောင်း ရေးထားတာ ... ကောင်းတယ်ဗျာ..ဒါ အကြိုက်ဆုံးပဲ.. စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ် ...ဇန်န၀ါရီလထုတ် 2009 wellness ပါ ...

ဒီတစ်ပတ်သောကြာ ကတော့ .. အင်တာနက် သုံးဖြစ်ပါတယ် ..၇တော့ ရလိုက်တယ် .. ဖိုတိုရှော့ ဆိုက်လေးတွေ .. ဟိုရှာဒီရှာပေါ့ဗျာ... ဘာမှတော့ ထူးထူး  ခြား ခြား မရပါဘူး.. ဖိုတိုရှော့ ကျူတိုရီရယ် ဆိုက်အချို့တော့ ရလိုက်တယ် ..  ဆိုက်တွေက များတယ်ဗျ... ကျနော်က ဂူးဂဲ .. ၀က်ပ် ကနေ မရှာပဲ
အက်မေ့ခ်ျ ကနေ ရှာတယ် .. အသစ်လေးတွေ ရတာပေါ့..

ဒီလောက်ပဲဗျာ... တော်ပြီ.. ဗိုက်ဆာတယ် ဗျ..  သားကောင်တော့ မဖမ်းတော့ဘူး .. အာရုံနောက်တယ် ဗျာ...

 

Tuesday, January 6, 2009

5.1.09 တနင်းလာ PM


ကောင်မလေး က မုန့်တီကို ဖူးကနဲ မှုတ်ကာသောက်သည် ။
.. ရွတ် ..
.. နင့်ကို ငါ ပြောမှ ရမယ်ဟာ  သိလား ..
.. ဒီဆိုင်က မုန့်တီကောင်းတယ် ဟ ..
.. ငါမပြောရရင် မနေနိုင်တော့ဘူး ..
.. ရှလွတ်  ကောင်းလိုက်တာ ..

.. ဟာ နင်ကလဲ ..ဒီက အကောင်းပြောမလို့ဟာ ..
.. အေး ပြော ..

 သိရဲ့ သားနဲ့ မသိသလို ပဲများက ..ခပ်နွဲ့  နွဲ့ မေးသည် ။ တောက် နားရွက်ဆွဲလိုက်ရ ။

.. ငါ အခွင့် အရေး ရှိသေးတယ် ဟုတ်လား ..
.. နင်ကလဲ ဟာ...ငါ့ မှာ ရည်းစား ရှိတယ် ဟ ..
.. ရှိရှိဟာ နင့်ကို ငါပြောမယ်နော် ..
.. မပြောနဲ့တော့ ဟာ.. ဘယ်တော့မှ မပြောနဲ့တော့..
.. ပြောမှာပဲ ..သတ်ရင်သတ်လိုက် ..
.. ငါက အစွဲအလမ်းကြီးတယ် ဟ တစ်ယောက်ဆို တစ်ယောက်ပဲ ..
.. အေး ငါရောပဲ ..

ကောင်မလေး ကမျက်စောင်းထိုးသည်။ သူနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ဟိုဖက်အနည်းငယ်လှည့် ပြီးမှ ထိုးသည်.. ဒါမှစောင်းမှာကိုး။ ပြန်ထိုးလို့လည်း မဖြစ် ။ ဒါနဲ့ သူမျက်စောင်းအထိုးခံလိုက်ရသည် ။

.. နင့် ဟာနင် ဘဲ ရှိရှိဟာ မသိဘူး အဟဲ..
.. ဟာ ဒုတ်ခပဲ နင်ကတော့ ..
.. မသိဘူးဟာ..
.. ငါသူ့ကို ချစ်တယ် ဟ ..
.. ငါလည်း နင့်ကို ချစ်တယ် ဟ ဟဲဟဲ..

မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတာ အပိုးသတ် မရ ။ လမ်းဘေးက မုန့်တီဆိုင်မှာ ရည်းစား စကားပြောရတာ နည်းနည်းတော့ မကောင်း တစ်မျိုးပဲဟာခံစားရ သည်။ လမ်းလည်က မုန့်တီဆိုင် မှာ ပြောရင် ပိုကောင်းမလားမသိ။

.. နင်က သူငယ်ချင်းလိုဆို ခင်ဖို့ ကောင်းပါတယ် ..
.. ဟာ.. ရဘူးဟာ..


..