Myeiktharlay

Thursday, April 30, 2009

ကျွန်တော်နှင့် ၀က်တုတ်ကွေး


 ဂျာနယ် မဂ္ဂဇင်း ဖတ်လိုက်တာ.. ဘာတဲ့ ၀က်တုတ်ကွေး ဆိုပါလား.. ကြက်တောင်ကောင်းကောင်း မသွားသေးဘူး.. ၀က်လာလာပြန်ပြီး.. လူတွေ သေကြပြန်ပြီ .. လန့်စရာအတော် ကောင်း၏ ..

ကျွန်တော် တစ်ခုတွေး မိသည် .. လူဖြစ်ပြီး.. လူတွေဖြစ်သော ရောဂါနှင့် မသေရဘဲ. .. တရိစ္ဆာန်ဖြစ်တဲ့ ရောဂါနဲ့ သေရတာ လောက် အောက်သက်သက် နိုင်ပြီး .. ဂွတီးဂွကျ .. ကြိတ်နိုင်ခဲမရ ..ဖြစ်ရတာ မရှိဟုထင်သည်။ ..

လူဖြစ်ပြီး.. လူရောဂါနှင့်ပင်သေချင် သည် .. ၀က်တုတ်ကွေး .. ကြက်တုတ်ကွေး...ငှက်ဖျား .စတဲ့.. တရိစ္ဆာန်ဖြစ်တဲ့ ရောဂါနဲ့ မသေချင်ပါ..

Sunday, April 19, 2009

ကောင်မလေး..သို့

 
ကောင်မလေး သို့ ..
 
အနံ့သာထွက်မယ်ဆို
အလွမ်းက မွှေးရနံ့တွေထွက်လို့ 
တစ်လောကလုံး မွှေးကြိုင်နေမှဖြင့် ခက်တော့မည် ...
 
အရသာ ရှိမယ်ဆိုလည်း
ငါ့အလွမ်းကို လျှာနဲ့ လျက်ကြလိမ့်မယ် ကောင်မလေးရေ ..
 
မင်းကြောင့်ထွက်လာတဲ့
နူးညံ့အလွမ်းတွေကို  ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ ..
 
တယုတယ ပိုက်ထွေး
ကောင်းကင်နဘေး
 ရေကန်လေးထဲမှာမြုပ်ထားလိုက်တော့မယ် ..
 
.......................................................ချစ်လွန်းသူ........
 
 
 
 
   

အပိုင်းအစ

 
 သင်္ကြန်ကတော့ .. ပူပြင်းစွာပြီးဆုံးသွားခဲ့ပါပြီ .. အင်တာနက်လိုင်းတွေလည်း .. အခုပြန်ကောင်းလာပါပြီ ... ဒါပေမယ့် .. သူအားနည်းနေဆဲပါ .. ရင်ခုန်လှိုက်မောစွာ .. သဘာဝ ကျကျ .. ခံစားမှုများ.. တစ်ချို့တစ်ဝက်တော့ အိမ်ရှေ့ လမ်းက ဖြတ်လျှောက်သွားကြပါ တယ် ။ မြန်မာသက္ကရာဇ် အသစ်ပြောင်းပေမယ့် ...ငါ့စိတ်ကတော့ .. အဟောင်းနဲ့ပါပဲ . .. လမ်းထဲကကုန်စုံဆိုင်မှာ ..အကြွေးဟောင်းတောင်ခုထိ မဆပ်နိုင်သေး ပါ။
 
လူတစ်ချို့နှင့် ဆက်ဆံရေး မပြေလည် .. လူတစ်ချို့ကြောင့် စိတ်ညစ် ..လူတစ်ချို့ကြောင့် ပျော်ရွင် .. သူများ ကို ဒုက္ခပေးနိုင်တဲ့ လူစရင်းမှာ ..သူလည်းအပါအ၀င်တစ်ယောက် ဖြစ်နေတာတောင်မှ ပေါ့.. ရူးကြောင်ကြောင်ဒသနတွေ .. အိပ်ကပ်ထဲက ခုန်ထွက် .. ဟိုစာအုပ်ထဲကလို .. ဇိကုပ်ပြီး နတ်ပြည်မပို့ပါနဲ့ .. ယားတတ်လို့ပါ .. ကိုယ့်ဟာကိုယ်သွားပါရစေ .
 
သေချင်လို့ အဆိပ်သောက်ပါတယ် ဆိုမှ .. သောက်မိတဲ့ အဆိပ်က .. အိတ်စပိုင်ယာ ဖြစ်လို့ ..မသေလိုက်ရဘူး.. အနမ်းတွေ ရက်လွန်သွား .. အထီးကျန်မှုက  .. အရိပ်လို ကပ်ညှိနေ၏ တစ်နေ့တော့ .. ခွာချနိုင်ကောင်းပါရဲ့ .. အားဆေးတွေသောက်နေရသဖြင့် ... အားများတိုးလာကြောင်း သက်သေအခိုင်အမာမတွေ့ရှိရပါ ..
 
ပူပြင်းတဲ့ နွေမှာ .. အေးမြတဲ့ လေပြေညင်းသာမတိုက်ရင် ..ငါ့ ဘ၀မတွေးဝံ့စရာပါ .. ပူလောင်အိုက်စပ် ခြောက်ကပ်ကပ်နွေရသီကို ..ငါတစ်ယောက်တည်းဖြတ်သန်း ခွင့် မပြုနိုင်ဘူး ..မိုးရာသီကို .. ဒရွတ်တိုက်ဆွဲခေါ်ဖို့ .. ငါဒီညခရီးထွက်ရမယ် ..

Friday, March 20, 2009

March 20


အကြောင်း အမျိုးမျိုးကြောင့် ..ဘာကြောင့် ညာကြောင့် .. ဘာညာကွိကွ ..ကြောင့် .. ဘလော့ ..မှာ စာမရေး နိုင်တာ အတော်ကြာနေပြီဖြစ်၏ .

အခုတလော ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပြီး .. လူများသေကြေကြကြောင်း သိရ၍ .. ကားစီး ရမှာ ပင် တွန့်နေ၏ ..

နာမည်ကြီး လက်ဖက်များလည်း ..အော်ရာမင်း စီဆိုလား ဘာဆိုလား ဆိုးဆေး တစ်မျိုးပါ သောကြောင့်  နာမည်ကြီး လက်ဖက်   တံဆိပ်များ အပါအ၀င် .. တော်တော် များများ .. အပိတ်ခံလိုက်ရ၏ .

သိရသလောက်ကတော့ ..အရီးတောင်း .. ပင်ပျိုရွက်နု .. စသဖြင့် အတော်များများ ဆိုးဆေးပါကြောင်း .. ကျန်းမာရေး ၀န်ကြီးဌာနက .. မတ်လ 12 ရက်နေ့ ထုတ် သတင်းစာတွင် အတိတလင်း ဖော်ပြထား ကြောင်း တွေရသည်။နာမည်ကြီး ယုဇန လက်ဖက် တစ်ဆိပ် တစ်ခုသာ လွတ်ကြောင်းတွေရ၏ ..

မန်ယူ အသင်း လီဗာပူးကို 4-1 ဖြင့် ပက်ပက်စက်စက်ရှုံး ၏ . စိတ်မကောင်းပါ ..ဒီတစ်ပတ်တော့ ..နိုင်နိုင်လောက်ပါရဲ့ ဟုတွေးမိပြန်သည်။

ပို့စ်တင်ရန် ပေါက်တတ်ကရ အတွေးများ မကြာခဏ တွေးမိသော်လည်း.. ရေးမှတ်ထားခြင်း မရှိသောကြောင့်.. မေ့ကုန်၏ ..

ဒီဇိုင်းဆွဲရန် ..စဉ်းစားရခြင်း.. အခန်းထဲအောင်းကာ တစ်နေကုန် အလုပ်လုပ်ရသောကြောင့် .. ဓါတ်ချုပ် ခြင်း ။ ခေါင်းပူခြင်း ။ ဇက်ကြောတက်ခြင်း ၊ ပျင်းရိခြင်း ၊ စသော ခံစားချက်များ ..စုပြုံခံစား ရရုံမျှမက

အလုပ်တစ်ခုလုပ်ရာတွင် ပေါ့ဆ၍ မရကြောင်း စေ့စပ်သေချာရန် များစွာ လိုအပ်ကြောင်းတို့ကို လည်း သင်ယူရလျှက်ရှိသည်။

နဂိုက အပျင်းထူ၍ လုံ့ မရှိသော ပေါ့ပေါ့ ဆဆနေတတ်သော . သူသည် ..များစွာဒုက္ခ ရောက်လျက် ရှိသည် ..သိုသော် လည်း .. အနာဂတ်အတွက် .. အရည်အချင်းတိုးတက်ရာ တိုးတက် ကြောင်း ..

ငွေပေး ၀ယ်မရသော လုပ်ငန်ခွင်အတွေ့ အကြုံများ.. ကိုအချိန်ရယ် . စိတ်ရယ် ပေးဆပ်က များစွာ သင်ယူရအုံးမည် ဖြစ်သည်။





Monday, March 9, 2009

ကျွန်တော် နှင့် စာပေ


 စာအုပ်စာပေလူမိတ်ဆွေတဲ့ .. မိတ်ဆွေ ဟုတ်ဟုတ် မဟုတ်ဟုတ် .. စာအုပ်ဖတ်တာကိုတော့ ကြိုက်နှစ်သက်ပါတယ်.. အပန်းပြေသလို .. အသိပညာလည်း တိုးတာကိုး .. ဖျော်ဖြေရေး အနေနဲ့
လည်း ..အသုံး ပြု နိုင်ပါသေးသည် .. အပျော်ဖတ်စာပေ တွေ ကို ဖတ်ရင်းပေါ့ .. ဥပမာ .အချစ်ဝတ္ထု ... သိုင်းဝတ္ထု လိုဟာမျိုး .. ဟာသ ၀တ္ထုတွေလို ဟာမျိုးတွေပါ ..

ကျွန်တော်ကတော့ .. အကုန်ဖတ်၏ ..  နောက်ပိုင်းတော့ .. အသိပညာ ဗဟုသုတ .. ရမယ့်ဟာမျိုးတွေ ကို ပိုပြီးတော့ ရွေးချယ် ဖတ်ရှုဖြစ်ပါတယ် .. ကိုယ့်အတွက် ဆန်းသစ်တဲ့ အတွေး အခေါ်တွေ ပေးနိုင်မယ် ဆိုရင်ပေါ့လေ .. ဖတ်နေကျကတော့ ..တာရာမင်းဝေ .. မင်သိင်္ခပေါ့ ..


magazine တွေကျတော့ ကောင်းတာတွေ ရှားသည် .. အခုခေတ်က .ကွာလတီ magazine ပေါလာသည် ကြော်ငြာ သာများပြီး .. ဖတ်စရာ ဘာမှ မရှိ .. လေးတာသာ အဖတ်တင်သည်။ ဖတ်လို့ လည်းဘာမှမရ .. ကြော်ငြာ magazine သာဖြစ်နေ သည်။ ရုပ်ရှင်တေး ကဗျာ magazine ဆိုရင် .. စာအုပ်ထဲ မှာ . ကဗျာဆရာများ . ဖိုက်တင် အမြဲပလေး နေကြသည် ။ စာဖတ်သူ က သူတို့ ရဲ့ ရန်ပွဲများ ကို ပိုက်ဆံပေး ဌားဖတ်နေကြရ၏

စာဖတ်သူအတွက် အကျိုးရှိမယ့် စာများ ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်းလဲ မသိ။ သူများတွေတော့ မသိ .ကျွန်တော် ကြိုက်သော ဖတ်ချင်သော စာပေများကား ရှားပါနေပါသည်။ အခုလို ရေးချင်တာ ရေးသည်အတွက် .. စာကို အသားကုန် ဖတ်သည်ဟု မထင်ပါနှင့် . တစ်ခါတစ်လေပါ ...

ကဗျာများလည်း ရှားပါးသည် .. တစ်ချို့ magazine များတွင် ကဗျာပါသော်လည်း .. မော်ဒန်ကဗျာ များသာဖြစ်ပြီး .. နားမလည် ပါ .. တစ်ချို့ မော်ဒန်ကဗျာများ သည် ရိုးရှင်းပြီး .. ဖတ်လို့ အလွန်ကောင်းပါသည် .. တစ်ချို့ မော်ဒန်ကဗျာ များသည် ကား ..ကဗျာဆရာကိုယ်တိုင်ပင် .. အပြည့် အ၀ နားလည် နိုင်မည် မထင်ပါ ။

အချုပ်ဆိုရသော် .. ကဗျာ magazine စသော စာပေလောကတွင်ကား .. စာပေ အရည်အသွေး ကောင်း သည်များ..လျော့နည်း လာပြီး ..အပျော်ဖတ် စာပေများ များလာသည်ဟု ထင်မိကြောင်း ပြောချင်ပါသည် ။

အစ်ကို တစ်ယောက်ထားသွား ခဲ့ သော သဘောင်္သား .ကိုအန်န၀ါ ရဲ့ ပင်လယ်ပျော် ကြီးဆိုသည် စာအုပ်မှာ အစက ပျင်းသောကြောင့် ဖတ်သော် လည်း နောင်သော် လက်က မချနိုင်အောင် ကောင်းလွန်း လှ၏ သဘောင်္သားတစ်ယောက် ရဲ့ ဘ၀ကို ပီပီပြင်ပြင် တွေ့ မြင်ရပြီး . ဗဟုသုတ များစွာရပါသည်။ ဖတ်လိုက ..အခုပင် ၀ယ်ဖတ်လိုက်ပါ ..ဟု လက်တို့ ညွန်းချင်ပါသည်။

စာအုပ်စာပေ ..လူမိတ်ဆွေ ..စာမဖတ်သောသူသည် ကား.. အသိပညာ မဲ့ အံ့ .. သို့သော်လည်း .. စာအုပ်သည် လူကပင်ရေးတာ ဖြစ်သောကြောင့် စာအုပ်ထဲက အတိုင်း အကုန်မှန်သည် ဟု မယူဆကြပဲ.. လက်တွေ့ ကြုံရသမျှ .. ချင့်ချိန် ကျင့်သုံး ပါက.. ဘ၀တွင် အကျိုးရှိနိုင်ကြောင်း.. ပြောကြားလိုပါသည်။


Saturday, March 7, 2009

Super Sunday


အရင်က Super Friday သောကြာနေ့  အလုပ်အားလပ်ရက် ..အခုတော့ Super Sunday တနင်္ဂနွေနေ့ အားလပ်ရက်ပေါ့ .. နားရက်လဲ သိပ်တော့ မနားရပါဘူး
လုပ်စရာ ရှိတာ လုပ်နေရသေးတယ် ။ အ၀တ်လျှော် အင်တာနက်ကြည့် ။ စနေတနင်္ဂနွေဆိုတော့ လည်း ဘောလုံးပွဲ ကြည့်လို့ အဆင်ပြေသည် ။

အလုပ် လုပ်ရတာ သိပ်တော့ မလွယ် ဒီဇိုင်နာ လုပ်လည်း မလွယ်ပါ ။ ဘာအလုပ်မှ မလွယ်ပါဘူး..ဆွဲရမယ့် ဟာက များလွန်း လို့ .. စဉ်းစား ရတာနဲ့တင် ရူးချင်လာ တယ် ။ တစ်နေ့တစ်နေ့ ကွန်ပျူတာ ရှေ့  မှာ ထိုင်နေရတဲ့ အချိန်တွေ သိပ်များတော့ .ဇက်ကြောတွေလဲ တက်.. ခေါင်းတွေပူ .. တစ်နေကုန် အခန်းထဲ အောင်းနေရတော့ ပျင်းသလိုလို ။

အလုပ်မှာလည်း .. ယောက်ကျားကနည်း မိန်းမကများများ . ..အလုပ်ရှင်သဌေးကလည်း ဒေါသ ကြီး ..ကျွတ်ကျွတ် .. ၀န်ထမ်းများ အကုန်သဘောကောင်း သည်။ မြို့ ထဲမှာလို မဟုတ်ပဲ.. ထမင်းစားရတာ ပိုစရိတ်ကြီး လာသည်။

လခလည်း အရင်အလုပ်လို ကြိုထုတ်ခွင့် မရတော့ .. မလွယ်ကြောပါ။ အချိန်.. မအားတာကြောင့် ဘလော့ လည်း တစ်ပတ်မှ တစ်ခါ ပဲရေး ဖြစ်မည် ဖြစ်သည်။

လူတိုင်း သည် ကိုယ့် အကြောင်းထက် ဘယ်သူ့ အကြောင်းမှ သိပ်စိတ်မ၀င်စားတတ်ကြ .. သူရေး သော ဘလော့သည် ပင် သူအကြောင်းနဲ့ ပြည့်နှက်နေသည်။ ဒါကို ပင်လာရောက် ဖတ်ရှုသူများ ရှိနေသဖြင့် ၀မ်းသာပီတိ ဖြစ်နေမိသည်။

Sunday, March 1, 2009

diary


27.2.09 မှာတော့ အဆောင်ကနေ အိမ်ကို ပြန်ပြောင်းဖြစ် သွား သည် ... တစ်ယောက်တည်း နေထိုင်ရသော ဘ၀ကို ပယ်ပယ် နယ်နယ် ခံစားပြီး နောက် မှာတော့ .. မလွယ်ကူကြောင်း သူသိလိုက်ရ သည်။

အလုပ်သစ်ကို စနေနေ့  က စတင်ဆင်းသည် .. အလုပ်ဟောင်းရယ် ..ဆူးလေက စားနေကြ ပြောင်စိန် မုန့် ဟင်းခါး ကို လက်လွှတ်လိုက်ရ ပြီဖြစ်၏

ဘလော့ ပိုစ့် လည်း မရေး ဖြစ်တာ တစ်ပတ်လောက်ကြား သွားပြီဖြစ်သည်။

မနေ့  က ပို့ စ်တင်မလို့ ရှိသေးတယ် .. မတွေ့  တာ ကြာပြီဖြစ်တဲ့.. အွန်လိုင်းက. ရှားပါ ..ကောင်မလေး တစ်ယောက် နဲ့ စကားပြော ဖြစ်လိုက်လို့ .. မရေးလိုက်ရဘူး.. ပျော်စရာတော့ ကောင်း၏





Monday, February 23, 2009

အလုပ် ရရှိခြင်း


 ငွေပေး ၀ယ်မရ သော အတွေ့   အကြုံများ .. သည် အရေးပါ ကြောင်း .. အခွင့် အလမ်း ဂျာနယ် ကို  ဖတ်  လိုက်မှ ပိုသိရ သည် ..  ဘာလုပ် လုပ် အတွေ့ အကြုံ တစ်နှစ် အနည်းဆုံး ရှိရမည် ဟု အလုပ် ခေါ်ကြော်ငြာ များတွင် သူတွေ့ လိုက်ရ သည် ။

အလုပ် ရှာပေး သည့် အေဂျင်စီတွေက လည်း မှိုလို ပေါက်လာ ကြ၏ တစ်ချို့   က အင်တာဗျုး ကြေး ပေးရ သည်။ ဒီတင်မက အင် တာဗျုး မ၀င် ခင်ပင် လစာ ၏ တစ်ဆယ်ရာခိုင် နှုန်း ခန့် ပေး ရမည် ဟုဆိုသော အေဂျင်စီ နှင့် သူကြုံတွေ့  ခဲ့ ရသော ကြောင့် စီဗီ ပင် မတင်ခဲ့ ပေ ။ တစ်ချို့  အေ ဂျင်စီတွေ ကြတော့ လည်း စီ ဗီ ဖိုးသာ ပေးရ သည်။ အင်တာဗျုး ကြေးပေးစရာမလို ။

သူကတော့ ဘယ်အလုပ်မှ သိပ်မလျှောက်ရဲ ပါ ။ သူ့ တွင် လုပ်ငန်း အတွေ့  အကြုံ မရှိ.. စာသင်သော အတွေ့   အကြုံသာ ရှိသည် ။

အခုတော့  အလုပ်ရပြီ ဖြစ် သည်။ အလုပ်ဟောင်းထက် ..လစာ များ သည် ။ အတွေ့  အကြုံ လည်း ရမည်ဆိုသ ဖြင့် မလုပ်နိုင်စရာ မရှိ ။ ဘယ်လို အခက်အခဲ မျိုး နဲ့ တွေ့  ကြုံ ရအုံး မည်ဟု မပြောတတ် ။ အတထိတ်ထိတ်နဲ့ .. စိမ်ခေါ်မှုများအား  မျှော်လင့်နေမိသည် ။




Tuesday, February 17, 2009

snow


ဒီ software လေး ကို run လိုက်ရင် .. desktop ကို နှင်းတွေ အရမ်းကျလာပါတယ် .. စက်လည်း မလေးပဲ..တော်တော်လေး မိုက်တယ် ဗျ ..မရှိသေးတဲ့ လူတွေ .. လိုချင်ရင် ဒေါင်းသွားကြပါ ..

 download snow




Saturday, February 14, 2009

အတွေး ..


 တစ်ချို့ သော အကြောင်း အရာ ကိစ္စများ သည် အပြင်ပန်း ကြည့် ရုံမရ တစ်ခဏ ကြည့် ရုံ မရ .. သေသေချာချာ လေ့လာမှ သာလျှင် အကြောင်းအရာ အမှန် ကို သိနိုင်ကြောင်း လက်ဖက်ရည် ဆိုင် နှစ်ဆိုင် နှင့် ပတ်သက်ပြီး သူသိရှိလာရ သည် ။

ကားမှတ်တိုင် အနီးတွင် လက်ဖက်ရည်ဆိုင် နှစ်ဆိုင် ရှိ သည် ။ သူက ဒီ နယ်မြေ က လက်ဖက်ရည်ဆိုင် အကြောင်း အသေသေချာချာ မသိ .. အကဲ ခေတ်ရ  သလောက်တော့ . မှတ်တိုင်နဲ့ နီးသော ဆိုင် က .. ကောင်းမယ့်  ပုံ မပေါ် .. အီကြာကွေးတွေက .. နည်းနည်း ညံ့ မယ်ပုံ ပေါ်၏ ..

နောက်တစ်ဆိုင်ကတော့ မှတ် တိုင်နဲ့ နည်းနည်း လှမ်း သည် .. သို့ သော် အီကြာကွေးက လတ်လတ် ဆတ်ဆတ်ပင် ကြော်နေသည် ..ဂျီတီစီ ကျောင်းသား တစ်ချို့ ထိုင်နေသည် ကို မြင်ရသည်။

သူကတော့ ပထမ မှတ်တိုင်နဲ့   နီးတဲ့ ဆိုင်ပဲ အရင် ၀င်ဖြစ် သည် .. စားစရာ အတော်လေးကို စုံစုံလင်လင်ရ ၏ မဆိုးဘူး ဟု သုံးသတ်လိုက်သည် ။ နောက်နေ့ ကျတော့ နောက်တစ်ဆိုင် ကို သွားထိုင် ဖြစ်သည် ။

ကောင်းမယ်ထင်ထားတဲ့ ဆိုင် က .. လူဝင်လာတာတောင် ဂရုမစိုက် .. သူကလည်း ဗိုက် အသားကုန် ဆာနေသည် .. ၀င်ထိုင်တော့ ဘယ်သူမှလည်း လာမမေး .. ဟိုဟို ဒီဒီ ကြည့် လည်း .. မသိသလို ပဲ သူ့ ကို ဂရုတောင် မစိုက်ကြ ဒါနဲ့ စိတ်ဆိုး ပြီး ထတွက်လာ ခဲ့ သည် ။

အထင်နဲ့ အမြင် လွဲခဲ့ ကြောင်းပါ.. အဲလို ဆိုင်မျိုးတွေ မကြာခဏ တွေ့ ဖူးသည် .. လူတစ် ယောက် ၀င်လာ ရင် ဂရုတောင် မစိုက် .. မှာချင် ရင် စားပွဲထိုးကို လိုက်ဖမ်းနေရ တဲ့ ဆိုင်မျိုးတွေ သူ မကြာခဏ ကြုံ ဖူးသည် ။ အဲလိုမျိုး လုံး ၀ မဖြစ်သင့်ပါ ..ဖောက် သည် တစ်ယောက် ဆုံးရှုံး သွားကြောင်းကို သူတို့ သတိထားမိကြ မှာ မဟုတ် ... နောက်ထပ်လည်း အများကြီးဆုံး ရှုံးနိုင်သည် ။

လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရာမှာလည်း .. တစ်ချို့ လူများ မှာ အပြင်ပန်း အပေါက်ဆိုးမယ့် ပုံပေါက်သော်လည်း တစ်ကယ်တော့  ခင်မင်စရာကောင်း သော လူများ ရှိတတ်ပါ သည်.. ခင်စရာကောင်းသည် ဟု ထင်ရပြီး အကျင့် မကောင်းတာမျိုး လည်း တွေ့ ရတတ်ပါသည်၊

မနက်စောစော .. အိပ်ရာထ.. လက်ဖက်ရည်ဆိုင်သွား နွားနို့တစ်ခွက်သောက် ပဲပလာတာစား.. ဗိုက်မကားပါဘူး.. ဒီနေ့ ချစ်သူများနေ့ သူများတွေ ပျော် နေကြပါ ရဲ့ .. သူကတော့ နှစ်ဆယ့် တစ်နှစ်ရှိပြီ .. တစ်ခါမှ မပျော်ရသေးဘူး.. မွေးကတည်းကနေ ခုထိပဲ.. ကြွားတယ်လို့ ထင်ရင်ထင် .