Myeiktharlay

Sunday, October 19, 2008

စကြာတံဆိပ်



စကြာတံဆိပ်


စကြာတံဆိပ်နဲ့ ပတ်သက်လို့ အစကတော့ ဘာမှ မသိပါဘူး အခု နည်းနည်း သိလာပါတယ် ။ ဂန်ဘီရ လက်ဖွဲလိုလို နာဇီရဲ့ အမှတ်တံဆိပ်လိုလို နဲ့ ပေါ့ ။ ဒီတံဆိပ်နဲ့ ပတ်သက်ပြီး သိရသမျှေ၇းသားလိုက်ပါတယ် ။ စကြာတံဆိပ် နှစ်မျိုး ရှိပါတယ် ။

ရှင်သန်ခြင်း စကြာ တံဆိပ် ဖန်တီးခြင်း တည်ဆောက်ခြင်း အတွက် သုံးသော စကြာတံဆိပ်

သေဆုံးခြင်း ဖျက်ဆီးခြင်း ပျက်ရွင်းခြင်း အတွက်သံးသော စကြာတံဆိပ်

ဆိုပြီး နှစ်မျိုးရှိပါတယ် ။

မင်္ဂလာ ရှိစေသော တိုးတက်အဆင်ပြေစေသော အကြောင်းအရာများ စသဖြင့်ကောင်း ခြင်းအဖြာဖြာ ကျရောက် စေရန် ရှင်သန်ခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။

တိုက်ပွဲဝင်ခြင်း ရန်သူအာိးတိုက်ခိုက် ခြေမှုန်းခြင်း အမဲလိုက်ခြင်း အင်အားကြီသော ရန်သူအား ဖယ်ရှားတိုက် ခိုက်ရန် အတွက် သေဆုံးပျက်စီးခြင်း စကြာတံဆိပ်ကို သုံးပါတယ် ။

ရှင်သန်ခြင်း စကြာတံဆိပ်က ဘယ်ဖက်အပေါ်ခြမ်းနဲ့ ညာဖက်အောက်ခြမ်းပွင့် သင်္ကေတဖြစ်ပါတယ် ရှင်သန်ခြင်း စကြာတံဆိပ်ကို စာရွက်ဖြူ ပေါ်မှာ မင်အနက်နဲ့ ဆွဲပြီး အဆောင်အဖြစ်သုံးရင် ကံကောင်းခြင်းတွေ ရရှိလာမယ် လို့ဆိုပါတယ် ။ ညဏ်ရှိသလို အသုံးပြုနိုင်ပါတယ် ။

သေဆုံးခြင်း စကြာတံဆိပ်ကတော့ ရှင်သန်ခြင်းနဲ့ပြောင်းပြန် ဘယ်ဖက် အပေါ်ခြမ်းပိတ် ညာ ဖက်အောက်ခြမ်း ပိတ် သင်္ကေတဖြစ်ပါတယ် ။ ဟစ်တလာက နာဇီ နိုင်ငံ ထူထောင်ရာမှာ သေဆုံးခြင်းစကြာတံဆိပ် ကိုအသုံးပြု ခဲ့  ပါတယ် ။

တစ်ကယ်တော့ စကြာတံဆိပ်ဟာ ဂန်ဘီရ သင်္ကေတ စစ် စစ်ပါ။

No comments: