Tuesday, January 6, 2009
5.1.09 တနင်းလာ PM
ကောင်မလေး က မုန့်တီကို ဖူးကနဲ မှုတ်ကာသောက်သည် ။
.. ရွတ် ..
.. နင့်ကို ငါ ပြောမှ ရမယ်ဟာ သိလား ..
.. ဒီဆိုင်က မုန့်တီကောင်းတယ် ဟ ..
.. ငါမပြောရရင် မနေနိုင်တော့ဘူး ..
.. ရှလွတ် ကောင်းလိုက်တာ ..
.. ဟာ နင်ကလဲ ..ဒီက အကောင်းပြောမလို့ဟာ ..
.. အေး ပြော ..
သိရဲ့ သားနဲ့ မသိသလို ပဲများက ..ခပ်နွဲ့ နွဲ့ မေးသည် ။ တောက် နားရွက်ဆွဲလိုက်ရ ။
.. ငါ အခွင့် အရေး ရှိသေးတယ် ဟုတ်လား ..
.. နင်ကလဲ ဟာ...ငါ့ မှာ ရည်းစား ရှိတယ် ဟ ..
.. ရှိရှိဟာ နင့်ကို ငါပြောမယ်နော် ..
.. မပြောနဲ့တော့ ဟာ.. ဘယ်တော့မှ မပြောနဲ့တော့..
.. ပြောမှာပဲ ..သတ်ရင်သတ်လိုက် ..
.. ငါက အစွဲအလမ်းကြီးတယ် ဟ တစ်ယောက်ဆို တစ်ယောက်ပဲ ..
.. အေး ငါရောပဲ ..
ကောင်မလေး ကမျက်စောင်းထိုးသည်။ သူနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ဟိုဖက်အနည်းငယ်လှည့် ပြီးမှ ထိုးသည်.. ဒါမှစောင်းမှာကိုး။ ပြန်ထိုးလို့လည်း မဖြစ် ။ ဒါနဲ့ သူမျက်စောင်းအထိုးခံလိုက်ရသည် ။
.. နင့် ဟာနင် ဘဲ ရှိရှိဟာ မသိဘူး အဟဲ..
.. ဟာ ဒုတ်ခပဲ နင်ကတော့ ..
.. မသိဘူးဟာ..
.. ငါသူ့ကို ချစ်တယ် ဟ ..
.. ငါလည်း နင့်ကို ချစ်တယ် ဟ ဟဲဟဲ..
မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတာ အပိုးသတ် မရ ။ လမ်းဘေးက မုန့်တီဆိုင်မှာ ရည်းစား စကားပြောရတာ နည်းနည်းတော့ မကောင်း တစ်မျိုးပဲဟာခံစားရ သည်။ လမ်းလည်က မုန့်တီဆိုင် မှာ ပြောရင် ပိုကောင်းမလားမသိ။
.. နင်က သူငယ်ချင်းလိုဆို ခင်ဖို့ ကောင်းပါတယ် ..
.. ဟာ.. ရဘူးဟာ..
..
Friday, January 2, 2009
နှစ်သစ်ရဲ့ ပထမဆုံး သောကြာ..
မနေ့က.. နှစ်သစ်ရဲ့ .. ပထမဆုံး… မနက်ခင်း မှာ.. ပြသနာနဲ့ စတင်ခဲ့ ရတာ သိပ်တော့ အဆင်မပြေဘူး….အိမ်က TV က 110 ကို ..မှားပြီး.. 220 ပေးလိုက်မိရာက… ဂိသွားပါလေရော.. အလုပ်မသွားခင်.. ကလိလိုက်တာ..
ဒီနေ့ ..
ဟိုဟို ဒီဒီ လျှောက်သွားတယ်.. အင်တာနက်ပေါ်ပြောတာပါ.. ..
M-virus ဆိုတဲ့ .. social network တစ်ခု ကိုဝင်ရောက်ဖြစ်တယ်… အခုမှ အစပျိုးခါစ .. ဆိုက်လေးပါ.. သွားရောက် လေ့လာကြည့် နိုင်ပါတယ် ..
နောက်တစ်ဆိုက်က… မင်ဘာဝင်ထားပြီး.. မသုံးဖြစ်တဲ့.. Myanmar dating ကိုလည်းသွားလိုက်သေးတယ် .. ဒီဆိုက်က လူနည်းနည်း များတယ် .. မဆိုးဘူး..
Qbrushes ဆိုတဲ့ ဆိုက်ကနေ brushes တွေကို ဒေါင်း တယ်.. ဒီဆိုက်ကတော့.. ဖိုတိုရှော့နဲ့ ဒီဇိုင်း လုပ်နေတဲ့ သူတွေ သွားသင့်တယ် ဗျာ.. လှပပြီး.. ဒီဇိုင်းမိုက်တဲ့ brushes တွေ အများကြီးပဲဗျ…… ကြိုက်တယ် ..
ပြီးတော့.. Abduzeedo ဆိုတဲ့ ဖိုတိုရှော့ဆိုက်က မိုက်တယ် ဗျ.. ကျူတိုရီရယ်တွေ ရနိုင်သလို.. PDF.. PSD
ဖိုင်တွေလည်း ဒေါင်းလို့ ရနိုင်တယ် ဗျ.. ဖိုတိုရှော့ လုပ်သူများ သွားသင့် ပါတယ်..
ပြီးတော့.. imeem… မှာ.. စပြီး.. သီချင်းနားထောင်ဖြစ်တယ်.. မိုက်တယ်ဗျ..အခုမှစသုံးဖူးတာ.. သီချင်ခေါင်းစဉ်သိရင် အိုကေပြီ….နားထောင်ဖြစ်လိုက်တာကတော့ Micheal Jackson ရဲ့..you are not alone ဆိုတဲ့ သီချင်းပါ.. အသံလေး ကြားရုံနဲ့.. သနားစရာ.. ခံစားလို့ကောင်းတဲ့.. သီချင်းလေးပါ.. နားဆင်ချင်ရင်…ဒီကနေ သွားပါ..
ပို့စ်တင်နေတုန်း.. မီးက ပျက်သွားတယ် .. ဒီနေ့မှ.. တ င်ဖြစ်တယ် ဗျာ..
Wednesday, December 31, 2008
December 31 .. New Year
အကြာကြီးနေပြီးမှ... ခွဲခွာရ တော့မှာမို့လို့ စိတ်တော့ မကောင်းပါဘူး.. 2008 ရေ.. နှစ်သစ်ရောက်လာတာ သိပ်တော့ မပျော်ပါဘူး.. အသက်ကကြီးလာတာကိုး ..ဘာပဲ ဖြစ်ဖြစ် .. 2009 ဆိုတဲ့ နှစ်သစ် ကို .. အများသူငါ နည်းတူ ကျွန်တော် ကလည်း ကြိုဆိုလိုက်ပါတယ် ..
ဘလော့ လေးကိုတော့ နှစ်သစ်မှာ.. template လေး ပြောင်းချင်ပေမယ့်.. အခြေအနေအကြောင်းကြောင်းကြောင့် ပြောင်းဖြစ်ဖို့ သိပ်မသေချာဘူး.. သူများ ဘလော့ တွေကိုတော့.. အားကျပါရဲ့. ..တစ်ခုခုတော့ အပြောင်းအလဲလေး ဖြစ်အောင်လုပ်နိုင်အောင်ကြိုးစားပါ့မယ် ..
mmblogpress ဆိုတဲ့ ဘလော့ ကို ပလန်း နက်မှာ တွေ့လို့ သွားကြည့်မိမှ .. မြန်မာ ဘလော့တွေ .. အဲလောက် ကောင်းတာတွေ ရှိနေပါလား.. ကိုယ်မသိ သေးတဲ့ ဘလော့တွေ.. အဲလောက်များပါလား လို့ ...သိလိုက်ရတယ် ... သိသာသိလိုက်ရတယ် .. သွားတော့ မသွားလည်ဖြစ်ဘူး..
အလုပ်ကလည်း မအား.. အမဲကလည်း လိုက်နေရသေးတယ်.. မုဆိုးပေါက်စ ဆိုတော့.. သားကောင်ရဲ့ အထာကို သိပ်နားမလည်ဘူး ဗျ.အနားသွားပြီး ရစ်သီ ရစ်သီလုပ်ရတာကပဲ. အရသာ တစ်မျိုးပဲ...
javascript .. တွေ.. ဘယ်လိုရေးရလဲ.. သိချင်နေတယ်.. ဘလော့ မှာ. ခလုပ်လေး တွေ ထည့်ချင်နေတယ်.. မလုပ်တတ်တော့ စိတ်ညစ်တယ် ကွာ.. ကြိုးစား ရအုံးမယ်...
ငှက်ကပျံရင်းသေ . လူက ကြံရင်းသေတဲ့.. ကြံရင်းမသေ တော့ေ၇ာ.. ဘာဖြစ်တုန်း . သေချင်သလိုသေမှာပေါ့.. မွေးလာတာ ကသေဖို့ပဲ မဟုတ်လား.. သေတယ် ဆိုတာကရော.. မွေးဖွားဖို့ အတွက်လား.. .. မသိမသိ.. ကျွန်တော်မသိ.. သိတာက... ကောင်းကောင်းနေ .. ကောင်းတာလုပ်.. ကောင်းအောင်လုပ်.. လုပ်ချင်တာလုပ် ဖို့..
အဟဲ....... ဗိုက်တောင်ဆာလာပြီဗျ.. ဒီအချိန်ဆို ဗိုက်ဆာနေကျပဲ... အလုပ်ပြန်ချိန်ကိုး....လစ်အုံးမှ ..ဗျို့..
Saturday, December 27, 2008
Dec 27 .. 2009
အထီးကျန်မှု ရံဖန်ရံ ခါ ခံစားရတဲ့ အခါမှာတော့.. ဘ၀ကို .. အားငယ်လာတယ် .. ဘာလို့ သူမျာတွေလို မပျော်ရွင်နိုင် ရတာလဲ.. ကိုယ်ကိုတိုင် ကိုက ကံဆိုးလွန်းတာလား.. ဒါမှမဟုတ် ... ကိုယ့် အပြုအမူတွေကပဲ.. ကိုယ့်ကိုအဲလိုဖြစ်စေတာလားမသိ..
အထီးကျန်မှု ဗိုင်းရပ်စ် ကကိုက်တော့လည်း.. နှလုံးသား မှာ စက်စတန်တွေ ပျက်စီးကုန်တော့ တယ် ..နှလုံးသားခြင်း နက်ဝပ်ချိတ် ပြီး ..အကြင်နာတွေ ရှဲယာ လုပ်ရမယ့် ကောင်မလေး များ.. ဘ၀မှာ ဘယ်တော့ ပေါ်လာမှာလဲ..
ပျော်ရွင်မှုဆိုတာ လုပ်ယူမှ ရတာတဲ့လေ.. မလုပ်တတ်ဘူးဗျ.. နေတတ်သလိုနေ တာပဲ .. မတတ်နိုင်ဘူး.. အပြင်ပန်းကြည့်ရင်တော့..ပျော်သလိုပဲ.. ရင်ထဲမှာ ကြေကွဲတာ လူမသိ ...
မထင်မှတ်ပဲရလိုက်တဲ့ သားကောင်မှာ.. သူများ ပစ်လိုက်တဲ့ မျှားက စိုက်ပြီးသားတဲ့လေ.. ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းသလဲ.. ကိုကဒီသား ကောင်မှ မရရင်..တော်တော် စိတ်ဆင်းရဲ ရမှာ သေချာနေတယ် ... မိမလိုလိုနဲ့ လွှတ်ထွက်တော့ မယ့် အနေအထားကို ရောက်ရှိလို့ နေပါပြီ
တစ်နေ့တစ်နေ့ ဒီသားကောင်က ခေါင်းထဲ ၀င်လာလို့ ဆွဲထုတ်ရတာ ကမောတယ် .. အနာဆိုဆေးထည့်ရင်ပျောက် နိုင်ပေမယ့် စိတ်ညစ်တာ က ဆေးထည့်လို့မရ..မလွယ်...သြော်..
အမဲလိုက် ဦးမှ....
Thursday, December 25, 2008
Cristas day.. 25 ..Dec . 2008
သားကောင် မထင်မှတ်ပဲရလို့ အမဲလိုက်နေတာနဲ့.. အင်တာနက်နဲ့. နှစ်ရက်လောက်တောင် ဝေးသွားတယ် ဗျာ.. ဘာသားကောင်လဲ တော့ ပြောလို့မရဘူး. ဗျ.. အဟဲ
ဒီနေ့ ခရစ်စမတ်နေ့ ဆိုတော့ .. အလုပ်ပိတ်တယ်..မနက်ဖြန်က သောကြာ နားရက်လေ.. အေးဆေးပဲ.. ဒါကြောင့် ဒီနေ့ အင်တာနက်လာသုံးရင်း ပို့ စ်အသစ်လေး တင်မလို့း..
Google Reader ဖွင့်ပြီး ကြည့်နေကျ ဘလော့တွေ မှာ ..ဘာပို့စ် အသစ်တွေ တင်ပြီလဲ.. ဘာပို့စ်က ကိုယ့်အတွက် ကောင်းမလဲပေါ့..လျှောက်ကြည့်မိတယ် …
pdfdatabase ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်တွေ ရှာလို့ ရတဲ့ ဆိုက်တစ်ခု သိခဲ့ရတယ် ဗျ.. မိုက်တယ် .. သိချင်တဲ့ အကြောင်းအရာ ရိုက်ထည့်.. ပြီးတော့ ဒေါင်းလုပ် ဆွဲရုံပဲ.. နောက်တစ်ခုက
orbitdownloader ဆိုတဲ့ ဆိုက်ပါ.. သူ ဟာနဲ့သူ ခွဲထားတယ် e-book , movie စတဲ့ ကိုလိုချင်တဲ့ ဟာ ကို ရွေးရှာပြီး ဆွဲရုံပဲ..
ဖိုတိုရှော့ နဲ့ ပတ်သက်လို့ကတော့.. www.photoshopstar.com ကနေ နည်းနည်း ၇လိုက်တယ် ဗျ.. ဒီဆိုက်လေး မဆိုးဘူး..
Flash .. လေး နည်းနည်း စမ်းကြည့်သေးတယ် .. အခြေခံလေး.. ရမလားလို့ ခေါင်းစားတယ် ဗျ.. မရဘူး..
ဘလော့ ကို လာတဲ့ သူနည်းတယ် ဗျ.. Google analytics မှာ ၀င်ကြည့်ဖြစ်သေးတယ်… ရေးချင်တာရေးနေတာ ကိုး.. ဘယ်တတ်နိုင်မှာလဲ.. လာသလောက်ကိုပဲ .. ကျေးဇူးတင်ကြောင်းပါ ..
ဒီနေ့.. အမေ့ရဲ့ မွေးနေ့ ပါလား.. ကျေးဇူးရှင် အမေ..အသက်ရာကျော်ရှည်ပါစေ.. လို့သားဆုတောင်းပါတယ် .. ပို့စ်တင်နေတာ.. အမေ ရဲ့ မွေးနေ့ အကြောင်းတောင် ရေး မလို့ မရေးဖြစ်တော့ဘူး..
Saturday, December 20, 2008
စနေ
ဒီနေ့ ..
ထုံးစံအတိုင်း .. အလုပ်ပြန်တာနဲ့ ..အင်တာနက်ဆိုင် ပြေးတာပဲ.. အလုပ်ကို နောက်ကျမှ လာ တယ် .. ပြန်ချိန်တော့ ငါးနာရီ ကွက်တိပဲ .. အဟဲ.. ကျွန်တော့လို မလုပ်ကြနဲ့ ဗျ.. မကောင်းဘူး..
ကွန်နရှင်ကတော့ ကောင်းပါရဲ့.. ဒါပေမယ့် ..လုပ်ချင်တာတွေက များနေတယ် .. အိမ်ပြန် ဖို့လည်း .လစ်ရအုံးမယ် .အချိန်က.. နာရီဝက် ကျော်ကျော်ပဲ ရတယ် ဗျ ..
ဒီနေ့ ဆိုက်တစ်ခု တွေ့ တယ် .. ဒီဇိုင်နာတွေ အတွက် ကောာင်းမယ် ဆိုက်လေးပါ ..မိုက်တယ် ဗျ. သူ့ အကန့် နဲ့ သူ ခွဲထားတယ် .. ဒီဇိုင်းတွေ တင်ထားတယ် နမူုနာ ယူ. သင့်တဲ့ ..ဒီဇိုင်နာတွေ လည်ပတ်သင့်တဲ့ ဆိုက်လေးပါ..
ucreative တဲ့ . မိုက်တယ် ဗျ.. စိတ်ဝင်စားရင် သွားကြည့်ကြဗျို့ ကျနော်တော့ ခဏပဲ ကြည့်နိုင်တယ်.. အလုပ်နားရက်မှ.. သေသေချာချာ ကြည့်နိုင်မယ် ထင်ပါရဲ့ ဗျာ..