Showing posts with label complex. Show all posts
Showing posts with label complex. Show all posts
Monday, June 15, 2009
ပြတ်စများ
တွေးမိတိုင်း.... စိတ်နာတယ်
မအိပ်ဖြစ်တာ... ညဉ့်အလင်း
အကြောင်းသိအောင်...ပေါင်းမိတာ..ကာလကြာ..
အမှောင်က..တစိမ့်စိမ့်.ကြွေကျ..
မတ္တာတရား..ပုခုံးပေါ်ထမ်းလို့ .
ခြေသံဖွဖွ...၀င်ထွက်သူများက..
ကွင်းပြည့်..ခမန်း.
(၀ိဇ္ဇာ ကာတွန်းစာအုပ်ထဲက..ဘုရင့်သမိးတော် စာချွန်လွှာပြန်တာကို.. သဘောကျ လို့ကူးထားတာပါ)
တစ်ညမှာပေါ့. မိုးသည်းပြီးခါစ. အေးစက်တဲ့.. ညကို.. ပြတင်းကလှမ်း ကြည့်တော့..
အဝေးကနေ. အလင်းတန်းတစ်ခု. သူ့ အခန်းရှိရာ ဦးတည်လာနေတာကို .. တွေ့ လိုက်ရပါတယ် ..
သူ အံ့ သြစွာ ငှေးကြည့်နေတုန်း မှာပဲ.. ကောင်မလေးတစ်ယောက် ရွှေရောင်အတောင်ပံနဲ့..
ပြတင်းပေါက်နားကို.. ပျံသန်းရောက်ရှိလာပါတယ် ..
ညကို.. ရွှေရောင်လွှမ်းခြုံသွားမလား ထင်ရအောင် သူ့ အလင်းက. တောက်ပလွန်းနေပြီး ..
ညကို.. လင်းစေပါတယ်.. ညဟာ.. ချက်ခင်း ရွှေရောင်ညအဖြစ် ပြောင်းလဲသွားသည်။
သူမက.. သူ့ ကို. ဖော်ရွေစွာပဲ . ပြုံးပြသည်.. သူလည်း မှင်သက်မိနေရာမှ.. ဘာကြောင့်မှန်းမသိ ..
ပြန်လည်ပြုံးပြလိုက် .. မိ၏ ..
ဒီလိုနဲ့. ရွှေရောင်ညကို နတ်သမီးနဲ့.. ဖြတ်သန်းခဲ့သည်။
Labels:
complex
Sunday, April 19, 2009
အပိုင်းအစ
သင်္ကြန်ကတော့ .. ပူပြင်းစွာပြီးဆုံးသွားခဲ့ပါပြီ .. အင်တာနက်လိုင်းတွေလည်း .. အခုပြန်ကောင်းလာပါပြီ ... ဒါပေမယ့် .. သူအားနည်းနေဆဲပါ .. ရင်ခုန်လှိုက်မောစွာ .. သဘာဝ ကျကျ .. ခံစားမှုများ.. တစ်ချို့တစ်ဝက်တော့ အိမ်ရှေ့ လမ်းက ဖြတ်လျှောက်သွားကြပါ တယ် ။ မြန်မာသက္ကရာဇ် အသစ်ပြောင်းပေမယ့် ...ငါ့စိတ်ကတော့ .. အဟောင်းနဲ့ပါပဲ . .. လမ်းထဲကကုန်စုံဆိုင်မှာ ..အကြွေးဟောင်းတောင်ခုထိ မဆပ်နိုင်သေး ပါ။
လူတစ်ချို့နှင့် ဆက်ဆံရေး မပြေလည် .. လူတစ်ချို့ကြောင့် စိတ်ညစ် ..လူတစ်ချို့ကြောင့် ပျော်ရွင် .. သူများ ကို ဒုက္ခပေးနိုင်တဲ့ လူစရင်းမှာ ..သူလည်းအပါအ၀င်တစ်ယောက် ဖြစ်နေတာတောင်မှ ပေါ့.. ရူးကြောင်ကြောင်ဒသနတွေ .. အိပ်ကပ်ထဲက ခုန်ထွက် .. ဟိုစာအုပ်ထဲကလို .. ဇိကုပ်ပြီး နတ်ပြည်မပို့ပါနဲ့ .. ယားတတ်လို့ပါ .. ကိုယ့်ဟာကိုယ်သွားပါရစေ .
သေချင်လို့ အဆိပ်သောက်ပါတယ် ဆိုမှ .. သောက်မိတဲ့ အဆိပ်က .. အိတ်စပိုင်ယာ ဖြစ်လို့ ..မသေလိုက်ရဘူး.. အနမ်းတွေ ရက်လွန်သွား .. အထီးကျန်မှုက .. အရိပ်လို ကပ်ညှိနေ၏ တစ်နေ့တော့ .. ခွာချနိုင်ကောင်းပါရဲ့ .. အားဆေးတွေသောက်နေရသဖြင့် ... အားများတိုးလာကြောင်း သက်သေအခိုင်အမာမတွေ့ရှိရပါ ..
ပူပြင်းတဲ့ နွေမှာ .. အေးမြတဲ့ လေပြေညင်းသာမတိုက်ရင် ..ငါ့ ဘ၀မတွေးဝံ့စရာပါ .. ပူလောင်အိုက်စပ် ခြောက်ကပ်ကပ်နွေရသီကို ..ငါတစ်ယောက်တည်းဖြတ်သန်း ခွင့် မပြုနိုင်ဘူး ..မိုးရာသီကို .. ဒရွတ်တိုက်ဆွဲခေါ်ဖို့ .. ငါဒီညခရီးထွက်ရမယ် ..
Labels:
complex
Subscribe to:
Posts (Atom)