Showing posts with label Friday. Show all posts
Showing posts with label Friday. Show all posts
Thursday, December 18, 2008
သောကြာ1
သောကြာ..1
သောကြာနေ့ဟာ.. ပိတ်ရက် .. အလုပ်နားရက် .. အေးဆေး ဖရီး ပဲ.. ဒီနေ့ အလုပ်နားရက် .အေးဆေး ဖရီး.. ဘာလုပ်မလဲ.. အင်တာနက် မယ် .. ဒါပဲပေါ့
တစ်ခြားရော ...လုပ်စရာ ဘာမှမရှိ .. အင်တာနက်မယ် ဆိုတာ အင်တာနက်မှာ ချက်တာ.. ကြူတာ တော့ မဟုတ်ပါဘူး... ဟိုဟိုဒီဒီ လျှောက်သွား.. လျှောက်လာပေါ့..
ဘောလုံးသတင်း ကြည့်မယ်.. အကောင်းဆုံး ဆိုက်က .. မန်ယူဖန် .. ဒါပဲကြည့်တယ်.. ကိုယ်က မန်ယူ ပရိတ်သတ်ကိုး... မနေ့ ကတောင် ဂျပန်မှာ ကန်တဲ့ ပွဲ မကြည့်လိုက် ရဘူး.. အလုပ်ချိန်နဲ့ တိုက်နေလို့ .
. မန်ယူကို ကြိုက်တယ် ...
ဘာလို့ကြိုက်လဲ.. သေသေချာချာ မမှတ်မိတော့ဘူး ဗျ.. အဓိက ကတော့ .. ကိုယ် ကြိုက်တဲ့ ကစားသမားပါနေလို့ပဲ.. ကျောင်းတက်တုန်းကတော့ ဒေးဗစ် ဘက်ခမ်း ကို အသေလဲ ကြိုက်တယ် သူကန်တဲ့ မန်ယူ ကိုလဲကြိုက်သွားတယ် .. အခု ဒိုလေး .. ရိုနယ် ဒို ..အသေခိုက်တယ်.. သူကန်တဲ့ ပွဲဆို အ မလွတ် တမ်းကြည့်တယ်..
သုံးနေကျ အင်တာနက်ဆိုင်က ..လေးနာရီ မင်ဘာဖွင့်ရင် တစ်ထောင်ပဲ တန်လိုက်တာ ဗျ... ကွန်နရှင်ရော. စက်ရော .နည်းနည်း စုတ်တယ်.. တန်ရာတန်ရာ ပေါ့ ဗျာ.. မဆိုးတော့ မဆိုးဘူးဗျ.. ကျွန်တော်တို့လို လူ့ ငမွဲတွေ အတွက်တော့ .. ကိုက်တယ်..
အင်တာနက်အမြဲသုံးနိုင်ဖို့ ကျွန်တော့ အတွက် တော့ မလွယ်.. လခ ကနည်းနည်း သုံးတာက များနေတယ်.. အိမ်ကို ပိုက်ဆံ လှမ်းမှာနေရလို့ အမေက စိတ် တိုနေပြီ.. အလုပ်ရတောင် ပိုက်ဆံတောင်းနေသေးတယ် .ပြန်လာတော့တဲ့ .. ဘ၀ က ခက်ခဲတယ် ဗျာ.. အဟဲ..
ဒီတစ်ပတ် အင်တာနက်သုံးတာ.. ဘာရလိုက်လဲ.. ဘာမှ သိပ်မရလိုက်ဘူးဗျာ.. သုံးနေကျဆိုင် မီးပျက်နေတာနဲ့.. ဈေးကြီးတဲ့ ဆိုင် သွားလိုက်ရတယ် ..
နောက်တစ်ပတ်ကျရင် .. ဘာရလဲဆိုတာ ရေးတင် မလို့ စိတ်ကူးထားတယ် .. အင်တာနက်သုံးတိုင်း ဘာရလိုက်လဲ.... ဆိုတာ ရေးတင် မလို့ စိတ်ကူးထားတယ် .. ဒီတစ်ပတ်တော့ ..ဖိုတိုရှော့ ကျူတိုရီရယ်တွေ .. လိုက်ကြည့်ဖြစ်တယ် .. အဆင့်တွေက များလွန်းလို့ မမှတ်နိုင်ဘူး ဗျို့ စိတ်ညစ်တယ်
အခုတလော နည်းနည်း စိတ်ညစ်တယ်.. အလုပ်လုပ်ရတာလဲ မပျော်ဘူးဗျ.. ပျင်းလာပြီ ..
လာဖတ်လို့ ဘာမှ ရမသွားဘူး ဆိုရင် ဆောရီးနော်.. ပေးနိုင်တဲ့ ဆိုက်တွေ အ များကြီးပါ.. နည်းပညာဆိုက်တွေ .. ဘလော့တွေ အများကြီးရှိပါတယ်..
ဖတ်ခဲ့ရင် ကျေးဇူးဗျို့ ..
Labels:
Friday
Subscribe to:
Posts (Atom)