Monday, August 3, 2009
kinds of colors
အရောင်နဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်..
1. Warm colors
2. Cool colors
3. Neutral colors
4. Value
5. Brightness
6. Saturation
7. RGB color
8. CMYK color
9. Pantone (PMS) colors
10. Primary colors
11. Tertiary colors
12. Complementary colors
13. Analogous colors တို့ပဲဖြစ်ပါတယ် ....
Tuesday, July 28, 2009
color
E-Book.. တစ်အုပ်ကို. တရကြမ်းဘာသာပြန် လက်စပါ
Translating by chitloonthu..
အလင်းရောင်မရှိဘဲ. ကျွန်တော်တို့ဟာ ဘာမှ မြင်နိုင်မှာ မဟုတ်ပါဘူး.. ဒါဟာ ရိုးရှင်းလှတဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ် .. ဒီရိုးရှင်းလှတဲ့ အမှန်တရားဟာ စေ့စပ်သေချာစွာ သီးသန့်စစ်ဆေးမှု အပေါ်မှာ ပိုမို ရှုပ်ထွေးလာပါ တယ် ဘာလို့လဲဆိုတော့ အလင်းဟာ အလင်းမဟုတ်လို့ပဲ ဖြစ်ပါတယ် .. အရပ်သား အသုံးအနှုန်းအတိုင်း ၊ ပြောရိုးပြောစဉ် ၊ ပြောနေကျ အရ ဆိုရင် အေးမြတဲ့ အလင်းနဲ့ နွေးထွေးတဲ့ အလင်းဆိုပြီးတော့ ကွဲပြားပါတယ် ..
အလင်းဟာ အရောင်ကို သိမြင်နားလည်ခြင်း ရဲ့ အခြေခံပဲဖြစ်ပါတယ် ..အလင်းဟာ လျှပ်စစ် သံလိုက်လှိုင်းဖြစ်ပါတယ် ဦးနှောက် နဲ့ မျက်လုံး က အလင်းရဲ့ ရောင်ခြည်ကို အရောင်ပုံရိပ်များအဖြစ် ပြောင်းလဲပေးလိုက် ပါတယ်.လျှပ်စစ် သံလိုက်လှိုင်းများ ဟာ သူတို့ရဲ့ လှိုင်းအလျားကို ဖော်ပြနိုင်ကြပါတယ်..
လှိုင်းအလျား 380 မှ 780 nanometer မှာ လူတွေ ဟာ အရောင်အဖြစ်နဲ့ လက်ခံရရှိပါတယ် ..သက်တံ ရဲ့ အရောင်ဟာ အဖြူရောင်အလင်းကနေ ဖြစ်ပေါ်လာတာပါ..သူ့ရဲ့ အလင်းအလှိုင်းတစ်ခုစီဟာ ကွဲပြားခြားနားတဲ့ အရောင်တစ်ခုစီ ရှိပါတယ် ..380 nm က ခရမ်းရောင်ကနေ စပြီး အပြာ ၊ ပြာနု ၊ အစိမ်း နှင့် အ၀ါ ကနေ 780 nm အနီအထိရှိပါတယ် ..
အရောင်အားလုံးရဲ့ ရောင်စဉ်လှိုင်းတွေဟာ အလင်းကို ကိုယ်စားပြုပါတယ်. အပူ အလင်း အအေး အလင်း ဆိုတာ လည်း အလင်းရဲ့ လှိုင်းအလျား တောင့်တင်းမှုပေါ်မှာ မူတည်ပါတယ်..
Color Model အတွက်တော့ အခြေခံအားဖြင့် နှစ်မျိုးရှိပါတယ် additive နဲ့ Subtractive ဆိုပြီးတော့ပေါ့။ ဥပမာ အနေနဲ့ ကတော့ additive color က ကွန်ပျုတာ ကာလာနဲ့ television ကာလာလိုမျိုးပေါ့။
Subtractive color ကတော့ transparent ဖြစ်ပါတယ်. ၄င်းမှာ အလွာသုံးလွှာပါ ၀င်ပြီး cyan, Magenta and Yellow ဆိုတဲ့ အရောင်သုံးရောင် ပါဝင်ပြီး ၄င်းတို့ အားပေါင်းစပ် ခြင်းဖြင့် မည်သည့် အရောင်ကို မဆို ထုတ်လုပ်နိုင်ပါတယ်
Offset Printing အတွက် ကာလာ ပုံစံ
Offset Printing ကတော့ Subtractive Principle နဲ့လုပ်ပါတယ်။
Monday, December 15, 2008
အဖြူရောင်
ဖြူစင် သန့်ရှင်းမှု အေးချမ်းမှု စိတ်ကြည်လင်စေမှုနဲ့ လွတ်လပ်မှုတို့ကို ပေးစွမ်းတာ အဖြူရောင်ပါ ။ ဖြူဆွတ်လွန်းတဲ့ အေ၇ာ င်ဟာ အခြားအေ၇ာင်တွေနဲ့ ကွဲထွက်ပြီး အထီးကျန်တဲ့ အေ၇ာင်မို့ တရုတ်လူမျိုးတွေက ၀မ်းနည်းခြင်းရဲ့ သင်္ကေတ အနေနဲ့ ၀တ်ကြပါတယ်.။ ဖြူစင်ရိုးသားမှု ကိုယ်ခြင်းစာတရားရှိမှု တရားမျှတမှု နုပျိုစေမှု .ပေါ့ပါးလွတ်လပ်မှုနဲ့ ငြိမ်းခြမ်းမှုကို အဖြူရောင်က ကိုယ်စားပြုတယ် ။ အိမ်ခန်းနဲ့ အိပ်ခန်းတွေမှာ အဖြူေ၇ာင်သုတ်ထားရင် စိတ် မသက်မသာဖြစ်စေတယ် ။ အဖြူေ၇ာင်ထဲမှာပါတဲ့ ငွေရောင်ကတော့ လူတွေရဲ့ စိတ်ကို ဆွဲဆောင်နိင်ပါတယ် ။
Thursday, December 11, 2008
color
လိမ္မော်ရောင်
လိမ္မော်ရောင် ဟာ စိတ်ကို လွတ်လပ်စေလို့ အသစ်အသစ်သော .ခံစားမှုတွေ ပေးနိုင်ပါတယ် . စိတ်ကို တက်ကြွစေတယ် ဆွဲဆောင်အားရှိတယ် . ခွင့်မလွှတ်တတ်တဲ့ သင်္ကေတကြီးစိုးတဲ အရောင်လည်း ဖြစ်ပါတယ်
ဦးနှောက် ကို အောက်ဆီဂျင် ပိုမိုရရှိအောင် စွမ်းဆောင်ပေးတဲ့ အရေင်လို့လည်းဆိုပါတယ် .အ၀ါရောင် နောက်ခံ ထားရင် အဝေးက အရာတွေကို ပိုနီးစေနိုင်ပါသတဲ့။
အ၀ါေ၇ာင်နုနုက ..တက်ကြွတဲ့ သဘောကိုဆောင်ပါတယ်.. ရင့်လွန်းရင် မကောင်းဘူး ..စိတ်အနှောက်အယှက် ဖြစ်စေတယ် ..
..
ရေးထားတဲ့… ၀တ်ထုတိုလေး တင်မလို့ဟာ. စာလုံးထပ်တွေ မသိတာနဲ့.. အရောင်လက်ကျန်လေးပဲ တင်လိုက်ရတယ် ..
Wednesday, October 1, 2008
အရောင်များ ( ခရမ်း )
Thursday, September 25, 2008
sorry
အပြာ
အခုရေးတာတွေမှာ လိုအပ်ချက်တွေ အများကြိး ရှိပါသေးတယ် ပြန်လေ့လာပြီးရင် ပြန်ဖြည့်ပေးအုံးမှာပါ ။
Tuesday, September 23, 2008
Yellow
အ၀ါရောင်ကတော့ လူ့စိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ ပျော်ရွင်မြူးတူးစေတဲ့အေ၇ာင်ပေါ့ ။ ကလေးတွေရဲ့ အခန်းဆို အ၀ါရောင် အလင်းနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် အ၀ါရောင်သန်းတဲ့အခန်းက ကလေးကို ပိုငိုစေပါတယ် အငိုသန်တဲ့ကလေးတွေနဲ့ အ၀ါရောင်အခန်းက မလိုက်ဖက်ပါဘူး ။ အ၀ါရောင်ဟာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချနိုင်တယ်လို့ ထင်ပါတယ် ။ စိတ်ကူးကောင်းတွေရရှိနိုင်တယ် ။ အရှေ့ တောင်အာရှက လူတော်တော်များများဟာ ကြီးမြင့်မှုတော်ဝင်မှုတို့ ရဲ့ အရောင်အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒေါသထွက် နေတဲ့သူရှေ့မှာ အ၀ါရောင်ရင့်လွန်းတာ ရှောင်ရပါမယ် ။ အ၀ါက ကလေးဆန်တဲ့အရောင်လည်းဖြစ် ပါတယ် ။ အ၀ါရောင်ကို နောက်ခံအဖြစ်သုံးရင် အရာဝတ်ထုနဲ့ပုံအရည်အသွေးကို ထိခိုက်စေပါတယ် ။ အ၀တ်အစားအတွက် အသုံးများပြိးမှော်စွမ်းအင်တွေ ပါဝင်နေတယ်လို့လည်း ယုံကြည်ကြပါတယ် ။
Thursday, September 18, 2008
အရောင် ( အမည်း )
အမည်းရောင် ( အနက်ရောင်) ဟာ အခြားအရောင်တွေရဲ့ လွမ်းမိုးမှုမရှိလို့ အပြောင်းအလဲမများတဲ့ နားလည်ရ ခက်တဲ့ အရောင်ပါ ။ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကို လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ် ။ သက်တောင့် သက်သာဖြစ်စေတယ် ။ ဆွဲဆောင်မှုလည်းရှိတယ် ဒါပေမယ့် တိတ်ဆိတ်မှု အမှောင်ပါဝင်နေလို့ အချို့ လူမျိုးတွေက အနက်ကို ရှောင်ကြတယ် ။ အနက်ရောင်မြင်ကွင်းမြင်ရင် စိတ်ဓါတ်ကျကြတယ် ။ အနက်ရောင်က တစ်ခြားအရောင် တွေကို ပိုမိုတောက်ပစေပါတယ် ။ တရုတ်နိုင်ငံမှာတော့ အနက်ရောင်ဟာ လူငယ်တွေရဲ့ အရောင် ဖြစ်တယ် လို့ဆိုပါတယ် ။ အနက်ရောင်က မကောင်းမှုရဲ့ အေ၇ာင်လည်း ဖြစ်ပါတယ် ။ ကိုးရီးယားကား တွေမှာ လူဆိုးတွေက အနက်ရောင်ဝတ်ပြီး အနက်ရောင်ကားစီးကြတာ တွေဖူးကြမှာပါ ။ အနက်ရောင်ဖျော့ ဖျော့ ဖြစ်တဲ့ မီးခိုးရောင်ကတော့ အားငယ်နေသူ နေမကောင်းဖြစ်နေသူ တွေအတွက်ကတော့ ပျင်းစရာကောင်း တဲ့ အရောင်ဖြစ်ပြီး တိတ်ဆိတ် ၀မ်းနည်းမှု ဖြစ်စေပါတယ် ။ black
Good black
- Black tie - formal (as in formal party attire)
- Black belt - expert (especially in martial arts)
- Blackwash - bring things out in the open In the black - having money, doing well in business
- Men in black - government agents
- Black box - equipment or apparatus
- Pitch black - dark as night, very black
- Black out - Loss of consciouness or the act of erasing something
- Blackout - loss of electricity or turning out the lights
- Black eye - damage such as damage to one's reputation, slander, unpopular
- Black-hearted - evil
- Blackguard - a scoundrel
- Black sheep - an outcast from a family or from society
- Black market - illegal trade (goods or money)
- Blackmail - obtaining something by threat
- Blacklist - list of people or organizations to boycott, avoid, or punish
Wednesday, September 17, 2008
အရောင် ( အနီ )
အနီဆိုရင် ရဲရင့်မှုရဲ့ သင်္ကေတအဖြစ် သိကြပါတယ် ။ အနီရောင်ဟာ ဝေးက စာလုံးတွေကို နီးစေတဲ့ အတွက် ဆိုင်းဘုတ်တွေမှာ သုံးကြသလို ။ သတိပေးတဲ့ အရောင် တားမြစ်တဲ့ အရောင်လည်းဖြစ်ပါတယ် ။ ဒါကြောင့် သတိပေးတဲ့ နေရာ တားမြစ်ဆိုင်းဘုတ်တွေမှာ အနီရောင်သုံးတာ တွေ့ဖူးကြမှာပါ ။ အနီရောင်ကို အသုံးပြုခြင်း အားဖြင့် ရဲရင့်စေပြီး စိတ်ကို အပြောင်းအလဲဖြစ်အောင် အများကြီးလုပ်ပေးနိုင်ပါတယ် ။ ဒေါသလည်း ဖြစ်စေတတ် တဲ့အရောင်ပါ ။ အနီရောင်အလင်းက သွေးတိုးစေပါတယ် ။ တရုတ်တွေက ကံကောင်းစေတဲ့ အရောင်လို့ ယုံကြည်ကြပါတယ် ဒါကြောင့် လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးပြုလေ့ရှိပါတယ် တရုတ်ကားတွေ ကြည့်ရင်တွေ့ ကြမှာပါ ။ အစားများများ ၀င်အောင်လှုံ့ ဆော်ပေးနိုင်လို့ စားသောက်ဆိုင်းတော်တော်များ များမှာ နံရံကို အနီရောင်သုတ်ကြပါတယ် ။
Sunday, September 14, 2008
အရောင်များ ( အစိမ်း )
လောကကြီးတစ်ခုလုံးက အရောင်တွေနဲ့ ပြည့်နှက်နေ ပါတယ် ဘယ်နေရာကြည့်ကြည့်ပေါ့ ကျွန်တော်တို့နေ့စဉ် တွေ့နေရတဲ့ အရောင်တိုင်းမှာ စွမ်းအင်တွေ ကိုယ်စီရှိကြပါတယ် အရောင်တွေကို အခု နည်းနည်းလောက်စိတ် ၀င်စားမိနေတယ်
အရောင်တွေ အများကြီး ရှိပေမယ့်လို့ အခြေခံအရောင်ကတော့ သုံးရောင်ပဲ ရှိပါတယ် အနီ ရယ် အစိမ်းရယ် အမည်း ရယ်ပဲ ဖြစ်ပါတယ်
အစိမ်းရောင်
အစိမ်းရောင်ကတော့ အားလုံးသိကြတဲ့ အတိုင်း မျက်စိကို အေးစေတဲ့ အရောင်ပေါ့ စိမ်းလန်းတဲ့ တောတောင်ရှုခင်းတွေကို ကြည့်လိုက်ရတဲ့ အခါမှာ ဘယ်လောက် မျက်စိအေးလည်းဆိုတာ တော်တော်များများ သိကြပါတယ် ။ ဒါကြောင့် ဆေးရုံ ကျောင်းနဲ့ ရုံးတွေမှာ အစိမ်းရောင်သုတ်ကြတာပါ။ အစိမ်း ရောင်က သွေးလည်ပတ်မှု အားကောင်းစေတယ် ။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းလို့ ရင်ဘတ်အောင့်တဲ့ သူတွေနဲ့ နှလုံးရောဂါ သည်တွေအတွက် အကောင်းဆုံးပေါ့ ။ ကံကောင်းစေတဲ့ အရောင် ဖြစ်ပေမယ့် အချစ်နဲ့ ပတ်သက်လာရင် စိမ်းကားရက်စက်ခြင်းကို ကိုယ်စားပြုလို့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးလေ့ မရှိပါဘူး ။ သွေးတိုးလည်း ကျစေတယ် တီထွင်ဖန်တီး နိုင်တဲ့ စိတ်ကူး စိတ်သန်းဖြစ်ပေါ်စေနိုင်တယ် အမြဲ တွေးတောနေတဲ့ သူတွေ အတွက်တော့ အစိမ်းရောင်သစ်ပင်လေးတွေ အခန်းထဲမှာ စိုက်ထားသင့် ပါတယ် ။ မြန်မာ နိုင်ငံမှာ ဆိုရင် ကျောင်းဝတ်စုံကို အဖြူနဲ့ အစိမ်းတွဲ ၀တ်တာတွေ့ရမှာပါ ဖြူစင်ခြင်းနဲ့ စိတ်ကူးညဏ် ပွင့်လန်း ခြင်း သင်္ကေတပေါ့ ။ green