Showing posts with label ကျွန်တော်နှင့်. Show all posts
Showing posts with label ကျွန်တော်နှင့်. Show all posts
Sunday, June 7, 2009
ကျွန်တော် နှင် ဆေးခန်း
မြစ်ကြီးနားက.အဒေါ်ဖြစ်သူ ရောက်လာပြီး.. သူယောက်ကျား.. ကျနော့ဦးလေးပါ ..အဆစ်ပါလာသည် .. ဆေးစစ်ရန်ရောက် လာခြင်းဖြစ်ပြီး. ဆေးစစ်ရာ.. စမ်းချောင်းရှိ.. Asia Royal ဆေးခန်းသို့ သူပါလိုက်ပါသွားသည် .. ကြီးကျယ်သော.. ဆေးခန်းကြီးဖြစ်သည် .. ထားလိုက်ပါတော့..
အဒေါ်က. နှလုံးစစ်ခြင်းဖြစ်သည်.. အီးစီဂျီရိုက်. ဆီးစစ် ..သွေးစစ် .. ဘာညာ.. သရကာ.. နဲ့ တိုကင်နံပါတ်ယူရတာနှင့်.. ရှုပ်ရှက်ခတ်သွားသည် ... ဆေးရုံဆေး ခန်းရောက်မှပဲ.. လူနာများ.. နပ်စ်မချောချောများအား. တွေ့လိုက်ရသည် ..
သူပြောချင်တာက.. တစ်ခြားမဟုတ်.. ဘာဘာညာညာ.. အားလုံး..အသုံးစရိုတ်.. ငါးသောင်းကျော်. ရှင်းလိုက်ရသည် .. ။ ဒါဘာမှတောင်မဟုတ် သေး.. ဘူး.ဆေးစစ်တာပဲရှိသေးသည် .. နေမကောင်းတစ်ခုခု.. ဖြစ်လို့တော့ မလွယ် ..
စဉ်းစားမိတာက.. အဒေါ်တို့မိသားစုက. ပိုက်ဆံရှိ၏ .. တစ်ခြား မိသားစုတော်တော်များများလည်း ပိုက်ဆံများများစားစားရှိမှသာ ..လာပြနိုင်တာဖြစ်သည် ။ အမေ့ကို သတိရမိသည် . အမေကျန်းမာနေတာကို.. ကျေးဇူးတင်နေမိသည် .. အမေများနေမကောင်းဖြစ်လို့ကတော့ .. သားကြီးဖြစ်တဲ့ သူ ပေးစရာ ပိုက်ဆံ မရှိပါ .
ငါ့အမေအတွက် ..ကုဖို့ .. ငါငွေမရှာပေးနိုင်ခဲ့ရင်. အဲလို ဆိုးဝါးတဲ့အတွေးမျိုး.. စိုးရိမ်တဲ့အတွေးမျိုးတွေ စိတ်ထဲဝင်လာ ပါတယ် ။ တစ်ခါတစ်လေ. အဲလိုအတွေးမျိုး ၀င်လာရင် စိတ်မကောင်းဖြစ်ရသည် ။ ငွေသည် အရာရာတိုင်းနှင့် ပတ်သက်နေသည် ။
.
Labels:
ကျွန်တော်နှင့်
Subscribe to:
Posts (Atom)