Myeiktharlay

Showing posts with label ဘာညာသရကာ. Show all posts
Showing posts with label ဘာညာသရကာ. Show all posts

Tuesday, January 27, 2009

အချစ်


ဘာလဲဗျာ.. အချစ် ..မသိဘူး.. အချစ်ဆိုတာ.. သွားကြားညှပ်နေတဲ့ အသားဖတ်လို ခံစားရတယ်ဗျာ.. လာတဲ့ အချစ် လည်းမကောင်းသလို ရှာတွေ့ တဲ့ အချစ်က လည်း ကောင်းမယ် မထင်ဘူး.. အတော် စိတ်ရှုပ်စရာ ကောင်းတာဗျ.. ကောင်းတာရော .ဆိုးတာရော ရှုပ်ရှက်ခပ်နေတဲ့ ..ဒီအချစ်ဆိုတာ ကြီးကို ကြွပ်ကြွပ်အိတ် နဲ့ ထုတ်ပြီး ရေနဲ့ မျှောလိုက် ချင်တယ် ..

မရှိမကောင်း ရှိမကောင်း ..တဲ့.. မရှိတာကမှ .ကောင်းအုံးမယ် .. ရည်းစားလေး တစ်ယောက်ထားမိပါတယ် ..စိတ်ရှုပ်တယ်ဗျာ... အချိန်တန်ရင် လစ်မယ်ဆို တာသိရက်နဲ့ ပေါ့ပေါ့တန်တန်သဘော မထားပဲ.. ဘာမဆို.. စွဲလန်းတတ်တဲ့ .ကိုယ့်ကိုကိုယ်အပြစ်တင် ရမယ် ..

တော်ပြီ.. လာတာရော ရှာတာရော နားမှကောင်းမယ် ... လာတာရော ရှာတာရော အလုပ်ရှုပ်ပါတယ် .. စိတ်အနှောက်အယှက်များတယ်ဗျ.. အေးအေးနေတာက မှ ဟုတ်တုတ်တုတ် ..

flash ကို အခုတလောစမ်းနေတယ် မလွယ်ဘူးဗျ.. ခက်တယ် .. လေ့လာတုန်း ..