Myeiktharlay

Monday, March 9, 2009

ကျွန်တော် နှင့် စာပေ


 စာအုပ်စာပေလူမိတ်ဆွေတဲ့ .. မိတ်ဆွေ ဟုတ်ဟုတ် မဟုတ်ဟုတ် .. စာအုပ်ဖတ်တာကိုတော့ ကြိုက်နှစ်သက်ပါတယ်.. အပန်းပြေသလို .. အသိပညာလည်း တိုးတာကိုး .. ဖျော်ဖြေရေး အနေနဲ့
လည်း ..အသုံး ပြု နိုင်ပါသေးသည် .. အပျော်ဖတ်စာပေ တွေ ကို ဖတ်ရင်းပေါ့ .. ဥပမာ .အချစ်ဝတ္ထု ... သိုင်းဝတ္ထု လိုဟာမျိုး .. ဟာသ ၀တ္ထုတွေလို ဟာမျိုးတွေပါ ..

ကျွန်တော်ကတော့ .. အကုန်ဖတ်၏ ..  နောက်ပိုင်းတော့ .. အသိပညာ ဗဟုသုတ .. ရမယ့်ဟာမျိုးတွေ ကို ပိုပြီးတော့ ရွေးချယ် ဖတ်ရှုဖြစ်ပါတယ် .. ကိုယ့်အတွက် ဆန်းသစ်တဲ့ အတွေး အခေါ်တွေ ပေးနိုင်မယ် ဆိုရင်ပေါ့လေ .. ဖတ်နေကျကတော့ ..တာရာမင်းဝေ .. မင်သိင်္ခပေါ့ ..


magazine တွေကျတော့ ကောင်းတာတွေ ရှားသည် .. အခုခေတ်က .ကွာလတီ magazine ပေါလာသည် ကြော်ငြာ သာများပြီး .. ဖတ်စရာ ဘာမှ မရှိ .. လေးတာသာ အဖတ်တင်သည်။ ဖတ်လို့ လည်းဘာမှမရ .. ကြော်ငြာ magazine သာဖြစ်နေ သည်။ ရုပ်ရှင်တေး ကဗျာ magazine ဆိုရင် .. စာအုပ်ထဲ မှာ . ကဗျာဆရာများ . ဖိုက်တင် အမြဲပလေး နေကြသည် ။ စာဖတ်သူ က သူတို့ ရဲ့ ရန်ပွဲများ ကို ပိုက်ဆံပေး ဌားဖတ်နေကြရ၏

စာဖတ်သူအတွက် အကျိုးရှိမယ့် စာများ ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်းလဲ မသိ။ သူများတွေတော့ မသိ .ကျွန်တော် ကြိုက်သော ဖတ်ချင်သော စာပေများကား ရှားပါနေပါသည်။ အခုလို ရေးချင်တာ ရေးသည်အတွက် .. စာကို အသားကုန် ဖတ်သည်ဟု မထင်ပါနှင့် . တစ်ခါတစ်လေပါ ...

ကဗျာများလည်း ရှားပါးသည် .. တစ်ချို့ magazine များတွင် ကဗျာပါသော်လည်း .. မော်ဒန်ကဗျာ များသာဖြစ်ပြီး .. နားမလည် ပါ .. တစ်ချို့ မော်ဒန်ကဗျာများ သည် ရိုးရှင်းပြီး .. ဖတ်လို့ အလွန်ကောင်းပါသည် .. တစ်ချို့ မော်ဒန်ကဗျာ များသည် ကား ..ကဗျာဆရာကိုယ်တိုင်ပင် .. အပြည့် အ၀ နားလည် နိုင်မည် မထင်ပါ ။

အချုပ်ဆိုရသော် .. ကဗျာ magazine စသော စာပေလောကတွင်ကား .. စာပေ အရည်အသွေး ကောင်း သည်များ..လျော့နည်း လာပြီး ..အပျော်ဖတ် စာပေများ များလာသည်ဟု ထင်မိကြောင်း ပြောချင်ပါသည် ။

အစ်ကို တစ်ယောက်ထားသွား ခဲ့ သော သဘောင်္သား .ကိုအန်န၀ါ ရဲ့ ပင်လယ်ပျော် ကြီးဆိုသည် စာအုပ်မှာ အစက ပျင်းသောကြောင့် ဖတ်သော် လည်း နောင်သော် လက်က မချနိုင်အောင် ကောင်းလွန်း လှ၏ သဘောင်္သားတစ်ယောက် ရဲ့ ဘ၀ကို ပီပီပြင်ပြင် တွေ့ မြင်ရပြီး . ဗဟုသုတ များစွာရပါသည်။ ဖတ်လိုက ..အခုပင် ၀ယ်ဖတ်လိုက်ပါ ..ဟု လက်တို့ ညွန်းချင်ပါသည်။

စာအုပ်စာပေ ..လူမိတ်ဆွေ ..စာမဖတ်သောသူသည် ကား.. အသိပညာ မဲ့ အံ့ .. သို့သော်လည်း .. စာအုပ်သည် လူကပင်ရေးတာ ဖြစ်သောကြောင့် စာအုပ်ထဲက အတိုင်း အကုန်မှန်သည် ဟု မယူဆကြပဲ.. လက်တွေ့ ကြုံရသမျှ .. ချင့်ချိန် ကျင့်သုံး ပါက.. ဘ၀တွင် အကျိုးရှိနိုင်ကြောင်း.. ပြောကြားလိုပါသည်။


2 comments:

နေ့အိပ်မက် said...

နေ့အိပ်မက်က တစ်ကမ္ဘာလုံးက စာရေးဆရာထဲမှာ မစန္ဒာအကြိုက်ဆုံး..... စိတ်ညစ်စရာကို ပြုံးရအောင် ရေးတတ်တာ.. တကယ်တော်တယ်...
မဂ္ဂဇင်းကြိုက်ရင် ရွှေအမြုတေဖတ်လေ.... ရန်လည်းမဖြစ်ဘူး.. ကြော်ငြာလည်း မပါသလောက်ပဲ....
ဝတ္ထုတွေဆိုတာ အများကြီး... တကယ်ကောင်းတဲ့စာရေးဆရာတွေရဲ့ လက်ရာတွေပါတယ်...
အခမဲ့ရှေ့နေလုပ်ပေးသွားတာ... :P
www.shweamyutay.com

Ðaywalker[Soul] said...

"ခေတ်သစ် စာတိုငညို"

မျက်စိလည်းမှုန်
ငွေလည်းကုန်ပြီ
မဖြုံရေးချ မဖြုံသေး။ ။

အဲလိုလားဗျ...