ကောင်မလေး သို့ ..
အနံ့သာထွက်မယ်ဆို
အလွမ်းက မွှေးရနံ့တွေထွက်လို့
တစ်လောကလုံး မွှေးကြိုင်နေမှဖြင့် ခက်တော့မည် ...
အရသာ ရှိမယ်ဆိုလည်း
ငါ့အလွမ်းကို လျှာနဲ့ လျက်ကြလိမ့်မယ် ကောင်မလေးရေ ..
မင်းကြောင့်ထွက်လာတဲ့
နူးညံ့အလွမ်းတွေကို ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ ..
တယုတယ ပိုက်ထွေး
ကောင်းကင်နဘေး
ရေကန်လေးထဲမှာမြုပ်ထားလိုက်တော့မယ် ..
.......................................................ချစ်လွန်းသူ........
No comments:
Post a Comment