Myeiktharlay

Friday, August 28, 2009

ဘာညာဘာညာ

ကွန်မန့်တွေ ပေးလာကြတော့လည်း အားတက်စရာပါပဲ.. ဘာပဲပြောပြော. အားလုံးကို ကျေးဇူးတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အလုပ်က ခုထိမရသေးတော့. မွေးရပ်ဌာနီ အမေရှိရာ အရပ်သို့ပဲ သွားဖို့ အကြောင်းဖန်လာပါတယ်.. အပြန်ကျရင် မြစ်ကြီးနားသွားဖို့လည်း များနေပါတယ်. လကုန်ရင်တော့.. မြန်မာနိုင်ငံ အောက်ဆုံးမြို့ကို သွားပြီး. ပြန်လာရင်တော့ မြန်မာနိုင်ငံ အထက်ဆုံးကို သွားရမှာပါ..

အရောင်အကြောင်းတောင် ဆက်မရေးဖြစ်သေးဘူး. ဘာသာပြန်ထားတာတော့ရှိ ပါတယ် နောက်မှပဲ တင်တော့မယ်လို့ စိတ်ကူးထား တယ် အရင်မြစ်ကြီးနား သွားတုန်းက လမ်းခရီးတစ်လျှောက် ဖြစ်ပျက်တာကို ရေးထားတာတွေလည်း အများကြီးရှိသေးတယ် မတင်ရ သေးဘူး ၀ထ္တုတို လည်းရှိသေးတယ်. တစ်ခါတစ်လေ စာရိုက်ရမှာ ပျင်းလို့ မတင်ဖြစ်တာပါ..


ဒီဇိုင်းဆွဲတဲ့ ဖက်မှာ အလုပ်လုပ်ဖြစ်မှ အဲတာတွေ ဆက်လေ့လာ ဆက်ရေးဖြစ်မှာပါ. ဘာမှမလုပ်ရင် ဘာမှမရေးဖြစ်ဘူး. မလေ့လာဖြစ် ဘူး. ဂိမ်းနဲ့ သိုင်းဝထ္တုတွေ အကြောင်းပဲ ခေါင်းထဲရောက်နေတယ်..

ဒီနေ့ ဘလော့ကို လာကြည့်တာ ကွန်မန့်ပေးထားတတွေ တွေ့လို့ ပျော်သွားတယ်. လာလည်ကြသူတွေထဲက.. www.mrdba.info ကိုသွားလည်ဖြစ်ပါတယ်. သိပ်ကောင်းပါတယ် ဘလော့.. ခရီးသွားဆောင်းပါးတွေ ဖတ်ဖြစ်လိုက်တယ်. ကိုယ်မသွား နိုင်ပေမယ့် သူများတွေ ရေးထားတာ.. ကိုဖတ်ရတာ သိပ်သဘောကျတယ်.. ရောက်လည်းရောက်ဖူး ချင်တယ်..

2 comments:

နှင်းနဲ့မာယာ said...

မြိတ်သားလေးရေ
မြိတ်ကိုသွားလည်မယ်ပေါ့လေ...
ကတ်ကြေးကိုက်နဲ့သာခွေယိုင်ဝယ်ခဲ့နော်...
သူငယ်ချင်းတစ်ယောက်ကိုလဲ စကားကြုံပါးချင်သေးတယ်...
နောက်မှပဲလေ နော်...

နှင်းနဲ့မာယာ

နေ့အိပ်မက် said...

အယ်.. သာခွေယိုင်မြင်လို့ဗိုက်ဆာသွားပြီ မဖြစ်ဘူး.. မုန့်ဖက်ကပ်ရော၊ အာပုံပါးရော၊ ကောက်ညှင်းအုန်းနို့ရောရော၊ မျှော့မုန့်ရော အင်း. ပြီးတော့.... ငှက်ပျောသီးပျားပအုန်းရော... ကော်ပြန့်လိပ်ရော၊ ကာကွေးလုံးရော.. ရှိသမျှမြိတ်မုန့်အကုန်သာသယ်ခဲ့... ဓာတ်ပုံလေးဖြစ်ဖြစ်ရိုက်ခဲ့ပေါ့.. မကြင်ရလည်းမြင်ရအောင်.