Myeiktharlay

Thursday, November 5, 2009

FireWire,Firewall,Fireware

ဗဟုသုတအဖြစ်ပေါ့..ကျွန်တော်လည်း ဘလော့မှာမှတ်ထားချင်တာနဲ့ မြန်မာမိသားစု က နုမောင် ရဲ့ ပိုစ်ကို တိုက်ရိုက် ကူယူဖေါ်ပြပေးခြင်းဖြစ်ပါတယ် .
 
FireWire,Firewall,Fireware ဒီစကားလုံးသုံးလုံးမကြာခဏ မှားတတ်ကြသလို နားလည်မှုလဲ လွဲတတ်ကြတယ်။ တူသလိုလိုနဲ့ ကွဲပါတယ်။

FireWire -

IEEE 1394 သို့မဟုတ် iLink ဆိုတဲ့ စကားလုံးများနဲ့လည်း သုံးကြပါတယ်။ ကွန်ပျူတာသို့ အချက်အလက်များ ပေးပို့ ရာမှာ အလွန်မြန်တဲ့ နှုန်းနဲ့ ပို့ နိုင်တဲ့ တန်းဆက်ကြားခံ ( serial I/O interface ) လို့ ဆိုနိုင်ပါတယ်။ ထုတ်လုပ်တဲ့ ဗားရှင်းပေါ်မူတည်ပြီး 400 MBps, 800 MBps, 3.2 GBps စသည်ပေးပို့ နိုင်ပါသည်။ တစက္ကန့်မှာ စီးဆင်းနိုင်တဲ့ bit အရေအတွက်ဆိုပါတော့ ။ လက်ရှိ အသုံးအများဆုံးသည် 400 MBps IEEE 1394a version ဖြစ်ပါတယ်။ ကွန်ပျူတာများမှာ firewire အတွက် port အပေါက်များ ပါဝင်ပြီး သူ့ရဲ့ တပ်ဆင်တဲ့ ကြိုးဟာ USB ပေါက်နဲ့ အနည်းငယ် တူသယောင်ရှိပါတယ်။

IEEE ဆိုတာကတော့ Institute of Electrical and Electronics Engineers ခေါ် အဖွဲ့ အစည်း ရဲ့ အရှည်ကောက် စာလုံးပါ။ သိပ္ပံပညာရှင်များ ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ကွန်ပျူတာ ထုတ်လုပ်ခြင်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း အတွက် ပစ္စည်းများကို စံတစ်ရပ်အဖြစ် သတ်မှတ်ပေး ခြင်း စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပါတယ်။


Firewall -

အင်တာနက်သုံးတဲ့ အခါ ကွန်ပျူတာနဲ့ အင်တာနက် တို့အကြားမှာ ကြားခံပေးထားတယ်လို့ လည်းဆိုရမှာမှာပါ။ သူ့ပုံစံကတော့ အုတ်တံတိုင်း၊ ( သို့) မဟုတ် မီးတောက် ပုံသဏ္ဍာန် များနဲ့ ဖော်ညွှန်းပါတယ်။ အားလုံးတော်တော်များများသိကြပါတယ်။ Zone Alam အပါအ၀င်တခြား ဖိုင်းယား ဝေါ များကို။

Fireware
 Read-Only - Memory (ROM) device မှာပါတဲ့ ဆော့ဖ်ဝဲ သို့မဟုတ် အချက်အလက်များ ဖြစ်ပါတယ်။ Fireware သည် ဟာ့ဒ်ဝဲ နဲ့ ဆော့ဝဲ အကြား ကူးပြောင်း အလုပ်လုပ်ဆောင်ရာမှာ လွယ်ကူစွာ ချိန်ညှိပေးနိုင်တဲ့လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။


ကိုးကား ချက်-ကွန်ပျူတာဂျာနယ်များ (၂၀၀၅-၂၀၀၇)

No comments: