Myeiktharlay

Friday, January 22, 2010

Yangon to Myeik 1

နက်လေးနာရီတွင် အဖွားလာနိုးသည်  ညက မန်ယူပွဲတန်ခိုးကြောင့် ထချင်စိတ်လုံးဝမရှိ မသွားမဖြစ်မို့သာ ။ လေယာဉ်က ကွင်းချိန်း ငါးနာရီ ဖြစ်သောကြောင့် မနက်လေးနာရီကတည်းက ထ၍

ပြင်ဆင်ရခြင်းဖြစ်သည် ။ ကျွန်တော်နေထိုင်သော မြောက်ဒဂုံကနေပြီးတော့ မင်္ဂလာဒုံ လေယာဉ်ကွင်းအထိ တက်စီခ ၅၀၀၀ ပေးရ၏

ကျောင်းသားဘ၀တုန်းက မြိတ်သို့အသွားအပြန်လေယာဉ်ဖြစ်သာသွားသည် ဒီတုန်းက လေယာဉ်ခက နှစ်သောင်းကျော်ကျော် လေးကိုး အခုတော့ ငါးသောင်းကျော်ဖြစ်သွားတော့ မသွားဖြစ်တာ နှစ်ချီနေပြီ

ဒီတစ်ခါတော့ သယ်စရာပစ္စည်းကလည်များ လူကလည်း ကျန်းမာရေးအခြေအနေကြောင့်သာ လေယာဉ်ဖြင့်ပြန်ရခြင်းဖြစ်သည်။

အသစ်ဖွင့်ထားသော လေဆိပ်မှနေ၍ စီးရမည်ဖြစ်သောကြောင့် လေယာဉ်ကွင်းမရောက်မီကပင် ကြိုတင် တွေးနေမိသည် ဘယ်လိုပုံစံပါလိမ့်လို့ပေါ့. တစ်ယောက်တည်း သွားရမည်ဖြစ်သောကြောင့်

အားတော့ငယ်သည်..

လေယာဉ်ကွင်းရောက်တော့ ဘယ်သူမှလိုက်ဝင်ပို့၍မရပါ .. အလုပ်သမားကို ပစ္စည်းဆွဲခိုင်းပြီး မြန်မာ့လေကြောင်း ပစ္စည်း ပေါင်ချိန်ရာသို့ သွားရသည် .ထိုနေရာက ၀င်ဝင်ချင်းတွင်ရှိသည်မဟုတ်

အတွင်းဖက်ကျသည် ၀င်ဝင်ချင်းမှာတော့ MAI , Air Bagan , Yangon Airway စတဲ့လေကြောင်းလိုင်းတွေ ရဲ့ ပစ္စည်းချိန်တဲ့နေရာတွေအရင် တွေ့ရသသည်။

ဒီတစ်ခေါက် အပြီးပြန်မည်ဆိုတော့ အဖွားအိမ်က ကိုယ်ပိုင်သမျှ တော်တော်များများသယ်ခဲ့သည် အထူးသဖြင့်စာအုပ်တွေ .. အကုန်မယူခဲ့ဘဲ တစ်ဝက်လောက်ပဲ ရွေးသယ်ခဲ့တာတောင် အတော်လေးနေသည်..

ပေါင်ပိုခ ဘယ်လောက်ကျမလဲ ဆိုတာကို ရင်တစ်မမနဲ့ စိုးရိမ်နေသည် .. ပိုက်ဆံကလည်း သိပ်မပါခဲ့ဘူးကိုး..

ဒီလိုနဲ့ ပေါင်ချိန်ပြီးတာနဲ့ အထုပ်အထဲကို သယ်ပေးတဲ့ အလုပ်သမားကို မုန့်ဖိုး ၅၀၀ ပေးရသည် .. ပေါင်ပိုခကတော့ ၈၀၀၀ တောင်ကျသည် .. အတော်အီသွား၏ ..

Friday, January 15, 2010

မနေနိုင်လို့ပါ ကွယ်


ကိုယ်ရွှေ ` ခြင် ´
ပျိုမေဖင် ဆွဲအစုပ်။

အမြင်မတော်ရှာ
ခင်ဇော်ခမျာ
ခြင်ပေါ်မှာ လက်ဝါးအုပ်မိလို့
သွားလေရော့ အချုပ်။ ။

မောင်သွေးချစ်(ရေနံချောင်း)

2009 ဖေဖော်ဝါရီလ ထုတ် ရယ်စရာမဂ္ဂဇင်းမှ ထုတ်နုတ်ဖော်ပြသည်။ 

Tuesday, January 12, 2010

Dairy


ဒီနေ့ www.facebook.com  မှာ ရှဲဖြစ်တာတွေ တင်လိုက်ပါတယ် စိတ်ဝင်စားတဲ့သူတွေ သွားကြည့်ကြပေါ့ ..

အောက်ကလင့်ကတော့ ကျွန်တော်ကြိုက်တဲ့ တရုတ်မင်းသမီးရဲ့ သတင်းဓါတ်ပုံတွေ လအလိုက်ဖေါ်ပြထားတဲ့ ဆိုက်ပါ..

http://www.yifei-liu.com/2009/09/crystal-liu-yifei-on-red-carpet-of-2009.html

Metacafe မှာ ကြည့်မိတဲ့ free style football movie and hip hop dance လင့်လေးပါ ..  ကြိုက်လို့ ပါ..

http://www.metacafe.com/watch/3982750/street_soccer_panna_with_football_freestyle/

http://www.metacafe.com/watch/1194580/circus_agency_talents_productions_presents_dancing_art/


ဖိုတိုရှော့ ကျုတိုရီရယ် လင့်တစ်ခုပါ

http://www.smashingmagazine.com/2008/12/07/50-excellent-digital-photography-photoshop-tutorials/

လျှောက်သာကြည့်နေတာ ကျုတိုရီရယ်တွေလည်း မလုပ်ဖြစ်တာ အတော်ကြာနေပြီ .. အပျင်းကြီးတာလည်းပါသည်..

နတ်သဘင်ထဲလည်း ဟိုဟိုဒီဒီလျှောက်ကြည့်မိသေး၏

ဒီနေ့ မြို့ ထဲသွားပြီး စိုက်ပျိုးရေး နဲ့ မွေးမြူရေးဘဏ်ကို သွားတာ အတော်ရှာယူလိုက်ရသည်.. တော်သေးတယ် တွေ့လို့ .. ရောက်တော့ ဘဏ်က ပိတ်နေပြီ ဒါပေမယ့်ဘေးပေါက်ကနေ၀င်ပြီး ငွေထုတ်လို့ရလို့ တော်ပါသေးရဲ့ ..

ဒါနဲ့ Laptop ထည့်ဖို့ အိတ်တစ်လုံး ၀ယ်လိုက်တယ် တစ်သောင်းကျော်တန်တွေကို မကြိုက်ပဲ 7000 တန်ကိုမှ စိတ်ထဲသဘောကျမိတော့လည်း ကြိုက်မိတာ ပဲ ၀ယ်ဖြစ်ခဲ့တယ် ငွေကုန်လည်းသက်သာပြီး ပိုထွက်လာတာပေါ့လေ ..

National CD ဆိုင်သွားပြီး Photoshop CS3 Video Training တစ်ခွေ ငါးရာနဲ့ ၀ယ်ခဲ့သည်.. Fifa Manager 2003 ခွေလည်း ၀ယ်လာပြီးမှ စက်ထဲမှာ ဘာမှမပေါ်ပါ. . စိတ်ညစ်သွား၏  ထိုဂိမ်းခွေက ၀ယ်ထားတာကြာပြီဆိုတော့လည်း ပြန်သွားလည်း၍ မဖြစ်တော့ ဆုံးပြန်ပြီပေါ့ ..

Saturday, January 9, 2010

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

တာရာမင်းဝေ

Monday, January 4, 2010

Group chat in gtalk


ကျန်းမာရေးက ခုထိကို ချုချာနေတုန်းပဲဗျာ..  ရပ်ကွက်ထဲက ဆေးခန်း သေးသေးလေး သွားတာ မကောင်းတာနဲ့ အထူးကုဆီသွားလိုက်တာ ဆေးနှစ်ရက်စာ ပေးလိုက် ပြီး ငါးထောင်ကျော် ကျသွားတယ် အဖျားကျသွားပေမယ့် ချောင်းဆိုးက မသက်သာဘူး နောက်တစ်ခေါက် သွားတော့ ဆရာဝန်မက နောက်တစ်ယောက် ဖြစ်နေပြန်ရော ..  အရင်ဆရာမက ဂျုတီချိန်မဟုတ်လို့တဲ့ ဒါနဲ့ မထူးဘူးဆိုပြီး ရှိတဲ့ ဆရာဝန်မနဲ့ပဲ ပြလိုက်ပါတယ်

ဒီဆရာဝန်မက တော့ နောက်ဆေးတစ် မျိုးပြောင်းပေး ပြန်ပါတယ် .. ဓါတ်မှန်ရိုက်စရာမလိုသေးဘူးတဲ့ . ဟိုဆရာဝန်မကတော့ နှစ်ရက်ဆေးသောက်လို့ မပျောက်ရင် ဓါတ်မှန်ရိုက်ရမှာတဲ့လေ.. ဘယ်သူ့စကား နားထောင်ရမှာလဲမသိ အကြံပေးမယ့်လူလဲမရှိဘူး လူနာရှင်လဲ ကိုယ် လူနာလဲ ကိုယ်ပဲဆိုတော့ ကိုယ့် ဟာကိုယ်ပဲ ဆုံးဖြတ်လိုက်တယ် လက်ရှိဆရာဝန်မစကားပဲနား ထောင်လိုက်တယ် ဒီလိုနဲ့ ဆေးသုံးရက်စာပေးပြီး ငါးထောင်ကျော် ထပ်ကျပါတယ်

အထူးကူဆီသွားတာ တစ်သောင်း ကျော်နေပြီ ..  ရပ်ကွက်ထဲမှာ သွားတာကလည်း တစ်သောင်းနီးပါးပဲ သုံးခါတောင်သွားရတယ် ပျောက်လဲပျောက်ဘူး လူက ပိန်ပိန်လေးပဲကျန်ပြီ . လေတိုက်ရင်တောင် လဲတော့မတတ်ပဲ.. ချောင်းလဲတစ်ဂွပ်ဂွပ်ဆိုးနေတာ . စိတ်အတော်ညစ်ဖို့ကောင်းသည်.. ညညလည်းအိပ်မရ ပါ .  အခုတလော အသစ်တွေ့ထားတာလေးက တော့ . jaconda ပါ..

အရင့်အရင်က Gtalk partychat ဆိုတာ ကြားသာဖူးသည် အင်ဗိုက်လုပ်လည်းမရပါ .. partychat@gmail.com ကိုအက်ဗိုက်လုပ်ရသည်ဟုပြောသည် လုပ်ကြည့်တော့လည်းမရ .. ခုထိလည်းမရသေးပါ .. ဂျီတော့ထဲမှာ အခန်းနဲ့ပြောချင်စိတ်ကလည်းမကုန်သေး .. ဒါနဲ့ MZ မှာ ၀င်ဖတ်မှ မင်ဘာတစ်ယောက်တင်ထားတဲ့ ဆိုက်တစ်ခုတွေ့လိုက်ရသည် .ဒါလေးနဲ့ အခုအဆင်ပြေနေသည် သိတဲ့သူတွေခေါ်ထည့်လို့ .. တစ်ယောက်တစ်ပေါက် ၀ိုင်းချက်နေကြတာ ညံလို့ပဲ .. ပျော်စရာတော့ အတော်ကောင်းသည်.

gtalk မှာ partychat လိုပုံစံမျိုးချက်ချင်ရင် www.jaconda.im မှာ သွားလုပ်ရပါတယ် .. room တွေဖန်တီးလို့ရပါတယ် .. လူအရမ်းများသွားရင်တော့ သိပ်အဆင်မပြေပါဘူး ..  ကွန်နရှင်ကျနေရင် ဒါမှမဟုတ် လူအရမ်းများနေရင် massage တွေက နောက်ကျမှပေါ်ပြီးတော့ စာတွေတစ် လွဲဖြစ် နေတတ်ပါတယ် ..

အုပ်စုလိုက် ချက်ချင်ကြသူများ သူငယ်ချင်းဟောင်းများစုပြီး စကားဝိုင်းပြောချင်ရင် ဒါလေးက အတော်အသုံးတည့်ပါတယ် .. ကျနော် စမ်းသပ်ထားတာ တစ်ခုကတော့  saungyarthi@jaconda.im ပါ .. သူ့ကိုအက်လိုက်ရင်ရပါတယ် ဒါမှမဟုတ် . အခန်းထဲဝင်ချင်တဲ့ သူက ကျနော်ကို မေးပေးရင် အခန်းဖန်တီးတဲ့ သူက အင်ဗိုက်လုပ်နိုင်ပါတယ် ..

လုပ်ကြည့်လို့ အဆင်မပြေတာရှိရင် တော့ phokyaw88@gmail.com ကိုမေးနိုင်ပါတယ် ..

Friday, January 1, 2010

programming ebook

နှစ်သစ်ကူးညကိုတော့. အွန်လိုင်းပေါ်မှာပဲ ကျော်ဖြတ်လိုက်ပါတယ် .. မီးလာနေလို့ပါ .. မီးမလာရင်တော့အိပ်ရုံပဲလေ. ထုံးစံအတိုင်းပေါ့. အရေးထဲ မူးနေတဲ့ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး နှစ်ခါတောင်ရစ်တယ်.. ဘော်ဒါတွေကလဲ ဆယ့်နှစ်နာရီကျော်မှ မူးပြီး ဖုန်းဆက်တယ် ကဲနေတဲ့အသံများ  မနာလိုဖြစ်ချင်စရာ သိပ်ကိုကောင်းပါတယ် ကိုယ်ကတော့ စောင်လေးခြုံပြီး အအေးဒါဏ်ကို အန်တု. ချောင်းတစ်ဟွတ်ဟွတ်ဆိုးရင်း . လျက်ဆားလျက်နေရပါတယ်.. တော်သေးတယ် အွန်လိုင်းပေါ်မှာ ကောင်မလေး နှစ်ယောက်လောက်ရှိနေလို့ အိပ်မငိုက်တော့တာ.. အဟီး

ဒီနေ့တော့ ကိုယ့်ရဲ့ စက်ကလေးကို ဆိုင်ကိုယူလာပြီး နက်ချိတ်ကာ အားရပါးရသုံးပါတယ် .. ဟိုဖိုင်ဒေါင်း ဒီဖိုင်ဒေါင်းလုပ်ရတာ ပျော်စရာ သိပ်ကိုကောင်းမှကောင်းပဲ .. အဲ စိတ်မကောင်းစရာက ရှိစုမဲ့စု. ဒေတာ ထည့်နေတဲ့ အမ်ပီ သရီးလေး ပျောက်သွားတာပဲ ဗျာ.. programming နဲ့ပတ်သက်တဲ့ ebook ရှာနေတာကြာပြီ ..အခု မြန်မာမိသားစုကနေ ရှာဒေါင်းလို့ရတာကို ပြန်တင်ပြီး ရှဲပေးလိုက်ပါတယ် လိုချင်တဲ့သူတွေဒေါင်းကြပါ . မြန်မာလိုရေးထားတာပါ .. နှစ်အုပ်လုံးအခြေခံလောက်ပါပဲဗျာ..

VB ebook download

JAVA ebook download