Myeiktharlay

Monday, January 4, 2010

Group chat in gtalk


ကျန်းမာရေးက ခုထိကို ချုချာနေတုန်းပဲဗျာ..  ရပ်ကွက်ထဲက ဆေးခန်း သေးသေးလေး သွားတာ မကောင်းတာနဲ့ အထူးကုဆီသွားလိုက်တာ ဆေးနှစ်ရက်စာ ပေးလိုက် ပြီး ငါးထောင်ကျော် ကျသွားတယ် အဖျားကျသွားပေမယ့် ချောင်းဆိုးက မသက်သာဘူး နောက်တစ်ခေါက် သွားတော့ ဆရာဝန်မက နောက်တစ်ယောက် ဖြစ်နေပြန်ရော ..  အရင်ဆရာမက ဂျုတီချိန်မဟုတ်လို့တဲ့ ဒါနဲ့ မထူးဘူးဆိုပြီး ရှိတဲ့ ဆရာဝန်မနဲ့ပဲ ပြလိုက်ပါတယ်

ဒီဆရာဝန်မက တော့ နောက်ဆေးတစ် မျိုးပြောင်းပေး ပြန်ပါတယ် .. ဓါတ်မှန်ရိုက်စရာမလိုသေးဘူးတဲ့ . ဟိုဆရာဝန်မကတော့ နှစ်ရက်ဆေးသောက်လို့ မပျောက်ရင် ဓါတ်မှန်ရိုက်ရမှာတဲ့လေ.. ဘယ်သူ့စကား နားထောင်ရမှာလဲမသိ အကြံပေးမယ့်လူလဲမရှိဘူး လူနာရှင်လဲ ကိုယ် လူနာလဲ ကိုယ်ပဲဆိုတော့ ကိုယ့် ဟာကိုယ်ပဲ ဆုံးဖြတ်လိုက်တယ် လက်ရှိဆရာဝန်မစကားပဲနား ထောင်လိုက်တယ် ဒီလိုနဲ့ ဆေးသုံးရက်စာပေးပြီး ငါးထောင်ကျော် ထပ်ကျပါတယ်

အထူးကူဆီသွားတာ တစ်သောင်း ကျော်နေပြီ ..  ရပ်ကွက်ထဲမှာ သွားတာကလည်း တစ်သောင်းနီးပါးပဲ သုံးခါတောင်သွားရတယ် ပျောက်လဲပျောက်ဘူး လူက ပိန်ပိန်လေးပဲကျန်ပြီ . လေတိုက်ရင်တောင် လဲတော့မတတ်ပဲ.. ချောင်းလဲတစ်ဂွပ်ဂွပ်ဆိုးနေတာ . စိတ်အတော်ညစ်ဖို့ကောင်းသည်.. ညညလည်းအိပ်မရ ပါ .  အခုတလော အသစ်တွေ့ထားတာလေးက တော့ . jaconda ပါ..

အရင့်အရင်က Gtalk partychat ဆိုတာ ကြားသာဖူးသည် အင်ဗိုက်လုပ်လည်းမရပါ .. partychat@gmail.com ကိုအက်ဗိုက်လုပ်ရသည်ဟုပြောသည် လုပ်ကြည့်တော့လည်းမရ .. ခုထိလည်းမရသေးပါ .. ဂျီတော့ထဲမှာ အခန်းနဲ့ပြောချင်စိတ်ကလည်းမကုန်သေး .. ဒါနဲ့ MZ မှာ ၀င်ဖတ်မှ မင်ဘာတစ်ယောက်တင်ထားတဲ့ ဆိုက်တစ်ခုတွေ့လိုက်ရသည် .ဒါလေးနဲ့ အခုအဆင်ပြေနေသည် သိတဲ့သူတွေခေါ်ထည့်လို့ .. တစ်ယောက်တစ်ပေါက် ၀ိုင်းချက်နေကြတာ ညံလို့ပဲ .. ပျော်စရာတော့ အတော်ကောင်းသည်.

gtalk မှာ partychat လိုပုံစံမျိုးချက်ချင်ရင် www.jaconda.im မှာ သွားလုပ်ရပါတယ် .. room တွေဖန်တီးလို့ရပါတယ် .. လူအရမ်းများသွားရင်တော့ သိပ်အဆင်မပြေပါဘူး ..  ကွန်နရှင်ကျနေရင် ဒါမှမဟုတ် လူအရမ်းများနေရင် massage တွေက နောက်ကျမှပေါ်ပြီးတော့ စာတွေတစ် လွဲဖြစ် နေတတ်ပါတယ် ..

အုပ်စုလိုက် ချက်ချင်ကြသူများ သူငယ်ချင်းဟောင်းများစုပြီး စကားဝိုင်းပြောချင်ရင် ဒါလေးက အတော်အသုံးတည့်ပါတယ် .. ကျနော် စမ်းသပ်ထားတာ တစ်ခုကတော့  saungyarthi@jaconda.im ပါ .. သူ့ကိုအက်လိုက်ရင်ရပါတယ် ဒါမှမဟုတ် . အခန်းထဲဝင်ချင်တဲ့ သူက ကျနော်ကို မေးပေးရင် အခန်းဖန်တီးတဲ့ သူက အင်ဗိုက်လုပ်နိုင်ပါတယ် ..

လုပ်ကြည့်လို့ အဆင်မပြေတာရှိရင် တော့ phokyaw88@gmail.com ကိုမေးနိုင်ပါတယ် ..

No comments: