လူနေချုံကြား စိတ်နေဘုံဖျား
လူတစ်ကိုယ် ထင်တစ်လုံး
လူဆိုးလူကောင်း ပေါင်းကြည့်မှသိ
ဆန်ဖြူဆန်ကောင်း ပေါင်းကြည့်မှသိ
လူပျင်းလုံ့ လ တစ်ခဏ
လူပုစိတ်တို ခွေးပုရန်လို
လူ့အလို နတ်မလိုက်နိုင်
လူပါးပုလင်းထိ
လူပြောမသန် လူသန်မပြော
လူမှာအကွပ် တောင်းမှာ အ၀တ်
ရွေအကြောင်း ဖယောင်း သက်သေ
လူအကြောင်း ပေါင်းကြည့်မှ အဖြေ
ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ပြီး ပါးစပ်ကန့်လန့် နှစ်ခေါင်းဇောက်ထိုးရှိတဲ့ .လူသားတွေနဲ့ ပတ်သက်တဲ့ စကားပုံးတွေကို သိသမျှ ရေးသားလိုက်တာပါ .. စာပဲရေးရေး .စကားပဲပြောပြော .. သုံးလို့ရပါတယ်..
Saturday, November 22, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment