Myeiktharlay

Saturday, November 1, 2008

Even and Odd Number

Even and Odd Number

1 2 3 4 5 6 7 8 9 စတဲ့ ဂဏန်းတွေ နဲ့ ပတ်သက်လို့ ပေါ့ .. စုံဂဏန်း မ ဂဏန်း စသဖြင့် ရှိကြတာ သိကြမှာပါ .. အစကတော့ .. စုံဆိုတာ ကောင်းတဲ့ ဂဏန်း မဆိုတာ မကောင်းတဲ့ ဂဏန်းလို့ မြင်ခဲ့ ပါတယ် ကိုယ်ဟာကိုယ် မြင်ချင် သိလို မြင် ထင်ချင်သလို ထင်ခဲ့တာပါ ။ အခုတော့ ထင်တာနဲ့ တစ်လွဲဖြစ်နေမှန်း သိလိုက်ရပါတယ်

ပထမဆုံး စုံ ဂဏန်းအကြောင်း စပြောရအောင်

စုံဂဏန်း ( Even Number)

စုံဂဏန်းဆိုတာ ချောမွေ့ညီညာပြီး ညှိနှိုင်းနိုင်စွမ်းရှိပါတယ် ။ စုံဂဏန်းများကို အတိုင်းအတာ နယ်နိမိတ်မရှိသာ ဂဏန်း အကန့်အသတ်မရှိပဲ အရာရာကိုယူဆောင်နိုင်သော ဂဏန်းလို့ သတ်မှတ်ပါတယ်။ အမဓါတ်စိုးမိုးပြီး လက်ဝဲဖက် ခြမ်းကို ပိုင်စိုးတယ် လို့ဆိုပါတယ်။

မတည်ငြိမ်သော ။ မာယာကြီးစိုးပြီး အမှောင်ဓါတ်ကြီးစိုးသောဂဏန်းလို့ဆို ပါတယ် ။ လုံးဝန်းသော သင်္ကေတ ဖြစ်ဖော်ကြူးသည်။

ပလေတို သည်လည်း စုံဂဏန်းမှာ မကောင်းခြင်းကို ဖော်ဆောင်ပြီး မဂဏန်းမှာ အံ့ဖွယ် တံခိုးရှင်နံပါတ် ဖြစ်တယ်လို့ဆိုပါတယ် ။

မဂဏန်း ( Odd Number )

မဂဏန်း ဆိုတာ စုံညီမှုမရှိသော တစ်စုံတစ်ရာ လစ်လပ်နေသော အရာ ညီညွတ်မှုမရှိသော ဂဏန်းလို့သတ်မှတ် ပါတယ်။

ဒါပေမယ့် 1.3.5.7.9 အစရှိတဲ့ ဂဏန်းများကို အဖိုသဘာဝဆောင်သော ဂဏန်းများလို့ သင်္ချာပညာရှင် ပိုင်သာဂိုရပ်က ဆိုပါတယ်။

လက်ယာဖက်ခြမ်းကို ပိုင်စိုးသောဂဏန်းများလို့ သတ်မှတ်ပြီး မဂဏန်းကို လေးထောင့်ကွက် သင်္ကေတနဲ့ ဖော်ကြူးပါတယ် ။

ပိုင်းခြားကန့်သတ်သော အမြဲထာဝရ ရပ်တည် ရပ်တည်နိုင်သော ဖျောက်ဖျက်ဖျက်ဆီးရန် မစွမ်းဆောင်နိုင်သော အလွန်အင်းအားကြီးမားတဲ့ ဂဏန်းလို့သတ်မှတ်ပါတယ်။

အလင်း ဓါတ်ကိုဆောင်သည် ကောင်ခြင်း အဖြာဖြာကို ပေးစွမ်းသည်ဟု သတ်မှတ်သည်။

စံဇာဏီဘို . ( မှတ်စု ) မှ ကောက်နိုတ် ဖော်ပြသည်။

No comments: