Myeiktharlay

Wednesday, December 31, 2008

December 31 .. New Year


အကြာကြီးနေပြီးမှ... ခွဲခွာရ တော့မှာမို့လို့ စိတ်တော့ မကောင်းပါဘူး.. 2008 ရေ.. နှစ်သစ်ရောက်လာတာ သိပ်တော့ မပျော်ပါဘူး.. အသက်ကကြီးလာတာကိုး ..ဘာပဲ ဖြစ်ဖြစ် .. 2009 ဆိုတဲ့ နှစ်သစ် ကို .. အများသူငါ နည်းတူ ကျွန်တော် ကလည်း  ကြိုဆိုလိုက်ပါတယ် ..

ဘလော့ လေးကိုတော့ နှစ်သစ်မှာ.. template လေး ပြောင်းချင်ပေမယ့်.. အခြေအနေအကြောင်းကြောင်းကြောင့် ပြောင်းဖြစ်ဖို့ သိပ်မသေချာဘူး.. သူများ ဘလော့ တွေကိုတော့.. အားကျပါရဲ့.  ..တစ်ခုခုတော့  အပြောင်းအလဲလေး ဖြစ်အောင်လုပ်နိုင်အောင်ကြိုးစားပါ့မယ် ..


mmblogpress ဆိုတဲ့  ဘလော့   ကို ပလန်း နက်မှာ တွေ့လို့ သွားကြည့်မိမှ .. မြန်မာ ဘလော့တွေ .. အဲလောက် ကောင်းတာတွေ ရှိနေပါလား.. ကိုယ်မသိ သေးတဲ့ ဘလော့တွေ.. အဲလောက်များပါလား လို့ ...သိလိုက်ရတယ် ... သိသာသိလိုက်ရတယ် .. သွားတော့ မသွားလည်ဖြစ်ဘူး..

အလုပ်ကလည်း မအား.. အမဲကလည်း လိုက်နေရသေးတယ်.. မုဆိုးပေါက်စ ဆိုတော့.. သားကောင်ရဲ့ အထာကို သိပ်နားမလည်ဘူး ဗျ.အနားသွားပြီး ရစ်သီ ရစ်သီလုပ်ရတာကပဲ. အရသာ တစ်မျိုးပဲ...

javascript .. တွေ.. ဘယ်လိုရေးရလဲ.. သိချင်နေတယ်.. ဘလော့ မှာ. ခလုပ်လေး တွေ ထည့်ချင်နေတယ်.. မလုပ်တတ်တော့ စိတ်ညစ်တယ် ကွာ.. ကြိုးစား ရအုံးမယ်...

ငှက်ကပျံရင်းသေ . လူက ကြံရင်းသေတဲ့..  ကြံရင်းမသေ တော့ေ၇ာ.. ဘာဖြစ်တုန်း . သေချင်သလိုသေမှာပေါ့.. မွေးလာတာ ကသေဖို့ပဲ မဟုတ်လား.. သေတယ် ဆိုတာကရော.. မွေးဖွားဖို့ အတွက်လား.. .. မသိမသိ.. ကျွန်တော်မသိ.. သိတာက... ကောင်းကောင်းနေ .. ကောင်းတာလုပ်.. ကောင်းအောင်လုပ်.. လုပ်ချင်တာလုပ် ဖို့..

အဟဲ....... ဗိုက်တောင်ဆာလာပြီဗျ.. ဒီအချိန်ဆို ဗိုက်ဆာနေကျပဲ... အလုပ်ပြန်ချိန်ကိုး....လစ်အုံးမှ ..ဗျို့..



Saturday, December 27, 2008

Dec 27 .. 2009


အထီးကျန်မှု ရံဖန်ရံ ခါ ခံစားရတဲ့ အခါမှာတော့.. ဘ၀ကို .. အားငယ်လာတယ် .. ဘာလို့ သူမျာတွေလို မပျော်ရွင်နိုင် ရတာလဲ.. ကိုယ်ကိုတိုင် ကိုက ကံဆိုးလွန်းတာလား.. ဒါမှမဟုတ် ... ကိုယ့် အပြုအမူတွေကပဲ.. ကိုယ့်ကိုအဲလိုဖြစ်စေတာလားမသိ..

အထီးကျန်မှု ဗိုင်းရပ်စ် ကကိုက်တော့လည်း.. နှလုံးသား မှာ  စက်စတန်တွေ ပျက်စီးကုန်တော့ တယ် ..နှလုံးသားခြင်း နက်ဝပ်ချိတ် ပြီး ..အကြင်နာတွေ ရှဲယာ လုပ်ရမယ့် ကောင်မလေး များ.. ဘ၀မှာ ဘယ်တော့ ပေါ်လာမှာလဲ..

ပျော်ရွင်မှုဆိုတာ လုပ်ယူမှ ရတာတဲ့လေ.. မလုပ်တတ်ဘူးဗျ.. နေတတ်သလိုနေ တာပဲ .. မတတ်နိုင်ဘူး.. အပြင်ပန်းကြည့်ရင်တော့..ပျော်သလိုပဲ.. ရင်ထဲမှာ ကြေကွဲတာ လူမသိ ...

မထင်မှတ်ပဲရလိုက်တဲ့ သားကောင်မှာ.. သူများ ပစ်လိုက်တဲ့ မျှားက စိုက်ပြီးသားတဲ့လေ.. ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းသလဲ.. ကိုကဒီသား ကောင်မှ မရရင်..တော်တော် စိတ်ဆင်းရဲ ရမှာ သေချာနေတယ် ... မိမလိုလိုနဲ့ လွှတ်ထွက်တော့ မယ့် အနေအထားကို ရောက်ရှိလို့ နေပါပြီ

တစ်နေ့တစ်နေ့ ဒီသားကောင်က ခေါင်းထဲ ၀င်လာလို့ ဆွဲထုတ်ရတာ ကမောတယ် .. အနာဆိုဆေးထည့်ရင်ပျောက် နိုင်ပေမယ့် စိတ်ညစ်တာ က ဆေးထည့်လို့မရ..မလွယ်...သြော်..

အမဲလိုက် ဦးမှ....

Thursday, December 25, 2008

Cristas day.. 25 ..Dec . 2008

 

သားကောင် မထင်မှတ်ပဲရလို့ အမဲလိုက်နေတာနဲ့.. အင်တာနက်နဲ့. နှစ်ရက်လောက်တောင် ဝေးသွားတယ် ဗျာ.. ဘာသားကောင်လဲ တော့ ပြောလို့မရဘူး. ဗျ.. အဟဲ

 

ဒီနေ့ ခရစ်စမတ်နေ့ ဆိုတော့ .. အလုပ်ပိတ်တယ်..မနက်ဖြန်က သောကြာ နားရက်လေ.. အေးဆေးပဲ.. ဒါကြောင့် ဒီနေ့ အင်တာနက်လာသုံးရင်း ပို့ စ်အသစ်လေး တင်မလို့း..

 

Google Reader ဖွင့်ပြီး  ကြည့်နေကျ ဘလော့တွေ မှာ ..ဘာပို့စ် အသစ်တွေ တင်ပြီလဲ.. ဘာပို့စ်က ကိုယ့်အတွက် ကောင်းမလဲပေါ့..လျှောက်ကြည့်မိတယ် …

 

pdfdatabase ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်တွေ ရှာလို့ ရတဲ့ ဆိုက်တစ်ခု သိခဲ့ရတယ် ဗျ.. မိုက်တယ် .. သိချင်တဲ့ အကြောင်းအရာ ရိုက်ထည့်.. ပြီးတော့ ဒေါင်းလုပ် ဆွဲရုံပဲ.. နောက်တစ်ခုက

 

orbitdownloader ဆိုတဲ့ ဆိုက်ပါ.. သူ ဟာနဲ့သူ ခွဲထားတယ် e-book , movie စတဲ့  ကိုလိုချင်တဲ့ ဟာ ကို ရွေးရှာပြီး ဆွဲရုံပဲ..

 

ဖိုတိုရှော့ နဲ့ ပတ်သက်လို့ကတော့.. www.photoshopstar.com ကနေ နည်းနည်း ၇လိုက်တယ် ဗျ.. ဒီဆိုက်လေး မဆိုးဘူး..

 

Flash .. လေး နည်းနည်း စမ်းကြည့်သေးတယ် .. အခြေခံလေး.. ရမလားလို့ ခေါင်းစားတယ် ဗျ.. မရဘူး..

 

ဘလော့ ကို လာတဲ့ သူနည်းတယ် ဗျ.. Google analytics မှာ ၀င်ကြည့်ဖြစ်သေးတယ်… ရေးချင်တာရေးနေတာ  ကိုး.. ဘယ်တတ်နိုင်မှာလဲ.. လာသလောက်ကိုပဲ .. ကျေးဇူးတင်ကြောင်းပါ ..

 

ဒီနေ့.. အမေ့ရဲ့ မွေးနေ့ ပါလား.. ကျေးဇူးရှင် အမေ..အသက်ရာကျော်ရှည်ပါစေ.. လို့သားဆုတောင်းပါတယ် .. ပို့စ်တင်နေတာ.. အမေ ရဲ့ မွေးနေ့ အကြောင်းတောင် ရေး မလို့ မရေးဖြစ်တော့ဘူး..



Saturday, December 20, 2008

စနေ


ဒီနေ့ ..

ထုံးစံအတိုင်း .. အလုပ်ပြန်တာနဲ့ ..အင်တာနက်ဆိုင် ပြေးတာပဲ.. အလုပ်ကို နောက်ကျမှ လာ တယ် .. ပြန်ချိန်တော့ ငါးနာရီ ကွက်တိပဲ .. အဟဲ.. ကျွန်တော့လို မလုပ်ကြနဲ့ ဗျ.. မကောင်းဘူး..

ကွန်နရှင်ကတော့ ကောင်းပါရဲ့.. ဒါပေမယ့် ..လုပ်ချင်တာတွေက များနေတယ် .. အိမ်ပြန် ဖို့လည်း .လစ်ရအုံးမယ် .အချိန်က.. နာရီဝက် ကျော်ကျော်ပဲ ရတယ် ဗျ ..

ဒီနေ့ ဆိုက်တစ်ခု တွေ့  တယ် .. ဒီဇိုင်နာတွေ အတွက် ကောာင်းမယ် ဆိုက်လေးပါ ..မိုက်တယ် ဗျ. သူ့ အကန့် နဲ့ သူ ခွဲထားတယ် .. ဒီဇိုင်းတွေ တင်ထားတယ်    နမူုနာ ယူ. သင့်တဲ့ ..ဒီဇိုင်နာတွေ လည်ပတ်သင့်တဲ့ ဆိုက်လေးပါ..

ucreative တဲ့ . မိုက်တယ် ဗျ.. စိတ်ဝင်စားရင် သွားကြည့်ကြဗျို့   ကျနော်တော့ ခဏပဲ ကြည့်နိုင်တယ်.. အလုပ်နားရက်မှ.. သေသေချာချာ ကြည့်နိုင်မယ် ထင်ပါရဲ့  ဗျာ..


Thursday, December 18, 2008

သောကြာ1


 သောကြာ..1
 
 သောကြာနေ့ဟာ.. ပိတ်ရက် .. အလုပ်နားရက် .. အေးဆေး ဖရီး ပဲ.. ဒီနေ့  အလုပ်နားရက် .အေးဆေး ဖရီး.. ဘာလုပ်မလဲ.. အင်တာနက် မယ် .. ဒါပဲပေါ့
တစ်ခြားရော ...လုပ်စရာ ဘာမှမရှိ .. အင်တာနက်မယ် ဆိုတာ အင်တာနက်မှာ ချက်တာ.. ကြူတာ တော့ မဟုတ်ပါဘူး... ဟိုဟိုဒီဒီ လျှောက်သွား.. လျှောက်လာပေါ့..

ဘောလုံးသတင်း ကြည့်မယ်.. အကောင်းဆုံး ဆိုက်က .. မန်ယူဖန် .. ဒါပဲကြည့်တယ်.. ကိုယ်က မန်ယူ ပရိတ်သတ်ကိုး... မနေ့ ကတောင် ဂျပန်မှာ ကန်တဲ့ ပွဲ မကြည့်လိုက် ရဘူး.. အလုပ်ချိန်နဲ့ တိုက်နေလို့ .

. မန်ယူကို ကြိုက်တယ် ...

ဘာလို့ကြိုက်လဲ.. သေသေချာချာ မမှတ်မိတော့ဘူး ဗျ.. အဓိက ကတော့ .. ကိုယ် ကြိုက်တဲ့ ကစားသမားပါနေလို့ပဲ.. ကျောင်းတက်တုန်းကတော့ ဒေးဗစ် ဘက်ခမ်း ကို အသေလဲ ကြိုက်တယ် သူကန်တဲ့ မန်ယူ ကိုလဲကြိုက်သွားတယ် .. အခု  ဒိုလေး .. ရိုနယ် ဒို ..အသေခိုက်တယ်.. သူကန်တဲ့ ပွဲဆို အ မလွတ် တမ်းကြည့်တယ်..

သုံးနေကျ အင်တာနက်ဆိုင်က ..လေးနာရီ မင်ဘာဖွင့်ရင် တစ်ထောင်ပဲ  တန်လိုက်တာ ဗျ... ကွန်နရှင်ရော. စက်ရော .နည်းနည်း စုတ်တယ်.. တန်ရာတန်ရာ ပေါ့ ဗျာ.. မဆိုးတော့ မဆိုးဘူးဗျ.. ကျွန်တော်တို့လို လူ့ ငမွဲတွေ အတွက်တော့ .. ကိုက်တယ်..

အင်တာနက်အမြဲသုံးနိုင်ဖို့ ကျွန်တော့ အတွက် တော့ မလွယ်.. လခ ကနည်းနည်း သုံးတာက များနေတယ်.. အိမ်ကို ပိုက်ဆံ လှမ်းမှာနေရလို့ အမေက စိတ် တိုနေပြီ.. အလုပ်ရတောင် ပိုက်ဆံတောင်းနေသေးတယ် .ပြန်လာတော့တဲ့ ..  ဘ၀ က ခက်ခဲတယ် ဗျာ.. အဟဲ..

ဒီတစ်ပတ် အင်တာနက်သုံးတာ.. ဘာရလိုက်လဲ.. ဘာမှ သိပ်မရလိုက်ဘူးဗျာ.. သုံးနေကျဆိုင် မီးပျက်နေတာနဲ့.. ဈေးကြီးတဲ့ ဆိုင် သွားလိုက်ရတယ် ..

နောက်တစ်ပတ်ကျရင် .. ဘာရလဲဆိုတာ ရေးတင် မလို့ စိတ်ကူးထားတယ် .. အင်တာနက်သုံးတိုင်း ဘာရလိုက်လဲ.... ဆိုတာ ရေးတင် မလို့ စိတ်ကူးထားတယ် .. ဒီတစ်ပတ်တော့ ..ဖိုတိုရှော့ ကျူတိုရီရယ်တွေ .. လိုက်ကြည့်ဖြစ်တယ် .. အဆင့်တွေက များလွန်းလို့ မမှတ်နိုင်ဘူး ဗျို့ စိတ်ညစ်တယ်

အခုတလော နည်းနည်း စိတ်ညစ်တယ်.. အလုပ်လုပ်ရတာလဲ မပျော်ဘူးဗျ.. ပျင်းလာပြီ ..

လာဖတ်လို့ ဘာမှ ရမသွားဘူး ဆိုရင် ဆောရီးနော်.. ပေးနိုင်တဲ့ ဆိုက်တွေ အ များကြီးပါ.. နည်းပညာဆိုက်တွေ .. ဘလော့တွေ အများကြီးရှိပါတယ်..
ဖတ်ခဲ့ရင် ကျေးဇူးဗျို့ ..


Monday, December 15, 2008

အဖြူရောင်


ဖြူစင် သန့်ရှင်းမှု အေးချမ်းမှု စိတ်ကြည်လင်စေမှုနဲ့ လွတ်လပ်မှုတို့ကို ပေးစွမ်းတာ အဖြူရောင်ပါ ။ ဖြူဆွတ်လွန်းတဲ့ အေ၇ာ င်ဟာ အခြားအေ၇ာင်တွေနဲ့ ကွဲထွက်ပြီး အထီးကျန်တဲ့ အေ၇ာင်မို့ တရုတ်လူမျိုးတွေက ၀မ်းနည်းခြင်းရဲ့  သင်္ကေတ အနေနဲ့ ၀တ်ကြပါတယ်.။ ဖြူစင်ရိုးသားမှု ကိုယ်ခြင်းစာတရားရှိမှု တရားမျှတမှု နုပျိုစေမှု .ပေါ့ပါးလွတ်လပ်မှုနဲ့ ငြိမ်းခြမ်းမှုကို အဖြူရောင်က ကိုယ်စားပြုတယ် ။ အိမ်ခန်းနဲ့ အိပ်ခန်းတွေမှာ အဖြူေ၇ာင်သုတ်ထားရင် စိတ် မသက်မသာဖြစ်စေတယ် ။ အဖြူေ၇ာင်ထဲမှာပါတဲ့ ငွေရောင်ကတော့ လူတွေရဲ့ စိတ်ကို ဆွဲဆောင်နိင်ပါတယ် ။


Thursday, December 11, 2008

color


လိမ္မော်ရောင်

လိမ္မော်ရောင် ဟာ စိတ်ကို လွတ်လပ်စေလို့ အသစ်အသစ်သော .ခံစားမှုတွေ ပေးနိုင်ပါတယ် . စိတ်ကို တက်ကြွစေတယ် ဆွဲဆောင်အားရှိတယ် . ခွင့်မလွှတ်တတ်တဲ့ သင်္ကေတကြီးစိုးတဲ အရောင်လည်း ဖြစ်ပါတယ်

ဦးနှောက် ကို အောက်ဆီဂျင် ပိုမိုရရှိအောင် စွမ်းဆောင်ပေးတဲ့ အရေင်လို့လည်းဆိုပါတယ် .အ၀ါရောင် နောက်ခံ ထားရင် အဝေးက အရာတွေကို ပိုနီးစေနိုင်ပါသတဲ့။

အ၀ါေ၇ာင်နုနုက ..တက်ကြွတဲ့ သဘောကိုဆောင်ပါတယ်.. ရင့်လွန်းရင် မကောင်းဘူး ..စိတ်အနှောက်အယှက် ဖြစ်စေတယ် ..

..

ရေးထားတဲ့… ၀တ်ထုတိုလေး တင်မလို့ဟာ. စာလုံးထပ်တွေ မသိတာနဲ့.. အရောင်လက်ကျန်လေးပဲ တင်လိုက်ရတယ် ..



Monday, December 8, 2008

story

အရွယ် ရောက်ပြီးသော ကောင်လေးအများစု မှာ ယျေဘုယျ အားဖြင့် ရည်းစားရှိတတ်ကြပါတယ်। ဒီကောင်လေး အများစုထဲမှာ ကျွန်တော်လည်းတစ်ယောက် အပါအ၀င်ဖြစ်၏ ॥ ကျွန်တော်သိပ်ချစ်ရ ကောင်မလေးသည် ॥ ရုပ်မချောသော်လည်း॥ လှပမှု မရှိပါ .. သူမအားချစ်မိခဲ့ ခြင်းသည် ..ကံဆိုးမှုများအား နှလုံးသားကို အလိုက်ပေးလဲလှယ် မိပြီဖြစ်ကြောင်း နောင်အခါမှ သိခဲ့ရ၏ ।သို့သော်လည်း သူမကို ကျွန်တော် ချစ်ပါသည်..

မိန်းကလေးတန်မဲ့ နှုတ်ခမ်းမွှေးများ ပေါက်နေခြင်းကို ချစ်သည် ..စူးရှပြီး.နားဝင်ဆိုးလှသော သူမ၏ အသံသည် ကျွန်တော့ အတွက် ဂီတသံ ဖြစ် သည် ။ သူမ၏ ရှေ့ သို့ခေါထွက်နေသော သွားများကြောင့် သူမထံမှ အကြင်နာ အနမ်းများကို မကြာခဏ ရှောင်တိမ်းနေရ သည် ။ သူမ စကတ်အတို ၀တ်သောနေ့က သူမ၏ ခြေသလုံးတွင် ကောက်ကွေးသော အမွှေးများ ထူထပ်စွာပေါက်ရောက်နေ ကြောင်း ကြက်သိးထဖွယ်ရာ သိခဲ့ရပြန်သည် ။


New adress

 
လာရောက်ကြသူ အပေါင်းတို့ .. ကျနော် ရဲ့  ဘလော့ အား . လိပ်စာ အသစ်ဖြစ် .. လာရောက် နိုင်ကြောင်း အသိပေး အပ်ပါတယ် .. ဒါပေသိ.. ဒီလိပ်စာက လည်း ကျော်ခွ မှ ..လာရောက်ရတဲ့..လိပ်စာ သာ ဖြစ်ပေတယ်.. ဘာမှတော့ သိပ်မထူး.. ဒီအတိုင်း  ..ကလိလိုက်ခြင်းသာ .. ဖြစ်ပေတယ် ..

လိပ်စာအသစ်ကား.. www.chitloonthu.f1.cc ဖြစ်၏ ..

လိပ်စာ အသစ်ဖြစ် လာလိုက ..လာကြကုန်.. ။

Thursday, December 4, 2008

ဘာညာကွိကွ

ဒီနေ့ မနက် ခင်း အိပ်ရာထထချင်းတော့ .. ဘာနှင်းမှမရှိ ...ခဏ ကြာတော့ .. ဒီဇင်ဘာရဲ့ နှင်းမှုန်တွေ ကျလာလိုက်တာ .... လှပတဲ့ မနက်ခင်းတစ်ခု ဖြစ်သွားပါတယ် ... အိမ်က ထွက်တော့ အရှေ့ ၀ါးနှစ်ပြန် စာလောက် ကောင်းကောင်း မမြင်ရလောက် အောင် နှင်းက ထူထပ်လို့ ... ကိုယ်ခံအားနည်းတော့ .. အအေးဒဏ်ကို ပိုခံရတာပေါ့.. ဒါကြောင့် အနွေးထည် နှစ်ထပ် ၀တ်လိုက်တယ် ..

 

အလုပ်လေးရလာတော့ လည်း ကျောင်းသာဘ၀ကလို အပျင်းထူပြီး အိပ်လို့မရတော့ .. အလုပ်ချိန်မှန်မှန်ရောက်ဖို့ စောစော အိပ် ..စောစောထရ .. လက်ဖက်ရည်ဆိုင် ပြေးရ .ကားမထွက်ခင် ပြေးရ .. မောင်မောင် ဇော်လတ် သီချင်း ကတော့ ... တစ်နေကုန်ရပ်စောင့် ရတယ် .. လို့ပြောပေမယ့် .. သူ့ အတွက်တော့ တစ်နေကုန် ပြေးနေရတယ် .. လောလော လောလောနဲ့ပဲ..

 

အရင်က အချိန်ရဲ့ တန်ဖိုးနားလည်ရမှန်း မသိတဲ့သူ.. အခုတော့ အချိန်ဆိုတာ ရှားပါးနေလိုက်တာ .. အချိန်ရဲ့ တန်ဖိုး ကို တိတိကျကျ သိလာပါတယ် .. အရင် က . ၀တ္တု စာအုပ်ဖတ်ခဲ့ ပြီး .ကုလားထိုင်တစ်လုံးနဲ့ .. ဇိမ်ကျနေခဲ့တဲ့ အချိန်တွေ .. ကို..အရမ်းနှမျှောပါတယ် ...

 

နောင်တဆိုတာ နောင်မှ ၇တယ် ဆိုတာ အမှန်ပါပဲ ဗျာ.. စာအုပ်တွေ ဖတ် ပြီး ..အချိန်ရဲ့ တန်ဖိုးနားလည်း လာတယ် . အဲဒီစာအုပ် ဖတ်နေတုန်း ပေါ့.. စာအုပ်လဲ.. လက်ကလွှတ်.. ဒါတွေ မသိတော့.. အရင်အတိုင်းပဲ..ခွေးမြီးကောက် ..ကျည်တောက်စွပ်ပဲ…အဲလို.အဲလို ..

 

ဒီခောတ်ကြီးမှာလည်း .. နည်းပညာဆိုတာတွေက လည်းလိုက်လို့ မကုန်ဘူး.. လိုက်လေ ဝေးလေပဲ.. ဦးနှောက်မှာ ..ရင် နှီးမြုပ်နှံဖို့ .. ငွေ ကလည်းလိုအပ်လာပြန်ရော .. ငွေရှိမှ.. ပညာရ.. ပညာရမှ ..ငွေရ.. သြော်လောက လောက..

 

သေရင်လည်း. ဒါတွေက .ပြီးတာပါပဲ .. မသေခင်တော့လည်း..  လုံးလည်လိုက်နေမှာ ..သေချာတယ် ..တစ်ခါတစ်လေတော့လည်း ..အသက်ရှင်နေရတာ.. ပျင်းဖို့ ကောင်းသား.. ဗျ .. သေတော့ မသေချင်သေးပါဘူး..

 

ငယ်ငယ်လေးရှိသေးတာ ဟုတ်ဘူးလား..အဟဲ.. ဖတ်မိရင်..ဘာတွေ လျှောက်ရေးနေပါလိမ့်လို့ ..ထင်ချင်တင်မိပါ လိမ့်မယ်. ကျွန်တော်လည်း မသိဘူးဗျ.. စိတ်ထဲရှိတာရေးမိတာ..

 

 

Tuesday, December 2, 2008

General


လူတွေမှာ .. ကောင်းတဲ့ စိတ်နဲ့ မကောင်းတဲ့ စိတ် နှစ်မျိုးရှိတယ် ဆိုတာ သိကြမှာပါ.. ကျွန်တော့ မှာလည်း ရှိတယ်လေ .. ဘာလို့ ဒီလိုရေးလဲ.. ရေးရတာ အကြောင်းရှိပါတယ်.. အခုတလော.. မကောင်းတဲ့ စိတ်ဘက်ခြမ်း က

အသာစီးရနေတာ ... ကိုယ့်ဟာကိုယ်တောင်လန့်မိတယ်ဗျ .. မကောင်းမှန်းသိရက်နဲ့.. လုပ်နေမိတာပိုဆိုး တယ်ဗျာ.. စိတ်အလိုလိုက် ပြီး မလုပ်သင့်တာလုပ်မိရင် . လုပ်ပြီးမှ နောင်တရသလိုလို .. ဖြစ်နေတတ်တာ လည်းဆိုးတယ် ဗျ..

လုပ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ ဗျာ .. နောက်မလုပ်မိအောင်ကြိုးစားရမှာပေါ့.. ဘာလုပ်မိလဲလို့ သိချင်ကြမယ် ထင်ပါတယ် .. အရမ်းဆိုးဝါးတာ မဟုတ်ပါဘူး. မဟုတ်တရုတ်တွေ တွေးမိနေပါအုံးမယ် .. နည်းနည်းပါးပါးပါ..

ဘလော့ ရေးတာ .. အခုတလော ဘာရေးရမှန်းကို မသိဘူးဗျာ. နည်းပညာပိုင်း ကျွမ်းလားဆိုတော့ မကျွမ်း.. ဘာမှလည်း ကောင်းကောင်းမရေးတတ် တော့ ခွကျတယ် .. ကိုယ့် အပူတွေပဲ ထုတ်ရေးနေ မိတာပဲ .. ညည်းချင်းပေါ့..

အလုပ်မအားတာနဲ့ ဘလော့တွေ လည်း ကောင်းကောင်းလိုက် မလည်ဖြစ်ဘူး.. ကွန်နရှင်ကလည်းစုတ်ပါ့ .. သိတဲ့အ တိုင်းပဲလေ..

ဘလော့တစ်ခု တွေ့ထားတယ် ဗျ.. မိုက်တယ် .. ကျွန်တော်တော့ အခုမှတွေတာ.. သိတဲ့လူ များမယ်ထင်တယ် ..

သံလုံငယ် တဲ့ .. ဒီဘလော့ကို အခုမှတွေ့မိတယ်.. ကြိုက်တယ် ဗျာ.. ဘလော့တစ်ခုလုံး.. ကိုဖတ်စရာ မကုန်နိုင်ဘူး.. တစ်ရက်ကို နည်းနည်း နည်းနည်း ပဲ ဖတ်နေရတယ် … ကိုယ်ကြိုက်တာလေး ရွေးဖတ်တာပေါ့.. လေ့လာစရာတွေ များတဲ့ ဘလော့လေးပါ.. ကျော်ခွစရာတောင်မလိုပါဘူး.. ဒီအတိုင်း သွားလို့ရတယ် ..နည်းပညာလေ့လာသူတိုင်း ဖတ်ရှုသင့်တဲ့ ဘလော့လေးပါ.. http://www.thanlonengal.co.cc/ ဖြစ်ပါတယ်..

နောက်ဘဘော့ တစ်ခုကတော့ ဂျစ်ပဆီလေးရဲ့ အိမ် ဖြစ်ပါတယ် .. အဲဒီဘလော့ ကလည်းပဲ .. ဗဟုသုတ ရစရာတွေ အမြောက်အများ ရှိသလို ထူးထူးဆန်းဆန်းတွေလည်း တွေ့ရနိုင်ပါတယ် .. ကျွန်တော် ကြိုက်တဲ့ ဘလော့လေးပါ..

မသိသေးသူများ သွားလည်ပတ်ကြကုန်..