Myeiktharlay

Thursday, December 25, 2008

Cristas day.. 25 ..Dec . 2008

 

သားကောင် မထင်မှတ်ပဲရလို့ အမဲလိုက်နေတာနဲ့.. အင်တာနက်နဲ့. နှစ်ရက်လောက်တောင် ဝေးသွားတယ် ဗျာ.. ဘာသားကောင်လဲ တော့ ပြောလို့မရဘူး. ဗျ.. အဟဲ

 

ဒီနေ့ ခရစ်စမတ်နေ့ ဆိုတော့ .. အလုပ်ပိတ်တယ်..မနက်ဖြန်က သောကြာ နားရက်လေ.. အေးဆေးပဲ.. ဒါကြောင့် ဒီနေ့ အင်တာနက်လာသုံးရင်း ပို့ စ်အသစ်လေး တင်မလို့း..

 

Google Reader ဖွင့်ပြီး  ကြည့်နေကျ ဘလော့တွေ မှာ ..ဘာပို့စ် အသစ်တွေ တင်ပြီလဲ.. ဘာပို့စ်က ကိုယ့်အတွက် ကောင်းမလဲပေါ့..လျှောက်ကြည့်မိတယ် …

 

pdfdatabase ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်တွေ ရှာလို့ ရတဲ့ ဆိုက်တစ်ခု သိခဲ့ရတယ် ဗျ.. မိုက်တယ် .. သိချင်တဲ့ အကြောင်းအရာ ရိုက်ထည့်.. ပြီးတော့ ဒေါင်းလုပ် ဆွဲရုံပဲ.. နောက်တစ်ခုက

 

orbitdownloader ဆိုတဲ့ ဆိုက်ပါ.. သူ ဟာနဲ့သူ ခွဲထားတယ် e-book , movie စတဲ့  ကိုလိုချင်တဲ့ ဟာ ကို ရွေးရှာပြီး ဆွဲရုံပဲ..

 

ဖိုတိုရှော့ နဲ့ ပတ်သက်လို့ကတော့.. www.photoshopstar.com ကနေ နည်းနည်း ၇လိုက်တယ် ဗျ.. ဒီဆိုက်လေး မဆိုးဘူး..

 

Flash .. လေး နည်းနည်း စမ်းကြည့်သေးတယ် .. အခြေခံလေး.. ရမလားလို့ ခေါင်းစားတယ် ဗျ.. မရဘူး..

 

ဘလော့ ကို လာတဲ့ သူနည်းတယ် ဗျ.. Google analytics မှာ ၀င်ကြည့်ဖြစ်သေးတယ်… ရေးချင်တာရေးနေတာ  ကိုး.. ဘယ်တတ်နိုင်မှာလဲ.. လာသလောက်ကိုပဲ .. ကျေးဇူးတင်ကြောင်းပါ ..

 

ဒီနေ့.. အမေ့ရဲ့ မွေးနေ့ ပါလား.. ကျေးဇူးရှင် အမေ..အသက်ရာကျော်ရှည်ပါစေ.. လို့သားဆုတောင်းပါတယ် .. ပို့စ်တင်နေတာ.. အမေ ရဲ့ မွေးနေ့ အကြောင်းတောင် ရေး မလို့ မရေးဖြစ်တော့ဘူး..



No comments: