Myeiktharlay

Monday, February 23, 2009

အလုပ် ရရှိခြင်း


 ငွေပေး ၀ယ်မရ သော အတွေ့   အကြုံများ .. သည် အရေးပါ ကြောင်း .. အခွင့် အလမ်း ဂျာနယ် ကို  ဖတ်  လိုက်မှ ပိုသိရ သည် ..  ဘာလုပ် လုပ် အတွေ့ အကြုံ တစ်နှစ် အနည်းဆုံး ရှိရမည် ဟု အလုပ် ခေါ်ကြော်ငြာ များတွင် သူတွေ့ လိုက်ရ သည် ။

အလုပ် ရှာပေး သည့် အေဂျင်စီတွေက လည်း မှိုလို ပေါက်လာ ကြ၏ တစ်ချို့   က အင်တာဗျုး ကြေး ပေးရ သည်။ ဒီတင်မက အင် တာဗျုး မ၀င် ခင်ပင် လစာ ၏ တစ်ဆယ်ရာခိုင် နှုန်း ခန့် ပေး ရမည် ဟုဆိုသော အေဂျင်စီ နှင့် သူကြုံတွေ့  ခဲ့ ရသော ကြောင့် စီဗီ ပင် မတင်ခဲ့ ပေ ။ တစ်ချို့  အေ ဂျင်စီတွေ ကြတော့ လည်း စီ ဗီ ဖိုးသာ ပေးရ သည်။ အင်တာဗျုး ကြေးပေးစရာမလို ။

သူကတော့ ဘယ်အလုပ်မှ သိပ်မလျှောက်ရဲ ပါ ။ သူ့ တွင် လုပ်ငန်း အတွေ့  အကြုံ မရှိ.. စာသင်သော အတွေ့   အကြုံသာ ရှိသည် ။

အခုတော့  အလုပ်ရပြီ ဖြစ် သည်။ အလုပ်ဟောင်းထက် ..လစာ များ သည် ။ အတွေ့  အကြုံ လည်း ရမည်ဆိုသ ဖြင့် မလုပ်နိုင်စရာ မရှိ ။ ဘယ်လို အခက်အခဲ မျိုး နဲ့ တွေ့  ကြုံ ရအုံး မည်ဟု မပြောတတ် ။ အတထိတ်ထိတ်နဲ့ .. စိမ်ခေါ်မှုများအား  မျှော်လင့်နေမိသည် ။




1 comment:

နေ့အိပ်မက် said...

အဆင်ပြေပါစေရှင်... အစစအရာရာ အဆင်ပြေပြီး လုပ်ငန်းခွင်ထဲမှာလည်း ပျော်ရွှင်နိုင်ပါစေနော်...... :)
နေ့အိပ်မက် စိတ်လိုလက်ရ ဆုတောင်းပေးပါတယ်နော်...