Myeiktharlay

Sunday, July 12, 2009

ကဗျာ


သက်တံ တံတား

သိပ်ချစ်တာပဲ ညီမလေးရယ်လို့
အနမ်းတွေနဲ့ ပြောပြဖို့
မင်းရဲ့ ဆံပင်ရှည်တွေ ကြားထဲမှာ
ငါ့ မျက်နှာကို ၀ှက်ထားဖို့
ဂီတနဲ့
ငါတို့နှစ်ယောက်တွဲကဖို့
လရောင်ရွှန်းမြ
ညလေးတစ်ညဆိုတာ
တစ်ကယ်ကို ရောက်လာမှာလား

ကမ္ဘာမြေအတွက် အချစ်သီချင်း
လမင်းကို မြင်ရမလား
ကြယ်စင်ကို တွေ့ရမလား
ချစ်သူနှစ်ယောက်ရဲ့ ပေါင်းသင်းနေထိုင်မှုမှာ
ငါတို့ အစွမ်းကုန် ပွင့်လင်းနိုင်ကြမလား
မအိုခင်
မနာခင်
မသေခင်
ငါတို့ အဆုံးထိ မပျော်ရွှင်ရတော့ဘူးလား

အချစ်ရဲ့ ဧရိယာထဲမှာ
ငါတော့ တစ်လက်မ မှ နောက်မဆုတ်ပေးနိုင်ဘူး
မင်းကို
အပွင့်လေးလိုလည်းချစ်ခဲ့ရ
အသီးလေးလိုလည်းချစ်ခဲ့ရ
အဖူးလေးလိုလည်းချစ်ခဲ့ရ
မိုးအဆုံးမြေအဆုံး
မင်းတစ်ကိုယ်လုံးကို
ငါ့အနမ်းတွေနဲ့ သီကုံးထားချင်ရဲ့

ဟောဒီ 2009 မှာ မင်းကိုငါ ချစ်မိပေါ့

မိုဃ်းဇော်

No comments: