ဘ၀သည် စာအုပ်ဟောင်းတစ်အုပ်ရဲ့ ဒေါင့်စွန်း အနားတွေလို လန်ထွက် ကော့တက်နေရုံမျှမက အနားစွန်းများလည်း လိပ်တက်နေသည်။
ညသည်လည်း အနားစွန်းများ လိပ်တက်ကာနေ၏
ပြတင်းတံခါးကို ဖွင့်လိုက်တော့ လေအေးများ က ညင်သာစွာ ၀င်ရောက်ပြီးသူ့ အရေပြားကို သူ့အရေပြားကို လျှာနဲ့ လျက်ကာ အေးစိမ့်စိမ့် ထိတွေ့မှုကို ပေးသည်။ မွှေးညင်းနုကလေးများ အားလုံးမတ်တတ်ရပ် ကြရသည်။
နည်းနည်းလေး လှုပ်တာနဲ့ တင် ကုတင်ညည်းတွားသံက ပတ္တာကြပ်သံလို တကျွိကျွိထွက်ပေါ်နေသေးသည်။
လေးထပ်တွင်နေသော်လည်း စိတ်ဓါတ်က တစ်ခါတစ်လေ အောက်ဆုံး ရောက်နေသည်။
အစိမ်းရောင်သန်းပြီး ကြွပ်ဆတ်သော ဇီးသီးကို ဂွပ်ကနည်း ကိုက်စားရ တာကို ချစ်သည်။
အချစ်ဆိုတာလည်း တစ်ခါတစ်လေ ဇီးသီး ၀ယ်စားရသလိုပါပဲ ..ကြည့်လိုက်ရည် ချိုမယ့်ပုံ.. တစ်ကြွပ်ကြွပ် ၀ါးရမယ်ထင်ပြီး
တစ်ကယ်တမ်းစားခါမှ အထင်နဲ့ အမြင်လွဲနေတတ်ပါတယ် ..
No comments:
Post a Comment