Myeiktharlay

Thursday, August 20, 2009

အလုပ်ထွက်ပြီးနောက်

ဇာတာပဲမကောင်းတာလား ကိုယ်ကိုယ်တိုင်ကပဲ အသုံးမကျတာလားတော့. မသိဘူး.. အလုပ်မှာ ပြဿနာဖြစ်. အလုပ်က ထွက်လိုက်ရပြီး အခုဆို.. အလုပ်ထွက်တာ ဆယ့်ခြောက်ရက်ရှိပြီ ဖြစ်သည်.. အိပ်လိုက် စားလိုက် ဂိမ်းနှိပ်လိုက်ဖြစ် . အပီအပြင် .. ဇိမ်တွေ့နေပြီး၏

ထိုအတောအတွင်း ရောင်ချာချာဖြစ်ကာ.. ရောင်ခြောက်ဆယ် ဇတ်ခင်းနေသည်.. ဂိမ်းဆိုင်သာ သူအတွက် အားထားရာ. တစ်ခုဖြစ်နေသည်.. အိမ်ဘေးက ဂိမ်းဆိုင်အတွက် ..ဗီနိုင်းတစ်ခု ဆွဲပေးလိုက်ရသည်.. သူ့လက် ရာထဲတွင်..အဲလောက်ကြီးကြီးမထုတ်ဘူး..သဖြင့်.. အတော်ပျော်မိသေးသည်...

ဒီနေ့တော့.. အလုပ် .Fashion image မဂ္ဂဇင်းတွင်.. ဒီဇိုင်နာ. ပိုစ်အတွက် .. ဖောင်သွားတင်ခဲ့သည်.. ပြီးတော့.. သစ္စာဟူသော အလုပ်ရှာဖွေရေး အေဂျင်စီတွင် လည်း CV တင်ခဲ့သည်.. အလုပ်တစ်ခုတော့ ရနိုင်ကောင်းပါရဲ့.

ဒီရက်ပိုင်း နုယ်ပဲပြန်ရမလား.. အလုပ်ပဲဆက်လုပ်ရမလား. ဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ ကိစ္စကြောင့်အတော် လေး ခေါင်းစား နေခဲ့သည်.. လိုချင်သောအလုပ် အဆင်ပြေသော အလုပ် ဒါမှမဟုတ် အလုပ်မရပါက.. လစာနည်းပါက.. နယ်ပြန်ရန်ဆုံးဖြတ်ချက်ချပြီး.. အလုပ်အဆင်ပြေပါက .သင်္ကြန်ကျမှ ပြန်ရန် လောလော ဆယ်ဆုံးဖြတ်ချက်ချထားသည်...

အားနေတော့..လည်း အွန်လိုင်းပေါ်သာ မကြာခဏရောက်ဖြစ်နေသည်.. ကိုယ့်ဆရာတို့ဆိုင်မှာဆိုတော့ သုံးရတာအဆင်ပြေသည်.. အေးရာအေးကြောင်းပဲ...

အလုပ်မရှိဘဲ. အားအားယားယားနေရတော့. စိတ်ကလေချင်သလိုလို ..အလုပ်ကိုပဲဆာလောင်သလိုလို ဖြစ်နေသည်.. အလုပ်မရှိပဲနေရတာ.. ခဏပဲကောင်းသည်. အကြာကြီးတော့မကောင်းပါ..

မိဘတွေဆီကိုလည်းပြန် ချင်သည်.. ရန်ကုန်မှာလည်း. အလုပ်ဆက်လုပ်ချင်သည်..

လူ့ဘ၀ရဲ့ ရှင်သန်နေထိုင်ရမည့် ကိုယ့်ဘ၀ကိုတောင် လန့်လာမိသည်.. ပိုက်ဆံရှာရတာ မလွယ်ကြောင်း ပိုမိုသိလာသည်.. တစ်ကယ်တစ်ကယ် မလွယ်တာပါ..


4 comments:

MrDBA said...

အလုပ်များ လုပ်ရလွန်းလို့ ပင်ပန်းတော့လဲ တော်တော်ကြာကြာနားချင်တယ်ဗျ။ နားရလွန်းတော့လဲ ယောင်ချာချာ အမှန်တကယ်ဖြစ်တယ်။ ကျွန်တော် အရင်က အလုပ်မလုပ်ပဲ တစ်နှစ်နားဖူးတယ်။ တော်တော် ယောင်ချာချာနိုင်တယ်ဗျာ။

သစ်သစ် said...

အလုပ်လုပ်ချင်စိတ်ရှိတဲ့သူအတွက် အလုပ်မရှားပါဘူးကွယ် .....စိတ်ဓါတ်သာမကျပါနဲ့ ကောင်းမွန်တဲ့လစာရှိတဲ့ အလုပ်ပြန်ရမှာ ယုံကြည်ပါတယ်...။

May Flower said...

အလုပ်အမြန်ဆုံး ရပါစေ
အားတင်းထားပါ (သစ်ဘလော့မှနေ လာလည်သည်)

နေ့အိပ်မက် said...

မြန်မြန်အဆင်ပြေပါစေ.. မြိတ်သားတွေကတော်ပါတယ်.. မဟုတ်ဘူးလား