Myeiktharlay

Sunday, November 8, 2009

personal

ဒီရက်ပိုင်းအတွင်း သတိရစိတ်များအား ချိုးနှိမ်လို့.. မဖြစ်သင့်တာတွေကို တတ်နိုင်သလောက် မေ့ပစ်ကာ အသစ်သော ခင်မင်မှုဆီက ကုစားမှုများကို ခံယူ၍ တစ်ချိုးသော စွဲလန်းမှုများကို အစပျိုးနိုင်ခဲ့သည်။

ဒါပေမယ့်လည်း မုန်းစရာ စက်ဆုပ်စရာကောင်းသောကိစ္စများသည် မကြာခဏ ခေါင်းထဲရောက်ရောက်လာသဖြင့် ဆွဲထုတ်ပစ်ရသေးသည် နောင်လည်း ထိုသို့ လုပ်နိုင်လိမ့်မည် သို့မဟုတ် လုံးဝရောက်မလာအောင် တားဆီးထားမည် ဖျောက်ဖျက်ပစ်ရမည်။

နားကျည်းစွာ မေ့ပစ်ဖို့ မာနအား အစွမ်းကုန်အသုံးချရန် တတ်နိုင်သမျှ နေစဉ်လုပ်ဆောင်နေသည်။ မတည်မြဲခြင်းနိယာမကို လက်ခံနိုင်ဖို့လည်း သင်ယူနေရဆဲပင်ဖြစ်သည်။

online bookmark

အင်တာနက်သုံးနေတာ ကြာပြီဆိုပေမယ့် bookmark ကို မသုံးဖြစ်ဘူး ဘယ်လိုသုံးရလဲ နားမလည်ခဲ့ဘူး စမ်းလည်းမစမ်းကြည့်ခဲ့ဖူးပါ..
အခုတော့ Digg ကိုစမ်းသပ်နေတယ် social networking ဆိုက်ဖြစ်တဲ့ facebook ကိုလည်း အကောက်လုပ်ထားတယ်..

facebook ကတော့မဆိုးဘူး bookmark လုပ်ရတာအဆင်ပြေတယ် digg ကိုတော့ သိပ်မသုံးတတ်သေးပါ.. ဖိုတိုရှော့ ကျုတိုရီရယ် ဆိုက်ကောင်းတွေကို တွေ့ထားသော်လည်း ကောင်းကောင်း bookmark မလုပ်ရသေးပါ စာဖတ်သူတွေ ကြိုက်တတ်ရင် ပြန်ရှဲချင်ပါသေးသည်.



1 comment:

Unknown said...

အေးဗျ။ ခင်ဗျား ပြောထားသလို ကျွန်တော်လည်း မကြာခဏ ဖြစ်တယ်။ ဘယ်လိုလုပ်မလဲ။ လောကကြီးက။
လာရောက် လည်ပတ်တာကို ကျေးဇူးတင်ပါတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ။