Myeiktharlay

Wednesday, September 17, 2008

အရောင် ( အနီ )

်အနီရောင်

အနီဆိုရင် ရဲရင့်မှုရဲ့ သင်္ကေတအဖြစ် သိကြပါတယ် ။ အနီရောင်ဟာ ဝေးက စာလုံးတွေကို နီးစေတဲ့ အတွက် ဆိုင်းဘုတ်တွေမှာ သုံးကြသလို ။ သတိပေးတဲ့ အရောင် တားမြစ်တဲ့ အရောင်လည်းဖြစ်ပါတယ် ။ ဒါကြောင့် သတိပေးတဲ့ နေရာ တားမြစ်ဆိုင်းဘုတ်တွေမှာ အနီရောင်သုံးတာ တွေ့ဖူးကြမှာပါ ။ အနီရောင်ကို အသုံးပြုခြင်း အားဖြင့် ရဲရင့်စေပြီး စိတ်ကို အပြောင်းအလဲဖြစ်အောင် အများကြီးလုပ်ပေးနိုင်ပါတယ် ။ ဒေါသလည်း ဖြစ်စေတတ် တဲ့အရောင်ပါ ။ အနီရောင်အလင်းက သွေးတိုးစေပါတယ် ။ တရုတ်တွေက ကံကောင်းစေတဲ့ အရောင်လို့ ယုံကြည်ကြပါတယ် ဒါကြောင့် လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးပြုလေ့ရှိပါတယ် တရုတ်ကားတွေ ကြည့်ရင်တွေ့ ကြမှာပါ ။ အစားများများ ၀င်အောင်လှုံ့ ဆော်ပေးနိုင်လို့ စားသောက်ဆိုင်းတော်တော်များ များမှာ နံရံကို အနီရောင်သုတ်ကြပါတယ် ။

No comments: