Myeiktharlay

Tuesday, September 9, 2008

ချစ်နေမှာပါ ချစ်သူ

သို့

နွေဦးနဲ့ နွေနှောင်း
နွေလ လယ်လည်း
မပြောင်းပဲနဲ့ သတိရမှုက
တည်မြဲနေတယ်လေ ...

မိုးရာသီမှာ ရွာတဲ့ မိုးတွေက
မင်းကို သတိရလို့ ငိုတဲ့
မျက်ရည်တွေပဲပေါ့ .....

မိုးသည်းလေ ၀မ်းနည်းလေနဲ့
ဆိုင်သူမသိတဲ့ အလွမ်းတွေသာ
ဒီရင်မှာ ထွေးပွေ့ ရင်း
တိတ်တဆိတ် နေခဲ့ရတာကြာပါပြီ

မြူနှင်းတို့လာ
ဆောင်းရောက်တဲ့ အခါမှာတော့
ချမ်းအေးမှုက သတိရမှုကို ပြောတယ်
မင်းကိုငါ မနိုင်တော့ဘူးတဲ့

သွေးတွေခဲသွားပါစေ
အလွမ်းဒီဂရီက
ထာဝရ မြင့်တက်နေဆဲပါ ချစ်သူ ..

............................................ချစ်လွန်းသူ.

No comments: