အခု javascript လေးတွေ ကို ဖော်ပြပေးချင်ပါတယ် သိတဲ့လူလည်း ၇ှိချင်ရှိမှာပေါ့ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလွယ်တကူ ကိုယ့်ဘ လော့မှာ ကိုယ် ကြည့်လို့ရအောင် ရေးရင်း ဖော်ပြလိုက်ပါတယ် ထူးထူးဆန်းဆန်းလေးတွေပါ ။ အခု ဖော်ပြတဲ့ ဟာကတော့ မြန်မာမိသားစုဖိုရမ် က ကမ်းသာယာရဲ့ ပို့စ်မှ ကူးယူဖော်ပြတာပါ ။
ပထမဆုံး Google ကို ခေါ်လိုက်ပါ ။ images ကိုနှိပ်ပါ ။ ဒါကိုနှိပ် ပြီး သွားလို့လည်း ရပါတယ် ။ ပြီးတော့ တစ်ခုခု ကို keyword ထည့်ပြီး ရှာလိုက်ပါ။ ဥပမာ flower ပေါ့ ။ အဲဒီနောက် result ရလာတဲ့ အခါမှာ ။ adress bar မှာ အောက်က javascript ကုတ်ကို copy လုပ်ပြီး ထည့်ပါ အရင်ရှိတဲ့ ဟာ မှာ ထပ်ပေါင်းထည့်ရတာ မဟုတ်ဘူး နော် ။ ရှိတာဖျက်ပြီး ထည့်ရမှာ ။ အဲဒီအခါ ထူးဆန်းတာတွေ့ရမှာပါ ။
javascript:R=0; x1=.1; y1=.05; x2=.25; y2=.24;x3=1.6; y3=.24; x4=300; y4=200; x5=300;y5=200; DI=document.images; DIL=DI.length;function A(){for(i=0; i<DIL; i++){DIS=DI[i].style;DIS.position='absolute'; DIS.left=Math.sin(R*x1+i*x2+x3)*x4+x5;DIS.top=Math.cos(R*y1+i*y2+y3)*y4+y5}R++}setInterval('A()',5); void(0)
အဲဒီမှာ y1 x4 တို့လို တန်ဖိုးလေးတွေကို လိုက်ပြောင်းပြီး Enter ခေါက်ပြီး စမ်းကြည့်ပေါ့ ။ ကျွန်တော်ဆို တန်ဖိုးတွေ အကုန်လိုက်ပြောင်း တာရှုပ်သွားတာပဲဗျ ။ ပျော်ဖို့တော့ကောင်းသား ။
နောက်တစ်ခုက itmen blog ကပါ ။ ဒါလည်း မိုက်တယ်ဗျ ။ ဒါကိုတော့ copy ကူးပြီး ဖော်ပြပေးလိုက်ပါတယ် ။
ကျွန်တော်တို့တွေ Website တွေ၊ Blog တွေကြည့်ရင် ဒီအတိုင်းလိုက်ကြည့်နေရတာ ပျင်းစရာကောင်းတယ်ဗျာ။ အဲဒီ Website ဒါမှမဟုတ် Blog ကိုယ်ဖျက်ချင်တဲ့စာတွေ၊ ပုံတွေ လိုက်ဖျက်ကြည့်ရအောင်။ Google နဲ့ ကျွန်တော် နမူနာလုပ်ပြမယ်။
၁။ Browser ကို ဖွင့်ပြီး Address Bar မှာ www.google.com လို့ ရိုက်ပြီး Enter ခေါက်ပါ။
၂။ Done သွားရင် အဲဒီ Address Bar မှာပဲ အောက်မှာ ပြထားတဲ့ javascript code လေးကို copy ကူး၊ paste လုပ်ပြီး Enter ခေါက်လိုက်ပါ။
javascript: document.body.contentEditable= 'true'; document.designMode='on'; void 0

၃။ ဒါဆိုရင် Google စာမျက်နှာမှာ ရှိနေတဲ့ ပုံတွေ၊ စာတွေကို select လိုက်လုပ်ပြီး Delete key နှိပ် ဖျက်နိုင်ပါပြီ။
ဟုတ်ပါတယ် ကျွန်တော်လုပ်ကြည့်ပြိးပြီ မိုက်တယ် ဗျ ။ ယူနီကုတ်နဲ့ မြန်မာလိုတောင် ရေးလိုက်သေးတယ် ။ အဟဲ ။ ပျော်ရွင်ပါစေ ဗျာ ။

No comments:
Post a Comment