My Heros
လူငယ်များရဲ့ ဘ၀မှာ ငယ်စဉ်ကတည်းက အားကျခဲ့ ရတဲ့ သူရဲကောင်းတွေ ရှိခဲ့ဖူးမှာပါ။ ငယ်ကတည်းက အားကျခဲ့ ရတဲ့ ဟီးရိုးတွေဟာ လူငယ်ဘ၀ကို အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ စိတ်နေစိတ်ထား အကျင့်စရိုက် တွေဟာ အဲဒီ အားကျခဲ့ရတဲ့ ဟီးရိုးတွေ အပေါ်မှာ မှုတည်နေပါတယ် ။ လူငယ်ဆိုတော့ နီးစပ်ရာ အားကျတတ်ပြီးတော့ အတု ယူတတ်ကြတာပါ။
ကျွန်တော့မှာလည်း လေးစားအားကျခဲ့ရတဲ့ ဟီးရိုးတွေ ရှိပါတယ်။ အဲဒီ ဟီးရိုးတွေကလည်း ကျွန်တော့ပေါ်မှာ သက် ရောက်မှု တွေ ရှိပါတယ် ။ ကျွန်တော့ရဲ့ ဟီးရိုးတွေကတော့ တစ်ခြားမဟုတ်ပါဘူး။ ၀ထ္တုတွေ ထဲက ဇတ်ကောင်တွေ ပါ။ ကျွန်တော့ရဲ့ စူပါဟီးရိုးတွေထဲက တစ်ယောက်ကတော့ ဆရာမင်းသိင်္ခရဲ့ စုံထောက်ဇတ်ကောင် ဆားပုလင်း နှင်းမောင် ပါ။ ကိုးတန်း ဆယ်တန်းဝန်း ကျင်မှာ ဖတ်မိတဲ့ ၀ထ္တုတွေကတော့ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေပါ ။ ဖတ်ရင်းနဲ့ ပိုကြိုက်ကြိုက်မိလာလို့ အကြိမ်ကြိမ်ဖတ်မိပါတယ် ။ ဆားပုလင်းနှင်းမောင်ဆိုတဲ့ စုံထောက်ဇတ်ကောင် ရဲ့ ပိုင်ဆိုင်တဲ့ အစွမ်းသတ္တိ ။ စိတ်နေစိတ်ထား ။ စတဲ့ အကျင့်စရိုက်တွေကို အားကျခဲ့ပါတယ် ။
နောက်တစ်ယောက်က တော့ ဆရာမင်းသိင်္ခရေးတဲ့ စနေမောင်မောင်ဆိုတဲ့ ဇတ်ကောင်ပါ။ သူ့ကိုလည်း အရမ်းအားကျပါ တယ် ။ ဆရာမင်းသိင်္ခရေး တဲ့ သူရဲ့ ဇတ်ကောင်တွေဟာ စွမ်းရည်တွေ ပြည့်နေပြီးတော့ လူငယ်တွေ လေးစားအား ကျစရာ ကောင်းနေတတ်ပါတယ် ။ ဆရာရဲ့ ဇတ်ကောင်တွေဟာ ကျွန်တော့ရဲ့ ဟီးရိုးတွေ ဖြစ်ပါတယ်။
လူငယ်တွေ ကျောင်းသားတွေကို ၀တ္တုဖတ်ရမယ်လို့ မဆိုလိုပါဘူး ။ ပြောချင်တာက မှန်ကန်တဲ့ သူရဲကောင်းတွေ ရရှိ စေချင်တာပါ ။ ကျွန်တော်ကရော မှန်ကန် ကောင်းမွန်တဲ့ ဟီးရိုးရှိခဲ့လို။ လူလိမ်မာ ဖြစ်နေပြီလို့ မဆိုလိုပါဘူး ။ ဒါပေမယ့် အကျိုးသက်ရောက်မှုအနည်းအများတော့ ရှိပါတယ်။ ဒီ ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေက ကျွန်တော့ကို အမှား အမှန် တွေးအခေါ်တွေကို သင်ပြပေးခဲ့ပါတယ် ။ ဒါကြောင့် စာများများဖတ်သင့်ပါတယ်။
ကလေးတွေကို ကျောင်းစာကြီးပဲ လုပ်ခိုင်းနေတာ မကောင်းဘူးလို့တော့ မြင်တာပဲ။ ဒါပေမယ့် စာဖတ်ဝါသနာပါဖို့ ကလည်း လိုအပ်ပါသေးတယ်။
ဆယ်တန်းအောင်ပြီး နောက် ကြိုက်နှစ်သက်ပြိး ဖတ်ခဲ့တာကတော့ ဆရာတာရာမင်းဝေ ရဲ့ ၀ထ္တုတွေပါ ။ ဆရာ တာရာမင်းဝေ ရဲ့ အတွေးအခေါ် အယူအဆ ။ ကဗျာများ ။ ဇတ်ကောင်စရိုက်တွေ အားလုံး ကျွန်တော် ကြိုက်ပါတယ် ဆရာ ရဲ့ ဇတ်ကောင်တွေဟာ လည်း ကျွန်တော့်ရဲ့ ဟီးရိုး တွေပါ။ ဆရာတာရာမင်းဝေ ရဲ့ဇတ်ကောင်တွေက လူငယ်ဆန်ပြီး ထူးခြားတဲ့ အမူအကျင့် တစ်ခုစီ ရှိနေတတ်ပါတယ်။ လူငယ်တွေ ဖတ်သင့်ပါတယ် ။ ကျွန်တော်ကတော့ ဆရာရဲ့ ရေးအသား တွေကို ကြိုက်ပါတယ် ။ ကဗျာတွေကိုလည်း ကြိုက်ပါတယ်။
ကျွန်တော် ကြိုက်နှစ်သက်တဲ့ ဟီးရိုးတွေကို မွေးဖွားပေးခဲ့တဲ့ စာရေးဆရာ နှစ်ယောက်စလုံးဟာ လူ့လောကမှာ မရှိတော့ ပါဘူး ။ စိတ်မကောင်းဖြစ်မိပါတယ်
1 comment:
ကျွန်တော်နဲ့ တော်တော်များများအကြိုက်တူတာပဲ။ ကျွန်တော်ကတော့ (၂)နှစ်လောက် စောမယ်ထင်တယ်။ ခြောက်တန်းနှစ်လောက်မှာ ဆရာမင်းသိင်္ခရဲ့ ဇတ်ကောင်တွေကို အရမ်းကြိုက်နေပြီ၊ ဆားပုလင်းနှင်းမောင်တစ်ယောက်တည်း မဟုတ်ဘူး၊ သူခိုးသေတာ နဲ့ ဓါးပြ မိုးသီး ၊ စနေမောင်မောင်၊ ဆိတ်ဖွား၊ မုတ်ဆိတ်ဖြူကြီး... အားလုံးပဲ။
ဆရာမင်းသိင်္ခရဲ့ ဇာတ်ကောင်တွေက တစ်အုပ်တည်းနဲ့ ပြီးသွားလေ့ မရှိဘူး၊ အမြဲဆက်စပ်နေတာ... အဲဒါလေးကို ပိုကြိုက်တယ်။ သူတို့ကို တကယ်ရှိတယ်လို့တောင် ထင်မိတဲ့ အထိပဲ။
ခုတော့ သူတို့တွေ တကယ်မရှိနိုင်ကြတော့ဘူးဗျာ...၊ ဆရာမင်းသိင်္ခလည်း ဆုံးပါးသွားပြီကိုး.... စိတ်မကောင်းဘူး။
Post a Comment