Myeiktharlay

Tuesday, January 27, 2009

poems


ကျွန်တော် ကဗျာတွေကို ချစ်ပါတယ် .. ဆရာတာရာမ င်းဝေရဲ့ ကဗျာလေး.. ကြိုက်လို့ မြန်မာမိသားစု မှာတင်ထားတာကနေ ကူးယူဖော်ပြလိုက်ပါတယ် ..

ကျွန်တော်နဲ့ တိမ်ညိုနိမိတ်

ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ဖိနပ်လေးကိုတော့ ခေါ်သွားရမှပဲ။
ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ ...
မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြသတဲ့။ ။

တာရာမင်းဝေ
(အင်တာဗျူးဂျာနယ်၊ အမှတ် ၈၁၊၂၀၀၁)

ခ..ကဗျာ..


ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ...
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ...တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တ၇ာမင်းဝေ..


" မီးတောက်ရစ်သမ် "

(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာ ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်နတ်ဘုရားထံ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
အချစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
ပြီးဆုံးသွားပါပြီ … ….
အားလုံးပြီးဆုံးသွားပါပြီ… … တဲ့။


(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။

ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
မေတ္တာ ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။

ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
ထောင်းခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
အန္တ တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
... … ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

"အုံ့ပုံးချစ်" သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။

(၃)
"လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်"

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ့သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။

ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း "အဓိပတိဘွား" ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် "လူမိုက်" လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။





(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတောဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ့တေိ
မြရာပင်ကြီးသိပါတယ်။

ကမဃာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။

]ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း}

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာသာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။

(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ သ လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ် တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

မင်းကကောဘာလဲ လို့
အန္တ တွေက ၀ိုင်းမေးတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။

ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။

ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။



(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။

မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။

ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။

လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။

(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။

အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။

မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်ကလည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။

ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။

တာရာမင်းဝေ

mouse

ကွန်ပျူတာမှာ သုံးနေတဲ့ ကြွက်ကောင် mouse က နှစ်လေးဆယ်ပြည့်ပြီတဲ့ဗျ.. သတ္တမနည်းပညာရပ်ဝန်း ကဆောင်းပါကို ဖတ်မှ သိလိုက်ရတယ်ဗျာ


ကျွန်ုပ်
တို့ လုပ်ငန်းခွင် ဆိုင်ရာ အသုံးပြု နေသည့် Mouse ကလေးများ ၏ သမိုင်း အဖြစ် အပျက် အား သိကြ ပါသလား။ ကွန်ပျူတာ လောက တွင် အလွန် အသုံးဝင် သည့် Mouse ဆိုသော Hardware လေး ပေါ်ပေါက် လာသည်မှာ နှစ်ပေါင်း (၄၀) မျှ ကြာမြင့် ခဲ့ပြီ ဖြစ်ပါ သည်။ (၁၉၆၃) ခုနှစ်တွင် ကွန်ပျူတာ နှင့် ထိတွေ့ နိုင်ရေး လွယ်ကူ ချောမွေ့ စေမည့် ရည်ရွယ် ချက်ဖြင့် ကိရိယာ တစ်ခု ကို စတင် စဉ်းစား လာကြ သည်။

အပြည့်အစုံဖတ်ရှုရန်


 

အချစ်


ဘာလဲဗျာ.. အချစ် ..မသိဘူး.. အချစ်ဆိုတာ.. သွားကြားညှပ်နေတဲ့ အသားဖတ်လို ခံစားရတယ်ဗျာ.. လာတဲ့ အချစ် လည်းမကောင်းသလို ရှာတွေ့ တဲ့ အချစ်က လည်း ကောင်းမယ် မထင်ဘူး.. အတော် စိတ်ရှုပ်စရာ ကောင်းတာဗျ.. ကောင်းတာရော .ဆိုးတာရော ရှုပ်ရှက်ခပ်နေတဲ့ ..ဒီအချစ်ဆိုတာ ကြီးကို ကြွပ်ကြွပ်အိတ် နဲ့ ထုတ်ပြီး ရေနဲ့ မျှောလိုက် ချင်တယ် ..

မရှိမကောင်း ရှိမကောင်း ..တဲ့.. မရှိတာကမှ .ကောင်းအုံးမယ် .. ရည်းစားလေး တစ်ယောက်ထားမိပါတယ် ..စိတ်ရှုပ်တယ်ဗျာ... အချိန်တန်ရင် လစ်မယ်ဆို တာသိရက်နဲ့ ပေါ့ပေါ့တန်တန်သဘော မထားပဲ.. ဘာမဆို.. စွဲလန်းတတ်တဲ့ .ကိုယ့်ကိုကိုယ်အပြစ်တင် ရမယ် ..

တော်ပြီ.. လာတာရော ရှာတာရော နားမှကောင်းမယ် ... လာတာရော ရှာတာရော အလုပ်ရှုပ်ပါတယ် .. စိတ်အနှောက်အယှက်များတယ်ဗျ.. အေးအေးနေတာက မှ ဟုတ်တုတ်တုတ် ..

flash ကို အခုတလောစမ်းနေတယ် မလွယ်ဘူးဗျ.. ခက်တယ် .. လေ့လာတုန်း ..

photo errror


ပိုစ့်တွေ တင်တာ နှစ်ခုလုံးဗျာ.. ဓါပုံ တွေပါမလာဘူး.. ကြောင်တောင်တောင်ဖြစ်နေပြီဗျ .ဆောရီးနော်

ကျိုက်ထီူးယိုး 1

1

Monday, January 26, 2009

ကျိုက်ထီးရိုး အမှတ်တရ

ရောက်ရောက်ချင်း.. ရင်ပြင်ပေါ်မှာ အမှတ်တရ အစ်ကိုနှင့်.. သူက ၀ဲဘက်က

Sunday, January 25, 2009

new adress


ကျွန်တော့ ဘလော့ လိပ်စာပြောင်း ပြန်ပြီဗျ.. ဒီတစ်ခါတော့.. အရင် တစ်ခါ chitloonthu.f1.cc လို ကျော်ခွစရာ မလိုပဲ.. CO.CC ဆိုတဲ့ ဒိုမိန်းရသွားလို့.. တစ်ခါတည်း သာ တန်းလာရုံပဲ ..အေးဆေး.. လိပ်စာ အသစ်က ..  www.chitloonthu.co.cc  ပါ ..

သုံးနေကျ အင်တာနက်ဆိုင် က စုတ်လို့လား မသိဘူး.  ဘလောက်ဂါမှာ လုပ်တာ မရဘူး. ၀င်လို့တောင်မရ ဘူးဗျာ .. အဲ.. ပိုက်ဆံ ပိုပေးရတဲ့ ဆိုင်သွားလိုက် တော့လည်း အိုကေသွားတာပဲ..freedom နဲ့ ကျော်ခွပြီးလုပ်လိုက်တာ အိုကေ သွားတယ် ..

အဲတာပဲပေါ့.. ဘယ်အရာ ပဲဖြစ်ဖြစ် ငွေလေး နည်းနည်း ကုန်လိုက်မှ အဆင်ပြေတယ် .. ပေါချောင်ကောင်းလိုက်နေရင် ..သိပ်အဆင်မပြေဘူးဗျ.. ဘလော့ ဘန်နာ တောင်ပြောင်းမလို့ဟာ.. မအားသေးတာနဲ့.. လေ.. ပို့စ် အသစ်တောင် မတင်နိုင်သေး.. ရတဲ့ အချိန်လေး ပြေးရေးရတာ ..

2009 မှာ.. အလုပ်ပြောင်းမလို့ စဉ်းစားထားတယ် ..လခ နည်းပြီး ပညာရရင်လုပ်နိုင်ပါတယ် ဗျာ.. လခလည်းနည်း ..ပညာလည်းမရဘူး ဆိုရင် .. ဒီအလုပ် က စွန့်ခွာသင့်ပြီ ထင်တာပဲ.. စားဖို့သောက်ဖို့ မလွယ်ဘူးဗျ.. တစ်နေ့  တစ်နေ့ လျှာထွက်အောင် ရှာရတယ် ဗျ.. စာသင်ရတာလဲ .တစ်ကယ်လျှာထွက်ချင် တယ် ..

ဆရာလုပ်ရတာ ပျင်းလာပြီဗျာ.. တစ်ခါတစ်လေ စိတ်မရှည်ဘူး.. ဖိုတိုရှော့ လည်းသင်ချင် .. ဘေ့ဇစ်လည်း သင်ချင်.. မလွယ်ဘူး ဆရာ.. ဒီတော့ .. အလုပ် အသစ်ရှာရမည် ..

Wednesday, January 21, 2009

flash animation video


ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ကတော့ မထင်မှတ်ပဲ သူ့ ကိုပါလာရောက် ရိုက်ခတ်လာတာကြောင့် အကျပ်အတည်းနဲ့ စတင် ရင်ဆိုင်နေရပါပြီ . ဘလော့ ရေးခြင်းကိုတောင် ခတ္တ ရပ်နားထားရမလို တောင်ဖြစ်လို့နေပါတယ် … အခြေအနေတွေ မကောင်းပါ .. အခုတလော အတော်စိတ်ရှုပ်စရာကောင်း သည်။

 

Software နဲ့ ပတ်သက်ပြီးတော့  ဆော့ဝဲ ဆိုတာပဲသိသည် portable software ဆိုတာ ဘာမှန်းမသိ.. ဘလော့တွေမှာတော့ တွေ့နေရသည် .. ကြာတော့ မနေနိုင် သူငယ်ချင်းတစ်ယောက် ကိုမေးကြည့်တော့ မှ .. Portable software ဆိုတာ install လုပ်စရာ မလိုပဲ .. double click ခေါက်ပြီး run ရုံနဲ့ သုံးလို့ရတယ် ဆိုတာ သိရတော့ အရမ်းရမ်းကို ခိုက်သွားတယ် ဗျာ..

 

သင်တန်းက စက်တွေက service ဆရာတွေ  deep freeze တင်ထားတော့ ကိုယ်သုံးချင်တာ ဘာမှ ထပ်ထည့်လို့ မရဘူးဖြစ်နေတယ် ..အခုတော့ ..အေးဆေးပဲ.. flash drive ထဲမှာ.. ကိုသုံးချင်တဲ့ ဆော့ဝဲကို portable ဖြစ်တဲ့ ဟာ ရှာပြီး ထည့်ထားလိုက် ..အေးဆေးပဲ .. သူများတွေသိတာကြာပြီထင်ပါရဲ့ သူကတော့ အခုမှ သိတာကြောင့် တုံးတယ်လို့ ပြောရင် ခံရမှာပဲ..

 

အခု excel ဖိုင်တစ်ဖိုင် ရထားတယ် animation video ဖိုင်လေးပါ .. မိုက်တယ် ဗျ.. သိတဲ့လူလည်းရှိမှာပါ … မသိသေးရင် ဒေါင်းပြီး ကြည့်လိုက် ကြပေါ့ ..အပျင်း ပြေလေးပါ .. flash ကနေ virus ဖြစ်သွားပြီး.. ကွန်ပျူတာထဲ ၀င်သောင်းကျန်းတဲ့ flash catroon လေးပါ ..လိုချင်ရင် အောက်ကလင့်မှာဒေါင်းပါ ..


flash animation download

 


 

Sunday, January 18, 2009

sorry


ဘလော့ မှာ စာမရေး ဖြစ်တာ ကြာပြီ .. တစ်ပတ်တောင် ပြည့် တော့မယ်ဗျာ.. လာရောက်ဖတ်ရှုသူတွေ ကိုလည်း အားနာပါတယ် .. ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား နဲ့ မအားဘူး.. ကျိုက်ထီးယိုး ဆံတော်ရှင် ကိုလည်း သွားလိုက်သေးတယ် .. ဒီခရိးအကြောင်းလည်း နည်းနည်း ရေးပါ အုံးမယ် အခုတော့ မရေး သေးဘူး..

ဒီနေ့ မြောက်ဒဂုံ အိမ်ကနေ .. လှည်းတန်း အဆောင် ကို အစ်ကိုနဲ့ တစ်လလောက် လာနေဖို့ ပြောင်းလာတယ် .. သင်တန်းတောင်မသွားဘူး.. လစ်လိုက်တယ်

ဒီရက်ပိုင်း ဘလော့ကို ဘာမှ မရေး ဖြစ်တော့ဘူး. ဂူး၈ဲ အန်နာလိုက်စစ် ကြည့်တော့ တစ်နေ့ကို တစ်ယောက်လောက်ပဲ လာတော့တယ် .. အားငယ်စရာပဲ.. ဆက်လက်ရေးသားနိုင်အောင် ကြိုး စားပါ့မယ်.. အခု ဘာရယ်မဟုတ် ၀င်ရေးလိုက်တာ.. အခုတလောအေးလိုက်တာ ဗျာ..

ပြီးတော့.. co.cc မှာ ဒိုမိန်းလုပ်ပြီး.. ဂူးဂဲ မှာ ပတ်နီရှီး လုပ်တာမ ရသေးဘူး.. ရလို့ကတော့.. ကျော်ခွစရာ မလိုတဲ့ .. ဘလော့ လေး ရပြီပေါ့ဗျာ .. ပျော်ဖို့ကောင်း သွားပြီဗျ..

Ultrasuft နဲ့ ကျော်တာတောင် labal တပ်လို့ မရဘူး ဗျာ.. ဘာမှလဲ လုပ်မရ အယ်ရာတက်နေတယ် ... လယ်ဘယ်လည်း မတပ်ဖြစ်တာ ကြာပြီ .. ပို့စ်တွေပဲရေး ဖြစ်နေတယ် ..

ဒီလောက်ပဲဗျာ.. နောက်ရက်တွေမှာ ဆက်လက်ရေးသားနိုင်အောင် ကြိုးစားပါ့မယ်.. တစ်ချို့ ဘလော့ဂါတွေ စာတွေအများကြီးရေး နိုင်ကြတယ်ဗျာ လေးစားတယ် ..တော်ကြပါတယ်..




Thursday, January 8, 2009

ဘူကနဲ


.. လက်ဖက်သုတ် ကြိုက်တဲ့  သူတွေထဲ မှာ ကျနော်ပါ ပါတယ်.. အလုပ်မှာ ထမင်းစားချိန်ဆိုလည်း .. ဆိုင်က လက်ဖက် ထမင်းပဲ ၀ယ်စားဖြစ်တာ များတယ် ..လက်ဖက်သုတ်စားတိုင်း မစားမဖြစ်က ကြက်သွန်ဖြူ. သူများတွေက ကြက်သွန်ဖြူ ကိုပါးစပ်နံလို့  မကြိုက်ကြပါဘူး.. ကျနော်ကတော့ ကြိုက်တယ် ..

ဘာလို့ ကြိုက်လဲ ဆိုတော့ မသိဘူးဗျ.. ကြက်သွန်ဖြူ စားရင် . (ကန့်တော့ ).. လေကောင်းတယ်ဗျ.. လေတော်တော် လည်တာ သိသာတယ် .. လေလည်တော့ ဘာဖြစ်လဲ .. လေလည်တော့ ကျန်းမာရေး ကောင်းတယ်ဗျ.. လေမလည်ဘဲ ကြာရင် ဗိုက်အောင့် ပြီး .. စူးကနဲစူးကနဲ့ ခံရတတ်တယ်ဗျ.. ကိုယ့်တွေ့  ပဲ..

 ကြက် သွန်ဖြူ စားလိုက်လို့ကတော့.. ဘူကနဲပဲဗျ.. အဟဲ.. မနောက်ဘူးဗျ... မယုံရင် စားကြည့်.. တစ်နေ့ ထမင်းစားတိုင်း လေးငါး ဥလောက်တော့ စားသင့်တယ်ဗျ.. ကျန်းမာရေး အတွက်ပေါ့ ... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်.. တစ်နေ့လောက် ကြက်သွန်ဖြူစား ခြင်းဖြင့် ရနိုင်သေား အကျိုးများ ဆိုပြီး ရေး မလို့ စဉ်းစားထားတယ် ..

မနေ့  က .. ရပ်ကွက်ထဲက စာအုပ်ဆိုင် ကနေ .. wellness ကျန်းမာရေး မက်ဂဇင်း ငှား ဖတ်တယ် .. ပိတ်ရက်ဆိုတော့ အေးအေး ဆေးဆေး ဖတ် မလို့ ပေါ့  ဒီ လို ကျန်းမာရေး စာတွေ ဖတ်ရတာ အကျိုးရှိတယ်လို့ ထင်ပါတယ် .. ရှိလည်း ရှိပါတယ် ..

ဒါပေမယ့် အဲလိုစာတွေ ဖတ်တော့ .. ဘယ်ရောဂါက ဘယ်လိုရှိတယ် .. ဘာက မစားသင့်ဘူး.. ဘာက စားသင့်တယ် ဆိုတာ သိလာတော့ အစားအသောက် နဲ့ ပတ်သက်ရင် ရွေးရခက်လာတယ်ဗျ.. အရင်ကလည်း စားနေတာပဲ.. ဒီစာဖတ်လိုက်မှ ဟိုဟာမကောင်းဘူး.. ဒီဟာ မကောင်းဘူးဆိုပြီး သိသွားတော့ စားရမှာ တွန့်လာတယ် ..

ဒီစာ အုပ်က ဆောင်းပါးတစ်ခု ကိုဖတ်လိုက်ရတယ် .. အီကြာကွေး ကို ရှောင်သင့်တယ် တဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ အီကြာကွေးဟာ ဂျုံ နဲ့လုပ် တာမို့လို့ ပြသနာ မရှိပေမယ့်  .. သူ့ ကို ကြော်တဲ့ ဆီက ရှော့ ရှိနေတယ် တဲ့ .. ဟုတ်တယ်ဗျ.. သူတို့  က ဆီ အများကြီးကို  .. ထပ်တလဲလဲ သုံးတာပဲဗျ... နောက်ဆုံး.. အရမ်းမဲလာပြီး.. သုံးမရတော့ မှ.. အသစ်လဲတာလေ..

ခဏ ခဏ ကြော်လို့ တူးခြစ်နေတဲ့ ဆီနဲ့ကြော်တဲ့ အီကြာကွေးကို စားရင် ရောဂါတွေကို လာပါလာပါ လုပ်သလို ဖြစ်နေတတ်တယ်တဲ့ .. ဟုတ်တော့ ဟုတ်သား ဗျ.. လူမှန်းသိကတည်း က . စားလာတဲ့ အီကြာကွေး. ဒီစာဖတ်မိမှ .. စားရမှာ တွန့်ချင်လာတယ် ဗျာ..

ဆောင်းပါး လိုလို ၀တ်ထုလိုလို တစ်ပုဒ်ကလဲ ..ဖတ်လို့ကောင်းတယ် ဗျာ.. စာရေးဆရာတော့ မမှတ်မိတော့ဘူး..  သူက ရေးထားတာက သူ့ သူငယ်ချင်းဆရာ ၀န်တွေ အကြောင်းဗျ.. ဆရာဝန်ဖြစ်ပြီး.. ဆေးလိပ် အရက် အစား ကြူး ကြတဲ့ အကြောင်း ရယ် သူကိုယ်တိုင်က စာပေထဲမှာ မျောနေတဲ့ အကြောင်း ရေးထားတာ ... ကောင်းတယ်ဗျာ..ဒါ အကြိုက်ဆုံးပဲ.. စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ် ...ဇန်န၀ါရီလထုတ် 2009 wellness ပါ ...

ဒီတစ်ပတ်သောကြာ ကတော့ .. အင်တာနက် သုံးဖြစ်ပါတယ် ..၇တော့ ရလိုက်တယ် .. ဖိုတိုရှော့ ဆိုက်လေးတွေ .. ဟိုရှာဒီရှာပေါ့ဗျာ... ဘာမှတော့ ထူးထူး  ခြား ခြား မရပါဘူး.. ဖိုတိုရှော့ ကျူတိုရီရယ် ဆိုက်အချို့တော့ ရလိုက်တယ် ..  ဆိုက်တွေက များတယ်ဗျ... ကျနော်က ဂူးဂဲ .. ၀က်ပ် ကနေ မရှာပဲ
အက်မေ့ခ်ျ ကနေ ရှာတယ် .. အသစ်လေးတွေ ရတာပေါ့..

ဒီလောက်ပဲဗျာ... တော်ပြီ.. ဗိုက်ဆာတယ် ဗျ..  သားကောင်တော့ မဖမ်းတော့ဘူး .. အာရုံနောက်တယ် ဗျာ...

 

Tuesday, January 6, 2009

5.1.09 တနင်းလာ PM


ကောင်မလေး က မုန့်တီကို ဖူးကနဲ မှုတ်ကာသောက်သည် ။
.. ရွတ် ..
.. နင့်ကို ငါ ပြောမှ ရမယ်ဟာ  သိလား ..
.. ဒီဆိုင်က မုန့်တီကောင်းတယ် ဟ ..
.. ငါမပြောရရင် မနေနိုင်တော့ဘူး ..
.. ရှလွတ်  ကောင်းလိုက်တာ ..

.. ဟာ နင်ကလဲ ..ဒီက အကောင်းပြောမလို့ဟာ ..
.. အေး ပြော ..

 သိရဲ့ သားနဲ့ မသိသလို ပဲများက ..ခပ်နွဲ့  နွဲ့ မေးသည် ။ တောက် နားရွက်ဆွဲလိုက်ရ ။

.. ငါ အခွင့် အရေး ရှိသေးတယ် ဟုတ်လား ..
.. နင်ကလဲ ဟာ...ငါ့ မှာ ရည်းစား ရှိတယ် ဟ ..
.. ရှိရှိဟာ နင့်ကို ငါပြောမယ်နော် ..
.. မပြောနဲ့တော့ ဟာ.. ဘယ်တော့မှ မပြောနဲ့တော့..
.. ပြောမှာပဲ ..သတ်ရင်သတ်လိုက် ..
.. ငါက အစွဲအလမ်းကြီးတယ် ဟ တစ်ယောက်ဆို တစ်ယောက်ပဲ ..
.. အေး ငါရောပဲ ..

ကောင်မလေး ကမျက်စောင်းထိုးသည်။ သူနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ဟိုဖက်အနည်းငယ်လှည့် ပြီးမှ ထိုးသည်.. ဒါမှစောင်းမှာကိုး။ ပြန်ထိုးလို့လည်း မဖြစ် ။ ဒါနဲ့ သူမျက်စောင်းအထိုးခံလိုက်ရသည် ။

.. နင့် ဟာနင် ဘဲ ရှိရှိဟာ မသိဘူး အဟဲ..
.. ဟာ ဒုတ်ခပဲ နင်ကတော့ ..
.. မသိဘူးဟာ..
.. ငါသူ့ကို ချစ်တယ် ဟ ..
.. ငါလည်း နင့်ကို ချစ်တယ် ဟ ဟဲဟဲ..

မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတာ အပိုးသတ် မရ ။ လမ်းဘေးက မုန့်တီဆိုင်မှာ ရည်းစား စကားပြောရတာ နည်းနည်းတော့ မကောင်း တစ်မျိုးပဲဟာခံစားရ သည်။ လမ်းလည်က မုန့်တီဆိုင် မှာ ပြောရင် ပိုကောင်းမလားမသိ။

.. နင်က သူငယ်ချင်းလိုဆို ခင်ဖို့ ကောင်းပါတယ် ..
.. ဟာ.. ရဘူးဟာ..


..

Friday, January 2, 2009

နှစ်သစ်ရဲ့ ပထမဆုံး သောကြာ..

 

မနေ့က..    နှစ်သစ်ရဲ့ .. ပထမဆုံး… မနက်ခင်း မှာ.. ပြသနာနဲ့ စတင်ခဲ့ ရတာ သိပ်တော့ အဆင်မပြေဘူး….အိမ်က TV က 110 ကို ..မှားပြီး.. 220 ပေးလိုက်မိရာက… ဂိသွားပါလေရော.. အလုပ်မသွားခင်.. ကလိလိုက်တာ..

 

ဒီနေ့ ..

 

ဟိုဟို ဒီဒီ လျှောက်သွားတယ်.. အင်တာနက်ပေါ်ပြောတာပါ.. ..

 

M-virus ဆိုတဲ့ .. social network တစ်ခု ကိုဝင်ရောက်ဖြစ်တယ်… အခုမှ အစပျိုးခါစ .. ဆိုက်လေးပါ.. သွားရောက် လေ့လာကြည့် နိုင်ပါတယ် ..

 

နောက်တစ်ဆိုက်က… မင်ဘာဝင်ထားပြီး.. မသုံးဖြစ်တဲ့.. Myanmar dating ကိုလည်းသွားလိုက်သေးတယ် .. ဒီဆိုက်က လူနည်းနည်း များတယ် .. မဆိုးဘူး..

 

Qbrushes   ဆိုတဲ့ ဆိုက်ကနေ brushes တွေကို ဒေါင်း တယ်.. ဒီဆိုက်ကတော့.. ဖိုတိုရှော့နဲ့ ဒီဇိုင်း လုပ်နေတဲ့ သူတွေ သွားသင့်တယ် ဗျာ.. လှပပြီး.. ဒီဇိုင်းမိုက်တဲ့ brushes တွေ အများကြီးပဲဗျ…… ကြိုက်တယ် ..

 

ပြီးတော့.. Abduzeedo ဆိုတဲ့  ဖိုတိုရှော့ဆိုက်က မိုက်တယ် ဗျ.. ကျူတိုရီရယ်တွေ ရနိုင်သလို.. PDF.. PSD

ဖိုင်တွေလည်း ဒေါင်းလို့ ရနိုင်တယ် ဗျ.. ဖိုတိုရှော့ လုပ်သူများ သွားသင့် ပါတယ်..

 

ပြီးတော့.. imeem… မှာ.. စပြီး.. သီချင်းနားထောင်ဖြစ်တယ်.. မိုက်တယ်ဗျ..အခုမှစသုံးဖူးတာ.. သီချင်ခေါင်းစဉ်သိရင် အိုကေပြီ….နားထောင်ဖြစ်လိုက်တာကတော့ Micheal Jackson ရဲ့..you are not alone ဆိုတဲ့ သီချင်းပါ.. အသံလေး ကြားရုံနဲ့.. သနားစရာ.. ခံစားလို့ကောင်းတဲ့.. သီချင်းလေးပါ.. နားဆင်ချင်ရင်…ဒီကနေ သွားပါ..


ပို့စ်တင်နေတုန်း.. မီးက ပျက်သွားတယ် .. ဒီနေ့မှ.. တ င်ဖြစ်တယ် ဗျာ..