Myeiktharlay

Sunday, January 25, 2009

new adress


ကျွန်တော့ ဘလော့ လိပ်စာပြောင်း ပြန်ပြီဗျ.. ဒီတစ်ခါတော့.. အရင် တစ်ခါ chitloonthu.f1.cc လို ကျော်ခွစရာ မလိုပဲ.. CO.CC ဆိုတဲ့ ဒိုမိန်းရသွားလို့.. တစ်ခါတည်း သာ တန်းလာရုံပဲ ..အေးဆေး.. လိပ်စာ အသစ်က ..  www.chitloonthu.co.cc  ပါ ..

သုံးနေကျ အင်တာနက်ဆိုင် က စုတ်လို့လား မသိဘူး.  ဘလောက်ဂါမှာ လုပ်တာ မရဘူး. ၀င်လို့တောင်မရ ဘူးဗျာ .. အဲ.. ပိုက်ဆံ ပိုပေးရတဲ့ ဆိုင်သွားလိုက် တော့လည်း အိုကေသွားတာပဲ..freedom နဲ့ ကျော်ခွပြီးလုပ်လိုက်တာ အိုကေ သွားတယ် ..

အဲတာပဲပေါ့.. ဘယ်အရာ ပဲဖြစ်ဖြစ် ငွေလေး နည်းနည်း ကုန်လိုက်မှ အဆင်ပြေတယ် .. ပေါချောင်ကောင်းလိုက်နေရင် ..သိပ်အဆင်မပြေဘူးဗျ.. ဘလော့ ဘန်နာ တောင်ပြောင်းမလို့ဟာ.. မအားသေးတာနဲ့.. လေ.. ပို့စ် အသစ်တောင် မတင်နိုင်သေး.. ရတဲ့ အချိန်လေး ပြေးရေးရတာ ..

2009 မှာ.. အလုပ်ပြောင်းမလို့ စဉ်းစားထားတယ် ..လခ နည်းပြီး ပညာရရင်လုပ်နိုင်ပါတယ် ဗျာ.. လခလည်းနည်း ..ပညာလည်းမရဘူး ဆိုရင် .. ဒီအလုပ် က စွန့်ခွာသင့်ပြီ ထင်တာပဲ.. စားဖို့သောက်ဖို့ မလွယ်ဘူးဗျ.. တစ်နေ့  တစ်နေ့ လျှာထွက်အောင် ရှာရတယ် ဗျ.. စာသင်ရတာလဲ .တစ်ကယ်လျှာထွက်ချင် တယ် ..

ဆရာလုပ်ရတာ ပျင်းလာပြီဗျာ.. တစ်ခါတစ်လေ စိတ်မရှည်ဘူး.. ဖိုတိုရှော့ လည်းသင်ချင် .. ဘေ့ဇစ်လည်း သင်ချင်.. မလွယ်ဘူး ဆရာ.. ဒီတော့ .. အလုပ် အသစ်ရှာရမည် ..

No comments: