Myeiktharlay

Sunday, January 18, 2009

sorry


ဘလော့ မှာ စာမရေး ဖြစ်တာ ကြာပြီ .. တစ်ပတ်တောင် ပြည့် တော့မယ်ဗျာ.. လာရောက်ဖတ်ရှုသူတွေ ကိုလည်း အားနာပါတယ် .. ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား နဲ့ မအားဘူး.. ကျိုက်ထီးယိုး ဆံတော်ရှင် ကိုလည်း သွားလိုက်သေးတယ် .. ဒီခရိးအကြောင်းလည်း နည်းနည်း ရေးပါ အုံးမယ် အခုတော့ မရေး သေးဘူး..

ဒီနေ့ မြောက်ဒဂုံ အိမ်ကနေ .. လှည်းတန်း အဆောင် ကို အစ်ကိုနဲ့ တစ်လလောက် လာနေဖို့ ပြောင်းလာတယ် .. သင်တန်းတောင်မသွားဘူး.. လစ်လိုက်တယ်

ဒီရက်ပိုင်း ဘလော့ကို ဘာမှ မရေး ဖြစ်တော့ဘူး. ဂူး၈ဲ အန်နာလိုက်စစ် ကြည့်တော့ တစ်နေ့ကို တစ်ယောက်လောက်ပဲ လာတော့တယ် .. အားငယ်စရာပဲ.. ဆက်လက်ရေးသားနိုင်အောင် ကြိုး စားပါ့မယ်.. အခု ဘာရယ်မဟုတ် ၀င်ရေးလိုက်တာ.. အခုတလောအေးလိုက်တာ ဗျာ..

ပြီးတော့.. co.cc မှာ ဒိုမိန်းလုပ်ပြီး.. ဂူးဂဲ မှာ ပတ်နီရှီး လုပ်တာမ ရသေးဘူး.. ရလို့ကတော့.. ကျော်ခွစရာ မလိုတဲ့ .. ဘလော့ လေး ရပြီပေါ့ဗျာ .. ပျော်ဖို့ကောင်း သွားပြီဗျ..

Ultrasuft နဲ့ ကျော်တာတောင် labal တပ်လို့ မရဘူး ဗျာ.. ဘာမှလဲ လုပ်မရ အယ်ရာတက်နေတယ် ... လယ်ဘယ်လည်း မတပ်ဖြစ်တာ ကြာပြီ .. ပို့စ်တွေပဲရေး ဖြစ်နေတယ် ..

ဒီလောက်ပဲဗျာ.. နောက်ရက်တွေမှာ ဆက်လက်ရေးသားနိုင်အောင် ကြိုးစားပါ့မယ်.. တစ်ချို့ ဘလော့ဂါတွေ စာတွေအများကြီးရေး နိုင်ကြတယ်ဗျာ လေးစားတယ် ..တော်ကြပါတယ်..




1 comment:

နေ့အိပ်မက် said...

ရေးပါ ဖြည်းဖြည်းပေါ့ ကျော်လို့မရရင် wordpressသုံးပါလား
ဒီဘလော့စပေါ့ထဲကရေးပြီးသားတွေကိုလည်း importလုပ်လို့ရတယ်လေ
www.myanmarwordpress.comကိုသွားကြည့်ကြည့်နော်...
ဘိတ်သူဘိတ်သားချင်းအကြံပေးတာ.. :)