အားကစားစိတ်ဓါတ် မရှိဘူး
မသန်စွမ်းသူများ၏ ရေကူးပြိုင်ပွဲ ကျင်းပသည် ။ တစ်ချို့ လက်ပြတ်နေသူ တစ်ချို့က ခြေပြတ်နေသူများ ဖြစ်ကြသည် ။ ပြိုင်ပွဲဝင်သူများထဲတွင် ခေါင်းတစ်လုံးထဲ ရှိသောသူကို ထူးထူးခြားခြား မြင်ရသည် ။ ပြိုင်ပွဲစကြောင်း အချက်ပေးလိုက် သည် နှင့် ဒုတ်ခိတများ ကြိုးစား ကူးကြသည် ။ အလယ်လမ်းကြောင်းအတိုင်း ကူးလာသော ခေါင်းရုတ်တရက် မြုပ်သွားသည် ကယ်ဆယ်ရေး သမားများက သူ့ကို အချိန်မှီဆွဲတင် လိုက်သည် ။ ခေါင်း၏မျက်လုံးများ ပွင့်လာပြီး မကျေမနပ်ပြောသည်
" နားရွက် နှစ်ဖက်နဲ့ခတ်ပြီး ရေကူးနိုင်အောင် ကျွန်တော် ငါးနှစ်လုံးလုံး လေ့ကျင့်ခဲ့တယ် ရေထဲမှာ ဘယ်ကောင်လဲ မသိဘူး ကျွန်တော့်ခေါင်းကို ရာဘာဦးထုပ် အတင်းစွပ်ပေးသွားတယ် တောက် ! "
လျှော့မပြောနဲ့
လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
" အင်း ... ခေါင်းက နောက်နေတယ် အစာအိမ်လည်း သိပ် မကောင်ဘူး ဒီကြားထဲ ခင်ဗျားရဲ့ သွေးတိုးနှုန်း အတော်လေး မြင့်နေပြန်တယ် ဒါနဲ့ ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ "
" ၂၈ နှစ်ပါ "
" သြော် နားလည်း မကောင်းဘဲကိုး "

1 comment:
ဘ၀အမောတွေကြားမှာ ဖတ်ခွင့်ရတဲ့ ဟာသတွေအတွက် ကျေးဇူးတင်ပါတယ် မောင်လေး။
Post a Comment