ညံ့တဲ့ မုဆိုး
ကိုချူချာ တက်စီ စီးလာသည် ရုတ်တရက် တက်စီရှေ့တွင် အဖွားကြီးတစ်ယောက် ဘွားကနဲ့ ပေါ်လာသည် ။ ဒရိုင်ဘာက တစ်ဖက်ကို ကွေ့သည် ကွေ့သည့်ဖက် အဖွားကြီးက ပြေးသည် နောက်တစ်ဘက်ကို ကွေ့ရှောင်ရန် ဒရိုင်ဘာ ကြိုးစားသည် ဒီတစ်ခါတွင်လည်း ကွေ့သည်ဖက် အဖွားကြီး ပြေးပြန်သည် ။ အတန်ကြာ ကွေ့လိုက် ပြေးလိုက်ဖြစ်နေပြီး နောက်ဆုံးတွင် အဖွားကြီးကို ကျော်တက်လိုက်နိုင်သည်။ ဒရိုင်ဘာက ကားမှန်မှတစ်ဆင့် ကြည့်သည်။ လမ်းပေါ်တွင် အဖွားကြီး မလှုပ်မယှက် လဲနေသည်ကို ဒရိုင်ဘာ အံ့သြတကြီး တွေ့လိုက်ရသည်။ သို့နှင့် ကိုချူချာကို နားမလည်နိုင်ဟန်ဖြင့် ကြည့်သည်
" အဟင်းဟင်း ခင်ဗျားလိုလူမျိုး ဘယ်တော့မှ မုဆိုးကောင်း မဖြစ်နိုင်ဘူး ကျုပ်သာတံခါးကို မဖွင့်လိုက်ရင် ဒီအဖွားကြီး လွတ်ပြေးသွားမှာ သေချာတယ်"

အတူတူပါဘဲ
ကပ်စီးနဲ ကော်တရာဟု အများက သတ်မှတ်သည့် ကိုမောင်တွင် သားငယ်လေး တစ်ယောက်ရှိသည် ပြတိုက်ရှိ စပါးကြီးမွေကိုသွားကြည့်ဖို့ ပိုက်ဆံ တောင်းကာ မကြာခဏ ပူဆာသည်။ တစ်နေ့ ကိုဘမောင်က စိတ်တိုတိုနှင့်ပြောသည်
" ရော မှန်ဘီလူးယူသွား ခြံထဲဆင်းပြီး တီကောင်သွားကြည့် "

No comments:
Post a Comment