Myeiktharlay

Saturday, August 16, 2008

jokes 3

ပီပြင်လိုက်ပုံက

ကြံ့ခိုင်ရေး သင်တန်း တစ်ခုတွင် ဖြစ်သည်။ သင်တန်း ဆရာက သင်တန်းသား အားလုံးကို ကျောခင်းပြီး ခြေထောက် နှစ်ချေင်းကို မိုးပေါ်ထောင်ပြီး စက်ဘီးနင်းသလို လှုပ်ရှားခိုင်း ထားသည်။ မိနစ် အတန်ကြာတွင် သင်တန်းသား တစ်ယောက် လှုပ်ရှားမှု ရပ်နေသည်ကို တွေ့ ရသောကြေင့် သင်တန်း ဆရာက လှမ်းအော်သည်။
.. ဟေ့ ဘီးနင်းနေတာ ဘာလို့ ရပ်ထားတာလ.. ထိုလူက ချွဲကပ်သံဖြင့် ပြန်ဖြေသည်။
.. ကျွန်တော် မရပ်ပါဘူး ဆရာ ကုန်းလျှောကို အရှိန်နဲ့ ဆင်းနေတာပါ ..

ခင်ဗျားတို့ အကြောင်း

လမ်းပေါ်မှ ရွံ့ချိုင့်ထဲ ကျသွားသော ကား၏ ဒရိုင်ဘာကို လယ်သမား တစ်ယောက်က ဒေါ်လာနှစ်ဆယ် ပေးရင် တွန်းထုတ် ပေးမည်ဟု ကမ်းလှမ်းလာ သည်။ ဒရိုင်ဘာလည်း လက်ခံလိုက်၏ ကားကို တွန်းပေးရင်း ယာသမားက ပြောသည် ။
.. ဒီကနေ့ ကျွန်တော်ကယ်လိုက်တဲ့ ကားတွေထဲမှာ ခင်ဗျားကားက ဆယ်စင်း မြောက်ပဲ ..
.. ၀ိုး .... တယ် ဟုတ်ပါလား ခင်ဗျားရဲ့ ယာခင်းကို ဘယ်အချိန်လုပ်တာလဲ ညဘက်မှာလား ..
.. ညမှာ လည်း အလုပ် မအားပါဘူးဗျာ ဒီကျင်းကို ရေဆွဲလောင်းနေရတာနဲ့ အချိန်ကုန်တာပါဘဲ ..

No comments: