Myeiktharlay

Saturday, August 23, 2008

poem

ကောင်မလေးသို့

ငါ့ စိတ်ကူး ဥယျာဉ်ရဲ့
အတွေး သစ်ပင်မှာ

သတိရခြင်းတွေ ပန်းပွင့်လို့
သူမရဲ့ ရနံ့သာ ပျံ့ လွင့်လို့ နေပါတယ်

ငါ့ကို သတိရရဲ့ လား
ကောင်မလေးရေ

မရရင်သော်လည်း
တစ်နေ့တော့ဖြင့်

သူမရဲ့ သစ်ပင်မှာ
အလွမ်းပွင့်တွေဝေ
ငါ့ ရနံ့ တွေသင်းပျံ့ ဖို့

အရှင်တော်မြတ် ဘုရားထံ
အခါခါ တောင်းဆုပန်လို့သာ
နေပါ့မယ် ချစ်ရသူ

ချစ်လွန်းသူ

No comments: