သတ်သတ်လွတ်
တရစ္ဆာန်ရုံ လုံခြုံရေး အရာရှိများထံသို့ ၀န်ထမ်းတစ်ဦး ပြေးလာသည်
ဆရာတို့ လုပ်ကြပါအုံး လူတစ်ယောက် သူ့မိန်းမကို ကုလားအုပ်ခြံထဲ အတင်းတွန်းလွှတ်
နေတယ် သူ့မိန်းမလည်း အော်ဟစ်အကူ အညီတောင်းနေတယ်
ခင်ဗျားတို့က မတားကြဘူးလား
မရဘူးဆရာ သူက ဗလတောင့်တယ်
ဒါဆိုရင်တော့ သစ်ကုလားအုပ်က အသားမစားဘူး လို့သာ အော်ပြောလိုက်
ညစာ
စိတ်မနှံ့သူနှစ်ယေက် စကားပြောနေသည်
ပထမလူ . . ခင်ဗျား အရင်အိမ်က ဘာလို့ပြောင်းသွား ရတာလဲ
ဒုတိယလူ . . မပြောချင်ပါဘူးဗျာ ကျုပ်မိန်းမ မနေတတ် မထိုင်တတ်လို့ပေါ့
ပထမလူ . . ဗျာ ဘယ်လိုဖြစ်လို့
ဒုတိယလူ . . ဒီလိုဗျ ကျုပ်တို့ အိမ်ဘေးမှာ လူတစ်ယောက် ရှိတယ်လေ တစ်နေ့ ဒီလူရဲ့ ညစာကို ကြက်တစ်ကောင်က စားပြစ်လိုက်တော့ အဲဒီကြက်ကို သတ်ပြီး ညစာလုပ်လိုက်တယ် နောက်တစ်နေ့ ဒီလူရဲ့ ညစာကို ခွေးတစ်ကောင်က စားပြစ်လိုက်တော့ အဲဒီခွေးကို သတ်ပြီး ညစာ လုပ်လိုက်ပြန်တယ် အဲ နောက်တစ်နေ့ ကျတော့ ကျုပ်မိန်းမ ၀င်တိုက်လိုက်တာ သူညစာ မှောက်သွားပါလေရော အဲဒါနဲ့ပဲ ကျုပ်တို့ အိမ်ပြောင်းခဲ့ ရတာပေါ့

No comments:
Post a Comment