Myeiktharlay

Sunday, August 31, 2008

jokes 6

ရောဂါသည်

သေဒဏ် ကျခံရသော အကျဉ်းသားအား ကြိုဆွဲချ သတ်မည့်နေ့တွင် အပျံစားနံနက်စား ကျွေးသည်။ ကော်ဖီခွက်ကို ကမ်းမပေးခင် ထောင်ဝန်ထမ်းက မေးသည်။
သကြား ဘယ်နှစွန်းထည့်ရမှာလဲ
ဟေ့ လူ ခင်ဗျားရူးနေလား ကျွန်တော့်မှာ ဆီးချိုရောဂါရှိတယ် ဆိုတာ ခင်ဗျားသိရဲ့ သားနဲ့

အကြံပေးပါရစေ

ဆေးရုံကြီး၏ လူနာမှတ်ပုံတင် ဌာန မနီးမဝေးတွင် ရပ်လျက် ယောက်ကျားကြီးတစ်ယောက် အသံထွက် ညီးတွားနေသည်။
" အင်း ရူဘယ်တန်ဖိုးကလည်း အမြဲတမ်းဘဲ အောက်ကျနေပါလား ရူးတောင်ရူးချင်လာပြီ "
မှတ်ပုံတင် ဌာနတွင် ထိုင်နေသော သူနာပြဆရာမက လှမ်းပြော သည်။
"ရူးချင်တယ်ဆိုရင် စိတ်ရောဂါကုဆရာဝန်ဆီသွား အမြဲတမ်းအောက်ကျနေတယ် ဆိုရင်တော့ လိင်ရောဂါကု ဆရာဝန်ဆီသွား"

1 comment:

:P said...

ဲဟာသတွေအကုန်ဖတ်ပြီးရယ်သွားတယ်..
အားလုံး အသစ်တွေချည်းပဲ..
တစ်ခါမှ မဖတ်ဖူးသေးဘူး...။