Myeiktharlay

Tuesday, December 29, 2009

ဘာညာသရကာ

ဘလော့နဲ့ ကင်းကွာနေတာ ကြာပါပြီ. ပို့စ်မတင်ဖြစ်တာလည်း ကြာပြီ .. ကျန်းမာရေးကြောင့် ရော အကြောင်းကြောင်းကြောင့်ရောပေါ့.. ချောင်းအရမ်းဆိုးနေတာ..  စိတ်သိပ်ညစ်နေတယ် .. ကိုယ်ခံအားနည်းတော့ အခုတလောအဖြစ်များနေတဲ့ ချောင်းဆိုးရောငါက ၀င်လာတောပေါ့ . ပြီးတော့ ကိုယ့်ကို သိပ်ချစ်လားမသိဘူး လာပြီးကတည်းကနေ ပြန်မသွားတာ ခုထိ သုံးပတ်ကျော်လာပြီ မပျောက်နိုင်သေးဘူး ..

ဆေးခန်းတစ်ခါသွား သုံးထောင် .. သုံးခါသွားတော့ တစ်သောင်းနားကပ်သွားတယ် ..ဒါတောင်  ရပ်ကွက်ထဲက ဆေးခန်းပဲသွားရသေးတယ် .. ဆေးခန်းအကြီးစားသာ သွားလိုက်လို့ကတော့မလွယ် ထမင်းပါငတ်မယ့်ကိန်း အိမ်က ပို့တဲ့ပိုက်ဆံက နည်းနည်းလေးရယ် နဲ့ .

အွန်လိုင်းပေါ်တက်ပြီး.. ချက်တာကများနေတယ် .. စာဖတ်တာတို့ ဘလော့ရေးတာတို့ .. မလုပ်ဖြစ်ဘူး လေနေတာ.. မဖြစ်ဘူး စာပြန်ရေးမှဖြစ်တော့မှာ .. ဒီရက်ပိုင်း ပိုအေးလာတယ်.. အေးတော့ချောင်းကပိုဆိုးလာတယ်.. နေရောင်လာရင်တော့ အေးဆေးပဲ အအေးလေး ၀င်လာရင် အဟွတ်အဟွတ်နဲ့ တဂွတ်ဂွတ်ဆိုးနေရတာ.. မလွယ်ပါ..

ချစ်သူနဲ့ အဆင်မပြေသော ကာလအား ခက်ခဲစွာကျော်ဖြတ်ခဲ့ပြီးသကာလ.. အခုတော့.. ပြေလည်သော ကာလမရောက်တရောက်မှာပင် ခွဲခွာရတော့မည်ဖြစ်သည်.. ချစ်သူကြောင့် ရန်ကုန်လာတာ အခုတော့ အိမ်ပြန်ပြီး အလုပ်လုပ်ရတော့မှာ .. ကံဆိုးတာတွေများနေတဲ့ကာလကို ကျော်ဖြတ် ပြီးသကာလ..

မျှော်နေတာကြာပြီဖြစ်သော LAPTOP တစ်လုံးအား ဦးလေးထံမှ မမျှော်လင့်ပဲ ရသည်..   ကွန်ပျုတာကို လက်ထဲရောက်နေတာတောင် မယုံနိုင်သေးဘူး ဖြစ်နေ၏ ..  စက်ကင်းဟင်းဆိုပေမယ့် အတော်လတ်သေးသည်..  Dual core 1 GB 160 GB နဲ့ ဆိုတော့ မဆိုးပါ  Sony VAIO  တံဆိပ်ဖြစ်သည်..

တစ်ကယ်တမ်းကွန်ပျုတာရတော့လည်း ဘာမှမလုပ်ဖြစ်သေး မီးကလည်း မြန်မာနိုင်ငံမှာသိတဲ့အတိုင်း သိပ်မှန်တာဆိုတော့လေ.. အဟီး.. ဆရာတို့ရဲ့ နက်ဆိုင်မှာပဲနေဖြစ်နေသည်..  ဆရာပြည့်စုံရဲ့ သင်တန်းလဲ မတက်ဖြစ်တော့ပါ.. အလုပ်များနေတာရော ကျန်းမာရေး ကြောင့်ရော . ပျက်ရက်များတော့ မသွားရဲတော့ပါ..  အခွင့်အရေးကြီး တစ်ခုအား လက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်.. ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ ခံရတာပဲလေ..

နောက်ရက်တွေ ပို့စ်အသစ်တွေ ထပ်တင်ဖြစ်အောင် လုပ်မှာပါ.. နယ်ပြန်သွားရင်လည်း.. တစ်ပတ်တစ်ခါ တင်ဖြစ်အောင် လုပ်မှာပါ.. အခုတော့ ချောင်းလည်းဆိုးတုန်း အိပ်လည်း ငိုက်တုန်း..

Thursday, December 3, 2009

ကျကျမ်း

ဖတ်ရတာ တစ်ကယ်ကို ရယ်ရပြီး ..သိပ်သဘောကျမိပါတယ်.. မိုက်တယ်ဗျ..
 
ဆရာ အော်ပီကျယ် ရဲ့ ကျကျမ်း

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။ လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည် အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။ ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက် ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည် အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။ ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။ ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့် အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို ခက်ခဲခြင်းမှ ကာကွယ်ပါ။

Tuesday, November 10, 2009

folderhighlight and wireless key viwer

အရင်တစ်ခါ တင်ဖူးတဲ့ foldermaker လိုပဲ folder တွေကို အရောင်းပြောင်းလို့ရတဲ့ software လေးပါ

download

ပြီတော့ wireless ရတဲ့နေရာမှာ key တွေကို ဒီ software လေး run လိုက်ရုံနဲ့သိနိုင်တဲ့ ဆော့ဝဲလေးပါ

download

Monday, November 9, 2009

jokes


နားမလည်နိုင်ဘူး

လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။ တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။ ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး တစ်ယောက်ကတွင်းဖို့။

လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။ သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။

ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။

တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။ သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။ တိန်။


ကိုယ့်ကြောင့်

ဘရာဇီး နိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ခရီးသည် တင်လေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပျက်ကျသည် လေယာဉ်ပေါ်တွင်ပါလာသော သက်ရှိအားလုံး အနက် မျောက်တစ်ကောင်သာ အသက်ရှင်ကျန်ရစ်သည်ကို သက်ဆိုင်ရာ လူများကတွေ့ရှိကြ၏။ မျောက်ကို ဆေးရုံပို့၍ ကုသပေးပြီးနောက် ကျန်းမာရေးကောင်းမွန်လာချိန်တွင် မဂဓ ဘာသာစကား နားလည်သူတစ်ဦးက လေယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပါတ်သက် ၍ စစ်ဆေးမေးမြန်း၏။

စစ်ဆေးသူ။ ။ လေယာဉ်ပျံစထွက်တော့ခရီးသည်တွေဘာလုပ်နေတုန်း
မျောက်။ ။ ထိုင်ခုံခါးပတ် တွေပတ်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ခရီးသည်တွေကို တစ်ယောက်ချင်းဆီလိုက်နှုတ်ဆက်တယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးကရော
မျောက်။ ။ ပျံသန်းရေးစနစ်တွေစစ်ဆေးရင်း လေယာဉ်မောင်းတာပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ အိပ်ငိုက်နေတယ်
စစ်ဆေးသူ။ ။ စထွက်ပြီး ၁၀ မိနစ်ကြာတော့ခရီးသည်တွေဘာလုပ်နေကြတုန်း
မျောက်။ ။ လေယာဉ်မယ်တွေကျွေးသမျှစားကြသောက်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကရော
မျောက်။ ။ သူတို့တွေကတော့စားသောက်ရေးဝန်ဆောင်မှုပေးနေတာပေါ့
စစ်ဆေးသူ။ ။ လေယာဉ်မှူးတွေကရော
မျောက်။ ။ မောင်းနေကြတာပဲလေ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ခွါစားလိုက် လွှင့်ပစ်လိုက်
စစ်ဆေးသူ။ ။ နောက်နာရီဝက်ကြာတော့ကော
မျောက်။ ။ အိပ်တဲ့လူကအိပ် စာဖတ်တဲ့လူကဖတ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ မိတ်ကပ်ဘူးတွေလိမ်းတယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မောင်းနေကြတာပဲပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟိုကြည့်ဒီကြည့်ပေါ့နော်
စစ်ဆေးသူ။ ။ လေယာဉ်ပျက်မကျခင်လေးမှာခရီးသည်တွေဘာလုပ်ကြတုန်း
မျောက်။ ။ အကုန်အိပ်နေပီ
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ဘယ်ပျောက်သွားလဲမသိဝူး
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မယ်တွေရဲ့ရင်ခွင်ထဲမှာ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟဲဟဲ ပထမဆုံးအကြိမ် လေယာဉ်မောင်းခြင်းစပြီလေ ... ကွိကွိ
--
copy from www.natthabin.ning.com

ဖိုးကျော်

Sunday, November 8, 2009

personal

ဒီရက်ပိုင်းအတွင်း သတိရစိတ်များအား ချိုးနှိမ်လို့.. မဖြစ်သင့်တာတွေကို တတ်နိုင်သလောက် မေ့ပစ်ကာ အသစ်သော ခင်မင်မှုဆီက ကုစားမှုများကို ခံယူ၍ တစ်ချိုးသော စွဲလန်းမှုများကို အစပျိုးနိုင်ခဲ့သည်။

ဒါပေမယ့်လည်း မုန်းစရာ စက်ဆုပ်စရာကောင်းသောကိစ္စများသည် မကြာခဏ ခေါင်းထဲရောက်ရောက်လာသဖြင့် ဆွဲထုတ်ပစ်ရသေးသည် နောင်လည်း ထိုသို့ လုပ်နိုင်လိမ့်မည် သို့မဟုတ် လုံးဝရောက်မလာအောင် တားဆီးထားမည် ဖျောက်ဖျက်ပစ်ရမည်။

နားကျည်းစွာ မေ့ပစ်ဖို့ မာနအား အစွမ်းကုန်အသုံးချရန် တတ်နိုင်သမျှ နေစဉ်လုပ်ဆောင်နေသည်။ မတည်မြဲခြင်းနိယာမကို လက်ခံနိုင်ဖို့လည်း သင်ယူနေရဆဲပင်ဖြစ်သည်။

online bookmark

အင်တာနက်သုံးနေတာ ကြာပြီဆိုပေမယ့် bookmark ကို မသုံးဖြစ်ဘူး ဘယ်လိုသုံးရလဲ နားမလည်ခဲ့ဘူး စမ်းလည်းမစမ်းကြည့်ခဲ့ဖူးပါ..
အခုတော့ Digg ကိုစမ်းသပ်နေတယ် social networking ဆိုက်ဖြစ်တဲ့ facebook ကိုလည်း အကောက်လုပ်ထားတယ်..

facebook ကတော့မဆိုးဘူး bookmark လုပ်ရတာအဆင်ပြေတယ် digg ကိုတော့ သိပ်မသုံးတတ်သေးပါ.. ဖိုတိုရှော့ ကျုတိုရီရယ် ဆိုက်ကောင်းတွေကို တွေ့ထားသော်လည်း ကောင်းကောင်း bookmark မလုပ်ရသေးပါ စာဖတ်သူတွေ ကြိုက်တတ်ရင် ပြန်ရှဲချင်ပါသေးသည်.



Thursday, November 5, 2009

FireWire,Firewall,Fireware

ဗဟုသုတအဖြစ်ပေါ့..ကျွန်တော်လည်း ဘလော့မှာမှတ်ထားချင်တာနဲ့ မြန်မာမိသားစု က နုမောင် ရဲ့ ပိုစ်ကို တိုက်ရိုက် ကူယူဖေါ်ပြပေးခြင်းဖြစ်ပါတယ် .
 
FireWire,Firewall,Fireware ဒီစကားလုံးသုံးလုံးမကြာခဏ မှားတတ်ကြသလို နားလည်မှုလဲ လွဲတတ်ကြတယ်။ တူသလိုလိုနဲ့ ကွဲပါတယ်။

FireWire -

IEEE 1394 သို့မဟုတ် iLink ဆိုတဲ့ စကားလုံးများနဲ့လည်း သုံးကြပါတယ်။ ကွန်ပျူတာသို့ အချက်အလက်များ ပေးပို့ ရာမှာ အလွန်မြန်တဲ့ နှုန်းနဲ့ ပို့ နိုင်တဲ့ တန်းဆက်ကြားခံ ( serial I/O interface ) လို့ ဆိုနိုင်ပါတယ်။ ထုတ်လုပ်တဲ့ ဗားရှင်းပေါ်မူတည်ပြီး 400 MBps, 800 MBps, 3.2 GBps စသည်ပေးပို့ နိုင်ပါသည်။ တစက္ကန့်မှာ စီးဆင်းနိုင်တဲ့ bit အရေအတွက်ဆိုပါတော့ ။ လက်ရှိ အသုံးအများဆုံးသည် 400 MBps IEEE 1394a version ဖြစ်ပါတယ်။ ကွန်ပျူတာများမှာ firewire အတွက် port အပေါက်များ ပါဝင်ပြီး သူ့ရဲ့ တပ်ဆင်တဲ့ ကြိုးဟာ USB ပေါက်နဲ့ အနည်းငယ် တူသယောင်ရှိပါတယ်။

IEEE ဆိုတာကတော့ Institute of Electrical and Electronics Engineers ခေါ် အဖွဲ့ အစည်း ရဲ့ အရှည်ကောက် စာလုံးပါ။ သိပ္ပံပညာရှင်များ ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ကွန်ပျူတာ ထုတ်လုပ်ခြင်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း အတွက် ပစ္စည်းများကို စံတစ်ရပ်အဖြစ် သတ်မှတ်ပေး ခြင်း စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပါတယ်။


Firewall -

အင်တာနက်သုံးတဲ့ အခါ ကွန်ပျူတာနဲ့ အင်တာနက် တို့အကြားမှာ ကြားခံပေးထားတယ်လို့ လည်းဆိုရမှာမှာပါ။ သူ့ပုံစံကတော့ အုတ်တံတိုင်း၊ ( သို့) မဟုတ် မီးတောက် ပုံသဏ္ဍာန် များနဲ့ ဖော်ညွှန်းပါတယ်။ အားလုံးတော်တော်များများသိကြပါတယ်။ Zone Alam အပါအ၀င်တခြား ဖိုင်းယား ဝေါ များကို။

Fireware
 Read-Only - Memory (ROM) device မှာပါတဲ့ ဆော့ဖ်ဝဲ သို့မဟုတ် အချက်အလက်များ ဖြစ်ပါတယ်။ Fireware သည် ဟာ့ဒ်ဝဲ နဲ့ ဆော့ဝဲ အကြား ကူးပြောင်း အလုပ်လုပ်ဆောင်ရာမှာ လွယ်ကူစွာ ချိန်ညှိပေးနိုင်တဲ့လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။


ကိုးကား ချက်-ကွန်ပျူတာဂျာနယ်များ (၂၀၀၅-၂၀၀၇)

Tuesday, November 3, 2009

Personal


blogging ပိုင်းကို မလုပ်ဖြစ်တာ နည်းနည်းတောင်ကြာသွားပြီ ရေးမယ်ရေးမယ်နဲ့ တစ်လမှာတောင် ပိုစ်သုံးခုလောက်ပဲ တင်ဖြစ်တယ် ဒီကြားထဲလာကြည့်တဲ့ သူတွေကို လည်းအားနာပါတယ် တက်ဂ်ထားတာလည်းမရေးပေးနိုင်သေးဘူး ..

ရန်ကုန်ရောက်ကတည်းက ဘာမှလည်း မယ်မယ်ရရမလုပ်ဖြစ်သေး ဆရာတို့ရဲ့ အင်တာနက်ဆိုင်မှာပဲ လုပ်ကူလိုက် အိပ်လိုက်စားလိုက် အွန်လိုင်း ပေါ်တက်လိုက်နဲ့ နေဖြစ်သည်။

KMD မှာသင်တန်းကို သူငယ်ချင်းနဲ့ network(serverbase) ကို အပ်လိုက်၏ အပ်ပြီးမှ www.kopyaesone.co.cc က ကိုပြည့်စုံဖွင့်တဲ့ သင်တန်း အကြောင်းကို သိလိုက်ရသည် KMD မှာကအပ်ပြီးသွားတော့ ဂွကျသည်. ကိုပြည့်စုံဖွင့်တဲ့သင်တန်းက ပညာဒါန သင်တန်းကြေးက နှစ်သောင်း တည်းနဲ့ ဖွင့်ပေးသည်။ ရသမျှအကုန်တက်ရမှာပဲ..

ဒါနဲ့ အွန်လိုင်းမှာ ကျောင်းအပ်ဖြစ်သွားတည် 7 ရက်နေ့ ဖောင်ဖြန့်မယ်လို့ပြောသည် ပိုက်ဆံမရှိလည်းတက်လို့ရကြောင်းပြောသဖြင့် တစ်ကယ်ကို ပျော်ရသည်။

အခုတလောလေနေတာများပြီး ဘ၀မှာ Goal တစ်ခုပျောက်ဆုံးနေသလိုဖြစ်နေသည် ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့လုပ်ရမည်ဖြစ်သည်။

MCSE ဘာညာစသော သင်တန်းများ ဖြေချင်စိတ်ဖြစ်ပေါ်မိသော်လည်း ကိုယ့်အခြေအနေနဲ့ ကိုယ်မို့ စိတ်လျော့ထားသည်။ အိမ်ကလည်း အချိန် အကန့်အသန့်နဲ့ ရန်ကုန်လွှတ်လိုက်တာဆိုတော့ စိတ်ညစ်စရာကောင်းသည်။ တတ်နိုင်သမျှတော့ အချိန်ဆွဲပြီးနေရမည်။

ပြန်သွားပြီးရင်လည်း မဟာရန်ကုန်မြို့တော်နဲ့ အတော်ကြာအောင်ခွဲရမှာ ပြန်လာဖို့ဆိုတာ တစ်ကယ်မလွယ်တော့ ၊ သံယောဇဉ်ကြိုးတွေကိုလည်း လွန်ဆန်နိုင်အောင်ကြိုးစာ ရမည်။

Monday, October 19, 2009

ရန်ကုန်သို့အပြန်


.. တောင်မှမြောက်သို့ .. မြန်မာနိုင်ငံ ခြေထောက်မှ.. ချက်နားသို့..ကျွန်တော်ပြန်လည်လွင့်မျောလာပါတယ်... အလွမ်းရဲ့ .. ရိုက်ခတ်မှုအား အများဆုံးနဲ့ပေါ့..  .. လူငယ်ဘ၀ရဲ့ မိုက်မဲမှုတွေမျိုးလားတော့မသိဘူး.. ရူးသွပ်စွာ အလိုတူအလိုပါကျုးလွန်ခဲ့ မိပါတယ်..

ဘာပဲဖြစ်ဖြစ်.. နောင်တတော့မရပါ.. ပျော်ရွင်မှုရယ်.. ၀မ်းနည်းမှုရယ်.. ကြေကွဲမှု တွေရယ်နဲ့ ဘိတ်မှ.. ရန်ကုန်..သို့.. ကားနှင့်လာခဲ့ပါတယ်.. ကံတရားကပဲ ဆိုးတာလားတော့မသိဘူး.. ကားက မြိတ်ကအထွက်..သမုတ်ရွာအကျော်လေးမှာပဲ.. ရွံ့နက်ပါလေရော..

ဒီလိုနဲ့ ပုလောမှာထမင်းစားပြီ.. ထားဝယ်ကို ညနေခင်းပိုင်းလေးရောက်ခဲ့တာပေါ့.. ပုလောမြို့မှာ.. လှပတဲ့ ထန်းပင်တစ်ချို့ကို တွေ့လိုက်ရပါတယ်.. စိမ်းလန်းတဲ့ လယ်ကွင်းတစ်ချို့နဲ့ ပခုံးချင်းယှဉ်လျက်ပေါ့..

ဘယ်လိုပဲ ဖြစ်ဖြစ်.. ထားဝယ်မြို့ရဲ့ လှပတဲ့.. ထန်းပင်တန်းတွေကိုတော့.. မမှီပါဘူး.. တစ်ကယ့်ကို လှပတဲ့ ပန်းချီကားတစ်ချပ်ပါပဲ.. ထားဝယ်ရောက် ရင်. ကျွန်တော်အမြဲငှေးရတဲ့ မြင်ကွင်းလေးပါ.. အညာဒေသမရောက်ဖူးတော့..  ဒီကထန်းပင်တန်းက သိပ်လှနေတယ်.. လေ.. အညာမှာလည်း လှတယ် ကြားဖူးတယ်..  အခါအခွင့်သင့်ရင်.. သွားရောက်လည်ပတ်သင့်တဲ့ထားဝယ်မြို့လေးပါ..

ထားဝယ်မှာ ကားရပ်.. တည်းခိုခန်းမှာ.. တစ်ညအိပ်ပြီးတော့.. မနက်ဝေလီဝေလင်းမှာ. ပြန်လည်ထွက်ခွာခဲ့ပြန်တာပေါ့.. မနက်ဝေလီဝေလင်းမှာ. ကျွန်တော့ အာရုံတွေကလည်း ဝေလီဝေလင်းပါပဲ..

ဒီလိုနဲ့ မလွဲတောင်လည်း ချန်ခဲ့.. ရေးမြို့လဲချန်ခဲ့လို့.. မော်လမြိုင်ကို.. ညနေငါးနာရီရောက်ပါတယ်.. .. မော်လမြိုင်မြို့ ရဲ့ ကားလမ်းမကြီးက အတော် ကျယ်တာ.. မော်လမြိုင်ကနေ..ညနေခုနှစ်နာရီခွဲမှ.. ကားထွက်တော့.. ရန်ကုန်ကို. မနက်ခုနှစ်နာရီရောက်ပါတယ်. လမ်းမှာ.ကားပျက်သေးလို့ပါ..




Saturday, October 17, 2009

funny EEEE

ပိုစ်မတင်ဖြစ်တာကြာပါပြီ.. ဒါနဲ့ မေးထဲရောက်လာတဲ့ဒီစာလေး အတော်ရယ်ရတယ်ဗျ.. ပျော်စေချင်လို့ပါ ဖတ်ကြည့်နော်.

အီးဋီကာ


-လူတစ်ယောက်ဟာအီးကို ကုန်အောင်မပေါက်နေ့ဖို့ညစာစုထား
တတ်ရင်အဲဒီလူကိုကပ်စေးနှဲသူလို့ခေါ်တယ်။

-အီးကိုစုမထားဘဲဘယ်နေရာသွားသွားအမြဲပေါက်နေရင် အဲဒီလူဟာ ရက်ရောသူ

-နှစ်ဦးတည်းရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ သီးသန့်ဆန်သူ

-လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်ရင်အဲဒီလူဟာ အပေါင်းအသင်းမက်သူ

-အီးပေါက်ချင်သော်လည်းမပေါက်ဘဲအောင့်ထားတတ်ရင် မိုက်မဲသူ

-အီးပေါက်ချင်ပေမဲ့မပေါက်ဘဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှပေါက်တတ်ရင် ပညာရှိသူ

-အသံမထွက်အောင်အီးပေါက်လေ့ရှိရင် လျှို့ဝှက်တတ်သူ

-အသံကျယ်လောင်စွာအီးပေါက်တတ်လျှင် ဘွင်းဘွင်းကျသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ဂုဏ်ယူနေတတ်ရင် ၀ါကြွားသူ

-မိမိအီးပေါက်ခြင်းအတွက်အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်းကျပ်နေသူ

-လူတစ်ယောက်ဟာငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ကိုယ်ပြန်ရှူနေတတ်ရင် တစ်ကိုယ်ကောင်းဆန်သူ

-နင့်ရဲ့အီးတယ်မွှေးပါလားသူများအီးလိုက်ရှူနေရင် အဲဒီသူဟာ အရူး

-ပင်ပင်ပမ်းပမ်းအားမစိုက်ဘဲအီးပေါက်ထွက်ရင်အားကစားလိုက်စားသူ

-မျက်စိမျက်နှာပျက်အားစိုက်ညှစ်မှအီးပေါက်ထွက်ရင်အားကစားမလိုက်စားသူ

-အီးမှန်မှန်ပေါက်သော်လည်းလေထုညစ်ညမ်းမှာကိုစိုးရိမ်နေတတ်ရင် သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ

-အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့သူကဦးအောင်ထအော်ရင်အဲဒီသူဟာ မရိုးသားသူ

-အီးပေါက်ပြီးတိုင်း မျက်နှာကြီးနီလာတတ်ရင်အဲဒီသူဟာရိုးစင်းသူ

-အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင်ရိုးသားသူ

-အီးမပေါက်ခင်ခွင့်ပြုပါနော်လို့ပြောပြီး အီးပေါက်ပြီးဆောရီးနော်လို့ပြောတတ်ရင်ယဉ်ကျေးမှုအသိရှိသူ

- အီးမပေါက်ခင်ခွင့်ပြုနော်လို့ပြောပြီးထွက်သွားတတ်ရင်ယဉ်ကျေးသူ

-အသံကြားရုံနဲ့ဘယ်သူအီးပေါက်သလဲဆိုတာကိုဖော်ထုတ်နိုင်ရင်ဥာဏ်ကောင်းသူ

-ရုပ်ရှင်ထဲမှာအီးပေါက်ပြတာကိုကြည့်ပြီးအလွန်ရယ်နေရင်ဥာဏ်သိပ်မကောင်းသူ

-အီးပေါက်ရန်ကြိုးစားရာမှချီးထွက်သွားရင်ကံမကောင်းသူ

-၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေရင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ

-ဗိုက်နာနေသော်လည်းအီးဘယ်လိုမှမပေါက်နိုင်ရင်ပြသနာတွေ့တော့မည့်သူ

-လူအများနှင့်စကားပြောနေရာမှအီးအသံကျယ်ကျယ်ပေါက်မိသော်လည်းခပ်တည်တည်ဖြင့်စကား

ဆက်ပြောနေလျှင် အဲဒီသူဟာရဲဝံ့သူ၊မှန်တယ်ထင်လျှင်လုပ်ရဲသူ။

     

 ကဲတို့တစ်တွေဒီနေ့ကစပြီးလူတွေကိုလေ့လာကြည့်ကြတာပေါ့ ။

 မှန်ကန်စွာဆုံးဖြတ်နိုင်ပါစေ။  ။

Thursday, October 8, 2009

ဘာတွေမှန်းလဲမသိဘူး


ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို မွန်းကြပ်လွန်းနေတာ..

ဘာတွေမှန်းလဲ မသိဘူး
တစ်ကယ့်ကို ၀မ်းနည်းလွန်းနေတာ..

ငါ... ဘယ်လိုတွေဖြစ်နေတာပါလိမ့်..
ရင်ဘတ်ထဲမှာတောင်..

ငါ့ရင်ဘတ်က.. ငိုလို့..
ဘာလို့  ၀မ်းနည်းနေရတာလဲ..

ဘာပဲဖြစ်ဖြစ်..
ထွက်ပေါက်က စာသားတွေ..ပါ

ဖတ်မိတဲ့သူတွေကိုလည်း..
အပူမကူးစေချင်ဘူး..

တစ်ကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး..

ငါကိုက ရူးနေတာပါ..


Tuesday, September 29, 2009

အချစ်.. စာမျက်နှာ


 .. မနက်ခင်း မိုးလင်းတော့.. ထုံးစံအတိုင်း.. အသိညဏ်မှာ. သူ့မအကြောင်းက.နေပဲ နေ့တစ်နေ့ကို စတင်ပါသည်။.. သူမနဲ့တွေ့  ရှိပြီးနောက်ပိုင်း . နေ့တိုင်း  သူမအကြောင်းကို မနက်ခင်းတိုင်း.. သူအကြောင်းနှင့်ပင်..စတင်.. ဖွင့်လေ့ရှိသည်။.. အစဦးပိုင်းက ..သူမ့ကို.. သေလောက်အောင်..ချစ်နေမှန်း မသိသေးပါ.
သူမအကြောင်းနှင့်စတင်ဖွင့်လှစ်ရသော.. ယနေ့ထိတစ်နေ့မှ.. ပျက်ကွက်ခြင်းမရှိသေးသော. လွမ်းမောဖွယ်ကောင်းသည့်မနက်ခင်းများကို. သူကျေနပ်နေ မိပါသည်။
.. သူမနှင့် နှင့်ခွဲခွာပြီးမှ..  သူမကို အသည်းနင့်အအောင်ချစ်နေမိမှန်း..  သိလိုက်ရ၏ .. သူမနှင့်စတင်တွေ့သော နေ့မှာပင်.. ပူစူး၏ ကြိုက်နှစ်သက်နေမိသော ပူစူး၏ သီချင်းကို.. သူမနှင့်အတူ လမ်းလျှောက်သွားရင်း.. ဆိုညည်းနေမိသည်. ထိုသီချင်းစာသားသည်.. နောက်နောင်.. အမှန်တစ်ကယ်ဖြစ်လာမယ်မှန်း မသိရသေးသောကြောင့်.. ဆိုနေမိခြင်းဖြစ်သည်။ အခုတော့.. ထိုသီချင်းညည်းမိခြင်း ကိုပင် နောင်တရသည်။
..ိ သူဘ၀တွင်.. သူမလောက် ဘယ်သူမှမချစ်မိခဲ့ဖူးပါ.. သူ၏အသည်းနှလုံးသည် .. သူမထံသို့ သူမသိလိုက်မိတဲ့အချိန်မှာပဲ.. ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်.. အခုတော့လည်း.. ပူစူးသီချင်းထဲကလို.. တစ်ယောက်တည်း ကြေကွဲခံစားနေရ၏ သူ့ အသဲနှလုံး.. သူဘ၀ .. သူ့ အသက်ရှုချိန်တိုင်းမှာ.. သူမကို သတိရနေသည် ..သူမရဲ့  ဂရုမစိုက်မှု တစ်ချက်နဲ့တင်.. သေအောင်ခံစားရသည်။
တစ်နေ့လုံး. ဘယ်ဘက်ရင်အုံမှာ.. တစ်စိမ့်စိမ့်ခံစားရသည်. . သူမသိလိုက်မီအချိန်မှာပဲ..သူ့  မျက်ဝန်းမှာ.. မျက်ရည်တွေဘယ် အချိန်ကရောက်နေလဲမသိပါ.. ဘယ်တုန်းကများ.. မိန်းမတစ်ယောက်ကို လွမ်းလို့  ငိုတတ်သွားပါလိမ့်.. ငါဟာ. သိပ်မုန်းစရာကောင်းတဲ့ကောင်..ပါပဲ.. ပဲ..

Sunday, September 20, 2009

ငါ့အချစ်..


ငါ့ရင်ဘတ်မှာ.

အနာနဲ့..

အလွမ်းနာပေါ့...

သူ့ကိုငါ..သိပ်ချစ်တယ်..

သူက ဝေဒနာတွေပေးတယ်


ဒါပေမယ့်..ငါ နာမကျည်းနိုင်ဘူး..

ငါချစ်တာထက်..

တစ်ဝက်လောက်ပဲပြန်ချစ်ပေးပါကောင်မလေးရယ်..

ခံစားရလွန်းလို့ မျက်ရည်လည်းကျလုပြီး..

ရင်ဘတ်ကတော့.. မျက်ရည်ရွဲလို့...

ငါ့နှလုံးသားကို.. ငါမုန်းတယ်..

လွမ်းရလွန်းလို့ နကျင်..

နာကျင်စွာနဲ့လွမ်း..

ညည.. လွမ်းတမ်းတစွာမျက်ရည်ကျ..

သူမုန်းမှာ.. လည်းစိုးရိမ်နေရ..

သ၀န်တိုစိတ်က.. မိုးထိရောက်တယ်..

ငါ့ကိုငါသာ..သတ်သေလိုက်ချစ်တယ်..


Friday, August 28, 2009

ဘာညာဘာညာ

ကွန်မန့်တွေ ပေးလာကြတော့လည်း အားတက်စရာပါပဲ.. ဘာပဲပြောပြော. အားလုံးကို ကျေးဇူးတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အလုပ်က ခုထိမရသေးတော့. မွေးရပ်ဌာနီ အမေရှိရာ အရပ်သို့ပဲ သွားဖို့ အကြောင်းဖန်လာပါတယ်.. အပြန်ကျရင် မြစ်ကြီးနားသွားဖို့လည်း များနေပါတယ်. လကုန်ရင်တော့.. မြန်မာနိုင်ငံ အောက်ဆုံးမြို့ကို သွားပြီး. ပြန်လာရင်တော့ မြန်မာနိုင်ငံ အထက်ဆုံးကို သွားရမှာပါ..

အရောင်အကြောင်းတောင် ဆက်မရေးဖြစ်သေးဘူး. ဘာသာပြန်ထားတာတော့ရှိ ပါတယ် နောက်မှပဲ တင်တော့မယ်လို့ စိတ်ကူးထား တယ် အရင်မြစ်ကြီးနား သွားတုန်းက လမ်းခရီးတစ်လျှောက် ဖြစ်ပျက်တာကို ရေးထားတာတွေလည်း အများကြီးရှိသေးတယ် မတင်ရ သေးဘူး ၀ထ္တုတို လည်းရှိသေးတယ်. တစ်ခါတစ်လေ စာရိုက်ရမှာ ပျင်းလို့ မတင်ဖြစ်တာပါ..


ဒီဇိုင်းဆွဲတဲ့ ဖက်မှာ အလုပ်လုပ်ဖြစ်မှ အဲတာတွေ ဆက်လေ့လာ ဆက်ရေးဖြစ်မှာပါ. ဘာမှမလုပ်ရင် ဘာမှမရေးဖြစ်ဘူး. မလေ့လာဖြစ် ဘူး. ဂိမ်းနဲ့ သိုင်းဝထ္တုတွေ အကြောင်းပဲ ခေါင်းထဲရောက်နေတယ်..

ဒီနေ့ ဘလော့ကို လာကြည့်တာ ကွန်မန့်ပေးထားတတွေ တွေ့လို့ ပျော်သွားတယ်. လာလည်ကြသူတွေထဲက.. www.mrdba.info ကိုသွားလည်ဖြစ်ပါတယ်. သိပ်ကောင်းပါတယ် ဘလော့.. ခရီးသွားဆောင်းပါးတွေ ဖတ်ဖြစ်လိုက်တယ်. ကိုယ်မသွား နိုင်ပေမယ့် သူများတွေ ရေးထားတာ.. ကိုဖတ်ရတာ သိပ်သဘောကျတယ်.. ရောက်လည်းရောက်ဖူး ချင်တယ်..

Thursday, August 20, 2009

အလုပ်ထွက်ပြီးနောက်

ဇာတာပဲမကောင်းတာလား ကိုယ်ကိုယ်တိုင်ကပဲ အသုံးမကျတာလားတော့. မသိဘူး.. အလုပ်မှာ ပြဿနာဖြစ်. အလုပ်က ထွက်လိုက်ရပြီး အခုဆို.. အလုပ်ထွက်တာ ဆယ့်ခြောက်ရက်ရှိပြီ ဖြစ်သည်.. အိပ်လိုက် စားလိုက် ဂိမ်းနှိပ်လိုက်ဖြစ် . အပီအပြင် .. ဇိမ်တွေ့နေပြီး၏

ထိုအတောအတွင်း ရောင်ချာချာဖြစ်ကာ.. ရောင်ခြောက်ဆယ် ဇတ်ခင်းနေသည်.. ဂိမ်းဆိုင်သာ သူအတွက် အားထားရာ. တစ်ခုဖြစ်နေသည်.. အိမ်ဘေးက ဂိမ်းဆိုင်အတွက် ..ဗီနိုင်းတစ်ခု ဆွဲပေးလိုက်ရသည်.. သူ့လက် ရာထဲတွင်..အဲလောက်ကြီးကြီးမထုတ်ဘူး..သဖြင့်.. အတော်ပျော်မိသေးသည်...

ဒီနေ့တော့.. အလုပ် .Fashion image မဂ္ဂဇင်းတွင်.. ဒီဇိုင်နာ. ပိုစ်အတွက် .. ဖောင်သွားတင်ခဲ့သည်.. ပြီးတော့.. သစ္စာဟူသော အလုပ်ရှာဖွေရေး အေဂျင်စီတွင် လည်း CV တင်ခဲ့သည်.. အလုပ်တစ်ခုတော့ ရနိုင်ကောင်းပါရဲ့.

ဒီရက်ပိုင်း နုယ်ပဲပြန်ရမလား.. အလုပ်ပဲဆက်လုပ်ရမလား. ဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ ကိစ္စကြောင့်အတော် လေး ခေါင်းစား နေခဲ့သည်.. လိုချင်သောအလုပ် အဆင်ပြေသော အလုပ် ဒါမှမဟုတ် အလုပ်မရပါက.. လစာနည်းပါက.. နယ်ပြန်ရန်ဆုံးဖြတ်ချက်ချပြီး.. အလုပ်အဆင်ပြေပါက .သင်္ကြန်ကျမှ ပြန်ရန် လောလော ဆယ်ဆုံးဖြတ်ချက်ချထားသည်...

အားနေတော့..လည်း အွန်လိုင်းပေါ်သာ မကြာခဏရောက်ဖြစ်နေသည်.. ကိုယ့်ဆရာတို့ဆိုင်မှာဆိုတော့ သုံးရတာအဆင်ပြေသည်.. အေးရာအေးကြောင်းပဲ...

အလုပ်မရှိဘဲ. အားအားယားယားနေရတော့. စိတ်ကလေချင်သလိုလို ..အလုပ်ကိုပဲဆာလောင်သလိုလို ဖြစ်နေသည်.. အလုပ်မရှိပဲနေရတာ.. ခဏပဲကောင်းသည်. အကြာကြီးတော့မကောင်းပါ..

မိဘတွေဆီကိုလည်းပြန် ချင်သည်.. ရန်ကုန်မှာလည်း. အလုပ်ဆက်လုပ်ချင်သည်..

လူ့ဘ၀ရဲ့ ရှင်သန်နေထိုင်ရမည့် ကိုယ့်ဘ၀ကိုတောင် လန့်လာမိသည်.. ပိုက်ဆံရှာရတာ မလွယ်ကြောင်း ပိုမိုသိလာသည်.. တစ်ကယ်တစ်ကယ် မလွယ်တာပါ..


Monday, August 3, 2009

kinds of colors

အရောင်နဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အသွင်အပြင်တွေကို ရည်ညွန်းပြီး ပြည့်စုံတဲ့ အမည်နဲ့ ခေါင်းစဉ်တွေ ရှိနေပါတယ် .. ဆိုလိုတာကတော့ဗျာ အရောင်နဲ့ ပတ်သက်ပြီး အမျိုး အစားခွဲခြားထားတာလေးတွေ ကိုပြောပြချင်တာပါ ..

အရောင်နဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်..

1. Warm colors

2. Cool colors

3. Neutral colors

4. Value

5. Brightness

6. Saturation

7. RGB color

8. CMYK color

9. Pantone (PMS) colors

10. Primary colors

11. Tertiary colors

12. Complementary colors

13. Analogous colors တို့ပဲဖြစ်ပါတယ် ....

Tuesday, July 28, 2009

color


E-Book.. တစ်အုပ်ကို. တရကြမ်းဘာသာပြန် လက်စပါ

Translating by chitloonthu..

 

အလင်းရောင်မရှိဘဲ. ကျွန်တော်တို့ဟာ ဘာမှ မြင်နိုင်မှာ မဟုတ်ပါဘူး.. ဒါဟာ ရိုးရှင်းလှတဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ် .. ဒီရိုးရှင်းလှတဲ့ အမှန်တရားဟာ စေ့စပ်သေချာစွာ သီးသန့်စစ်ဆေးမှု  အပေါ်မှာ ပိုမို ရှုပ်ထွေးလာပါ တယ် ဘာလို့လဲဆိုတော့ အလင်းဟာ အလင်းမဟုတ်လို့ပဲ ဖြစ်ပါတယ် .. အရပ်သား အသုံးအနှုန်းအတိုင်း ၊ ပြောရိုးပြောစဉ် ၊ ပြောနေကျ အရ ဆိုရင် အေးမြတဲ့ အလင်းနဲ့ နွေးထွေးတဲ့ အလင်းဆိုပြီးတော့ ကွဲပြားပါတယ် ..

 

အလင်းဟာ အရောင်ကို သိမြင်နားလည်ခြင်း ရဲ့ အခြေခံပဲဖြစ်ပါတယ် ..အလင်းဟာ လျှပ်စစ် သံလိုက်လှိုင်းဖြစ်ပါတယ် ဦးနှောက် နဲ့ မျက်လုံး က အလင်းရဲ့ ရောင်ခြည်ကို အရောင်ပုံရိပ်များအဖြစ် ပြောင်းလဲပေးလိုက် ပါတယ်.လျှပ်စစ် သံလိုက်လှိုင်းများ ဟာ သူတို့ရဲ့ လှိုင်းအလျားကို ဖော်ပြနိုင်ကြပါတယ်..

 

လှိုင်းအလျား 380 မှ 780 nanometer မှာ လူတွေ ဟာ အရောင်အဖြစ်နဲ့ လက်ခံရရှိပါတယ် ..သက်တံ ရဲ့ အရောင်ဟာ အဖြူရောင်အလင်းကနေ ဖြစ်ပေါ်လာတာပါ..သူ့ရဲ့ အလင်းအလှိုင်းတစ်ခုစီဟာ ကွဲပြားခြားနားတဲ့ အရောင်တစ်ခုစီ ရှိပါတယ် ..380 nm က ခရမ်းရောင်ကနေ စပြီး အပြာ ၊ ပြာနု ၊ အစိမ်း နှင့် အ၀ါ ကနေ 780 nm အနီအထိရှိပါတယ် ..

 

အရောင်အားလုံးရဲ့ ရောင်စဉ်လှိုင်းတွေဟာ အလင်းကို ကိုယ်စားပြုပါတယ်. အပူ အလင်း အအေး အလင်း ဆိုတာ လည်း အလင်းရဲ့ လှိုင်းအလျား  တောင့်တင်းမှုပေါ်မှာ မူတည်ပါတယ်..

 

Color Model အတွက်တော့ အခြေခံအားဖြင့် နှစ်မျိုးရှိပါတယ် additive နဲ့ Subtractive ဆိုပြီးတော့ပေါ့။ ဥပမာ အနေနဲ့ ကတော့ additive color က ကွန်ပျုတာ ကာလာနဲ့ television ကာလာလိုမျိုးပေါ့။

 

Subtractive color ကတော့ transparent ဖြစ်ပါတယ်. ၄င်းမှာ အလွာသုံးလွှာပါ ၀င်ပြီး cyan, Magenta and Yellow ဆိုတဲ့ အရောင်သုံးရောင် ပါဝင်ပြီး ၄င်းတို့ အားပေါင်းစပ် ခြင်းဖြင့် မည်သည့် အရောင်ကို မဆို ထုတ်လုပ်နိုင်ပါတယ်

 

Offset Printing အတွက် ကာလာ ပုံစံ

 

Offset Printing ကတော့ Subtractive Principle နဲ့လုပ်ပါတယ်။

 

 


Tuesday, July 21, 2009

ဘ၀ဘဝ


  အမေကဆူ နေကပူ ဆိုသလို . ပဲ. အခုတလော. စိတ်ညစ်စရာတွေကများ . အလုပ်မှာလည်း အဆင်မပြေတာတွေ များနေသည် . စိတ်အနှောက်အယှက် ဖြစ်တာ တွေများလာ တော့. အလုပ်ကနေ ထွက်ချင်စိတ်လည်း ပေါက်နေ၏ ဘလော့ တွင်လည်း ပိုစ်အသစ် မတင်ဖြစ်တာ ကြာသလို..  လာရောက် ကြည့်ရှသူလည်း မရှိသလော် ရှားပါနေပါတယ်..

အိမ်မှာလည်း အဆင်မပြေတာတွေ ဖြစ်လာသည်.. ကိုယ့်ဘ၀ကိုယ်စိတ်ပျက်လောက်အောင်တော့ မဖြစ်သေးပါ.. ဘိတ်ပြန်ချင်လာသည် ရန်ကုန်ကို ခွာပြီး နယ်မှာပဲ အလုပ်ပြန်လုပ်ရင် ကောင်းမလားဟုတွေးနေမိသည်.. ဘာတွေဖြစ်လာအုံးမလဲ .. မသိ.. ကျန်းမာရေးလည်း သိပ်မကောင်းချင်.. သြော်.. ဘ၀ဘ၀..


Sunday, July 12, 2009

ကဗျာ


သက်တံ တံတား

သိပ်ချစ်တာပဲ ညီမလေးရယ်လို့
အနမ်းတွေနဲ့ ပြောပြဖို့
မင်းရဲ့ ဆံပင်ရှည်တွေ ကြားထဲမှာ
ငါ့ မျက်နှာကို ၀ှက်ထားဖို့
ဂီတနဲ့
ငါတို့နှစ်ယောက်တွဲကဖို့
လရောင်ရွှန်းမြ
ညလေးတစ်ညဆိုတာ
တစ်ကယ်ကို ရောက်လာမှာလား

ကမ္ဘာမြေအတွက် အချစ်သီချင်း
လမင်းကို မြင်ရမလား
ကြယ်စင်ကို တွေ့ရမလား
ချစ်သူနှစ်ယောက်ရဲ့ ပေါင်းသင်းနေထိုင်မှုမှာ
ငါတို့ အစွမ်းကုန် ပွင့်လင်းနိုင်ကြမလား
မအိုခင်
မနာခင်
မသေခင်
ငါတို့ အဆုံးထိ မပျော်ရွှင်ရတော့ဘူးလား

အချစ်ရဲ့ ဧရိယာထဲမှာ
ငါတော့ တစ်လက်မ မှ နောက်မဆုတ်ပေးနိုင်ဘူး
မင်းကို
အပွင့်လေးလိုလည်းချစ်ခဲ့ရ
အသီးလေးလိုလည်းချစ်ခဲ့ရ
အဖူးလေးလိုလည်းချစ်ခဲ့ရ
မိုးအဆုံးမြေအဆုံး
မင်းတစ်ကိုယ်လုံးကို
ငါ့အနမ်းတွေနဲ့ သီကုံးထားချင်ရဲ့

ဟောဒီ 2009 မှာ မင်းကိုငါ ချစ်မိပေါ့

မိုဃ်းဇော်

Friday, July 10, 2009

love


ဘ၀သည် စာအုပ်ဟောင်းတစ်အုပ်ရဲ့ ဒေါင့်စွန်း အနားတွေလို လန်ထွက် ကော့တက်နေရုံမျှမက အနားစွန်းများလည်း လိပ်တက်နေသည်။

ညသည်လည်း အနားစွန်းများ လိပ်တက်ကာနေ၏

ပြတင်းတံခါးကို ဖွင့်လိုက်တော့ လေအေးများ က ညင်သာစွာ ၀င်ရောက်ပြီးသူ့ အရေပြားကို သူ့အရေပြားကို လျှာနဲ့ လျက်ကာ အေးစိမ့်စိမ့် ထိတွေ့မှုကို ပေးသည်။ မွှေးညင်းနုကလေးများ အားလုံးမတ်တတ်ရပ် ကြရသည်။

နည်းနည်းလေး လှုပ်တာနဲ့ တင် ကုတင်ညည်းတွားသံက ပတ္တာကြပ်သံလို တကျွိကျွိထွက်ပေါ်နေသေးသည်။

လေးထပ်တွင်နေသော်လည်း စိတ်ဓါတ်က တစ်ခါတစ်လေ အောက်ဆုံး ရောက်နေသည်။

အစိမ်းရောင်သန်းပြီး ကြွပ်ဆတ်သော ဇီးသီးကို ဂွပ်ကနည်း ကိုက်စားရ တာကို ချစ်သည်။

အချစ်ဆိုတာလည်း တစ်ခါတစ်လေ ဇီးသီး ၀ယ်စားရသလိုပါပဲ ..ကြည့်လိုက်ရည် ချိုမယ့်ပုံ.. တစ်ကြွပ်ကြွပ် ၀ါးရမယ်ထင်ပြီး

တစ်ကယ်တမ်းစားခါမှ အထင်နဲ့ အမြင်လွဲနေတတ်ပါတယ် ..

Thursday, July 2, 2009

sad for Micheal jackson

စိတ်မကောင်းပါ .

ကျွန်တော် .. ရမ်း နှစ်သက် သဘောကျ တဲ့ အဆိုတော် Micheal Jackson

သေဆုံးသွား ခြင်းအတွက် . အရမ်း ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ် ..

ကျွန်တော့် ဘလော့ ကို လာရောက်သူတွေ ထဲကမှ.. မိုက်ကယ့် ပရိတ်သတ်များ ရှိရင်

မိုက်ကယ့် သီချင်းလေးကို နားဆင်နိုင်ပါစေ.

You Are Not Alone ဆိုတဲ့ သီချင်းလေးကို နားဆင်နိုင်ပါစေ.. ဗျာ..

သူ့လိုလူ.. မျိုး . နောက်တစ်ယောက် ဘယ်တော့မှ မရနိုင်တော့ပါဘူး..

စိတ်မကောင်းစွာဖြင့် ..

Friday, June 19, 2009

Funny


ဘီယာသောက်ချင်တယ်

 

ဘီယာဆိုင်ရှေ့ တွင် တန်းအရှည်ကြီး ဖြစ်နေသည်။

အားလုံးကို ဖြတ်ပြီး ဘီယာဝယ်ရန် ယုန်က ကြိုးစားရာ ရှေ့ဆုံးတွင်ရပ်နေသော မြေခွေးက ယုန်၏

နားရွက်ကို ဆွဲပြီးပြောသည်။

...ဟေ့ကောင် .. ဒီလို လူလည်ကျလို့ ရမလားကွ..

... ဟေ့ မြေခွေး.. မင်းမကျေနပ်ရင် ..ထွက်ခဲ့လေ .. လမ်းထောင့်သွားပြီး ရှင်း ရအောင်..

နှစ်ယောက်သား ထွက်သွားကြသည်။

ခဏကြာသော် ယုန်ပြန်ရောက်လာပြီး စောစောကအတိုင်း အားလုံးကို ကျော်ပြီး ဘီယာဝယ်ရန် လုပ်သည်။

တန်းစီနေသော ၀က်ဝံကြီး သည်းမခံနိုင်သည်နှင့် ယုန်၏ နားရွက်ကို ဆွဲမြောက်ပြီး ကြိမ်းသည်။

...ဟေ့ ယုန်စုတ် .. ဒါ..ဘာလုပ်တာလဲ...

...ဟေ့ ၀က်ဝံ ပါးစပ်ပိတ်ထားစမ်း ..မကျေနပ်ဘူးလား .ထွက်ခဲ့ ..လမ်းထောင့်သွားပြီး မင်းနဲ့ငါ ..ရှင်း.. ကြရအောင်

ထွက်သွားကြသည် မိနစ်ပိုင်းအတွင်း ယုန်ပြန်ရောက်လာပြီး တန်းမစီပဲ ဘီယာဝယ်ရန် ကြိုးစားပြန်သည်။ ကျားကယုန်ကို တားပြီးပြောသည်။

... ဟေ့ကောင် မင်းဘာ စည်းကမ်းမဲ့တာလဲ.သူများတွေလိုပဲ ..တန်းစီစမ်း..

.. ဟေ့ကျား..စကားမများနဲ့.. မကျေနပ်ရင် .ထွက်ခဲ့ .. လမ်းထောင့်ကို သွားကြမယ်.

ကျားနဲ့ယုန် လမ်းထောင့်ကို ထွက်သွားကြသည်။ လမ်းထောင့်တွင် ခြင်္သေ့ကြီးကိုတွေ့ ရသည်။

ခြင်္သေ့ ကယုန်ကို ဟိန်းဟောက်သည်။

... ဟေ့ ယုန်..ဘယ်လိုလဲကွ ..တစ်ခါလာလည်းအသား .နှစ်ခါလာလည်းအသား ..ဘယ်မှာလဲ.. မင်းကို

ငါဝယ်ခိုင်းတဲ့ ဘီယာ..

 

မပြောတတ်လျှင်ဆဲသလိုပဲ

 

စကားပြောလျှင် မဆင်မခြင် ပြောတတ်သော အန်တီမြ မင်္ဂလာ ဧည့်ခံပွဲတစ်ခုသို့ ရောက်လာသည်။

ဧည့်ခံခန်းမကြီး တစ်ခုလုံး ပရိတ်သတ်များဖြင့် ပြည့်ကျပ်နေသည်။ မိမိခုံ ဘေးတွင် ထိုင်နေသော လူကြီးကို

အန်တီမြက မေးသည်။

... ဟို လှေကားအနားက စားပွဲမှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုး လူကြီးက ဘယ်သူလဲဟင်..

... ကျွန်တော့် အစ်ကိုပါ ...

အားနာဟန်ဖြင့် အန်တီမြ ရုတ်တရက် အမ်းတမ်းတမ်း ဖြစ်သွားသည်။ ထိုနောက် တောင်းပန်စကား ပြောသည်။

... တောင်းပန်ပါတယ် ရှင်.. ကျွန်မကိုယ်က ညံ့ပါတယ် ..ရှင်တို့နှစ်ယောက် ရုပ်ချင်းအင်မတန် ဆင်ပါတယ်ဆိုတာ ကျွန်မ သတိထားမိဖို့ကောင်းပါတယ်.. ဟင်းဟင်း..

 

မသဘာဝ

 

ထောင်ကျ အမျိုးသမီး နှစ်ယောက်သည် ထောင်ထဲတွင် ၁၀ နှစ်တိတိ တစ်ခန်းတည်း အတူတူ နေခဲ့ကြသည်။ သူတို့နှစ်ဦး တစ်ရက်တည်း အတူလွတ်လာကြသည်။

ထောင်အ၀င်ဝတွင် ၄ှင်းတို့ နှစ်ဦး နောက်ထပ် ၂-နာရီကြာဆက်ပြီး စကားပြောနေကြသေးသည်။

 

 

ခွင့်လွှတ်ပါတယ်

 

ပုရွက်ဆိတ်အသင်း နှင့် ဆင်အသင်းတို့ ဘောလုံးကစားကြသည်။ ဘောလုံးပွဲပြီးသောအခါ ဆင်များက တောင်းပန်စကား ပြောသည်။

... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ . ခင်ဗျားတို့ကို ကျွန်တော်တို့ ခြေထောက်တွေနဲ့ တက်နင်းမိခဲ့ကြတယ်ဗျာ ..

... ကိစ္စ မရှိပါဘူး.. ကျွန်တော်တို့ ဘက်ကလည်း ခပ်ကြမ်းကြမ်း ကစားခဲ့ ကြတာကလား...

 

ထောက်ခံစာ

 

ဒေါ်ချစ်စုသည် ၁၉၃၇ ခုနှစ်ကစ ၍ ဆီးကို  မထိန်းနိုင်သော ရောဂါစွဲကပ်ခဲ့သည်။

ထိုအချက် မှန်ကန်ကြောင်း အောက်ထပ်တွင်နေသော လူများက ထောက်ခံကြပါသည်။

 

ကျေးဇူးရှင်

 

အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေ၏ သမီးဖြစ်သူ ၀င်လာပြီးပြောသည်။

... ဖေဖေ ..ပုလင်းလွတ်တွေ ယူသွားမယ်နော်..ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့ ..

... ယူသွား..ယူသွား ..ဟင်း.. ငါသာ မရှိရင် မင်းတို့ ဘာနဲ့.. စားကြမလဲ .မသိဘူး..

လွန်လွန်းပြီ

 

တည်းခိုခန်းသို့ လူတစ်ယောက် ရောက်လာသည်။ တစ်ညမျှ တည်းခိုရန်ဖြစ်သည်။

တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စရင်းစာအုပ်ကို ဖွင့်လိုက်သည်။

ကြမ်းပိုးတစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည်။

... ဒါ ဘာလဲ ...

... ကြမ်းပိုး ...

နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လူငယ်ကပြောသည်။

... တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျွန်တော် ဘာမှ မပြောလိုဘူး ။ ဒါပေမယ့် ခင်ဗျား ..

ကျွန်တော့်ကို ဘယ်အခန်း ပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာတော့ လွန်လွန်းပြီ ထင်တယ်..

 

 

 

 

Monday, June 15, 2009

ပြတ်စများ

 
 တွေးမိတိုင်း.... စိတ်နာတယ်
 မအိပ်ဖြစ်တာ... ညဉ့်အလင်း
 အကြောင်းသိအောင်...ပေါင်းမိတာ..ကာလကြာ..
 
 အမှောင်က..တစိမ့်စိမ့်.ကြွေကျ..
 မတ္တာတရား..ပုခုံးပေါ်ထမ်းလို့ .
 ခြေသံဖွဖွ...၀င်ထွက်သူများက..
 ကွင်းပြည့်..ခမန်း.

 (၀ိဇ္ဇာ ကာတွန်းစာအုပ်ထဲက..ဘုရင့်သမိးတော် စာချွန်လွှာပြန်တာကို.. သဘောကျ လို့ကူးထားတာပါ)

 တစ်ညမှာပေါ့. မိုးသည်းပြီးခါစ. အေးစက်တဲ့.. ညကို.. ပြတင်းကလှမ်း ကြည့်တော့..

အဝေးကနေ. အလင်းတန်းတစ်ခု. သူ့ အခန်းရှိရာ ဦးတည်လာနေတာကို .. တွေ့ လိုက်ရပါတယ် ..

သူ အံ့ သြစွာ ငှေးကြည့်နေတုန်း မှာပဲ.. ကောင်မလေးတစ်ယောက် ရွှေရောင်အတောင်ပံနဲ့..

ပြတင်းပေါက်နားကို.. ပျံသန်းရောက်ရှိလာပါတယ် ..

ညကို.. ရွှေရောင်လွှမ်းခြုံသွားမလား ထင်ရအောင် သူ့ အလင်းက. တောက်ပလွန်းနေပြီး ..

ညကို.. လင်းစေပါတယ်.. ညဟာ.. ချက်ခင်း ရွှေရောင်ညအဖြစ် ပြောင်းလဲသွားသည်။

သူမက.. သူ့  ကို. ဖော်ရွေစွာပဲ . ပြုံးပြသည်.. သူလည်း မှင်သက်မိနေရာမှ.. ဘာကြောင့်မှန်းမသိ ..

ပြန်လည်ပြုံးပြလိုက် .. မိ၏ ..

ဒီလိုနဲ့. ရွှေရောင်ညကို နတ်သမီးနဲ့.. ဖြတ်သန်းခဲ့သည်။


 



Sunday, June 7, 2009

ကျွန်တော် နှင် ဆေးခန်း


 မြစ်ကြီးနားက.အဒေါ်ဖြစ်သူ ရောက်လာပြီး.. သူယောက်ကျား.. ကျနော့ဦးလေးပါ ..အဆစ်ပါလာသည် .. ဆေးစစ်ရန်ရောက် လာခြင်းဖြစ်ပြီး. ဆေးစစ်ရာ.. စမ်းချောင်းရှိ.. Asia Royal ဆေးခန်းသို့ သူပါလိုက်ပါသွားသည် .. ကြီးကျယ်သော.. ဆေးခန်းကြီးဖြစ်သည် .. ထားလိုက်ပါတော့..

အဒေါ်က. နှလုံးစစ်ခြင်းဖြစ်သည်.. အီးစီဂျီရိုက်. ဆီးစစ် ..သွေးစစ် .. ဘာညာ.. သရကာ.. နဲ့ တိုကင်နံပါတ်ယူရတာနှင့်.. ရှုပ်ရှက်ခတ်သွားသည် ... ဆေးရုံဆေး ခန်းရောက်မှပဲ..  လူနာများ.. နပ်စ်မချောချောများအား. တွေ့လိုက်ရသည် ..

သူပြောချင်တာက.. တစ်ခြားမဟုတ်.. ဘာဘာညာညာ.. အားလုံး..အသုံးစရိုတ်.. ငါးသောင်းကျော်. ရှင်းလိုက်ရသည် .. ။ ဒါဘာမှတောင်မဟုတ် သေး.. ဘူး.ဆေးစစ်တာပဲရှိသေးသည် .. နေမကောင်းတစ်ခုခု.. ဖြစ်လို့တော့ မလွယ် ..

စဉ်းစားမိတာက.. အဒေါ်တို့မိသားစုက. ပိုက်ဆံရှိ၏ .. တစ်ခြား မိသားစုတော်တော်များများလည်း ပိုက်ဆံများများစားစားရှိမှသာ ..လာပြနိုင်တာဖြစ်သည် ။ အမေ့ကို သတိရမိသည် . အမေကျန်းမာနေတာကို.. ကျေးဇူးတင်နေမိသည် .. အမေများနေမကောင်းဖြစ်လို့ကတော့ .. သားကြီးဖြစ်တဲ့ သူ ပေးစရာ ပိုက်ဆံ မရှိပါ .

ငါ့အမေအတွက် ..ကုဖို့ .. ငါငွေမရှာပေးနိုင်ခဲ့ရင်. အဲလို ဆိုးဝါးတဲ့အတွေးမျိုး.. စိုးရိမ်တဲ့အတွေးမျိုးတွေ စိတ်ထဲဝင်လာ ပါတယ် ။ တစ်ခါတစ်လေ. အဲလိုအတွေးမျိုး ၀င်လာရင် စိတ်မကောင်းဖြစ်ရသည် ။ ငွေသည် အရာရာတိုင်းနှင့် ပတ်သက်နေသည် ။



.

Friday, June 5, 2009

download

protable software ရယ်. တစ်ခြား ဆောဝဲတွေ ရထားပေမယ့်..  ကွန်နရှင် .  အခက်အခဲကြောင့် ..  upload တင်လို့ မရဘူးဖြစ်နေတယ် ..  စိတ်ညစ်ပါတယ်ဗျာ..  converter တွေအများကြီးထဲမှာမှ. . Format factory ဆိုတဲ့ software က. အရမ်းမိုက်တယ်. ဘာလာလာ.. အေးဆေးပဲ.. သီးချင်းရော. . ပုံရော. . အစုံပဲ. ကြိုက်တာလုပ်လို့ရတယ်.. လိုချင်ရင်တော့ Click here ကိုနှိပ်ပြီး.. သွားလိုက်ပါ .. ဒေါင်းလို့ရတဲ့နေရာ ကို ရောက်သွားမှာပါ ..


Monday, June 1, 2009

:)




တနင်္ဂနွေ


 မိုးရေစက်တွေ. . မျက်နှာကို..လာရောက် ..ရိုက်ခတ်ချိန်မှာ . . မိုးဦးရဲ့. .သာယာကြည်နူးမှုကို... တအံ့အသြခံစား.. နေမိတာကြောင့်. .ကားဟွန်းသံကြားမှ.. အသိဝင်လာ ပါတော့တယ် ..

မနေ့ က... တနင်္ဂနွေနေ့ .. ဆိုတော့...အားလပ်ရက်ပေါ့.. အစ်ကိုနဲ့..နှစ်ယောက်. . ပူပူနွေးနွေး.. .ယောက်ကျား ယူထားသော..သူအစ်မ..ရဲ့ ယောက်ကျား.. ယောက်ဖတော် ..ရှိရာ..ညောင်နှစ်ပင်သို့.. အစ်ကိုနဲ့နှစ်ယောက်.. သွားရောက်ခဲ့ပါတယ်..

ရန်ကင်းကနေ.. စော်ဘွားကြီးကုန်းကို.. သွားသည်.. စော်ဘွားကြီးကုန်းကနေ. . လှည့်ကူးကားကို.. ပြောင်းစီးရသည်.. ထိုကဲ့သို့..တစ်ခါမှ..မသွားဘူးပါ.. မှော်ဘီတောင်..အမည်သာကြားဖူးပြီး.. မရောက်ဖူးသေး.. အခု..စော်ဘွားကြီးကုန်းကနေ. .ပြောင်းစီးရသော.. ကားသည်.. ဟိုင်းလတ်ဖြစ်သည်..

လှည်းတန်းမှာနေတုန်းက.. ဂျက်လေယာဉ်.. လိုမောင်းနေကြသော. ကားများ..အား..အမြင်တွင်. လန့်နေမိသော်လည်း..တစ်ကယ်တမ်း. .နောက်ကတွယ် စီးရသော.. အခါ.. ထွက်နေသော.. ပေါ်ပိုင်းကို.. လေတွေက.. တစ်ဟူးဟူး. .တိုက်သည့်အပြင်.. ပျံနေသလိုပါ. .ဖြစ်နေသောကြောင့်.. ပျော်စရာအတော်ကောင်းကြောင်း . . သိလိုက်ရသည်.. မိုးကလည်းဖွဲဖွဲကျနေတာ. ဆိုတော့..ရှယ်ဖြစ်သွား၏..

လှည်းကူးကားစီးပြီး. . ထောက်ကြန့်အလွန်. အမှတ်သုံးလမ်းဆုံ.သို့  ရောက်သောအခါ.. ဆင်းပြီး..လာကြိုသော.. ရောက်ဖ .. ဆိုင်ကယ်ဖြင့်.. ဘီယာဆိုင် သို့.. သုံးယောက်သား ဒိုး၏ ..အိမ်တွင်ချရန်. .ယောက်ဖက..တစ်ဒေါက်ထပ်ဆွဲခဲ့ပြန်သည်.. သူတော့.. အပြင်းမရပါ. . ဘီယာသာတတ်နိုင်၏

အမှတ်သုံးလမ်းဆုံမှ.. ဆိုင်ကယ်ဖြင့် ..အထဲသို့ ၀င်သောအခါ.. ညောင်နှစ်ပင် ရွာသို့ရောက် ၏ .. ယောက်ဖနေသောနေရာမှာ.. စက်မှုဇုံဟု.သိရသည်။.. ယောက်ဖသည်.. သေးမပေါက်ပဲ. တွန်တတ်သော.. အကောင်များအား .. မွေးရန်ကြိုးစားနေကြောင်းတွေ့ရှိရသည်။

ညနေ..ပြန်တော့.. ယောက်ဖက.. မှော်ဘီအထိ..ဆိုင်ကယ်ဖြင့်.. လိုက်ပို့သောကြောင့်.. မှော်ဘီဆိုတာကြီးအား.. အနည်းငယ်ရောက်ဖူးသွားသည်..နောက်..မှော်ဘီမှ.. ဟိုင်းလတ်ဖြင့်ပင်..ပြန်ခဲ့သည် .. အပြန်တွင်..မိုးလည်းရွာ. .ကားအမိုးထက်ကလည်း..တက်စီးရသဖြင့်.. ပို၍ပင်ပျော်စရာ.. ကောင်းခဲ့ပြန်သည်...

ဒီတစ်ပတ်..တနင်္ဂနွေတော့ .. ခရီးတိုလေး.. သွားလိုက်ရသဖြင့်..ပျော်ရွင်ခဲ့ပါတယ်..



.

Friday, May 22, 2009

ကျွန်တော် နှင့် ယူဆချက် ( သဒ္ဒါစိတ် ).

    
      လူအများ.ဘုရားစာရွတ်ကြသည် .. ဘာလို့ ရွတ်လဲ.. ဆိုတော့ .. အန္တရယ်ကင်းအောင် ရွတ်ကြ သည်တဲ့.. ဘာလို့ အန္တ္တရယ် ကင်း ချင်တာလဲ ဆိုတော့ .. သေမှာကြောက်လို့တဲ့..

      တစ်ချို့  လူတွေကတော့ .ဘုရားစာ ..တရားစာရွတ်တာ. ကုသိုလ် ရအောင်.. ရွတ်တာတဲ့..ငရဲ ကျမှာ စိုးလို့..ဘ၀ကူးကောင်းအောင် ရွတ်ကြတဲ့ ..သဘောရှိပါတယ် ..

      ဒါဆိုရင် .. သေမှာ ကြောက်လို့ အန္တရယ် ကင်းချင်လို့ ဆိုတာတွေက .. ကိုယ့်အတွက် ပဲ မဟုတ်လား.. ကုသိုလ်ရချင်တယ် ဆိုတာရော ..ကိုယ်ဘ၀ ကူးကောင်းဖို့.. ကိုယ့်အတွက်

လုပ်တာပဲ.မဟုတ်ဘူးလား ဒါဆို ..အတ္တတွေ ပါနေတဲ့.. အတွက်ကြောင့်.. ကောင်းမွန်တဲ့  ကုသိုလ်မျိုး သူတို့ရရှိပါ့ မလား..

      လူတွေဟာ. ကိုယ့်အတွက်ပဲ.. ကိုယ်လုပ်ကြတာ များပါတယ်.. သူတပါးအတွက် ..လုပ်ကြတာ နည်းတယ် .. တစ်ကယ်ဆိုရင်.. အခုလို .. ကိုယ့်အတွက်.. ကိုယ်ကောင်းဖို့အတွက်

..လုပ်နေတဲ့..သူတွေဟာ .. ကောင်းမှုကုသိုလ် ရကြလိမ့်မည်ဟု.. ကျွန်တော် မထင်ပါ ..

      အခုလို ရေးနေတဲ့ အတွက် . ဘာသာတရားကို လေ့ လာလိုက်စားသူလို့ မထင်လိုက်ပါနှင့်.. အိပ်ရာ ၀င်တိုင်း ဘုရား မရှိခိုးဖြစ်တာ နှစ်ချည်၍ ကြာမြင့် နေပြီဖြစ်သည် .. ဘုရား ကျောင်းကန်

လည်းသွားတတ် သူမဟုတ်ပါ .. သို့ သော် ..တစ်ခါတစ်လေ.. လူတွေ လုပ်နေတာ တွေ ကြည့်ပြီး စဉ်းစားမိသည့် . အတွေးလေး. ကိုသာ ရေးသာတင်ပြရ ခြင်းဖြစ် သည် ..

      ကျွန်တော့် ကတော့ . ကိုယ့်အတွက် မဟုတ်ပဲ. .. ကိုယ့်ကျိုး ရလိုမှု တစ်စုံတစ်ရာ မပါဘဲ.. သူတပါး ကောင်းစား စေချင်တဲ့.. စေတနာနဲ့ လုပ်တဲ့ အလုပ် လှူတဲ့ အလှူ ..မှ သာလျှင် စစ်မှန်တဲ့...အလှူလို့

သတ်မှတ်ပြီး.. ကောင်းမှုကုသိုလ်ကို..အလိုလျောက် ရရှိနိုင်လိမ့်မယ်လို့..ထင်မြင်မိပါတယ်. .. အဲလို.. ရလိုမှု တစ်စုံတရာ မပါပဲ.လှူတန်းလိုစိတ် ..သဒ္ဒါတရား .ဖြစ်ပါတယ်.. အဲလိုစိတ်မျိုး..အမြဲတမ်း

ဖြစ်ပေါ်ဖို့ မလွယ်ပါဘူး.. .

      လူတိုင်း အတ္တ ကင်းကင်းနဲ့.. ကောင်းမှု ..ကုသိုလ် .ပြုနိုင်ပါစေ..



Sunday, May 17, 2009

diary

   ချောင်းဆိုး ခြင်းသည်..ဆိုးဝါးကြောင်း.. သင်ယူနေရသည်မှာ..ကြာမြင့်နေပြီဖြစ်သည် .. လခ ထုတ်ပြီးနောက်တော့.. ယနေ့.. ဆေးခန်းရောက်ဖြစ်သွားသည်.. ဆေးငါးရက်စာ.. သောက်ရမည်ဖြစ်ကြောင်း .. သိလိုက်ရပြီး.. ငွေသုံးထောင် ထွက်သွားသည်..မိဘမရှိတဲ့ နေရာမှာနေရတာ.. နေမကောင်းဖြစ်မှ ..ပိုသတိရတယ်..အမေရာ..

Friday, May 15, 2009

ဘာသာတရား


  ဘာသာတစ်ရား သည် သင်ရိုးညွှန်တမ်း တစ်ခုလည်း ဖြစ်သည်

 

ထိုယူဆချက် အားရေးသား ရခြင်း သည် ဘာသာတရားသည် သင်ရိုးညွှန်တမ်းနှင့် တူသည်ဟု ထင်မြင်မိသော ကြောင့်ပင်ဖြစ်သည်။ သင်ရိုးညွှန်တမ်းတွင် ပုံတိုပတ်စများပါသည် မကောင်းမှု မလုပ်ရန် ကောင်း မှုလုပ် ရန် ပုံတိုပတ်စမျာ လိုက်နာရမည်များ ကောင်းမှု မကောင်းမှု ခွဲခြား ဖော်ပြပေးခြင်းများ ပါသည်။

 

ဘာသာတရားတွင်လည်း ကောင်းမှု လုပ်ရန် မကောင်းမှု မလုပ်ရန် လိုက်နာရမည့် အချက်များ ဘယ်အရာ မကောင်းဘူး ဘယ်အရာကောင်းသည် လုပ်သင့်သည်မလုပ်သင့်သည် ညွှန်ကြားပြသချက်များ ပုံတိုပတ်စ များဖော်ပြ ၍ လိုက်နာသင့်သည်များ ပါရှိ၏

 

ထိုကြောင့်  ဘာသာတရားနှင့် သင်ရိုးညွှန်တမ်းအား ညီမျှခြင်းချ မိခြင်းဖြစ်သည်။

 

ဘာသာတရား = သင်ရိုးညွှန်တမ်း

 

အကြမ်းအဖျင်းအားဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ အကျယ်တ၀င့်ဖေါ်ပြခြင်းမျိုး မရှိသေးပါ။



Wednesday, May 6, 2009

nothing


တရိစ္ဆာန် ရုံထဲမှ ထွက်လာသော သူများအား တရိစ္ဆာန် ဟုခေါ်ပါသည်။

တရိစ္ဆာန်များသာ တိရိစ္ဆာန်ရုံသွား ကြ၍ လူများမှာ လူရုံသို့ သွားကြလတ္တံ့။

 

မျောက်များသည် ငှက်ပျောသီးစားသည်။

လူများ သည်လည်း ငှက်ပျောသီးစားသည်။

 

လူ = မျောက်

 

ပထမ တစ်ယောက် အင်တာဗျုးခန်းထဲ ၀င်လာသည်။..

.. မင်း အင်တာဗျူး ခန်းထဲမ၀င်ခင် အခန်း ၀မှာရှိတဲ့ အပင်ပေါ်မှာ ငှက်ဘယ်နှစ်ကောင် နားနေလဲ ..

.. မသိဘူး ခင်ဗျာ ..

တစ်ယောက် နားသွားသည် ..နောက်တစ်ယောက်ထပ်ဝင်လာသည်။ခုန ကကဲ့သို့ ထပ်မေး၏

.. သူကခဏဆိုပြီး.. ပြေးကြည့်သည်

.. 10 ကောင်ထင်တယ် ဆရာ..

တစ်ယောက် ထပ်နားသွားပြန်သည်။

.. နောက်ဆုံးတစ်ယောက် ၀င်လာသည်။ ရှေ့ နည်းအတိုင်းမေးသည်။ ထိုအခါ ထိုတစ်ယောက်က ထိုင်ရာမှထသည်။ ပြီးတော့ .. အင်တာဗျုး မေးသည့် . သူဌေးနား ကပ်သွား ကာ.. တိုးတိုးပြောသည် ။

.. ဆရာ..ဘယ်နှစ်ကောင်ဖြစ်စေချင်လဲ ..

.. မင်းတော်တယ် ..

သို့ဖြင့် ..ထိုကောင်ကို အလုပ်ခန့်လိုက်သည်။

 

ဇတ်လမ်းကို အဆုံးသတ်ပြီးနောက် .. ထိုမိတ်ဆွေက ဆက်ပြောသည် .. လောကမှ .. ဘာမှ တတ်ဖို့ မလိုဘူး.ဗျ..  အကင်းပါးဖို့.. လိုက်လျောညီထွေနေတတ်ဖို့ပဲလိုတယ်ဗျ..

 

သူသဘောမကျပါ ..ထိုသို ...သော စိတ်ဆန္ဒ မပါပဲ .. ရယ်ပြပြုံးပြ .. မျက်နှာလို မျက်နှာရလုပ်ခြင်းများ.. အား မုန်းသည်။

 

သူ့အား ..ထိုသို့ ဆက်ဆံသူများကို သဘော မတွေ့ပါ .. ဟန်ဆောင်ပြုံးများ အလိုမရှိ ..ရင်ထဲကပါတာတွေပဲ.. အလိုရှိသည်။

 

 

Tuesday, May 5, 2009

useful website adress

This summary is not available. Please click here to view the post.

Thursday, April 30, 2009

ကျွန်တော်နှင့် ၀က်တုတ်ကွေး


 ဂျာနယ် မဂ္ဂဇင်း ဖတ်လိုက်တာ.. ဘာတဲ့ ၀က်တုတ်ကွေး ဆိုပါလား.. ကြက်တောင်ကောင်းကောင်း မသွားသေးဘူး.. ၀က်လာလာပြန်ပြီး.. လူတွေ သေကြပြန်ပြီ .. လန့်စရာအတော် ကောင်း၏ ..

ကျွန်တော် တစ်ခုတွေး မိသည် .. လူဖြစ်ပြီး.. လူတွေဖြစ်သော ရောဂါနှင့် မသေရဘဲ. .. တရိစ္ဆာန်ဖြစ်တဲ့ ရောဂါနဲ့ သေရတာ လောက် အောက်သက်သက် နိုင်ပြီး .. ဂွတီးဂွကျ .. ကြိတ်နိုင်ခဲမရ ..ဖြစ်ရတာ မရှိဟုထင်သည်။ ..

လူဖြစ်ပြီး.. လူရောဂါနှင့်ပင်သေချင် သည် .. ၀က်တုတ်ကွေး .. ကြက်တုတ်ကွေး...ငှက်ဖျား .စတဲ့.. တရိစ္ဆာန်ဖြစ်တဲ့ ရောဂါနဲ့ မသေချင်ပါ..

Sunday, April 19, 2009

ကောင်မလေး..သို့

 
ကောင်မလေး သို့ ..
 
အနံ့သာထွက်မယ်ဆို
အလွမ်းက မွှေးရနံ့တွေထွက်လို့ 
တစ်လောကလုံး မွှေးကြိုင်နေမှဖြင့် ခက်တော့မည် ...
 
အရသာ ရှိမယ်ဆိုလည်း
ငါ့အလွမ်းကို လျှာနဲ့ လျက်ကြလိမ့်မယ် ကောင်မလေးရေ ..
 
မင်းကြောင့်ထွက်လာတဲ့
နူးညံ့အလွမ်းတွေကို  ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ ..
 
တယုတယ ပိုက်ထွေး
ကောင်းကင်နဘေး
 ရေကန်လေးထဲမှာမြုပ်ထားလိုက်တော့မယ် ..
 
.......................................................ချစ်လွန်းသူ........
 
 
 
 
   

အပိုင်းအစ

 
 သင်္ကြန်ကတော့ .. ပူပြင်းစွာပြီးဆုံးသွားခဲ့ပါပြီ .. အင်တာနက်လိုင်းတွေလည်း .. အခုပြန်ကောင်းလာပါပြီ ... ဒါပေမယ့် .. သူအားနည်းနေဆဲပါ .. ရင်ခုန်လှိုက်မောစွာ .. သဘာဝ ကျကျ .. ခံစားမှုများ.. တစ်ချို့တစ်ဝက်တော့ အိမ်ရှေ့ လမ်းက ဖြတ်လျှောက်သွားကြပါ တယ် ။ မြန်မာသက္ကရာဇ် အသစ်ပြောင်းပေမယ့် ...ငါ့စိတ်ကတော့ .. အဟောင်းနဲ့ပါပဲ . .. လမ်းထဲကကုန်စုံဆိုင်မှာ ..အကြွေးဟောင်းတောင်ခုထိ မဆပ်နိုင်သေး ပါ။
 
လူတစ်ချို့နှင့် ဆက်ဆံရေး မပြေလည် .. လူတစ်ချို့ကြောင့် စိတ်ညစ် ..လူတစ်ချို့ကြောင့် ပျော်ရွင် .. သူများ ကို ဒုက္ခပေးနိုင်တဲ့ လူစရင်းမှာ ..သူလည်းအပါအ၀င်တစ်ယောက် ဖြစ်နေတာတောင်မှ ပေါ့.. ရူးကြောင်ကြောင်ဒသနတွေ .. အိပ်ကပ်ထဲက ခုန်ထွက် .. ဟိုစာအုပ်ထဲကလို .. ဇိကုပ်ပြီး နတ်ပြည်မပို့ပါနဲ့ .. ယားတတ်လို့ပါ .. ကိုယ့်ဟာကိုယ်သွားပါရစေ .
 
သေချင်လို့ အဆိပ်သောက်ပါတယ် ဆိုမှ .. သောက်မိတဲ့ အဆိပ်က .. အိတ်စပိုင်ယာ ဖြစ်လို့ ..မသေလိုက်ရဘူး.. အနမ်းတွေ ရက်လွန်သွား .. အထီးကျန်မှုက  .. အရိပ်လို ကပ်ညှိနေ၏ တစ်နေ့တော့ .. ခွာချနိုင်ကောင်းပါရဲ့ .. အားဆေးတွေသောက်နေရသဖြင့် ... အားများတိုးလာကြောင်း သက်သေအခိုင်အမာမတွေ့ရှိရပါ ..
 
ပူပြင်းတဲ့ နွေမှာ .. အေးမြတဲ့ လေပြေညင်းသာမတိုက်ရင် ..ငါ့ ဘ၀မတွေးဝံ့စရာပါ .. ပူလောင်အိုက်စပ် ခြောက်ကပ်ကပ်နွေရသီကို ..ငါတစ်ယောက်တည်းဖြတ်သန်း ခွင့် မပြုနိုင်ဘူး ..မိုးရာသီကို .. ဒရွတ်တိုက်ဆွဲခေါ်ဖို့ .. ငါဒီညခရီးထွက်ရမယ် ..

Friday, March 20, 2009

March 20


အကြောင်း အမျိုးမျိုးကြောင့် ..ဘာကြောင့် ညာကြောင့် .. ဘာညာကွိကွ ..ကြောင့် .. ဘလော့ ..မှာ စာမရေး နိုင်တာ အတော်ကြာနေပြီဖြစ်၏ .

အခုတလော ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပြီး .. လူများသေကြေကြကြောင်း သိရ၍ .. ကားစီး ရမှာ ပင် တွန့်နေ၏ ..

နာမည်ကြီး လက်ဖက်များလည်း ..အော်ရာမင်း စီဆိုလား ဘာဆိုလား ဆိုးဆေး တစ်မျိုးပါ သောကြောင့်  နာမည်ကြီး လက်ဖက်   တံဆိပ်များ အပါအ၀င် .. တော်တော် များများ .. အပိတ်ခံလိုက်ရ၏ .

သိရသလောက်ကတော့ ..အရီးတောင်း .. ပင်ပျိုရွက်နု .. စသဖြင့် အတော်များများ ဆိုးဆေးပါကြောင်း .. ကျန်းမာရေး ၀န်ကြီးဌာနက .. မတ်လ 12 ရက်နေ့ ထုတ် သတင်းစာတွင် အတိတလင်း ဖော်ပြထား ကြောင်း တွေရသည်။နာမည်ကြီး ယုဇန လက်ဖက် တစ်ဆိပ် တစ်ခုသာ လွတ်ကြောင်းတွေရ၏ ..

မန်ယူ အသင်း လီဗာပူးကို 4-1 ဖြင့် ပက်ပက်စက်စက်ရှုံး ၏ . စိတ်မကောင်းပါ ..ဒီတစ်ပတ်တော့ ..နိုင်နိုင်လောက်ပါရဲ့ ဟုတွေးမိပြန်သည်။

ပို့စ်တင်ရန် ပေါက်တတ်ကရ အတွေးများ မကြာခဏ တွေးမိသော်လည်း.. ရေးမှတ်ထားခြင်း မရှိသောကြောင့်.. မေ့ကုန်၏ ..

ဒီဇိုင်းဆွဲရန် ..စဉ်းစားရခြင်း.. အခန်းထဲအောင်းကာ တစ်နေကုန် အလုပ်လုပ်ရသောကြောင့် .. ဓါတ်ချုပ် ခြင်း ။ ခေါင်းပူခြင်း ။ ဇက်ကြောတက်ခြင်း ၊ ပျင်းရိခြင်း ၊ စသော ခံစားချက်များ ..စုပြုံခံစား ရရုံမျှမက

အလုပ်တစ်ခုလုပ်ရာတွင် ပေါ့ဆ၍ မရကြောင်း စေ့စပ်သေချာရန် များစွာ လိုအပ်ကြောင်းတို့ကို လည်း သင်ယူရလျှက်ရှိသည်။

နဂိုက အပျင်းထူ၍ လုံ့ မရှိသော ပေါ့ပေါ့ ဆဆနေတတ်သော . သူသည် ..များစွာဒုက္ခ ရောက်လျက် ရှိသည် ..သိုသော် လည်း .. အနာဂတ်အတွက် .. အရည်အချင်းတိုးတက်ရာ တိုးတက် ကြောင်း ..

ငွေပေး ၀ယ်မရသော လုပ်ငန်ခွင်အတွေ့ အကြုံများ.. ကိုအချိန်ရယ် . စိတ်ရယ် ပေးဆပ်က များစွာ သင်ယူရအုံးမည် ဖြစ်သည်။





Monday, March 9, 2009

ကျွန်တော် နှင့် စာပေ


 စာအုပ်စာပေလူမိတ်ဆွေတဲ့ .. မိတ်ဆွေ ဟုတ်ဟုတ် မဟုတ်ဟုတ် .. စာအုပ်ဖတ်တာကိုတော့ ကြိုက်နှစ်သက်ပါတယ်.. အပန်းပြေသလို .. အသိပညာလည်း တိုးတာကိုး .. ဖျော်ဖြေရေး အနေနဲ့
လည်း ..အသုံး ပြု နိုင်ပါသေးသည် .. အပျော်ဖတ်စာပေ တွေ ကို ဖတ်ရင်းပေါ့ .. ဥပမာ .အချစ်ဝတ္ထု ... သိုင်းဝတ္ထု လိုဟာမျိုး .. ဟာသ ၀တ္ထုတွေလို ဟာမျိုးတွေပါ ..

ကျွန်တော်ကတော့ .. အကုန်ဖတ်၏ ..  နောက်ပိုင်းတော့ .. အသိပညာ ဗဟုသုတ .. ရမယ့်ဟာမျိုးတွေ ကို ပိုပြီးတော့ ရွေးချယ် ဖတ်ရှုဖြစ်ပါတယ် .. ကိုယ့်အတွက် ဆန်းသစ်တဲ့ အတွေး အခေါ်တွေ ပေးနိုင်မယ် ဆိုရင်ပေါ့လေ .. ဖတ်နေကျကတော့ ..တာရာမင်းဝေ .. မင်သိင်္ခပေါ့ ..


magazine တွေကျတော့ ကောင်းတာတွေ ရှားသည် .. အခုခေတ်က .ကွာလတီ magazine ပေါလာသည် ကြော်ငြာ သာများပြီး .. ဖတ်စရာ ဘာမှ မရှိ .. လေးတာသာ အဖတ်တင်သည်။ ဖတ်လို့ လည်းဘာမှမရ .. ကြော်ငြာ magazine သာဖြစ်နေ သည်။ ရုပ်ရှင်တေး ကဗျာ magazine ဆိုရင် .. စာအုပ်ထဲ မှာ . ကဗျာဆရာများ . ဖိုက်တင် အမြဲပလေး နေကြသည် ။ စာဖတ်သူ က သူတို့ ရဲ့ ရန်ပွဲများ ကို ပိုက်ဆံပေး ဌားဖတ်နေကြရ၏

စာဖတ်သူအတွက် အကျိုးရှိမယ့် စာများ ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်းလဲ မသိ။ သူများတွေတော့ မသိ .ကျွန်တော် ကြိုက်သော ဖတ်ချင်သော စာပေများကား ရှားပါနေပါသည်။ အခုလို ရေးချင်တာ ရေးသည်အတွက် .. စာကို အသားကုန် ဖတ်သည်ဟု မထင်ပါနှင့် . တစ်ခါတစ်လေပါ ...

ကဗျာများလည်း ရှားပါးသည် .. တစ်ချို့ magazine များတွင် ကဗျာပါသော်လည်း .. မော်ဒန်ကဗျာ များသာဖြစ်ပြီး .. နားမလည် ပါ .. တစ်ချို့ မော်ဒန်ကဗျာများ သည် ရိုးရှင်းပြီး .. ဖတ်လို့ အလွန်ကောင်းပါသည် .. တစ်ချို့ မော်ဒန်ကဗျာ များသည် ကား ..ကဗျာဆရာကိုယ်တိုင်ပင် .. အပြည့် အ၀ နားလည် နိုင်မည် မထင်ပါ ။

အချုပ်ဆိုရသော် .. ကဗျာ magazine စသော စာပေလောကတွင်ကား .. စာပေ အရည်အသွေး ကောင်း သည်များ..လျော့နည်း လာပြီး ..အပျော်ဖတ် စာပေများ များလာသည်ဟု ထင်မိကြောင်း ပြောချင်ပါသည် ။

အစ်ကို တစ်ယောက်ထားသွား ခဲ့ သော သဘောင်္သား .ကိုအန်န၀ါ ရဲ့ ပင်လယ်ပျော် ကြီးဆိုသည် စာအုပ်မှာ အစက ပျင်းသောကြောင့် ဖတ်သော် လည်း နောင်သော် လက်က မချနိုင်အောင် ကောင်းလွန်း လှ၏ သဘောင်္သားတစ်ယောက် ရဲ့ ဘ၀ကို ပီပီပြင်ပြင် တွေ့ မြင်ရပြီး . ဗဟုသုတ များစွာရပါသည်။ ဖတ်လိုက ..အခုပင် ၀ယ်ဖတ်လိုက်ပါ ..ဟု လက်တို့ ညွန်းချင်ပါသည်။

စာအုပ်စာပေ ..လူမိတ်ဆွေ ..စာမဖတ်သောသူသည် ကား.. အသိပညာ မဲ့ အံ့ .. သို့သော်လည်း .. စာအုပ်သည် လူကပင်ရေးတာ ဖြစ်သောကြောင့် စာအုပ်ထဲက အတိုင်း အကုန်မှန်သည် ဟု မယူဆကြပဲ.. လက်တွေ့ ကြုံရသမျှ .. ချင့်ချိန် ကျင့်သုံး ပါက.. ဘ၀တွင် အကျိုးရှိနိုင်ကြောင်း.. ပြောကြားလိုပါသည်။


Saturday, March 7, 2009

Super Sunday


အရင်က Super Friday သောကြာနေ့  အလုပ်အားလပ်ရက် ..အခုတော့ Super Sunday တနင်္ဂနွေနေ့ အားလပ်ရက်ပေါ့ .. နားရက်လဲ သိပ်တော့ မနားရပါဘူး
လုပ်စရာ ရှိတာ လုပ်နေရသေးတယ် ။ အ၀တ်လျှော် အင်တာနက်ကြည့် ။ စနေတနင်္ဂနွေဆိုတော့ လည်း ဘောလုံးပွဲ ကြည့်လို့ အဆင်ပြေသည် ။

အလုပ် လုပ်ရတာ သိပ်တော့ မလွယ် ဒီဇိုင်နာ လုပ်လည်း မလွယ်ပါ ။ ဘာအလုပ်မှ မလွယ်ပါဘူး..ဆွဲရမယ့် ဟာက များလွန်း လို့ .. စဉ်းစား ရတာနဲ့တင် ရူးချင်လာ တယ် ။ တစ်နေ့တစ်နေ့ ကွန်ပျူတာ ရှေ့  မှာ ထိုင်နေရတဲ့ အချိန်တွေ သိပ်များတော့ .ဇက်ကြောတွေလဲ တက်.. ခေါင်းတွေပူ .. တစ်နေကုန် အခန်းထဲ အောင်းနေရတော့ ပျင်းသလိုလို ။

အလုပ်မှာလည်း .. ယောက်ကျားကနည်း မိန်းမကများများ . ..အလုပ်ရှင်သဌေးကလည်း ဒေါသ ကြီး ..ကျွတ်ကျွတ် .. ၀န်ထမ်းများ အကုန်သဘောကောင်း သည်။ မြို့ ထဲမှာလို မဟုတ်ပဲ.. ထမင်းစားရတာ ပိုစရိတ်ကြီး လာသည်။

လခလည်း အရင်အလုပ်လို ကြိုထုတ်ခွင့် မရတော့ .. မလွယ်ကြောပါ။ အချိန်.. မအားတာကြောင့် ဘလော့ လည်း တစ်ပတ်မှ တစ်ခါ ပဲရေး ဖြစ်မည် ဖြစ်သည်။

လူတိုင်း သည် ကိုယ့် အကြောင်းထက် ဘယ်သူ့ အကြောင်းမှ သိပ်စိတ်မ၀င်စားတတ်ကြ .. သူရေး သော ဘလော့သည် ပင် သူအကြောင်းနဲ့ ပြည့်နှက်နေသည်။ ဒါကို ပင်လာရောက် ဖတ်ရှုသူများ ရှိနေသဖြင့် ၀မ်းသာပီတိ ဖြစ်နေမိသည်။

Sunday, March 1, 2009

diary


27.2.09 မှာတော့ အဆောင်ကနေ အိမ်ကို ပြန်ပြောင်းဖြစ် သွား သည် ... တစ်ယောက်တည်း နေထိုင်ရသော ဘ၀ကို ပယ်ပယ် နယ်နယ် ခံစားပြီး နောက် မှာတော့ .. မလွယ်ကူကြောင်း သူသိလိုက်ရ သည်။

အလုပ်သစ်ကို စနေနေ့  က စတင်ဆင်းသည် .. အလုပ်ဟောင်းရယ် ..ဆူးလေက စားနေကြ ပြောင်စိန် မုန့် ဟင်းခါး ကို လက်လွှတ်လိုက်ရ ပြီဖြစ်၏

ဘလော့ ပိုစ့် လည်း မရေး ဖြစ်တာ တစ်ပတ်လောက်ကြား သွားပြီဖြစ်သည်။

မနေ့  က ပို့ စ်တင်မလို့ ရှိသေးတယ် .. မတွေ့  တာ ကြာပြီဖြစ်တဲ့.. အွန်လိုင်းက. ရှားပါ ..ကောင်မလေး တစ်ယောက် နဲ့ စကားပြော ဖြစ်လိုက်လို့ .. မရေးလိုက်ရဘူး.. ပျော်စရာတော့ ကောင်း၏





Monday, February 23, 2009

အလုပ် ရရှိခြင်း


 ငွေပေး ၀ယ်မရ သော အတွေ့   အကြုံများ .. သည် အရေးပါ ကြောင်း .. အခွင့် အလမ်း ဂျာနယ် ကို  ဖတ်  လိုက်မှ ပိုသိရ သည် ..  ဘာလုပ် လုပ် အတွေ့ အကြုံ တစ်နှစ် အနည်းဆုံး ရှိရမည် ဟု အလုပ် ခေါ်ကြော်ငြာ များတွင် သူတွေ့ လိုက်ရ သည် ။

အလုပ် ရှာပေး သည့် အေဂျင်စီတွေက လည်း မှိုလို ပေါက်လာ ကြ၏ တစ်ချို့   က အင်တာဗျုး ကြေး ပေးရ သည်။ ဒီတင်မက အင် တာဗျုး မ၀င် ခင်ပင် လစာ ၏ တစ်ဆယ်ရာခိုင် နှုန်း ခန့် ပေး ရမည် ဟုဆိုသော အေဂျင်စီ နှင့် သူကြုံတွေ့  ခဲ့ ရသော ကြောင့် စီဗီ ပင် မတင်ခဲ့ ပေ ။ တစ်ချို့  အေ ဂျင်စီတွေ ကြတော့ လည်း စီ ဗီ ဖိုးသာ ပေးရ သည်။ အင်တာဗျုး ကြေးပေးစရာမလို ။

သူကတော့ ဘယ်အလုပ်မှ သိပ်မလျှောက်ရဲ ပါ ။ သူ့ တွင် လုပ်ငန်း အတွေ့  အကြုံ မရှိ.. စာသင်သော အတွေ့   အကြုံသာ ရှိသည် ။

အခုတော့  အလုပ်ရပြီ ဖြစ် သည်။ အလုပ်ဟောင်းထက် ..လစာ များ သည် ။ အတွေ့  အကြုံ လည်း ရမည်ဆိုသ ဖြင့် မလုပ်နိုင်စရာ မရှိ ။ ဘယ်လို အခက်အခဲ မျိုး နဲ့ တွေ့  ကြုံ ရအုံး မည်ဟု မပြောတတ် ။ အတထိတ်ထိတ်နဲ့ .. စိမ်ခေါ်မှုများအား  မျှော်လင့်နေမိသည် ။




Tuesday, February 17, 2009

snow


ဒီ software လေး ကို run လိုက်ရင် .. desktop ကို နှင်းတွေ အရမ်းကျလာပါတယ် .. စက်လည်း မလေးပဲ..တော်တော်လေး မိုက်တယ် ဗျ ..မရှိသေးတဲ့ လူတွေ .. လိုချင်ရင် ဒေါင်းသွားကြပါ ..

 download snow




Saturday, February 14, 2009

အတွေး ..


 တစ်ချို့ သော အကြောင်း အရာ ကိစ္စများ သည် အပြင်ပန်း ကြည့် ရုံမရ တစ်ခဏ ကြည့် ရုံ မရ .. သေသေချာချာ လေ့လာမှ သာလျှင် အကြောင်းအရာ အမှန် ကို သိနိုင်ကြောင်း လက်ဖက်ရည် ဆိုင် နှစ်ဆိုင် နှင့် ပတ်သက်ပြီး သူသိရှိလာရ သည် ။

ကားမှတ်တိုင် အနီးတွင် လက်ဖက်ရည်ဆိုင် နှစ်ဆိုင် ရှိ သည် ။ သူက ဒီ နယ်မြေ က လက်ဖက်ရည်ဆိုင် အကြောင်း အသေသေချာချာ မသိ .. အကဲ ခေတ်ရ  သလောက်တော့ . မှတ်တိုင်နဲ့ နီးသော ဆိုင် က .. ကောင်းမယ့်  ပုံ မပေါ် .. အီကြာကွေးတွေက .. နည်းနည်း ညံ့ မယ်ပုံ ပေါ်၏ ..

နောက်တစ်ဆိုင်ကတော့ မှတ် တိုင်နဲ့ နည်းနည်း လှမ်း သည် .. သို့ သော် အီကြာကွေးက လတ်လတ် ဆတ်ဆတ်ပင် ကြော်နေသည် ..ဂျီတီစီ ကျောင်းသား တစ်ချို့ ထိုင်နေသည် ကို မြင်ရသည်။

သူကတော့ ပထမ မှတ်တိုင်နဲ့   နီးတဲ့ ဆိုင်ပဲ အရင် ၀င်ဖြစ် သည် .. စားစရာ အတော်လေးကို စုံစုံလင်လင်ရ ၏ မဆိုးဘူး ဟု သုံးသတ်လိုက်သည် ။ နောက်နေ့ ကျတော့ နောက်တစ်ဆိုင် ကို သွားထိုင် ဖြစ်သည် ။

ကောင်းမယ်ထင်ထားတဲ့ ဆိုင် က .. လူဝင်လာတာတောင် ဂရုမစိုက် .. သူကလည်း ဗိုက် အသားကုန် ဆာနေသည် .. ၀င်ထိုင်တော့ ဘယ်သူမှလည်း လာမမေး .. ဟိုဟို ဒီဒီ ကြည့် လည်း .. မသိသလို ပဲ သူ့ ကို ဂရုတောင် မစိုက်ကြ ဒါနဲ့ စိတ်ဆိုး ပြီး ထတွက်လာ ခဲ့ သည် ။

အထင်နဲ့ အမြင် လွဲခဲ့ ကြောင်းပါ.. အဲလို ဆိုင်မျိုးတွေ မကြာခဏ တွေ့ ဖူးသည် .. လူတစ် ယောက် ၀င်လာ ရင် ဂရုတောင် မစိုက် .. မှာချင် ရင် စားပွဲထိုးကို လိုက်ဖမ်းနေရ တဲ့ ဆိုင်မျိုးတွေ သူ မကြာခဏ ကြုံ ဖူးသည် ။ အဲလိုမျိုး လုံး ၀ မဖြစ်သင့်ပါ ..ဖောက် သည် တစ်ယောက် ဆုံးရှုံး သွားကြောင်းကို သူတို့ သတိထားမိကြ မှာ မဟုတ် ... နောက်ထပ်လည်း အများကြီးဆုံး ရှုံးနိုင်သည် ။

လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရာမှာလည်း .. တစ်ချို့ လူများ မှာ အပြင်ပန်း အပေါက်ဆိုးမယ့် ပုံပေါက်သော်လည်း တစ်ကယ်တော့  ခင်မင်စရာကောင်း သော လူများ ရှိတတ်ပါ သည်.. ခင်စရာကောင်းသည် ဟု ထင်ရပြီး အကျင့် မကောင်းတာမျိုး လည်း တွေ့ ရတတ်ပါသည်၊

မနက်စောစော .. အိပ်ရာထ.. လက်ဖက်ရည်ဆိုင်သွား နွားနို့တစ်ခွက်သောက် ပဲပလာတာစား.. ဗိုက်မကားပါဘူး.. ဒီနေ့ ချစ်သူများနေ့ သူများတွေ ပျော် နေကြပါ ရဲ့ .. သူကတော့ နှစ်ဆယ့် တစ်နှစ်ရှိပြီ .. တစ်ခါမှ မပျော်ရသေးဘူး.. မွေးကတည်းကနေ ခုထိပဲ.. ကြွားတယ်လို့ ထင်ရင်ထင် .


ငွေရှာနည်း သုံးနည်း


 ငွေရှာနည်း သုံးနည်းရှိသည်

 ငွေကို အောက်ပါနည်း သုံးနည်းအနက် တစ်နည်းနည်းဖြစ်ရှာ နိုင်သည်။

 1. အမွေဆက်ခံ ရရှိခြင်း
 2. လက်ထပ်ထိမ်း မြား သဖြင့် ရရှိခြင်း
 3. ကိုယ်တိုင်ကြိုးစား ရှာဖွေ ပြီး ရရှိခြင်း

 ပထမတစ် နည်းဖြင့်ရရှိခြင်းသည် တိုက်ဆိုင် သဖြင့် ရရှိခြင်းဖြစ်သည်။ ကုသိုလ်ကံ သာပဓါန ဖြစ်သည်။

 ဒုတိယနည်းတွင် တစ်ခါတစ်ရံ ကုသိုလ်ကံ ပါ၏ တစ်ခါတစ်ရံ ကျွမ်းကျင်မှုပါ၏ ဒီနည်းသည် တစ်ခါတတစ်ရံ နှစ်သက်ဖို့ ကောင်း ပြီး တစ်ခါတစ်ရံ စက်ဆုပ်ဖို့
 ကောင်း သည် ။

 တတိယ နည်းတွင်မူ ကုသိုလ်ကံ လုံးဝမပါ ။ ကျွမ်းကျင်မှု နှင့် အရည်အချင်းသာပါ သည်။

မောင်ပေါ်ထွန်း ( ငွေရှာနည်း ငွေသုံးနည်း ) စာအုပ်မှ ကူးယူ ဖော်ပြသည် ။

Friday, February 13, 2009

logooftheday



 တစ္ဆေ သရဲတစ်ကောင် ဟာ မကြာခဏ လာရောက် ခြောက်လှန့် နေပါတယ် ..

 ဘလော့ မှာ ပို့  စ် မတင်ဖြစ်တာတောင် ကြာနေပြီကွာ ...

 လာသမျှလူတွေ ကို အားနာပါတယ် .. လာတဲ့လူက လည်း မများတော့ သိပ်တော့ အား မနာပါဘူး ..အေးဆေး ..

 အကြောင်းကြောင်းကြောင့် .. ဘာညာ သရကာ ကြောင့် ရော .. ပေါ့.. အခုတလော ကျန်းမာရေးကလည်း မကောင်း စိတ်ကလည်းချူချာ ..

 အဆောင်နားမှာ ဘုရားပွဲလုပ်တာ လူရွှင်တော် ဖလားက ပွမ်ပွမ်နဲ့ ချစ်ချော ရယ် .. ဘယ်ကမှန်း မသိတဲ့ အညိမ့် ရယ် နှစ်ည နှိပ်စက်တာ အိပ်ရေး ပျက်လို့   လူတောင် ပိန်သွားတယ် ...

အဆောင်မှာ တစ်ယောက်တည်း .. အထီးကျန် ခြင်း ဝေဒနာကို တစ်စိမ့် စိမ့် ခံစားရင်း ညဆို ကြမ်းပိုး တွေ ဖမ်းရတာ က တစ်မျိုး ..

သြော် ဘ၀ ဘ၀ တစ်ခါတစ်ခါတော့လည်း .. နှစ်ခါနှစ်ခါ တော့လည်း ..ကိုယ့်ဘ၀ ကိုယ်အားငယ်မိပါရဲ့ .. ဗျာ.

ဒီနေ့တော့ .အင်တာနက် ခဏ လာထိုင် ရင်း. ဒီဇိုင်နာတွေ လိုဂိုလုပ်သူတွေ အမြဲ သွားရောက်သင့်တဲ့ .. Logooftheday ဆိုတဲ့ ဆိုက်ကိုတွေ့ လိုက်ရတယ် ဗျာ.. မိုက်တယ် ဗျို့ .. . လိုဂိုတွေ အများကြီးပဲ.. နမူနာ ကြည့် သင့် တယ် ဗျ .. ၀ါသနာပါရင် သွားလိုက်ပါအုံး .. logodesignlove ဆိုတဲ့ ဆိုက်ကလည်း မိုက်တယ်ဗျာ.. ရသမျှ .ဝေငှလိုက်ရပါတယ် ..


Wednesday, February 11, 2009

မုန်းတယ်


 နင့်ကို ငါ မုန်းတယ်
 ငါ့ကို ငါ မုန်းတယ်
 
 ငါ့ကို မချစ်လို့   နင့်  ကိုမုန်းတယ်
 နင့်ကို ချစ်လို့ ငါ့ကိုငါ မုန်းတယ်

 ဒေါသတွေ တစ်လိပ်လိပ် .. အသွေးအသားထဲ ကနေ ဆူပွက်နေတာ.. တစ်ကိုယ်လုံးပေါက်ထွက်    မတတ် ... ငါကိုက အသုံးမကျတာ ... ကိုယ့်ကို စောက်ဂရု မစိုက်တဲ့ မိန်းမကိုမှ .. သတိရနေသေးတယ် ..သတိရနေတာကို မုန်းတယ်.. ကိုယ့်   ကိုယ်ကို မကျေနပ်ဘူး...အချိန်က ကုစား သွားမှာပါ .. ဟားဟား.. အချိန်တန်တော့ လည်း စိတ်ထဲကနေ ပျောက်သွားဖို့ ပဲ မျှော်လင့် နေရမှာပါပဲ..
 
 

Friday, February 6, 2009

ည . အချစ် နှင့် ဇီးသီး


ဘ၀ သည်  စာအုပ်ဟောင်း တစ်အုပ်ရဲ့ ဒေါင့် စွန်း အနားတွေလို လန်ထွက် ကော့တက်ကာ တစ်ခါတစ်လေ လန်ရုံမက ကော့ပင် ကော့တက်နေသေး ၏

ညသည်လည်း အနားစွန်းများလိပ် တက်နေတက်ကာ နေ၏ အခန်တံခါးကို ဖွင့်လိုက်တော့ လေအေးများက ညင်သာစွာ ၀င်ရောက်ပြီး သူ့ အရေပြားကို လျှာများဖြင့် လျှက် ကာ အေးစက်သော အထိအတွေ့ ကိုပေးသည်။ မွှေးညင်းနုကလေး များအားလုံး မတ်တပ်ရပ်ကြရ၏

နည်းနည်းလေး လှုပ်တာနဲ့ ကုတင် ဟုခေါ်သော အရာက ပတ္တာ ကျပ်သံကို ထုံးစံအတိုင်း တစ်ဂျစ်ဂျစ်ထုတ်လွှတ်သည် ။ လေးထပ်မြောက်တွင် နေသော်လည်း စိတ်ဓါတ်က မြေညီထပ် ကို တစ်ခါတစ်လေ အလည်ရောက်သည် ..( အခုတလော မြေညီထပ် မကြာခဏရောက် သည် )

အစိမ်းရောင်သန်းပြီး ကျွတ်ဆတ်နေသော ဇီးသီးများ ကို ဂွပ်ကနဲ ကိုက်စားရခြင်း ကို သဘောခွေ့  သည် ။

အချစ်သည်လည်း တစ်ခါတစ်ရံ ဇိးသီး ၀ယ်စားရခြင်းနှင့် တူ၏ မ၀ယ်ခင် ကြည့်လိုက်တော့ ချိုမယ့်ပုံ ကျွတ်ကျွတ် ၀ါးရမယ် ထင်မိပြီး ၀ယ်မိကာမှ ကျွတ်ကျွတ်တော့  ၀ါးရပါရဲ့   မချိုတာမျိုး..  ချိုပါရဲ့  ကျွတ်ကျွတ် ၀ါးခွင့် မရတာမျိုး တွေလည်း ရှိပါတယ်.. ကံကောင်းရင်တော့ .. ချိုလည်းချို ကျွတ်လည်း ကျွတ်မယ့်ကိစ္စ တွေ ဖြစ်လာနိုင်ပါတယ် ..

ဒါကြောင့် ဇီးသီး ၀ယ်စားခြင်း ကို အချစ်နဲ့ ညီမျှခြင်း ချကြည့် မိခြင်း ကိုယ့်ဟာကိုယ် ကောက်ချက်ဆွဲလိုက် ရင်း .. ဇီးသီးကို တစ်ကိုက်လောက် ဂွပ်ကနဲ ကိုက်လိုက်ပြီး..

မီးကိုမှိတ် .. ငါ ..........................အိပ်


Wednesday, February 4, 2009

ဒီကားနဲ့ မလိုက်ဘူး


 ချစ်သူရဲ့ ခွာမှာ .

 နှလုံးသား အပေါက်ခံလိုက်ရတဲ့ ..

 နေ့လည်ခင်းကို ..

 မြိုချမိလိုက်တယ် ..


 အချစ်များအား

 အသင်း မှ ထွက်ခွာခွင့် ပေး

 နှလုံးသားပါ အလိုက်ပေး လိုက်ရ ခြင်း ..


 ကိုယ့် ကိုယ်ကိုယ် မုန်း မိကာမှ

 သူများကို မုန်း တီးမိနေတာ ပါပဲ ..


 

 

Monday, February 2, 2009

ဖေဖော်ဝါရီ 2 ရက်


မမျှော်လင့်ပဲ ပြန်ရတဲ့ ပစ္စည်းရဲ့  .. ခပ်ပါးပါး ကောင်းခြင်း အရသာကို တစ်စိမ့် စိမ့် ခံစား နေရတဲ့ ဒီရက်ပိုင်း အတွက် .. နှလုံးသား အဟာရ ကတော့ ထင်သလောက် မဆိုးဝါးခဲ့  ပါဘူး ..

တစ်ဖြေးဖြေးနဲ့ မှေးလိုက်နေရတဲ့ အလိုအပ်ဆုံး ဒုတိယက လည်း.. ပေါ်လိုက်ပျောက်လိုက်နဲ့ ..ေ၀၀ါးတယ် ..

တစ်ခါတစ်လေတော့ လည်း နှလုံး သားရဲ့  အကြိုဈာပန အတွက် စိုးရိမ်စိတ်တွေက ဇွန်လရဲ့  ဧရာဝတီ မြစ်ရေလိုပဲ ..စိုးရိမ်ရေအမှတ်ရောက် လိုရောက် ...

ရှားပါနေတဲ့ ပျော်စရာတွေကို တောင် ကြိုးစားပန်းစား ရှာဖွေနေရ လေ့ ရှိ လိုက်ပေါ့ ..

ဒီနေ့ ဘာပဲဖြစ်ဖြစ် အွန်လိုင်းကို မရမက ဘုရင့်နောင် ဖောင် မဖျက်တစ်ဖျက် .. ကုတ်ကပ် တက်လာခဲ့ .. ပေါ့ ..

 

ဘာမှတော့ မဟုတ် .. စီဘောက် ထဲ လာကြသူတွေကိုပဲ.. တစ်ချို့ ဘလော့တွေကို ပြန်လိုက် လည်ပတ်

 

စန္ဒကူး ဆိုတဲ့   အဖြူရောင် အမည် ရတဲ့ ဘလော့လေးမှာ သူလိုချင်တာတွေ့လိုက်ရတော့ ..ပျော် သွားတော့တာပေါ့..

 

မိုက်ကယ်ဂျက်ဆင် သီချင်းတွေ ကိုလိုက်ဆိုချင်ပေမယ့် မဖြစ်လို့ သီချင်းစာသားတွေ ဘယ်မှာ ရှာရမလဲ မသိလို့ တိုင်ပတ်နေတာ ကြာလှပေါ့.. အခုတော့ အဖြူရောင်လေး ရဲ့ ကျေးဇူး ကြောင့် ..အိုကေသွားပြီ ..

 

ဘယ်ဆိုက်လဲ ဆိုတာ သိချင်ရင် သွားရောက် လည်ပတ်လိုက်ပါအုံး.. အဖြူရောင် ဘလော့ ဆီကိုလေ ..

 

ဆောင်းရဲ့ အိမ်မက် အတွက် ..ရယ်စ၇ာ ringtone လေးတွေ ဒီဆိုက် ကနေ ဒေါင်းခဲ့သေးတယ် ..


Tuesday, January 27, 2009

poems


ကျွန်တော် ကဗျာတွေကို ချစ်ပါတယ် .. ဆရာတာရာမ င်းဝေရဲ့ ကဗျာလေး.. ကြိုက်လို့ မြန်မာမိသားစု မှာတင်ထားတာကနေ ကူးယူဖော်ပြလိုက်ပါတယ် ..

ကျွန်တော်နဲ့ တိမ်ညိုနိမိတ်

ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ဖိနပ်လေးကိုတော့ ခေါ်သွားရမှပဲ။
ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ ...
မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြသတဲ့။ ။

တာရာမင်းဝေ
(အင်တာဗျူးဂျာနယ်၊ အမှတ် ၈၁၊၂၀၀၁)

ခ..ကဗျာ..


ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်င်္လုးလို
ခွမ်းကနဲ..အစိတ်စိတ်အမွာမွာ...
ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..
ခုတ်ထစ်ခြင်းင်္ခရတဲ့
င်္ခစားချက်တွေက
င်္ခုမင်စရာ...တစ်ခုမှမရှိ
ခင်တွယ်စရာ..တစ်ခုမှမရှိ..
ခြားနားခဲ့တာတောင်
ခုချိန်ထိ..စိတ်ရိုင်းကို
ခ၀ါချလို့..မရတဲ့ကောင်..အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တ၇ာမင်းဝေ..


" မီးတောက်ရစ်သမ် "

(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာ ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်နတ်ဘုရားထံ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
အချစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
ပြီးဆုံးသွားပါပြီ … ….
အားလုံးပြီးဆုံးသွားပါပြီ… … တဲ့။


(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။

ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
မေတ္တာ ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။

ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
ထောင်းခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
အန္တ တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
... … ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

"အုံ့ပုံးချစ်" သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။

(၃)
"လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်"

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ့သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။

ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း "အဓိပတိဘွား" ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် "လူမိုက်" လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။





(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတောဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ့တေိ
မြရာပင်ကြီးသိပါတယ်။

ကမဃာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။

]ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း}

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာသာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။

(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ သ လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ် တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

မင်းကကောဘာလဲ လို့
အန္တ တွေက ၀ိုင်းမေးတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။

ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။

ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။



(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။

မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။

ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။

လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။

(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။

အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။

မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်ကလည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။

ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။

တာရာမင်းဝေ